← Chapters

အခန်း (၁၃၄၃)

Vol. 91 Ch. 1343

အခန်း (၁၃၄၃)

Vol. 91 Ch. 1343

အသင်္ချေ မိုးကြိုးတစ်သောင်းကပ်ဘေးအစီအရင်ကြီးသည် ဧကရီလင်းရောင်၏ အသက်သွင်းခြင်းကို ခံခဲ့ရ၏။ ၎င်းသည် သေမျိုးစကြဝဠာစနစ်အတွင်းတွင် အားအကောင်းဆုံးသော အခြေအနေဆီသို့ပင် ရောက်ရှိလာခဲ့သည်။

ကျွင်းချောင်ရှောင်း နှင့်တခြားသောသူများသည် သူတို့တတ်နိုင်သမျှ မိုးကြိုးပစ်ချက်များကို ခုခံ၍ အရှေ့ဆီသို့ ဆက်လက်ကာ တိုးလျက်ရှိ၏။ အခြားတစ်ဖက်က ပြောရမည်ဆိုလျှင် သူနှင့် သူ့ဂိုဏ်းသည် အထက်နယ်မြေအသစ်ဆီသို့ မရောက်ရှိသေးသော်လည်း အထက်နယ်မြေ၏ စကြဝဠာစနစ်နှင့် အသားကျလျက်ရှိ နေကြ၏။

ထို့ကြောင့်ပင်လျှင် တာဝန်၏ လိုအပ်ချက်များသည် ပြည့်စုံသွားခဲ့ပြီး အောင်အောင်မြင်မြင်ဖြင့် တာဝန်ပြီးဆုံးသွားခဲ့ ခြင်းဖြစ်၏။ ဤအချိန်သည် အလွန်တရာ အရေးကြီးလှ၏။ အကယ်၍ ဧကရီလင်းရောင်သည်သာ ကျွင်းချောင်ရှောင်း အား ဤထက်နည်းနည်းနောက်ကျကာ လာရောက်၍ တားဆီးမည်ဆိုပါက သူတို့အနေနှင့် အထက်နယ်မြေ၏ စကြဝဠာစနစ်အထဲသို့ မြန်မြန်ဆန်ဆန် ဝင်ရောက်ပြီး ဖြစ်မှာ သေချာသည်။

ကုန်းရှန့်သည် တာဝန်များအကြောင်းကို တွေးတောနေရန် အချိန်မရှိချေ။ အဘယ့်ကြောင့်ဆိုသော် သူနှင့် သူ၏ ဂိုဏ်းသည် ကြီးမားလှသည့်အန္တရာယ်အတွင်းသို့ သက်ဆင်းနေသောကြောင့်ပင်။

“အရူး”

စနစ်က ပြောလိုက်သည်။ “တာဝန်ပြီးသွားပြီဆိုရင် ဗုံးကလည်း မရှိတော့ဘူးလေ။ ဒါဆိုရင် လက်ခံသူအနေနှင့် အောက်နယ်မြေကို ပြန်သွားလို့ ရပြီမဟုတ်လား။”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွား၏။ သူ့အနေနှင့် ဤတည်နေရာဆီသို့ ရောက်ရှိလာရသည့် ရည်ရွယ်ချက်သည် ဗုံးဖောက်ခွဲမခံချင်သောကြောင့်ပင်ဖြစ်၏။ တာဝန်ပြီးမြောက်ပြီးနောက် အဘယ့်ကြောင့် အထက် နယ်မြေဆီသို့ ထပ်ကာ တက်လှမ်းရတော့မည်နည်း။

ခဏလောက်ဆိုင်းထားပြီး အခွင့်အရေးရမှ ထပ်မံကာ အပေါ်ဘက်သို့ တက်မည်ဆိုလျှင် အောင်မြင်သည့် ကိစ္စရပ် တစ်ခုဖြစ်လာမှာ သေချာ၏။ သို့ပေမဲ့ မိုးကြိုးကပ်ဘေးကြီးနှစ်ခုကို ခံယူပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ကပ်ဘေးအစီအရင်ကြီးကို မော့ကြည့်လိုက်၏။ သူသည် ဒေါသတကြီး ဖြင့် ပြောလိုက်၏။ “ဒီနေရာကို ရောက်လာပြီဆိုမှတော့ ဒီအရာကြီးကို ငါ မဖျက်ဆီးဘဲ မနေနိုင်တော့ဘူး။”

လူသားများသည် သွေးပူတတ်သည့်လူများဖြစ်၏။ ကုန်းရှန့်သည် ချွင်းချက်မရှိချေ။ ထို့ကြောင့် အထက်နယ်မြေ၏ အခွင့်အာဏာကို ကိုယ်စားပြုသည့် ဤအစီအရင်ကြီးသည် ယနေ့ သူ၏ဖျက်ဆီးမှုကို ကျိန်းသေပေါက် ခံရပေလိမ့်မည်။

ထိုမှသာ သူသည် ဧကရီလင်းရောင်နှင့် ကျင်းဟောင်တို့၏ မျက်နှာကို ပိတ်ရိုက်နိုင်မှာဖြစ်၏။ ဂိုဏ်းချုပ်ဘာတွေ တွေးနေသည်ကို သိရှိသည်ဆိုပါက ရီရှင်းချန်သည် ကျိန်းသေပေါက် ထကာ အော်ဟစ်ပေလိမ့်မည်။ “ကျုပ်ကိုတော့ စိတ်ထိန်းထားလို့ ပြောပြီး စိတ်မထိန်းနိုင်တာ ဂိုဏ်းချုပ်ဖြစ်နေတာကိုး။”

ဘုန်း ဘုန်း

အားကောင်းလွန်းလှသော မိုးကြိုးပစ်ချက်များသည် ရူးရူးမူးမူးနှင့် ကျဆင်းလျက်ရှိ၏။ တစ်ချို့သော မိုးကြိုးပစ်ချက် များသည် ကျွင်းချောင်ရှောင်း၏ တားဆီးခြင်းကို ခံရပြီး တစ်ချို့မှာတော့ ဖြူမဲညီနောင်တို့၏ တားဆီးခြင်းကို ခံရ၏။ ကျန်သည့် မိုးကြိုးများသည် ကောင်းကင်နှင့်မြေကြီး ထောင့်လေးခုအစီအရင်ကြီး တားဆီးခြင်းကို ခံထားရ၏။

“ဒါက အရမ်းနှေးတယ်။”

ကျင်းဟောင်က ပြောလိုက်သည်။ “ကျုပ်သာဆိုရင် မိုးကြိုးပစ်ချက်တွေကို ၁၀၀၀ လောက် တစ်ခါတည်းပစ်ချပစ်မယ်။”

ဧကရီလင်းရောင်က ပြောလိုက်၏။ “အထက်နယ်မြေရဲ့ မိုးကြိုးပစ်ချတဲ့ ရည်ရွယ်ချက်က အဲလူတွေကို သတ်ဖြတ်ချင် တာမဟုတ်ဘူး။ သူတို့အနေနဲ့ စိတ်ပျက်မှုတွေကြားမှာ မျှော်လင့်ချက်တစ်ခု ရှိတယ်ဆိုတာကို သိစေချင်တာ။”

“ကောင်းပြီ။ ကောင်းပြီ။”

ကျင်းဟောင်က ပြောလိုက်သည်။ “ကျုပ် ဘာမှ မပြောခဲ့ဘူးလို့သာ သတ်မှတ်ထားလိုက်တော့။”

တကယ်တမ်းမှာတော့ ဧကရီလင်းရောင်၏ အပြစ်ပေးမှုသည် မှားယွင်းမှုမရှိချေ။ သူမအနေနှင့် မိုးကြိုးအပြစ်ပေးမှု အား တဆင့်ပြီး တဆင့် တိုးမြှင့်ကာ ပစ်ချလျက်ရှိနေ၏။ ပြိုင်စံရှားဂိုဏ်းသည် လက်ရှိအချိန်တွင် ဘာမှမဖြစ်သေးခြင်းမှာ တစ်ဖက်လူများသည် အမှန်ပင် လုပ်ရည်ကိုင်ရည်ရှိနေသောကြောင့်ပင်။

“ဒါက အစပဲ ရှိသေးတယ်။” ကျွင်းချောင်ရှောင်းသည် လက်ပိုက်ကာ ပြောလိုက်၏။

“မိုးကြိုးအစီအရင်ရဲ့ အဓိကတည်နေရာထဲကို ဝင်ရောက်ပြီးပြီဆိုရင် တကယ့်ကို အစစ်အမှန် အိပ်မက်ဆိုးတွေ ဖြစ်လာမှာပဲ။ အဲကျလို့ရှိရင် အရှင်မ သူတို့ကို လွယ်ကူသွားအောင်လို့ ကျေးဇူးပြုပြီး မလုပ်ပါနဲ့။”

“ကျွန်မက နယ်မြေဟောခန်းရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာနေတာလေ။” ဧကရီလင်းရောင်က ပြောလိုက်သည်။

“ကောင်းပါပြီ။”

ကျင်းဟောင်သည် ပြုံးကာ ပြောလိုက်မိ၏။ “နယ်မြေဟောခန်း၏ စည်းမျဉ်းယိုပေါက်၊ လွတ်ပေါက်တွေကို လိုက်ရှာပြီး လုပ်ချင်ရာလုပ်နေတာမျိုး မဟုတ်ရင် ပြီးတာပါပဲ။”

ဤလူပေါ်လာပြီဆိုကတည်းက အရွဲ့တိုက်ကာ ပြောချင်ရာ ပြောတော့မည် ဖြစ်ကြောင်း ဧကရီလင်းရောင် က ကောင်းကောင်းနားလည်ပြီးဖြစ်သည်။ ထို့ကြောင့် စိတ်ပျက်လက်ပျက်တော့ဖြစ်မိနေ၏။ သို့ပေမဲ့ နယ်မြေဟောခန်း သည် အနောက်တွင် ရှိနေသောကြောင့် ဆိတ်ဆိတ်နေရန်သာ ရွေးချယ်ထားရသည်။

ဘုန်း ဘုန်း

သေချာပေ၏။ သံမဏိအရိုးဂိုဏ်းအပေါ်သို့ ဆက်လက်ကာ တိုးတက်သွားသည်နှင့်အမျှ မိုးကြိုးများ၏အရေအတွက်၊ အမြန်နှုန်းနှင့် စွမ်းအင်များသည် ပိုမိုကာ အားကောင်းကာ မြန်ဆန်လာခဲ့၏။ တပည့်များအားလုံးသည် သွေးပင် အန်ထွက်လျက်ရှိနေကြ၏။ ကံကောင်းစွာဖြင့် ကောင်းကင်နှင့်မြေကြီး ထောင့် ၄ ခု အစီအရင်သည် အလွန်တရာ အားကောင်းလွန်းလှ၏။ ထို့ကြောင့် မိုးကြိုးအပြစ်ပေးမှုများကို ကောင်းကောင်းခုခံနိုင်စွမ်းတော့ ရှိနေသေး၏။

အားကောင်းနေသည်မှာလည်း အံ့အားသင့်စရာတော့ မရှိချေ။ အဘယ့်ကြောင့်ဆိုသော် ကောင်းကင်နှင့်မြေကြီး ထောင့် ၄ ခု အစီအရင်အား ဂိုဏ်းတစ်ခုလုံးသည် စုစည်းကာ ထုတ်ဖော်ထားသောကြောင့်ပင်။

ဤနေရာတွင် မေးစရာရှိသည်မှာ ဤကဲ့သို့သော ကိစ္စရပ်များကို သေမျိုးစကြဝဠာထဲတွင် မည်သူလုပ်နိုင်သနည်း။ အထက်နယ်မြေဆီမှ ကြောက်မက်ဖွယ်ရာကောင်းလှသည့် စွမ်းအင်များကို ခုခံရင်း တပည့်များသည် တစ်ယောက်ပြီး တစ်ယောက် ပိုမိုကာ ဒဏ်ရာရရှိလာခဲ့ကြ၏။

၎င်းတို့အားလုံးသည် ပြိုလဲလုမတတ်ဖြစ်နေသည့်အချိန်တွင် ပြန်လည် ကောင်းမွန်ခြင်းဆေးလုံးများကို ထုတ်ယူကာ သောက်လိုက်ကြ၏။ ဤကဲ့သို့သော ဆေးလုံးမျိုးသည် အချိန်ကာလတို တစ်ခုအတွင်း ပြန်လည်ကောင်းမွန်စေနိုင်၏။ ထို့ကြောင့် မိုးကြိုးအပြစ်ပေးမှု စွမ်းအင်များသည် ပိုမိုကာ တိုးတက်လာ သည်ဆိုလျှင်တောင်မှ အစီအရင်သည် ပျက်စီးမသွားနိုင်ခဲ့ချေ။

ကျွင်းချောင်ရှောင်းနှင့် ဖြူမဲညီနောင်တို့သည် ဖြစ်တည်လာခဲ့သည့် ဝန်ထုတ်ဝန်ပိုးများကို တစ်ခါတည်း ခုခံပေးချင်မိ၏။ သို့ပေမဲ့ မိုးကြိုးအပြစ်ပေးမှု၏ စွမ်းအင်များသည် အလွန်များပြားလွန်းသောကြောင့် သူတို့အနေနှင့်လည်း ဘာမှမလုပ် နိုင်ပေ။

ဤနေရာတွင် ဝမ်းနည်းစရာအကောင်းဆုံးမှာ ခရမ်းရောင်ဘုရင်ပင် ဖြစ်တော့၏။ သူသည် သူ၏ အစစ်အမှန် ပုံပန်း သွင်ပြင်ကို ပြန်လည်ပြောင်းလဲထားခဲ့ပြီဖြစ်သောကြောင့် သူ၏ အကာအကွယ်သည်လည်း တိုးတက်သွားခဲ့၏။ သို့ပေမဲ့ ကြီးမားလှသော ခန္ဓာကိုယ်ကြီးဖြစ်သည်မို့ တိုက်ခိုက်ချက်များကို ပိုမိုကာ ခုခံနေရ၏။

ဘုန်း ဘုန်း ဘုန်း

“အား အား အား”

ဟောခန်းသခင်ကျိသည် သူ၏ အကောင်းမွန်ဆုံးသော အခြေအနေကို ထိန်းချုပ်ပြီးနောက် မိုးကြိုးအပြစ်ပေးမှု စွမ်းအင် များကို မျှဝေကာ ခံယူလျက်ရှိုသည်။

ပေါက်ကွဲမှုများကြောင့် ဖြစ်တည်လာသည့် နာကျင်မှုကြောင့် သူသည် အော်ဟစ်လျက်ရှိနေတော့သည်။ သူသည် အထက်နယ်မြေဆီသို့ ရောက်ရှိနေခြင်းကို ကျေးဇူးတင်မိ၏။ ထို့ကြောင့် သူ၏ ဖိနှိပ်ခံထားရသော အားအင်အဆင့်များသည် တဖြည်းဖြည်းနှင့်ပြန်လည်ကာ ကောင်းမွန်နေ၏။ မဟုတ်ပါက လက်ရှိအချိန်တွင် အသက်ပင် မရှိလောက်တော့ပေ။

ထို့ကြောင့်ပင်လျှင် ကျွင်းချောင်ရှောင်း၏ အဓိကတာဝန်သည် လိုအပ်ချက်များနှင့် ကိုက်ညီသွားခဲ့၏။ သို့ပေမဲ့ လက်ရှိ အခြေအနေအဆင့်အရဆိုလျှင် ပြိုင်စံရှားဂိုဏ်းသည် အသင်္ချေမိုးကြိုးတစ်သောင်းကပ်ဘေးအစီအရင်ထဲ၌ အသက်ရှင် ရပ်တည်ရန် မျှော်လင့်ချက်မရှိချေ။ ကျွမ်းကျင်သူတစ်ဦးဦး၏ အကူအညီကိုရမှ ဖြစ်ပေလိမ့်မည်။

ဒင်

လက်ခံသူသည် အဓိက တာဝန်ကို ပြည့်စုံစေခဲ့၏။ ထို့ကြောင့် များပြားလှသည့် သိုင်းပညာအတွေ့အကြုံအမှတ်များ ရရှိသည်။

ဒင်

လက်ခံသူသည် တည်နေရာချိုးဖြတ်ခြင်း အထက်အဆင့်ကို ချိုးဖြတ်ရောက်ရှိခဲ့၏။

ဒင်

လက်ခံသူသည် အဓိကတာဝန်ကို အောင်မြင်စွာ ပြည့်စုံနိုင်ခဲ့၏။ ဝိညာဉ်ချိန်ကိုက်ဗုံးသည် ချက်ချင်းပဲ ပျောက်ကွယ် သွားခဲ့၏။

တာဝန်ပြည့်စုံသည့် သတိပေးသံများကို ကြားသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်မှုကို မခံစားနိုင် ချေ။ ထိုအစား စိတ်ပျက်လက်ပျက်ဖြင့် အော်ဟစ်လျက်ရှိနေသည်။ “ဘာလို့ ဘာဆုလာဘ်မှ မရတာလဲ။”

တည်နေရာချိုးဖြတ်ခြင်းအထက်အဆင့်ဆီသို့ တိုးတက်ရောက်ရှိပြီးသည့်နောက် မိုးကြိုးအပြစ်ပေးမှု၏ စွမ်းအင်များကို ပိုမိုကာ ခုခံနိုင်ခဲ့၏။ သို့ပေမဲ့ အခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်နိုင်စရာ အခြေအနေတော့ မရှိပေ။

ဒင်

သေမျိုးလောက၏ အဓိက တာဝန်ကို ပြည့်စုံစေခဲ့၏။ ယခု အထက်နယ်မြေဆီသို့ ရောက်ရှိနေပြီဖြစ်သည်။ ထို့ကြောင့် လိုအပ်ချက်များနှင့် ကိုက်ညီသွားခဲ့၏။ ပြိုင်စံရှားဂိုဏ်း၏ အထက်နယ်မြေ ဗားရှင်းသည် တရားဝင်အသက်ဝင်ခဲ့၏။

“ကျေးဇူးပြု၍ အထက်နယ်မြေဗားရှင်း လက်ဆောင်ထုတ် ကို ကျေးဇူးပြု၍ ဝယ်ယူပါ။”

ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် ဝယ်ယူနိုင်အရာကို ဖွင့်ကြည့်လိုက်တော့ အထက်နယ်မြေ ဗားရှင်း လက်ဆောင်ထုတ် ဟူသော ပစ္စည်းတစ်ခုကို မြင်လိုက်ရသည်။

ဝယ်ယူနိုင်သည့် ဈေးနှုန်းသည် ဂိုဏ်းစုဆောင်းမှတ် ၁ မှတ် ဖြစ်၏။ ဤဈေးနှုန်း သည် အလွန်ပင် ဈေးပေါလွန်းလှ၏။

ဒင်

လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၁ မှတ်ကို အသုံးပြုပြီးနောက် အထက်နယ်မြေဗားရှင်းလက်ဆောင်ထုတ် တစ်ခုကို ဝယ်ယူခဲ့၏။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ။

ဒင်

ဂိုဏ်းစုဆောင်းမှတ် ၂၀၀၀၀၀

ဂိုဏ်းအနေနှင့် အလုံးစုံ ပြိုလဲတော့သည့်အခြေအနေမျိုး ရောက်ရှိနေသည့်အချိန်မှာ ကျွင်းချောင်ရှောင်းသည် နှောင့်နှေးခြင်းတစ်ချက်မရှိဘဲ လက်ဆောင်ထုပ်အား ဖွင့်လှစ်လိုက်၏။

ဒင်

လက်ခံသူသည် စဦး လက်ဆောင်ထုတ် အဖြစ် ထွက်ပြေးလွတ်မြောက်ခြင်းအဆောင်၊ မိုးကြိုးခန္ဓာကိုယ်အဆောင်၊ ပျံသန်းခြင်းအဆောင်နှင့် စည်းဖွင့်ခြင်းအဆောင်တစ်ခုကို ရရှိ၏။

…

သတိပေးသံကို ကြားသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် အမှန်ပင် စိတ်ဓာတ်ကျသွားမိ၏။

“ချီးတဲ့မှ။ ဒီအဆောင်တွေအကုန်လုံးက သေမျိုးလောကရဲ့ လက်ဆောင်ထုတ်တုန်းက ရရှိခဲ့တဲ့ အရာတွေနဲ့ အတူတူပဲ မဟုတ်လား။”

“ကွာခြားချက်တော့ ကျိန်းသေပေါက်ရှိမှာပါ။” စနစ်ကပြောလိုက်သည်။

“…….”

ကျွင်းချောင်ရှောင်းအနေနှင့် စဦးသိုင်းကျင့်ကြံသူလေးတစ်ယောက် မဟုတ်တော့ချေ။ ထို့ကြောင့် နာမည်ကြည့် သည်နှင့်တစ်ပြိုင်နက် ဤအရာသည် လူတစ်စုံတစ်ယောက်တည်းသာ အသုံးပြုလို့ရမည့်အရာဖြစ်မှန်း ကောင်းကောင်း နားလည်မိ၏။ လက်ရှိဖြစ်ပေါ်နေသည့်အန္တရာယ်ကို မဖြေရှင်းနိုင်ပေ။

“ဟုတ်ပြီ။ ဟုတ်ပြီ။ အထက်နယ်မြေ၏စနစ်အရ ဗားရှင်းတိုးတက်သွားပြီဆိုတော့ တောင်းဆုတစ်ခုကလည်း ရှိရမယ်။”

ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှ ကြိတ်ကာ ရေရွတ်လိုက်၏။ “ငါ့ရဲ့ အားအင်အဆင့်က အထက်နယ်မြေ ရဲ့ ဆရာကြီးဖြစ်ရမယ်။”

ဒင်

“သောက်ရူး”

…

“ငါက အထက်နယ်မြေရဲ့ စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်ဖြစ်ရမယ်။”

ဒင်

“အိပ်မက်မက်နေလိုက်။”

…

ဤစကားလုံးများသည် စနစ်ဆီမှ အမှန်ပင် ထွက်ပေါ်လာသည့် စကားလုံးများပင်ဖြစ်၏။ စကားလုံးများသည် ရိုးရှင်း လှသည်ဆိုသော်လည်း သူ၏ နှလုံးသားကို ထိခိုက်နာကျင်စေ၏။

“ကျုပ် ….”

“ဒင် …. လက်ခံသူသည် တည်နေရာချိုးဖြတ်ခြင်းအထက်အဆင့်ကို ချိုးဖြတ်ရောက်ရှိခဲ့၏။ လိုအပ်ချက်များ ပြည့်စုံသည်။ အထူးတာဝန်အသက်ဝင် …….ဓ

ကုန်းရှန့်တစ်ယောက်သည် သူ၏ တောင်းဆုအကြောင်းကို စဉ်းစားလျက်ရှိနေတုန်းမှာပဲ တစ်ခြားသော သတိပေးသံ တစ်ခုသည် သူ၏ နားထဲတွင် ပေါ်ပေါက်လာ၏။ ထို့ကြောင့် အလောတကြီးဖြင့် တာဝန်အား ဖွင့်ကာ ကြည့်ရှု လိုက်သည်။

အထက်နယ်မြေ၏ အထူးတာဝန် (၁)

တာဝန်၏ အသေးစိတ်- လက်ခံသူသည် ဂိုဏ်းအား ဦးဆောင်၍ အသင်္ချေမိုးကြိုးတစ်သောင်းကပ်ဘေးအစီအရင်ထဲမှ ကျော်ဖြတ်သွားနိုင်ရန်။

တာဝန်ကျဆုံးမှု- အစီအရင်အား မချိုးဖြတ်နိုင်ခြင်း။ သို့မဟုတ် ထွက်ပြေးရန် ရွေးချယ်ခဲ့ခြင်း။

တာဝန်၏ ဆုလာဘ် - ???

“ကောင်းပြီ။”

စနစ်သည် ဆွံ့အသွားမိ၏။ “လက်ခံသူအနေနဲ့ အခုဖြတ်ကို ဖြတ်ရတော့မှာပေါ့။”

“မင်းငါ့ကို ရင်နာအောင်လုပ်ပြန်ပြီလား။ ဒါ သက်သက်အရောက်ပို့တာ မဟုတ်လား။”

ကျွင်းချောင်ရှောင်းက အော်ဟစ်လိုက်မိ၏။

သူ့အနေနှင့် ခေါင်းမာသည့် ပုံပန်းသွင်ပြင်မျိုးရှိသည်ဆိုသော်လည်း အဆုံးစွန်အထိ အသင်္ချေမိုးကြိုးတစ်သောင်း ကပ်ဘေးအစီအရင်ကြီးအား ကျော်ဖြတ်ရတော့မှာဖြစ်၏။ တစ်ခြားရွေးချယ်စရာမရှိတော့ချေ။

“ဘာပဲဖြစ်ဖြစ် စနစ်ရဲ့ စကားကို ပြောင်းပြန်ကောက်ရမယ်ဆိုတော့ ဒါက အောင်မြင်နိုင်မယ့်အတိတ်နိမိတ်ပဲ။”

“မင်း ငါ့ကို ပြဿနာရှာနေတာလား။” စနစ်က အော်ဟစ်လိုက်၏။

“ထားလိုက်တော့။ ထားလိုက်တော့။”

ကျွင်းချောင်ရှောင်းအနေနှင့် မိုးကြိုးပစ်ချမှုများကို အနည်းငယ်ခံယူပြီးသည့်နောက်မှာတော့ နှလုံးသားထဲတွင် အော်ဟစ်လျက်ရှိသည်။ “ငါဖြစ်စေချင်တဲ့ တောင်းဆုကတော့ ဂိုဏ်းအနေနဲ့ အသင်္ချေ မိုးကြိုး တစ်သောင်းကပ်ဘေးအစီအရင်ကြီးကနေ အောင်အောင်မြင်မြင် ကျော်ဖြတ်သွားနိုင်ဖို့ပဲလေ။”

ဒင်

“အထက်နယ်မြေအတွင်း လက်ခံသူ၏ တောင်းဆုသည် ပြည့်စုံသွားခဲ့၏။ အဆင့်မြှင့်တင်ထားသော မိုးကြိုးတုတ် တစ်ချောင်းအား ဆုလာဘ်အဖြစ် ရရှိသည်။”

All Chapters