ရွံ့နွံအတွင်းနစ်ခြင်း
Vol. 96 Ch. 1339
အမည်းလေးသည် ရှီမာယူယူ၏ အတွေးကိုနားလည်သည်။ သူသည် မြေပေါ်မှ အရိုးဖြူများကို အော့နှလုံးနာဖွယ်ကြည့်ကာ သူမကို မကျေမနပ်ဖြင့် နှစ်ကြိမ်ညည်းလိုက်သည်။
အဲဒါကဘာကြီးလဲ။ သူမက ဘယ်လိုဖြစ်ပြီး အဲဒါကို သူနဲ့ ယှဉ်ရတာလဲ။ ယူယူ အရမ်းလွန်တယ်။
ထိုမြင်ကွင်းသည် ရှီမာယူယူ အမည်းလေးကို ပထမဆုံးမြင်ခဲ့စဉ်ကနှင့် ဆင်တူသောကြောင့် များစွာအံ့ဩခြင်းမဖြစ်တော့ပေ။ သို့သော် တခြားသူများ တော့မတူပေ။ လူအများစုမှာ ထိတ်လန့်ကြသည်။
“အားကောင်းလိုက်တာ၊ ဒီကျန်းဟူကလည်း စံတင်အဆင့်ကျွမ်းကျင်သူပဲ လေ၊ ဒါပေမဲ့ အရိုးဖြစ်သွားတယ်လို့ အဲဒါကြီးကဘာကြီးလဲ”
“အဲဒါက ဘာပဲဖြစ်နေနေ သူမြင်မြင်သမျှ၊ နည်းနည်းလောက် ထိလိုက် တာနဲ့ပဲ မင်းနဲ့ငါ့ကိုသတ်သွားလိမ့်မယ်”
“အဲလိုပဲနေမှာ၊ ဒီဟာကြီးက ဒီလောက်အားကောင်းမယ်လို့ထင်မထား ဘူး၊ ကံကောင်းလို့ ငါတို့ဆင်းမသွားလိုက်တာ”
“….”
ကျန်းမိသားစုဝင်များသည် ကြောက်လန့်သွားကြသည်။ ကျန်းဟူ၏ အားမှာ မြင့်လည်းမမြင့်သလို နိမ့်လည်းမနိမ့်ပေ။ သူသည် တစ်ခဏအတွင်း၌ ပင် အရိုးပုံအဖြစ်ပြောင်းသွားရသည်။ လွယ်ကူတဲ့ စမ်းသပ်မှုတော့မဟုတ်ဘူးပဲ။
“အကုန်လုံး မင်းကြောင့်ပဲ၊ သူတို့ကို အောက်ဆင်းဖို့ခြိမ်းခြောက်တာ မင်း အမှားတွေပဲ၊ အကုန်လုံးကိုကယ်ဖို့ မင်းမှာနည်းလမ်းရှိရဲ့သားနဲ့ ဘာလို့မကယ် တာလဲ။ မင်းက အစ်ကိုဟူဇီကိုသတ်လိုက်တာပဲ၊ မင်းတို့ရှီမိသားစုမှာ ဘယ်လို အသည်းနှလုံးများရှီတာလဲ” ကျန်းဟူကိုမြင်သည်နှင့် မိန်းကလေးတစ်ယောက် သည် မျက်ရည်များကျလာတော့သည်။ သူမသည် ရှီမာယူယူကို ပြေးပြီးသတ် ချင်မိသည်။ သို့သော် သူမနောက်အတွင် ရှီမိသားစုများရှိသည်ကို မြင်လိုက်ရ သဖြင့် လုပ်ရဲသည့်သတ္တိမရှိပေ။
ရှီမာယူယူသည် သူမအမည်တပ်ပုံကို အံ့ဩသွားသည်။ အစ်ကိုကြီးဟူဇီ ဟုတ်လား။ ဘာလို့အကုန်လုံးက အဲလိုနာမည်ပြောင်သုံးကြတာလဲ။
ထိုအချက်ကိုကြည့်လျှင် သူမနှင့် ကျန်းဟူတို့၏ ဆက်ဆံရေးမှာ အဆင်ပြေလှသည်။
ရှီယူသည် ထိုမိန်းကလေးကို အော်လိုက်ချင်သော်လည်း ရှီမာယူယူသည် သူမ လက်မောင်းကိုဆုပ်ကိုင်ပြီး သူမကိုတားလိုက်သည်။ ရှီမာယူယူသည် ပြန် လည်ချေပနိုင်စွမ်းကောင်းသည်ကို ရှီယူသိသဖြင့် သူမ မပြောတော့ဘဲ ရှီမာယူယူ စကားပြောလာမည်ကို စောင့်နေလိုက်သည်။
“ဒီကအမျိုးသမီးကြီး ရှင်ပြောတာမှားနေပြီ” ရှီမာယူယူ စကားပြောသည် နှင့် ရှိလီရှား၏ အနာကိုဆွပေးလိုက်သလိုပင်။ သူမ၏ ဝမ်းနည်းပူဆွေးနေသော မျက်နှာပေါ်တွင် ဒေါသဖြစ်ပေါ်လာသည်။
“ဘာအမျိုးသမီးကြီးလဲ မင်းကန်းနေလား” ရှိလီရှား အော်လိုက်သည်။
“ဒီကျန်းဟူက ကျန်းမိသားစုရဲ့အကြီးအကဲပဲ၊ သူသေချာပေါက် ငယ်မှာ မဟုတ်ဘူး ကျွန်မအဘိုးထက်တောင် ကြီးနိုင်သေးတယ်၊ ရှင်က သူ့ကိုအစ်ကို ဟူဇီလို့ခေါ်မှတော့ ရှင့်အသက်ကလည်း သူနဲ့သိပ်ကွာမှာမဟုတ်ဘူး၊ မဟုတ်ရင် သူ့ကို ဦးလေးဟူဇီလို့ဘာလို့မခေါ်တာလဲ” ရှီမာယူယူသည် ဖြည်းညင်းစွာ ရှင်း ပြလေသည်။
“မင်း…”
“အမျိုးသမီးကြီး ရှင့်ရဲ့အသက်နဲ့ ရှင်က အကျိုးအကြောင်းသင့်လူဆိုတာ ကို စဉ်းစားပြီးတော့ ရှင့်ကိုလေးစားသမှုပြလိုက်တာ၊ ကျန်းဟူကို အစကတည်း က ဝိညာဉ်စွမ်းအင်မသုံးဖို့ ကျွန်မသတိပေးတယ်လေ၊ ဒါပေမဲ့ သူကနားမ ထောင်ဘူး၊ ကျွန်မကိုအပြစ်တင်လို့ရလို့လား” ရှီမာယူယူသည် ရိုးသားသော မျက်နှာထားဖြင့် သူမစကားကိုဖြတ်ပြောလိုက်သည်။
“မင်းသာ သူ့ကိုဆင်းသွားအောင် မလုပ်ခဲ့ရင် ဘယ်လိုလုပ်သူ…” ရှိလီရှား သည် ရှီမာယူယူအား ဆွဲစုတ်ပစ်ချင်စိတ်ကို မစောင့်နိုင်လောက်အောင် မုန်းတီး စွာြဖင့်ကြည့်လိုက်သည်။
“အမျိုးသမီးကြီး ထပ်မှားပြန်ပြီ” ရှီမာယူယူ ပြောလိုက်သည်။ “ကျွန်မက ဆင်းသွားအောင်လုပ်တာမဟုတ်ဘူးလေ၊ သူ့ကို လူကြီးမင်းကျန်းက ကန်လိုက် တာမဟုတ်ဘူးလား၊ သူဆင်းမသွားရင် ကျွန်မဂရုစိုက်ဘူးလို့ မပြောခဲ့ပါဘူး၊ အစကနေအဆုံးထိ ကျွန်မက ပင်ပန်းလို့နားမယ်လို့ပဲပြောခဲ့တာပဲရှိတာ”
သူမ ပြောသည်မှာမှန်သည်။ သို့သော် ရှီမာယူယူသည် သူတို့ကို တမင် သွားရန် စေခိုင်းသည်ဟု ပြောချင်ကြသည်။
“မင်း….”
“ပြီးတော့ အမျိုးသမီးကြီး ဒီကျန်းဟူက သူ့ကိုယ်ပိုင်အားကိုမှီခိုလို့ရတယ် လေ၊ သူက ကျွန်မလို ပုစွန်ဆိတ်ကလေးရဲ့ သတိပေးချက်ကို ဂရုမစိုက်ခဲ့ဘူး၊ အဲဒါကို ဘယ်လိုလုပ်ကျွန်မအပေါ် ပုံချလို့ရမလဲ၊ သူသာ သူ့ရဲ့ဝိညာဉ်စွမ်းအင် ကိုမသုံးခဲ့ဘူးဆိုရင် အခုထိအသက်ရှင်နိုင်နေသေးတယ်၊ အဲတော့ အမျိုးသမီး ကြီး၊ ဒီလူက သူ့ရဲ့ကိုယ်ပိုင်ရွေးချယ်မှုမှားသွားတာပဲ” ရှီမာယူယူ ဆက်ပြော လေသည်။
“ဟုတ်တယ်လေ၊ ကျွန်မညီမလေးက သူ့ကိုသတိပေးသားပဲ အကုန်လုံး လည်း မျက်မြင်သက်သေရှိတယ်၊ အဲဒါကိုငြင်းချင်သေးတာလား” ရှီယူ ပြော လိုက်သည် “ဟင်း ရှင်က ကျွန်မညီမလေးကို အပြစ်တင်ချင်သေးတယ်၊ ကျွန်မ တို့ ရှီမျိုးနွယ်မရှိတာကျလို့”
ရှီမာယူယူသည် လှည့်ပြီး ရှီယူကို ကျေးဇူးတင်စွာဖြင့် ပြုံးပြလိုက်သည်။ ဒီကောင်မလေးက သူမကို ညီမလေးလို့ ဆက်တိုက်ခေါ်နေတာပဲ။ သူမတောင် အသားကျချင်နေပြီ။
ရှိလီရှားသည် ရှီမိသားစု၏ ဂုဏ်အဆင့်အတန်းကိုသိသည်။ သူမသည် မအော်တော့ဘဲ အားလုံးရှေ့တွင် ငိုချင်းချတော့သည်။ သူမသည် ရှီမာယူယူကို စိတ်ထဲတွင် မုန်းတီးကာ သတ်ရန်အတွက် အခွင့်အရင်းရှာရန် ပြင်ဆင်တော့ မည်။
ရှီမာယူယူ ထိုလူသတ်ချင်သည့် အကြည့်ကိုမခံစားမိပါက ထူးဆန်းပေဦး မည်။ အချိန်မရွေးကွဲနိုင်သည့် ဗုံးကို အစောကတည်းက လွတ်ချထားလိုက် သည်ကကောင်းမည်။
“ဒီအမျိုးသမီးကြီးက ရှင့်ရဲ့အစ်ကိုကြီးဟူဇီကို ဒီလောက်ချစ်နေရင် ရှင် ဆင်းသွားပြီးတော့ သူ့အရိုးကိုသွားကောက်ပါလား၊ အလောင်းပေါ်နေတာ ကြာ နေပြီကို…” ရှီမာယူယူသည် သူမကို ကြင်နာစွာဖြင့် သတိပေးလိုက်သည်။
“မင်း ပြောစရာမလိုပါဘူး” ရှိလီရှားသည် အေးစက်စွာနှာမှုတ်လေသည်။ သူမသည် စဉ်းစားပြီးနောက် ပျံဆင်းသွားလေသည်။
ကျန်းဟူ အစပိုင်းဆင်းသွားစဉ်က မြူခိုးမည်းမတုံ့ပြန်သည်ကို သူမ တွေး နေခဲ့သည်။ ထိုအရာသည် ကျန်းဟူ ဝိညာဉ်စွမ်းအင်ဖြင့် တိုက်ခိုက်မှသာ တုံ့ပြန် ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူမ မတိုက်ခိုက်လျှင် မြူခိုးမည်းသည် သူမကို တိုက်ခိုက်မည်မဟုတ်ပေ။ အရာအားလုံးမှာ သူမအတွေးအတိုင်းမဖြစ်လာသည် မှာတော့ နှမြောဖို့ကောင်းသည်။ တစ်ဖက်ကပြောလျှင် ရှီမာယူယူမရှိလျှင် အားလုံးသည် သူမအတွေးအတိုင်းပင် တွေးကြလိမ့်မည်။
ကံမကောင်းစွာဖြင့် သူမသည် ရှီမာယူယူကိုသတ်ချင်နေသည်။ ထို့ကြောင့် ယူယူသည် သူမကို အသက်ရှင်လျက်မထားချင်ပေ။ သူမ ဆင်းသက် ပြီး ကျန်းဟူ၏အရိုးများကိုကောက်သည်နှင့် ရှီမာယူယူသည် အမည်းလေး၏ ခေါင်းကို အသာအယာပုတ်လိုက်သည်။ အမည်းလေးသည် မပျော်မရွှင်ဖြင့် ခေါင်းကိုခါရမ်းကာ တိုးညင်းသော ညည်းသံပြုလုပ်လိုက်သည်။
ရှိလီရှားနှင့် ကျန်းဟူ၏ ဆက်ဆံရေးကို အားလုံးသိကြသည်။ ထို့ကြောင့် အလောင်းကောက်ရန် သွားသည်ကို မအံ့ဩကြတော့ပေ။ သူတို့သည်လည်း ရှိလီရှားကဲ့သို့ပင် တွေးကြသည်။ သူမ ဝိညာဉ်စွမ်းအားသာ အသုံးမပြုပါက ပြဿနာရှိမည်မဟုတ်ပေ။
သို့သော် သူတို့ကို ကြက်သေသေသွားစေသည်မှာ သူမ အရိုးများကို ကောက်သည်နှင့် အမည်းလေးညည်းလိုက်သည်နှင့်တစ်ပြိုင်နက် မြူခိုးမည်း သည် ပြန်တိုက်ခိုက်ကာ ရှိလီရှားကိုဝါးမျိုသွားလေသည်။
နောက်ဆုံး ရလဒ်မှာ ရှင်းလင်းနေသည်။ ရှိလီရှားသည် ကျန်းဟူ၏ အရိုး ကိုပြန်ယူမလာနိုင်ပေ။ ထိုအစား မြေပေါ်တွင် နောက်ထပ်အရိုးပုံထပ်တိုးလာ သည်။
“ကြည့်ရတာ အဲဒီဟာကြီးက ကျန်းဟူ ဝိညာဉ်စွမ်းအင်သုံးပြီး တိုက်ခိုက် တာကိုမကျေနပ်လို့ အရိုးလာကောက်တဲ့သူကိုတောင် အလွတ်မပေးတာနေမှာ” ရှီယူသည် ရယ်သွမ်းကာ လက်ခုတ်တီးလေသည်။
ထိုအချိန်က ရှီမာယူယူ၏ လှုပ်ရှားမှုကို မည်သူမှ သတိမထားမိလိုက်ပေ။ ရှီယူသည် ရှီမာယူယူဘေးတွင်ရှိနေသဖြင့် သိလိုက်ခြင်းဖြစ်သည်။ တစ်ဖက်မှ ဝူမန်တို့လည်း ထို့အတူပင်။ ကျန်းမိသားစုအတွက်ကတော့ တစ်ယောက် သေသေ နှစ်ယောက်သေသေ သူမအပေါ်တွင် သက်ရောက်မှုမရှိပေ။
ကျန်းမိသားစုသည် စံတင့်အဆင့်ကျွမ်းကျင်သူများ တစ်ယောက်ပြီး တစ် ယောက်ဆုံးရှုံးလိုက်ရမည်ဟု ထင်မထားကြပေ။ သူတို့မျက်နှာများမှာ မည်း သည်ထက်ပင် ပိုနေသည်။
အရာအားလုံးမှာ ရှီမာယူယူကြောင့်သာဖြစ်သည်။ သူမကြောင့်သာ မဟုတ်လျှင် ကျန်းဟူနဲ့ ရှိလီရှားတို့က ဘယ်လိုလုပ်သေမှာလဲ။ ကျွမ်းကျင်သူ နှစ်ယောက်ကို ဘယ်လိုလုပ် ဆုံးရှုံးလိုက်ရမှာလဲ။
သို့သော် သူတို့ သူမကိုမည်မျှပင် မုန်းတီးစေကာမူ သူတို့သည် ထိုကိစ္စ မဖြေရှင်းပြီးခင်အချိန်ထိ သူမကို ထိမရပေ။
“နားလို့လောက်ပြီလား” ကျန်းဟောက်သည် သည်တစ်ကြိမ်တွင် မိန်းကလေးဟူ၍ပင် အမည်မတပ်တော့ပေ။ သူသည် အလွန်စိတ်ခက်ထန်နေ သည်။
“မလောက်သေးဘူး” ပိုဝေးဝေးသွားလေလေ ရှီမာယူယူ၏ ငြင်းဆန်မှုမှာ တိုက်ရိုက်ကျလေဖြစ်သည်။
“သူတို့ဆင်းသွားပြီး ဆင်းကြည့်ပြီးရင် နားလို့ပြီးမယ်လို့ မင်းပဲပြောခဲ့တာ မဟုတ်ဘူးလား”
“ဟုတ်တယ်လေ ကျွန်မပြောခဲ့တယ်” ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “ဒါပေမဲ့ လူတစ်ယောက်ပဲမဟုတ်ဘူးလား၊ ခုနက ပြောတဲ့လူတွေအများကြီးပါ သူတို့အကုန်လုံးလည်း ကြိုးစားသင့်တယ်၊ အလုပ်ဖြစ်မလား မသိနိုင်ဘူးလေ”
သူမ ထိုစကားကိုပြောလိုက်သည်နှင့် အစောပိုင်းက စကားပြောထားကြ သောလူများ၏ မျက်နှာမှာ ဖြူဖျော့သွားတော့သည်။
***