← Chapters

မြူခိုးမည်း၏ ပြန်တိုက်ခိုက်မှု

Vol. 96 Ch. 1338

မြူခိုးမည်း၏ ပြန်တိုက်ခိုက်မှု

Vol. 96 Ch. 1338

သူမအသံသည် တင်းမာနေရာ တခြားသူများကို လန့်သွားစေသည်။ မြူခိုးမည်းမှာ ပြန်ထွက်လာတော့မည်ဟုလည်း ခံစားမိသည်။

ရှီမာယူယူသည် ရှီမိသားစုကို သဘောကျစွာဖြင့် ကြည့်လိုက်သည်။ ရှီယူရဲ့ အကျင့်က ပျော်ရွှင်ရတဲ့မိသားစုဘဝကြောင့်တင်မဟုတ်ဘဲ မျိုးရိုးဗီဇ ကြောင့်လည်း ပါတာကိုး။

ဒီမိသားစုက ကမ္ဘာကြီးဖရိုဖရဲဖြစ်တာကို မမြင်လိုက်ဘူးလား။ ဒီလိုအချိန် မှာတောင် ကျန်းမိသားစုကိုပြစ်မှားဖို့ကိုမကြောက်ဘူး။

သို့သော် သူမ မသိလိုက်သည်မှာ ရှီမိသားစုနှင့် ကျန်းမိသားစုများသည် အင်အားညီမျှသည်။ သူတို့သည် တောင်နှင့်မြောက် မြို့တစ်ဖက်တစ်ချက်စီ၏ သက်ဆိုင်ရာ ကြီးကြပ်သူများဖြစ်ကြသည်။ ထို့ကြောင့် ကျန်းမိသားစုကို ကြောက်ရန်မလိုပေ။

ကျန်းမိသားစုမှ ကျန်းဟောက်ကဲ့သို့ ပဲ့ကိုင်သူမှလွဲပြီး ရှီမိသားစုနှင့် ဝူမန်တို့၏ ဆက်ဆံရေးကို ဖုံးကွယ်ထားရန်မလိုပေ။

“အဲဒီဟာက ပြန်တိုက်ခိုက်တော့မယ် မြန်မြန်လေးမကြိုးစားကြည့်ချင် ဘူးလား” မောင့်ရှားသည် မျက်နှာထားတည်တည်ဖြင့် ပြောလေသည်။

“မဟုတ်ဘူး အဲလိုဟာကို ငါတို့ကဘယ်လိုလုပ်လုပ်နိုင်မှာလဲ” ကျန်းဟောက် အော်လေသည်။

“ဟုတ်တယ် ဒါကိုလုပ်ဖို့ မဖြစ်နိုင်ဘူး” တခြားသူများလည်း ငြင်းဆန်ကြ လေသည်။

ဒါလုပ်ဖို့ သူတို့အတွက် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ နောက်ကို တစ္ဆေမြို့တော်မှာ ဘယ်လိုလုပ် ဆရာကြီးလုပ်လို့တော့မလဲ။

“ဟုတ်လား” ရှီမာယူယူ ပခုံးတွန့်လိုက်သည်။ “ခုနကပဲ မြို့ထဲက လူတွေ ရသင့်တဲ့အခွင့်အရေးကိုပြောနေသေးတာ၊ ကြိုးတောင်မကြိုးစားရသေးဘဲနဲ့ အလုပ်မဖြစ်ဘူးဆိုတာ ဘယ်လိုသိတာလဲ၊ မလုပ်ချင်လို့ပြောနေတာလို့ ထင် တာပဲ”

“မိန်းကလေး လွန်မလာနဲ့နော်”

“ဟား…” ရှီမာယူယူ ပြုံးလိုက်သည် “ကျွန်မ မေးပါရစေဦး ကျွန်မက ဘယ်လိုလွန်တာလဲ၊ ကျွန်မက စွမ်းအင်တွေအများကြီးကုန်ပြီးပြီ ဘာမှလည်း မရလိုက်ဘူး၊ အဲအစား ကျွန်မကို စွပ်စွဲချက်အမျိုးမျိုးနဲ့ စွပ်စွဲတယ်၊ ကြည့်ရတာ ကျွန်မက လူကောင်းမဖြစ်နိုင်ဘူးထင်တယ်”

“မင်း…”

“ရှင်တို့လို နယ်ခံလူတွေတောင်မှ လူတွေအတွက် မစဉ်းစားတော့ ကျွန်မက ဘာမှလုပ်ဖို့မလိုဘူးထင်တယ်” ရှီမာယူယူ ဆက်ပြောလေသည်။

“မိန်းကလေး မင်းပင်ပန်းနေပြီလို့မပြောဘူးလား၊ ဒီလောက်အကြာကြီး အနားယူပြီးပြီဆိုရင် ပြန်ကောင်းလာသင့်ပြီမဟုတ်ဘူးလား” ကျန်းဟောက် မေးလိုက်သည်။

“အိုး နာရီဝက်ကြာရင် ကျွန်မက ကောင်းလာမှာပါ၊ အကုန်လုံးက ဝင်ကူ သင့်တယ်ဆိုတာ ထင်ရှားနေတာပဲ၊ ဒါပေမဲ့ ကျွန်မတစ်ယောက်တည်းရဲ့ ပြဿနာလိုဖြစ်နေတယ်၊ တခြားသူတွေက အပျော်ကြည့်ဖို့လာကြတာပဲ ကျွန်မ အတွက် မတရားဘူးလေ၊ ကျွန်မ မတရားဘူးလို့ခံစားရတာနဲ့ စိတ်ပင်ပန်းလာ တာပဲ၊ ဟူး ကျွန်မ ကောင်းကောင်းလေးမနားရသေးဘူးထင်တယ်” ရှီမာယူယူ သည် ခေါင်းယမ်းပြီး သက်ပြင်းချလေသည်။

အချိန်ကောင်းသာမဟုတ်ပါက ရှီယူသည် သူမပုံရိပ်ကိုသေချာပေါက် ရယ်မောမည်ဖြစ်သည်။ တစ်ဖက်တွင် ရှီကုန်းသည် သူမကို လက်မထောင်ပြ လေသည်။

“မင်းက ဘာလိုချင်တာလဲ” ကျန်းဟောက်သည် ခက်ထန်လာသည်။ ဒီသူငယ်မကတော့ သူ့မျက်နှာကို ဆက်တိုက်ကို အိုးမည်းသုတ်နေတော့တာပဲ။ သူ့စိတ်သည် လူသတ်ချင်သည့်စိတ်ဖြင့် လှုပ်ခါသွားလေသည်။

အဲဒါကို ရှီမာယူယူ မခံစားမိဘဲ ဘယ်နေလိမ့်မလဲ။ သူက သူမကို ဒီကိစ္စနဲ့ တင်ကို သတ်ချင်နေပြီ။ ဒါပေမဲ့ အဲဒါကိုဖိနှိပ်ဖို့ကလည်း သူမ တစ်ယောက် တည်းတတ်နိုင်တာလေ။ ကောင်းလိုက်တဲ့ “လူကြီးမင်းပါလား”

“ဘာမှတော့မဟုတ်ပါဘူး ကျွန်မခုနက ပြောသလိုပဲ ဒါက ကျွန်မ တစ်ယောက်တည်းရဲ့ ပြဿနာမဟုတ်ဘူး ကျွန်မစိတ်တွေပင်ပန်းနေပြီ၊ ကျွန်မကို မပင်ပန်းစေချင်ရင် ဒီလူတွေက ဒီကိစ္စကိုအားထုတ်တယ်ဆိုတာကို အနည်းဆုံးတော့ပြသင့်တယ်၊ မဟုတ်ရင် ပင်ပန်းတဲ့စိတ်လေးက ကုလို့ရတော့ မှာမဟုတ်ဘူး”

“ညီမလေး နင်ပင်ပန်းနေမှာတော့ ဒီနေရာကိုထားခဲ့လိုက်တော့လေ၊ မြောက်ပိုင်းမြို့ကိုသွားကြမယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီဟာကြီးပျံ့သွားရင် တောင်ပိုင်းမြို့ကလူတွေ အရမ်သေမှာပဲ၊ တောင်ပိုင်းမြို့ကလူတွေအကုန်လုံး သေသွားရင် နင်လည်းအနားယူလို့ဝလောက်ပါပြီ၊ အဲအချိန်ကျရင် အနိုင်ယူဖို့ အခွင့်အရေးပိုများလာပြီ၊ တခြားလူနေရာကလူတွေက အရှုံးမရှိပါဘူး” ရှီယူ သည် ရှီမာယူယူအတွက် စိတ်မချမ်းသာနေသည့်ပုံပေါက်လေသည်။

“ဟုတ်တာပေါ့”

“ဒါဆိုလည်း ပြန်ကြတာပေါ့” ရှီယူသည် ရှီမာယူယူဘေးသို့လာလိုက် သည် “အဖေ လေဟာပြင်ဝင်ပေါက်ဖွင့်လိုက်တော့ အနားယူဖို့ပြန်ကြမယ်”

ရှီကုန်းသည် သူမပြောသည့်အတိုင်း လုပ်ပေးလေသည်။ သူသည် လက် တစ်ဖက်တည်းနှင့် ချိပ်ဆွဲလိုက်ပြီး လေဟာပြင်ဝင်ပေါက်ကို လိုချင်သလောက် ဖွင့်လိုက်သည်။

မြူခိုးမည်းသည် ရှီမာယူယူတို့ထွက်သွားတော့မည်ဟု ကြားသည့်အတိုင်း ပင် ပြန်တိုက်ခိုက်လေသည်။ တဖန်လှိုင်းဂယက် ပြန်ထလာသည်။

“မင်းတို့သွားစမ်းကြည့်လိုက်” ကျန်းဟောက်သည် တွန့်ဆုတ်စွာဖြင့် အမိန့်ပေးလေသည်။ သူ့မျက်နှာမှာ မဲသထက်မဲလာသည်။

သူ ထိုသို့ပြောလိုက်သည်နှင့် ရှီကုန်းသည် ခြေလှမ်းများ ရပ်တန့်သွားကာ နောက်လာမည့် လှုပ်ရှားမှုကို စောင့်နေလိုက်သည်။

ကျန်းမိသားစုမှလူများသည် လုံးဝပင် ကြက်သေသေသွားလေသည်။ သူ တကယ်ပဲ ကြိုးစားစေချင်တာလား။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

“ဒီမှာ ဘာရပ်လုပ်နေကြတာလဲ သွားတော့” ကျန်းဟောက်သည် ကျန်းဟူ ရပ်နေသေးသည်ကို မြင်သောအခါ ကန်ချလိုက်သည်။

ကျန်းဟူသည် မြူခိုးမည်းအရှေ့မီတာအနည်းငယ်သို့ရောက်သွားသည်။ ကျန်းဟောက် ဒေါသထွက်နေသော်လည်း သူ့အတိုင်းအတာသူသိသဖြင့် လူကို မြူခိုးမည်းထဲကျသွားအောင် မကန်လိုက်ပေ။

ကျန်းဟောက် မွန်နေသည်ကိုကြည့်ပြီး သူ ဘာမှမပြောလိုက်ပေ။ သူ ပြန်တက်သွားရင်တောင် နောက်တစ်ခေါက် ကန်ချဦးမှာလား။

တကယ်တော့ သူ တက်မသွားလျှင် ပြန်လည်းမဆင်းနိုင်ပေ။

ထိုအခိုက်တွင် တားမြစ်ဧရိယာအပြင်ဘက် လေထဲတွင် လူအများအပြား မတ်တတ်ရပ်နေကြသည်။ သူတို့ မဝင်နိုင်ကြပေ။ သူတို့သည် အဝေးတွင်ရှိနေ ကြသော်လည်း မြင်နေရတုန်းပင်။

ကင်းလှည့်အဖွဲ့က အကုန်လုံးကို မပိတ်ပင်နိုင်ဘူးလား။ အများဆုံးတော့ အနားမကပ်နိုင်အောင် တားနိုင်တဘ်။ အဝေးကနေကြည့်တာတော့ သူတို့ တိုင်းတာနိုင်တဲ့အရာမဟုတ်ဘူး။

ထိုလူများ စောင့်ကြည့်နေသည်မှာ အတော်ကြာပြီဖြစ်သည်။ အစပိုင်း ရှီမာယူယူ မသွားဘူးဟုပြောသည်ကို ကြားလိုက်ချိန်တွင် သူတို့စိတ်ထဲတွင် သူမကို စောဒကတက်မိသည်။ သို့သော် တဖြည်းဖြည်းနှင့် ပြဿနာရှာသူမှာ ကျန်းမိသားစုဖြစ်သည်ကို သိလာသည်။

မြို့ထဲမှလူများသည် ကျန်းမိသားစုကို အစကတည်းကပင် မနှစ်မြို့ခဲ့ပေ။ သို့သော် မိသားစုကြီးဆိုမှတော့ ဘယ်သူကများ သွားရှုပ်ရဲမှာလဲ။

ထပ်ပေါင်းပြောရလျှင် ရှီယူပြောသည့်စကားများကို အားလုံးကြားကြ သည်။ ကျန်းမိသားစုသည် အားအကောင်းဆုံးဟု အမှန်တကယ်ပင် ပြောခဲ့ သည်။

ကျန်းမိသားစုက အဲလောက်ကောင်းတယ်ဆိုရင် သက်သေပြလေ။

“အကြီးအကဲကျန်းဟူ ကျွန်တော်တို့အသက်တွေက အကြီးအကဲပေါ် မူတည်သွားပြီ” လူတစ်ယောက်သည် အပြင်မှအော်လေသည်။

စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်နေသော လူများကြောင်းကို ကျန်းဟူ၏ အဖွဲ့များ သတိထားမိကြသည်။

သူတို့ လုပ်စေချင်လျှင် ငြင်းမရပေ။ မဟုတ်လျှင် ကျန်းမိသားစုသည် သူတို့ကိုလျစ်လျူရှုသည်ဟု ထိုလူများပြောပေတော့မည်။

ကျန်းမိသားစု မည်မျှပင် အားကောင်းစေကာမူ တစ်မြို့လုံးကို ပြစ်မှား လိုက်ပါက မြို့ထဲမှသူတို့နေရာမှာ ပျောက်သွားမည်။

“ကျန်းဟူ” ကျန်းဟောက်သည် အံကြိတ်ပြီး အော်လေသည်။

သေချာတာပေါ့၊ သူအံကြိတ်တာက ရှီမိသားစုနဲ့ ရှီမာယူယူကို ပစ်မှတ် ထားတာပဲလေ။

သူ ဒီနေ့လွတ်မြောက်တော့မည်မဟုတ်သည်ကို ကျန်းဟူသိသည်။ သူ့ လက်များသည် ဝိညာဉ်စွမ်းအားကို စုပြီးထိုအရာကို တိုက်ခိုက်လေသည်။ သို့သော် သူ ဝိညာဉ်စွမ်းအင်မထုတ်လွှတ်ခင်မှာပင် ရေအေးများဖြင့် လောင်း ခြင်းကိုခံလိုက်ရလေသည်။

“အဲဒါကိုတိုက်ခိုက်လိုက်ရင် နောက်တစ်စက္ကန့်တောင် အသက်ရှင်နိုင်မှာ မဟုတ်ဘူးလို့ အာမခံနိုင်တယ်” ရှီမာယူယူသည် တိုးတိတ်စွာပြောလိုက်သည်။

ထိုအရာသည် အမည်းလေးကိုကြောက်သဖြင့် ထိုနေရာတွင် နေပြီး ထွက် မလာခြင်းဖြစ်သည်။ ထိုအရာကို တိုက်ခိုက်လိုက်ပါက ငြိမ်ခံနေတော့မည် မဟုတ်ပေ။

“ဒါဆိုရင် ဘာလုပ်ရမှာလဲ” ကျန်းဟူသည် နောင်တရကာ မေးလိုက် သည်။

“အမည်းလေးက နှစ်ခါလောက်အူလိုက်ရုံပဲလို့ ပြောတာမဟုတ်ဘူးလား ဒါဆိုရင် ရှင်လည်းအူသင့်တယ် မှတ်ထားပါ ကျွန်မအမည်းလေးထက် ပိုပြီး အသုံးကျအောင် အူရမယ်” ရှီမာယူယူသည် အမည်းလေးကိုပွတ်သပ်လိုက် သည်။

“မဖြစ်နိုင်တာ” ကျန်းဟူက ဘယ်လိုလုပ် ဟောင်ရမှာလဲ။ သူသည် ဝိညာဉ်စွမ်းအားကို ဆက်လက်စုစည်းကာ မြူခိုးမည်းကို တိုက်ခိုက်လေသည်။

မြူခိုးမည်းသည် အစပိုင်း အမည်းလေးမှဖိနှိပ်ထားသဖြင့် သက်တောင့် သက်သာမဖြစ်လှပေ။ အခု တခြားတစ်ယောက်မှ တိုက်ခိုက်ခြင်းခံရသဖြင့် ဒေါသူပုန်ထကာ တစ်ခဏအတွင်းမှာပင် လှိုင်းဂယက်များထလာသည်။ ကျန်းဟူသည် ထွက်မပြေးခင်တွင် လွှမ်းအုပ်ခြင်းခံလိုက်ရလေသည်။

မကြာခင်တွင် မြူခိုးအမည်း နောက်ပြန်ဆုတ်သွားလေသည်။ ကျန်းဟူ၏ နေရာတွင် အရိုးပုံသာကျန်ခဲ့လေသည်။

ဖြူစွတ်နေသောအရိုးပုံကို ရှီမာယူယူမြင်သောအခါ အမည်းလေးကို ပထမဆုံးတွေ့စဉ်က ခံစားရသကဲ့သို့ ခံစားမိလိုက်သည်။

***

All Chapters