← Chapters

အခန်း (၁၃၄၆)

Vol. 91 Ch. 1346

အခန်း (၁၃၄၆)

Vol. 91 Ch. 1346

အထူးတာဝန်သည် ကပ်ဘေးအစီအရင်ကြီးကို ကျော်ဖြတ်ပြီးသည့်နောက် ပြည့်စုံသွားခဲ့ပြီဖြစ်၏။ လက်ရှိ အခြေအနေမှာတော့ စတင်တွက်ချက်သည့် အခြေအနေဆီသို့ ရောက်ရှိလာခဲ့၏။ ကျွင်းချောင်ရှောင်းသည် ကျင်းဟောင်အား စိန်ခေါ်ရန် စောင့်မျှော်မနေချင်တော့ပေ။ နဝမမြောက် အသွင်ပြောင်းအမြူတေအဆင့်ကို ပိုင်ဆိုင်သည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်အား စိန်ခေါ်ခြင်းဆိုတာ နည်းနည်းတော့ များလွန်းလှ၏။

“ယောက်ျား နိုင်ပါ့မလား”

နှင်းဆီဧကရီ၏ အသံသည် သူ၏ နားထဲတွင် ပေါ်ပေါက်လာ၏။ ၎င်းတို့နှစ်ယောက်သည် ပေါင်းစပ်ပြီးသား အခြေအနေတွင် ရှိလို့နေခဲ့၏။ ထို့ကြောင့် ကုန်းရှန့်၏ မျက်ခုံးနှင့် မျက်လုံးများသည် စိမ်းလျက် ရှိနေတုန်းပင်။ ကံကောင်းစွာဖြင့် သူ့၌ ဆံပင်များ မရှိချေ။ မဟုတ်ပါက ဆံပင်တစ်ခုလုံးသည်လည်း စိမ်းမြနေမှာ သေချာသည်။

“ကျုပ် သူနဲ့ တစ်ယောက်ချင်း တိုက်ခိုက်ချင်တယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ခင်ဗျား သွားတော့”

နှင်းဆီဧကရီက ပြောလိုက်သည်။ “အဆင်ပြေပါတယ်။ ကျွန်မရှိကြောင်း သူအာရုံမခံနိုင်ပါဘူး”

ကျင်းဟောင်အနေနှင့် ဤယောက်ျားမိန်းမ နှစ်ယောက်တွဲကာ တိုက်ခိုက်မည်ဆိုလျှင်လည်း ဂရုစိုက်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် အောက်နယ်မြေဆီမှ တက်လာသည့် သေမျိုးကျင့်ကြံသူများသည် တည်နေရာချိုးဖြတ်ခြင်း အဆင့်သာလျှင်ရှိ၏။ ထို့ကြောင့် တစ်ရာလောက် စုပေါင်း၍ တိုက်ခိုက်မည်ဆိုလျှင်တောင်မှ သူသည် ကောင်းကောင်းမွန်မွန် နင်းချေနိုင်စွမ်း ရှိနေသည်။

“ခင်ဗျား ဒဏ်ရာရမှ ကျုပ်ကို အပြစ်လာမတင်နဲ့” ကျွင်းချောင်ရှောင်းသည် မပျော်ရွှင်သလို ပြောလိုက်၏။

နှင်းဆီဧကရီသည် ပြုံးကာ ပြောလိုက်သည်။ “ကျွန်မ နာကျင်သွားမှာကို ရှင်စိုးရိမ်နေလို့လား။ ဒီလိုဆိုရင်တော့ ကျွန်မ ထွက်သွားမယ်”

ဤစကားလုံးသည် ကုန်းရှန့်အား အမှန်ပင် ဇဝေဇဝါ ဖြစ်သွားစေ၏။ သို့ပေမဲ့ နောက်ဆုံးမှာတော့ သူသည် စကား လမ်းကြောင်းကို ပြောင်းလိုက်ရ၏။ “ကျုပ် တိုက်ခိုက်တဲ့အချိန်မှာ ခင်ဗျားက ဝန်ထုတ်ဝန်ပိုးကြီး ဖြစ်နေမှာ”

“နားလည်ပါပြီ”

နှင်းဆီဧကရီက ပြောလိုက်သည်။ “ယောက်ျားက ကျွန်မနာကျင်သွားမှာကို စိုးရိမ်နေတာကိုး။ ဒါဆိုရင်လည်း တစ်ယောက်ချင်း တိုက်ခိုက်ကြလေ။ အနောက်ကနေ အားပေးနေမယ်”

ဝှစ် ဝှစ်

အစိမ်းရောင်ဓာတ်သဘာဝများသည် ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာပြီးသည့်နောက် အနောက်ဘက်တွင် ကြည့်ကောင်းပြီး ကျက်သရေရှိလှသော ပုံရိပ်တစ်ခုသည် ဖြစ်တည်လာခဲ့တော့၏။ ဝိညာဉ်မျိုးနွယ်၏ ပူးကပ်မှု မရှိသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ မျက်ခုံးမွှေးနှင့် မျက်လုံးများသည် သာမန်အတိုင်း ဖြစ်တည်သွားခဲ့၏။ အားအင်အဆင့်သည်လည်း သိသိသာသာ ကျဆင်းသွား၏။

သို့ပေမဲ့ ကိစ္စမရှိချေ။ သူသည် ရွှေရောင် ချပ်ဝတ်နှင့်လူအား သိုင်းပညာချင်း ယှဉ်ပြိုင်တိုက်ခိုက်ရန် အစီအစဉ် မရှိချေ။ ထို့ကြောင့် အားအင်အဆင့်ကို သူ အလေးမထားပေ။

ရွှီး

ကျွင်းချောင်ရှောင်းသည် သူ၏ ဓားပျံကို ထုတ်ယူပြီးနောက် သံမဏိအရိုးတောင်၏ အပြင်ဘက်ဆီသို့ ပျံသန်း ထွက်ခွာလိုက်၏။ ပြီးသည့်နောက် တောင်ထွတ်တစ်ခုပေါ်တွင် မတ်တပ်ရပ်ကာ ပြောလိုက်၏။ “တိုက်ခိုက်ကြ ရအောင်”

ထိုက်ရွှမ်အဘိုးအိုသည် ထ၍ ဆဲလုမတတ် ဖြစ်သွား၏။ အဘယ်ကြောင့်ဆိုသော် ကုန်းရှန့်တစ်ယောက် တိုက်ခိုက်ရန် ရွေးချယ်လိုက်သည့်တောင်သည် သူ ရံဖန်ရံခါဆိုသလို သွားရောက်နေထိုင်တတ်သည့် တောင်တစ်ခု ဖြစ်ပြီး ထိုနေရာတွင် အစီအရင်များ ဖန်တီးခြင်းနှင့် ပတ်သက်သည့် ဉာဏ်အလင်းများ ရရှိခဲ့ဖူးသည်။ လက်ရှိ ဖန်းချီ မိုးကောင်ကင် တောင်တန်းမှ စွန့်ခွာပြီးနောက် ဤနေရာသို့ ရွေ့ပြောင်း နေထိုင်မည်ဟုလည်း တွေးတောထားသည်။

ဆွစ်

ကျင်းဟောင်သည် စစ်ရထားကြီးကို မောင်းနှင်ကာဖြင့် လေးလေးနက်နက် ပြောလိုက်၏။ “မောက်မာလိုက်တဲ့ အမှိုက်လေး... နဝမအမြူတေပြောင်းလဲခြင်းကျင့်ကြံသူတစ်ယောက်ကို စိန်ခေါ်ရဲဖို့ သတ္တိ မင်းကို ဘယ်သူပေးထား တာလဲ”

“ဧကရီလင်းရောင်လေ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ သူ့အနေနှင့် အစကတည်းက အခုအထိ ဤအမျိုးသမီး၏ လှည့်စားမှုကိုသာ ခံခဲ့ရ၏။ ထို့ကြောင့် ကျိန်းသေပေါက် သူမအား ပြန်လည်ကာ ဒုက္ခပေးရပေ လိမ့်မည်။

ကျင်းဟောင်၏ စိတ်ဝင်စားမှုများသည် မြင့်တက်သွားခဲ့၏။ “မင်း ဂိုဏ်းတစ်ခုလုံးကို ဒီကိုခေါ်လာပြီး တရားမဝင် အထက်နယ်မြေဆီတက်ဖို့ ကြိုးစားတာက အရင်ကတည်းက ကြိုတင်ပြင်ဆင်ထားတာလား”

“အထက်နယ်မြေရဲ့ စည်းမျဉ်း စည်းကမ်းအရဆိုရင် ကပ်ဘေးအစီအရင်ကြီးကို ကျော်ဖြတ်နိုင်ပြီဆိုတာနဲ့ တရားဝင် အထက်နယ်မြေသား တစ်ယောက်ဖြစ်သွားတာပဲ မဟုတ်လား။ ဒီတော့ တရားမဝင်ဆိုတဲ့ကိစ္စကို ဖယ်လိုက်ပါ” ကျွင်းချောင်ရှောင်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ကောင်းပြီ”

ကျင်းဟောင်သည် စစ်ရထားဆီမှ ခုန်ဆင်းလိုက်၏။ ပြီးနောက် ကျွင်းချောင်ရှောင်းနှင့် ဆယ်ပေအကွာ တွင် မတ်တပ်ရပ်လိုက်သည်။ ပြီးနောက် လက်နှစ်ဖက်ကို နောက်ပစ်ကာ ပြောလိုက်၏။ “မင်း စပြီး တိုက်ခိုက်လို့ ရပြီ” သူ့အနေနှင့် သူ၏ ကျင့်ကြံခြင်းအဆင့်ကို ထုတ်ဖော်မထားဘူးဆိုသော်လည်း သူ၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ် နေသည့် အော်ရာသီးသန့်နှင့်ပင် ကျွင်းချောင်ရှောင်းအား ဖိအားများ ခံစားရစေသည်။

ကျွင်းချောင်ရှောင်းသည် စိတ်ထဲတွင် ကြိတ်ကာ တွေးလိုက်မိ၏။ “ဒီလူ ဘယ်လောက်တောင် အားကောင်းလိုက် တာလဲ”

စနစ်က ပြောလိုက်သည်။ “မင်းကို သတ်ဖြတ်ပစ်ဖို့ဆိုတာ သေးပေါက်သလောက်တောင် မခက်ဘူး”

“.........”

ကျွင်းချောင်ရှောင်းသည် ကျင်းဟောင်အား စူးစိုက်ကြည့်ကာ ပြောလိုက်သည်။ “ခင်ဗျား … ဒီနေရာမှာ ငြိမ်ငြိမ်လေး ရပ်နေပြီးတော့ ကျုပ်ရိုက်တာကို ခံနေမယ်လို့ ဆိုလိုတာလား။”

“အမှန်ပေါ့”

ကျွင်းချောင်ရှောင်းက အတည်ပြုလိုက်၏။ “ဒါဆို ခင်ဗျား အဲမှာပဲ ရပ်နေနော်။ ကျုပ် ခင်ဗျားကို ထိအောင် ရိုက်မယ်”

ကျင်းဟောင်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “ရတယ်လေ။ လုပ်လိုက်တော့”

ဝှစ်

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ရှေ့ကို တိုးသွား၏။ ပြီးနောက် သူ၏လက်သီးထဲတွင် စိတ်ဝိညာဉ်စွမ်းအင် များကို စုစည်းလိုက်၏။ ပြီးနောက် ပြောလိုက်၏။ “နာဖို့ပြင်”

သူ၏ လက်သီးချက်သည် အလွန်အားကောင်းလွန်းလှ၏။ သေမျိုးစကြဝဠာထဲ၌ ဆိုလျှင် ဤအရာသည် လောကကြီး တစ်ခုလုံးကို ကွဲအက်သွားစေနိုင်သည့်အရာမျိုးပင်ဖြစ်၏။ သို့ပေမဲ့ အထက်နယ်မြေ၏ တည်နေရာအတားအဆီးသည် အလွန်အားကောင်းလွန်းလှ၏။ ထို့ကြောင့် လှိုင်းတစ်ခုအနေဖြင့် တွန့်လိမ်သွားရုံသာ ဖြစ်ခဲ့သည်။

“အားနည်းလိုက်တာ” ကျင်းဟောင်သည် ခေါင်းကို ခါယမ်းလိုက်၏။

ဝှစ်

ရုတ်တရက် ကျွင်းချောင်ရှောင်း၏ ညာဘက်လက်သီးတွင် စွမ်းအင်များ စုဝေးလာခဲ့ပြီး ထူးခြားလွန်းသည့် စွမ်းအင်များသည် ထိုလက်သီးချက်ထဲတွင် ပါဝင်လာခဲ့သည်။

အထက်နယ်မြေဆီသို့ တက်လှမ်းရာ တည်နေရာလမ်းကြောင်းတွင် စတင်ဆုံစည်းပြီး ယခု ဖန်းချီမိုးကောင်းကင် တောင်တန်းဆီသို့ ရောက်သည်အထိ ကျင်းဟောင်၏ စကားလုံးများနှင့် အပြုအမူများသည် အထင်သေး မောက်မာမှုများနှင့် ပြည့်နှက်လျက်ရှိနေ၏။ ထို့ကြောင့် တစ်ချက်ထိုးသတ်ဖြတ်မှု၏ လိုအပ်ချက်သည် ကိုက်ညီသွားခဲ့၏။

ဝှစ် ဝှစ်

အထက်နယ်မြေဆီသို့ ရောက်သည့်အချိန်တွင် ထူးခြားသည့်ပစ္စည်းကို ထုတ်ဖော်အသုံးပြုရသည်မှာ သူ့အတွက် ပထမဦးဆုံးအကြိမ်ပင် ဖြစ်၏။ တည်နေရာအတားအဆီးကြီးသည် အလွန်အားကောင်းလှသည် ဆိုသော်လည်း လက်သီးချက်မှ ထွက်ပေါ်နေသည့်အော်ရာများမှာလည်း ကြမ်းတမ်းလွန်းလှချေသည်။

ပထမတုန်းက ထူးမခြားနားသလို ခပ်တည်တည်ဖြစ်နေသော ကျင်းဟောင်သည် ရုတ်တရက် မျက်မှောင်ကုတ် လိုက်၏။ ပြီးနောက် သူ၏လက်ဝါးကို မြှောက်ကာဖြင့် ကာကွယ်ခြင်းကို ပြုမူရ၏။

ဘုန်း

ချက်ချင်းပဲ ၎င်းတို့နှစ်ယောက်ကြား တည်နေရာကြီးသည် ကြမ်းတမ်းလွန်းလှသည့် လှိုင်းများပြည့်နှက်သွားသည်။ မြေပြင်တည်နေရာတစ်ခုလုံး ကွဲအက်သွားပြီး တောင်ကြီးတစ်ခုလုံးသည်လည်း လှုပ်ခါလျက်ရှိ၏။ လွန်ခဲ့သည့် နှစ်ပေါင်းတစ်ထောင်ထဲက တည်ရှိခဲ့သော လှိုဏ်ဂူတစ်ခုသည်တော့ ပြင်းထန်သည့် ထိခိုက်မှုများကြောင့် ပျက်စီး ယိုယွင်းသွားခဲ့ရပြီ ဖြစ်သည်။

သူ၏ ယခင်တည်နေရာကြီးတစ်ခုလုံး တခြားသူ သိမ်းပိုက်သွားခဲ့သောကြောင့် စိတ်ထဲမကောင်းဖြစ်နေသည့် ထိုက်ရွှမ်အဘိုးအိုသည် သူပြောင်းရွှေ့ရန် စဉ်းစားထားသည့်တည်နေရာကြီးတစ်ခုလုံး ပျက်စီးသွားသည်ကို မြင်ရ သည့်အချိန်မှာတော့ မည်သို့မှ မခံစားနိုင်တော့ဘဲ မျက်ရည်များပင် ဝိုင်းလာခဲ့မိ၏။

သို့ပေမဲ့ ကျွင်းချောင်ရှောင်း ထိုးနှက်လိုက်သည့် လက်သီးချက်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှပြီး တည်နေရာချိုးဖြတ်ခြင်းအဆင့်ထက် ပိုမိုကာ သာလွန်လျက်ရှိသည်ကို သိရှိပြီးသည့်နောက်မှာတော့ သူသည် စိတ်ဝင်တစားတော့ ဖြစ်မိနေသည်။

ကျွတ် ကျွတ် ကျွတ်

ဖုန်များတလိပ်လိပ် တက်နေသည့် တည်နေရာဆီမှ ကျင်းဟောင်၏အသံသည် ထွက်ပေါ်လာ၏။ “တည်နေရာ ချိုးဖြတ်ခြင်းအဆင့် အမှိုက်လေးတစ်ယောက်က ဒီလို အားကောင်းလှတဲ့ သိုင်းပညာရပ်မျိုး ပိုင်ဆိုင်နေလိမ့်မယ်လို့ ငါမထင်မိဘူး”

ဝှစ်

လေများတိုက်ခတ်ပြီးသည့်နောက် တိုက်ခိုက်ရေး တည်နေရာတစ်ခုလုံးကို ရှင်းလင်းစွာ မြင်လိုက်ရ၏။ ကျွင်းချောင်ရှောင်းသည် ကျင်းဟောင်၏ရှေ့တွင် မတ်မတ်ရပ်လျက်ရှိပြီး ၎င်း၏ လက်သီးသည် တစ်ဖက်လူ၏ လက်ဝါးနှင့် တားဆီးထားခြင်းကို ခံထားရ၏။

ကျွင်းချောင်ရှောင်းသည် တစ်ချက်ထိုး သတ်ဖြတ်ခြင်းကို အသုံးပြုခဲ့ခြင်း ဖြစ်၏။ သို့ပေမဲ့ သူ၏ပြိုင်ဘက်အား ဘာတစ်ခုမှ မလုပ်နိုင်ခဲ့ချေ။

“မဟုတ်ဘူး။ အနည်းဆုံး သူ့ကို ခြေနှစ်လမ်းဆုတ်ခွာအောင်တော့ ထိုးနှက်နိုင်ခဲ့သေးတယ်”

.............

ကျွင်းချောင်ရှောင်းသည် ခံစားချက် ကင်းမဲ့သည့် ပုံစံအမူအရာမျိုး ရှိနေသည်ဆိုသော်လည်း သူ၏နှလုံးသားထဲ တွင်တော့ လှုပ်ရှားလျက် ရှိနေ၏။ အဘယ်ကြောင့်ဆိုသော် သူသည် တစ်ချက်ထိုးသတ်ဖြတ်ခြင်း လက်သီးချက်ကို ထုတ်ဖော်ကာ အသုံးပြုခဲ့သည် ဖြစ်သော်လည်း အထက်နယ်မြေတွင်ရှိနေသည့် တစ်ဖက်လူအား မသတ်ဖြတ်နိုင်ခဲ့ချေ။

စနစ်သည် ဆွံ့အလျက်ရှိနေ၏။ “အခုတိုက်ခိုက်နေရတဲ့လူက နဝမမြောက် အမြူတေပြောင်းလဲခြင်း ကျင့်ကြံသူတစ်ယောက် မဟုတ်လား။ ပြီးတော့ သူ့ကို ချက်ချင်း သတ်ဖြတ်ပစ်ဖို့ဆိုတာ ဘယ်လိုမှ မျှော်လင့်ချက် မရှိဘူး။”

သူသည် အလောတကြီးဖြင့်နှစ်သိမ့်လိုက်၏။ “ဒါပေမဲ့ တစ်ချက်ထိုး သတ်ဖြတ်ခြင်း စွမ်းရည်က သေမျိုးလောကထဲမှာ ရခဲ့တဲ့အရာလေ။ လက်ခံသူအနေနဲ့ ကံကောင်းမယ်ဆိုရင် အနာဂတ်မှာ အထက်နယ်မြေဗားရှင်းနဲ့ ပစ္စည်းပစ္စယတွေ ထပ်ပြီး ရနိုင် သေးတယ်”

“ဒီလိုပဲ မျှော်လင့်ပါတယ်” ကျွင်းချောင်ရှောင်းသည် သူ၏ စိတ်အခြေအနေကို ထိန်းချုပ်လိုက်၏။ ပြီးသည့်နောက် ……..။

ဘုန်း

ထိုက်ရွှမ်အကြီးအကဲ၏ လှိုဏ်ဂူအပြင်ဘက်ဆီမှ ကြမ်းတမ်းလှသော စွမ်းအင်လှိုင်းများ ဖြစ်တည်လာခဲ့၏။ ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အဝေးတစ်နေရာရှိ နံရံကြီးထဲသို့ ချိုင့်ဝင်သွား၏။ ခန္ဓာကိုယ်ထဲရှိ မရီဒန်များသည် ဒဏ်ရာ ရရှိကုန်၏။ သူသည် မည်သို့မှ မခံစားနိုင်တော့ဘဲ သွေးများပင် အန်ထွက်လာခဲ့၏။

“ယောက်ျား”

“ဂိုဏ်းချုပ်”

နှင်းဆီဧကရီ၊ လီချင်းယန်နှင့် တခြားသောသူများ အားလုံးသည် ထိတ်လန့်သွားခဲ့ကြသည်။

ကျင်းဟောင်သည် သူ ထုတ်လွှတ်လိုက်သည့် စွမ်းအင်များကို ပြန်လည်ရုတ်သိမ်းကာ ခေါင်းကို ခါယမ်းလိုက်၏။ “ကောင်လေး... အောက်နယ်မြေမှာ မင်းက ဘယ်လောက်ထိ ကြမ်းတယ်ပြောပြော ငါဂရုမစိုက်ဘူး။ အထက် နယ်မြေကို ရောက်လာပြီဆိုရင် လိမ်လိမ်မာမာနဲ့ ငြိမ်ငြိမ်သက်သက် နေဖို့ သင်ယူရလိမ့်မယ်”

ကုန်းရှန့်နှင့် သူ၏ကြား ကွာခြားချက်သည် အလွန်ကြီးမားလွန်းလှ၏။ မည်မျှကွာခြားလှသနည်းဆိုသော် တိုက်ကွက်တစ်ခုကိုပင် လုံလုံလောက်လောက် မထုတ်ဖော်ခဲ့ရပေ။ အနည်းငယ်သော အားအင်လေးကို စိုက်ကာ ထိုးနှက်လိုက်သည်နှင့် တစ်ဖက်လူသည် အဝေးကြီးဆီသို့ လွင့်စင်ပြီး အပြင်းအထန် ဒဏ်ရာရရှိသွား၏။ လက်ရှိ အခြေအနေတွင် သွေးများပင် အန်ထွက်လျက် ရှိနေသေး၏။ ထို့ကြောင့် နဝမ အသွင်ပြောင်းလဲခြင်း ကျင့်ကြံသူ တစ်ယောက်၏ စွမ်းအင်သည် မည်မျှကြောက်မက်ဖွယ်ရာကောင်းသည် ဆိုခြင်းကို ခန့်မှန်း၍ ရရှိနိုင်၏။

“အားနာပါတယ်”

ကျွင်းချောင်ရှောင်းသည် ကျောကိုမတ်ကာဖြင့် နှုတ်ခမ်းထောင့်တွင်ရှိသော သွေးများကို သုတ်လိုက်သည်။ “ကျုပ်က သခင်တစ်ယောက်အနေနဲ့ မွေးဖွားလာတာလေ။ ဘယ်တော့မှ ကျေးကျွန်လိုမျိုး နှိမ့်နှိမ့်ချချ နေထိုင်နေမှာ မဟုတ်ဘူး”

ဤစကားလုံးသည် ကျင်းဟောင်အား အမှန်ပင် ဒေါသထွက်သွားစေ၏။ ကျင်းဟောင်၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုခြင်းဆန္ဒများနှင့် ပြည့်နှက်လာ၏။

ဆွစ်

ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် သူ၏လက်ကို မြှောက်လိုက်သည်။ ပုဆိန်ကဲ့သို့သော လက်နက်ကြီးတစ်ခုသည် လေထုထဲတွင် ပေါ်ပေါက်လာသည်။ သူသည် တင်းမာ ခက်ထန်လွန်းသော လေသံဖြင့် မေးလိုက်၏။ “ခင်ဗျားက ဂြိုဟ်တိုက်ပွဲတည်နေရာမှာတုန်းက ကျုပ်ကို အပြစ်ပေးဖို့ တာဝန်ယူထားတဲ့လူတွေထဲက တစ်ယောက်ပေါ့ ဟုတ်လား”

ကျင်းဟောင်သည် သူ၏ လက်နှစ်ဖက်ကို ဖြန့်ကားကာ ပြောလိုက်သည်။ “မှန်တာပေါ့။ ဒါပေမဲ့ ကံဆိုးစွာနဲ့ ငါ မင်းကို မသတ်နိုင်ခဲ့ဘူး”

ဝှစ်

ရုတ်တရက် လင်းလက်တောက်ပလျက်ရှိနေသည့် အလင်းများသည် ပုဆိန်ကဲ့သို့သော လက်နက်ကြီးဆီမှ ထွက်ပေါ်လာ၏။ ထိုလက်နက်ကြီးဆီမှ စွမ်းအင်များသည် မိုးကြိုးပစ်ချလိုက်သကဲ့သို့ အလွန်တရာ မြန်ဆန်လွန်းလှချေ၏။

“ဟမ့်”

ကျင်းဟောင်သည် နှာခေါင်းရှုံ့လိုက်၏။ သို့ပေမဲ့ ရုတ်တရက် ဆိုသလိုပဲ သူ၏ မျက်နှာပေါ်ရှိ ကြွက်သား များသည် အေးခဲသွားရ၏။ တစ်ဖက်တွင် ပါဝင်နေသည့်အလင်းတန်းသည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းသည်သာမက ကောင်းကင်တာအို၏ စွမ်းအင်များလည်း ပါဝင်လျက်ရှိနေသောကြောင့်ပင်။

ကျွင်းချောင်ရှောင်းသည် နတ်ဘုရားအဆင့် အဆင့်မြှင့်တင်ထားသည့် မိုးကြိုးတုတ်ကြီးကို အသုံးပြုပြီး တိုက်ခိုက် လိုက်သည့်အချိန်မှာတော့ သူ့အား ပစ်ချခဲ့သည့် မိုးကြိုးအချက်ပေါင်း နှစ်ထောင့်နှစ်ရာ့သုံးဆယ် ဆီမှီ စုစည်း ထားသည့် မိုးကြိုးဓာတ်သဘာဝများကို ထုတ်ဖော်ကာ တိုက်ခိုက်လိုက်ခြင်းပင်ဖြစ်သည်။

ဝှစ်

မိုးကြိုးကပ်ဘေး ထောင်ကျော်တွင် ပါဝင်လျက်ရှိနေသည့် စွမ်းအင်လှိုင်းများသည် အလွန်လျင်မြန်သည့် နှုန်းနှင့် မိုးကြိုးပစ်သကဲ့သို့ ရောက်ရှိသွား၏။ ထိုစွမ်းအင်များသည် ကျင်းဟောင်အား တည့်တည့်ထိမှန်ရုံသာမက ကျင်းဟောင်၏ ရင်ဘတ်တစ်ခုလုံးကိုပင် လွယ်လွယ်ကူကူနှင့် ထွင်းဖောက်သွားစေ၏။ ကျင်းဟောင်သည် အနောက်ဘက် မိုင်တစ်ရာလောက်ဆီသို့ လွှင့်စင်သွား၏။

ဤဖြစ်စဉ်သည် အလွန်တရာ မြန်ဆန်လွန်းလှပြီး မျက်တောင်တစ်ချက်ခတ်စာ အချိန်တွင် ဖြစ်ပျက်ခဲ့ခြင်းပင်ဖြစ်သည်။

ဤအချင်းအရာကို မြင်သည့်အချိန်မှာတော့ ထိုက်ရွှမ်အဘိုးအိုသည် မျက်လုံးအပြူးသား ဖြစ်သွား၏။ သူသည် ပါးစပ်အဟောင်းသားနှင့် မယုံကြည်နိုင်သလို ပြောလိုက်မိ၏။ “ဘာတွေဖြစ်ကုန်တာလဲ”

ကျင်းဟောင်၏ မျက်နှာသည် မဲနက်သွား၏။ ပြီးနောက် သူသည် ခက်ခက်ခဲခဲဖြင့် ဦးခေါင်းကို ငုံ့ကာ ကြည့်ရှုလိုက်သည်။ သူ၏ရင်ဘတ်ကြီးတစ်ခုလုံးသည် ထွင်းဖောက်ခံလိုက်ရကြောင်း မြင်ရချိန်မှာတော့ နှလုံးသားထဲတွင် နာကျင်သည့်ခံစားချက်များ ရရှိလာခဲ့သည်။

“အမှိုက်လေး”

ကျင်းဟောင်သည် ခေါင်းမော့ကာ ကြည့်လိုက်၏။ သူ၏ မျက်လုံးများသည် မျက်စိသူငယ်အိမ်ထဲမှ ထွက်လာ လုမတတ်ပင်။ “မင်း... မင်းစောင့်နေ”

ဝှစ်

ပြောပြောပြီးချင်းမှာပဲ ၎င်းသည် ပျောက်ကွယ်သွားခဲ့၏။

“မဟုတ်သေးပါဘူး”

ကျွင်းချောင်ရှောင်းသည် သူ၏ ဦးခေါင်းကို ဆုပ်ကိုင်ကာ ပြောလိုက်မိသည်။ “ရင်ဘတ်တစ်ခုလုံး ထွင်းဖောက်ခံထားရတာကို ဘယ်လိုဖြစ်ပြီး သူက အသက်ရှင်နေသေးတာလဲ”

All Chapters