အခန်း (၁၃၄၉)
Vol. 91 Ch. 1349
ကျွင်းချောင်ရှောင်းအနေဖြင့် နှလုံးသားအလင်းကျမ်းစာအား နားလည်အောင် ကျင့်ကြံပြီးနောက် သူသည် သိုင်းကျင့်ကြံခြင်း ဓာတ်သဘာဝများ၏ သဘောသဘာဝကို ပိုမိုကာ နားလည်လာခဲ့သလို သူ၏ ခန္ဓာကိုယ်နှင့်ဝိညာဉ်သည်လည်း ပိုမိုကာ အားကောင်းလာခဲ့၏။
ကံဆိုးစွာဖြင့် ဤအရာသည် တာဝန်ပြီးနောက် ရရှိခဲ့သည့် ဆုလာဒ်သာဖြစ်၏။ ထို့ကြောင့် နှလုံးသားအလင်းကျမ်းစာ၏ မူရင်းသည် မည်သည့်နေရာမှဖြစ်ကြောင်း ရေးမှတ်မထားခဲ့ချေ။
"ဒီကျင့်ကြံခြင်းနည်းစနစ်နဲ့ဆိုရင် တပည့်တွေမတိုးတက်မှာ ပူစရာမလိုတော့ဘူး " ကျွင်းချောင်ရှောင်းသည် သွားဖြီးကာ ပြုံးလိုက်မိ၏။
အထက်နယ်မြေသည် ကောင်းကင်နှင့်မြေကြီးဓာတ်သဘာဝများ အလွန်ကောင်းလွန်းလှ၏။ တစ်စုံတစ်ယောက်အနေဖြင့် နှလုံးသားအလင်းကျမ်းစားအား နားလည်နိုင်မည်ဆိုလျှင် စုပ်ယူနိုင်မှုအားသည် ပိုမိုကာ မြန်ဆန်လာမှာ ဖြစ်၏။ ထို့ကြောင့် သိုင်းကျင့်ကြံခြင်းအရင်းအမြစ်များ လုံလုံလောက်လောက် မရှိသေးရင်တောင်မှ လုံလောက်သည့် အချိန်ကို ပေးမည်ဆိုလျှင် တည်နေရာချိုးဖျက်ခြင်းအဆင့်ကို ရောက်ရှိရန်မှာ အခက်အခဲမဟုတ်တော့ချေ။
အခြားတစ်ဖက်မှ ပြောရမည်ဆိုလျှင် အောက်နယ်မြေ၏ အဓိကတာဝန်ကို စတင်ပြုလုပ်ခဲ့တုန်းက သူ့အနေဖြင့် တပည့်များကို စတင်ကာ ခေါ်ယူရန် လိုအပ်ခဲ့၏။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ အထက်နယ်မြေသို့ ရောက်ရောက်ခြင်း ကျွင်းချောင်ရှောင်းသည် အမြူအတေအသွင်ပြောင်းခြင်းအဆင့်ကို ရောက်ရှိခဲ့ရုံသာမက အင်မော်တယ်အဆင့်နှင့် နှိုင်းယှဉ်၍ရနိုင်သော နှလုံးသားအလင်းကျမ်းစာကိုပါ ရရှိခဲ့သည်။
ထို့ကြောင့် ကွာခြားလွန်းလှနေသည်မှာ သံဃယဖြစ်ဖွယ်မလိုချေ။ ထို့ပြင် ကောင်းကင်လက်ဝါး ရိုက်ချက် နည်းစနစ်ကလည်း တည်ရှိလို့နေသေး၏။
စတိုးဆီမှ ဝယ်ယူရရှိသည့် သိုင်းကျင့်ကြံခြင်း နည်းစနစ်များသည် နားလည်ရလွယ်ကူပြီး အစွမ်းလည်း ထက်လှ၏။ ထို့ကြောင့် ဂိုဏ်း၏ အားအင်သည် ပိုမိုပြီးတိုးတက်သွားမှာ အမှန်ပင်။
"ငါအခု ယုံကြည်မှုရှိနေပြီ"
ကျွင်းချောင်ရှောင်းသည် အနာဂတ်တွင် မျှော်မှန်း၍မရသော အကန့်အသတ်များ ဖြစ်တည်လာမည်ဟု တွေးကာ မျက်လုံးများ တောက်ပလျက်ရှိ၏။
တိတိကျကျပြောရမည်ဆိုလျှင် သေမျိုးလောကထဲတွင် ဆယ်စုနှစ်ကျော်ကြာ အတွေ့အကြုံရယူပြီးနောက် သူသည် မောက်မာလွန်းလှသည့် လူတစ်ယောက်မဟုတ်တော့ချေ။ အနည်းဆုံးတော့ သူသည် မည်ကဲ့သို့အစပြုရမည်နည်းကို ကောင်းကောင်းသိနေပြီး လုံလောက်သည့်အတွေ့အကြုံများလည်း ရရှိနေပြီဖြစ်သည်။
ဥပမာအားဖြင့် သူသည် ဂိုဏ်းတစ်ခုဖွံ့ဖြိုးတိုးတက်ဖို့ ပြုလုပ်သည့်နေရာတွင် ကျင့်ကြံခြင်းနည်းစနစ်များ အပေါ်တွင်သာ မှီခိုနေ၍မရချေ။ အထက်နယ်မြေနှင့် သင့်တော်လှသည့်သိုင်းပညာနည်းစနစ်များအပြင် ပံ့ပိုးပေးရမည့် အရင်းအမြစ်များသည်လည်း လုံလောက်အောင် တည်ရှိနေမှ ဖြစ်ပေလိမ့်မည်။ ထိုမှသာလျှင် ကျားကိုအတောင်အပံတပ်ပေးသလို ဖြစ်ပေလိမ့်မည်။
ဆွစ်
ကျွင်းချောင်ရှောင်းသည် စတိုးအား ကျွမ်းကျင်စွာဖြင့် ဖွင့်လိုက်၏။ ပြီးနောက် ထကာ အော်မိလိုက်တော့၏။ "ချီးတဲ့မှ"
စနစ်ထဲတွင် ကြမားသည့် ပြောင်းလဲမှုကြီး တစ်ခုဖြစ်တည်နေ၏။ စဦး၊ အလယ်အလတ်နှင့် အဆင့်မြင့်စတိုးများသည် အထက်နယ်မြေဆိုသည့် စာလုံးများ တိုးတက်လာ၏။
အဆင့်မြင့်စတိုးကို ဖွင့်လိုက်သည့်အချိန်မှာတော့ လုံလောက်သည့် ဂုဏ်သိက္ခာတရားမရှိသောကြောင့် ဖွင့်၍မရနိုင်ခဲ့ချေ။
"ဂုဏ်သိက္ခာတရား ဟုတ်လား"
သူသည် စနစ်၏ အဓိကမျက်နှာပင်ကို ပြန်၍ကြည့်ရှုလိုက်သည့်အချိန်မှာတော့ စနစ်၏ မျက်နှာပြင်သည် ကြီးမားစွာပြောင်းလဲနေသည်ကို မြင်ရ၏။
"ဂိုဏ်းအမည် - ပြိုင်စံရှားဂိုဏ်း
ဂိုဏ်းချုပ် - ကျွင်းချောင်ရှောင်း
ဂိုဏ်းအဆင့် - မရှိ
ဂိုဏ်း၏ အဆောက်အအုံ - အဆင့်ကိုး
ဂိုဏ်း၏ လုပ်ဆောင်နိုင်မှု - ဆေးခန်းမဆောင်၊ ပန်းပဲခန်းမဆောင် …….။
ဂိုဏ်း၏ ကျင့်ကြံခြင်းနည်းစနစ် - နှလုံးသားအလင်းကျမ်းစာ ၊ ကောင်းကင်လက်ဝါး နည်းစနစ်။
ဂိုဏ်းသားအဖွဲ့ - ၁၀၀၀၀၁
ဂိုဏ်းစုဆောင်းမှတ် - ၇၀၀၀၀၀။
ဂိုဏ်း၏ အောင်မြင်မှုအမှတ် - ဝ။
ဂိုဏ်း၏ဂုဏ်သိက္ခာအမှတ် - ဝ။
ဂိုဏ်း၏တာဝန် - လက်ရှိအချိန်တွင် မရှိသေး ။။
ဂိုဏ်း၏ အဓိကတာဝန် - နှစ်တစ်ရာအတွင်း...."
တစ်ခြားသော လုပ်နိုင်နိုင်မှုအချို့သည် မပြောင်းလဲဘဲ တည်ရှိနေသည်ဆိုသော်လည်း အသစ်ဖြစ်ပေါ်လာသည့် ဂိုဏ်း၏ ဂုဏ်သိက္ခာတရားဆိုသည်ကို သူမြင်လိုက်ရ၏။
ကျွင်းချောင်ရှောင်းအနေဖြင့် ထိုအရာကို နိပ်ကြည့်လိုက်သည့် အချိန်မှာတော့ စာတမ်းတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ဂိုဏ်း၏ ဂုဏ်သိက္ခာအမှတ် သည် လုံလောက်သည့် တန်ဖိုးတစ်ခုဆီသို့ ရောက်ရှိမှသာ လျှင် သတ်မှတ်ထားသော လုပ်ဆောင်မှုများ လုပ်ဆောင်နိုင်မှာ ဖြစ်သည်။
"ဘာတွေ"
ကျွင်းချောင်ရှောင်းသည် ပြိုလဲသွားမိ၏။ ဂိုဏ်း၏ ဂုဏ်သိက္ခာတရားဆိုသည်မှာ ဘာကိုဆိုလိုသနည်း။ သူ့အား အသေးစိတ်ဥပမာလေးတော့ ရှင်းပြထားသင့်၏။
ဟင်း …။
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းလိုက်၏။ ပြီးသည့်နောက် အလယ်အလတ်အဆင့်စတိုးအား နှိပ်ကြည့်လိုက်၏။ သို့ပေမဲ့ လုံလောက်သည့် ဂုဏ်သိက္ခာအမှတ် မရှိသောကြောင့် ထိုအရာဆီ ဝင်လို့မရကြောင်း သတိပေးချက်သာ ထွက်ပေါ်လာခဲ့သည်။
အဆုံးသတ်မှာတော့ သူသည် စဦးစတိုးထဲသာ ဝင်ရောက်လိုက်ရ၏။ စဦးစတိုးထဲသို့ ဝင်ရောက်နိုင်သည် ဆိုသော်လည်း ကြီးမားလှသော ဈေးနှုန်းများကို မြင်ရသည့်အချိန်မှာတော့ သွေးအန်လုမတတ်ပင် ဖြစ်နေမိ၏။ အနည်းဆုံးသော လိုအပ်ချက်သည် ဂိုဏ်းစုဆောင်းမှတ် တစ်သိန်းပင် ဖြစ်လို့နေ၏။
စနစ်က ပြောလိုက်သည်။ "အထက်နယ်မြေရဲ့ဗားရှင်းက လက်ခံသူ သေမျိုးလောကရဲ့ နောက်ဆုံးတာဝန်ကို ပြုလုပ်ပြီးတဲ့နောက်မှာ အသက်ဝင်သွားခဲ့တယ်လေ။ အဆင့်မြင့်ဗားရှင်းဖြစ်တာမို့ ဈေးနှုန်းတွေ တိုးတက်သွား တယ်ဆိုတာက သဘာဝပါပဲ"
“စဦးစတိုးက ဂိုဏ်းစုဆောင်းမှတ် တစ်သိန်းက စတယ်။ ဒါဆိုရင် အဆင့်မြင့် စတိုးသာဆိုရင် ဆယ်သိန်းလောက် ဖြစ်နေမလားပဲ။ ဂိုဏ်းစုဆောင်းမှတ်တွေ ဖောင်းပွသလို ဖြစ်နေမှာပေါ့" ကျွင်းချောင်ရှောင်း သည် အော်ဟစ်လိုက်မိ၏။
စနစ်က ပြောလိုက်သည်။
"မင်းအနေနဲ့ ဂိုဏ်းစုဆောင်းမှတ်တွေ ဖောင်းပွမှာ ကို စိတ်ပူစရာမလိုဘူး။ ဒီကိစ္စကို စနစ်က လုပ်လိမ့်မယ်...။ လောလောဆယ် စနစ်ကို refreshလုပ်ပြီး တပည့်တွေအတွက် လိုအပ်မဲ့ပစ္စည်းတွေ မြန်မြန်ဝယ်ယူတော့လေ။ "
"……."
ကျွင်းချောင်ရှောင်းသည် ဂိုဏ်းစုဆောင်းမှတ် ငါးသိန်းကို ဆုလာဒ်အဖြစ် ရရှိခဲ့၏။ ထိုအချိန်က တစ်ညအတွင်း ချမ်းသာသွားသည့် လူတစ်ယောက်ဟု ခံစားခဲ့မိသည်။ သို့ပေမဲ့ အသစ်ဖြစ်တည်လာသည့် စနစ်၏ စတိုးကိုဝင်ရောက်ကြည့်သည့် အချိန်မှာတော့ ဘာမှမဟုတ်သည့် လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရ၏။
"ဒါဆိုရင် အရင်းအမြစ်တွေကို ရှာရုံတင်မကပဲ ဂိုဏ်းအတွက် ပိုက်ဆံလည်းရှာရတော့မှာပေါ့။ ဒါအပြင် ဂိုဏ်းရဲ့ ဂုဏ်သိက္ခာအမှတ် နဲ့ ဂိုဏ်းစုဆောင်းမှတ်တွေကိုလည်း ရှာရအုန်းမယ် "
ကျွင်းချောင်ရှောင်းသည် ငုတ်တုတ် ထိုင်ချလိုက်၏။ သူသည် မျက်နှာကိုဖုံးကာ ကာဖြင့် ဝမ်းနည်းတကြီး ပြောလိုက်မိသည်။ "ယောက်ျားတစ်ယောက်ဖြစ်ရတာ ခက်လိုက်တာ"
ဘုန်း ဘုန်း
ရုတ်တရက် ဂိုဏ်း၏အပြင်ဖက်ဆီမှ ကျယ်လောင်လှသော မိုးချိန်းသံကြီး ထွက်ပေါ်လာ၏။ ကျွင်းချောင်ရှောင်း သည် မတ်တပ်ထရပ်ပြီးနောက် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ "တစ်စုံတစ်ယောက်က မိုးကြိုးအစီအရင်ကို ချိုးဖျက်ဖို့ ကြိုးစာနေတာလား "
"ဂိုဏ်းချုပ်"
အကြီးအကဲကျန်းက အသံပို့လွှတ်လိုက်တော့၏။ "အပြင်ဖက်မှာ အစီအရင်ကို ချိုးဖျက်နေတဲ့ သိုင်းကျင့်ကြံသူတွေ အများကြီးပဲ။ သူတို့ရဲ့ အားအင်အဆင့်ကို ကြည့်ရရင် အရမ်းကို အားကောင်းတဲ့ပုံပဲ "
ဂိုဏ်း၏ ကျင့်ကြံခြင်းနည်းစနစ်များသည် အတိတ်တုန်းက ကျင့်ကြံခဲ့သည့်အရာများ ဖြစ်သောကြောင့် အထက်နယ်မြေတွင် ပြန်လည်ပြီး အသုံးပြု၍မရနိုင်တော့ချေ။ သို့ပေမဲ့ ၎င်းတို့အနေဖြင့် အလုံးစုံသော အရာများ အသုံးမဝင်ဖြစ်သွားခဲ့သည်တော့ မဟုတ်ပေ။ ဥပမာအားဖြင့် အသံပို့လွှတ်ခြင်း နည်းစနစ်သည် အထက်နယ်မြေတွင်တောင်မှ အသုံးပြု၍ ရနေသေးသည်။
နတ်ဘုရားအဆင့် အဆင့်မြင့်တင်ထားသော မိုးကြိုးတုတ်ကြီးကို အားဖြည့်ရန်အတွက် ပြုလုပ်ထားသော ဖန်းချီ မိုးကောင်းကင်တောင်တန်း ရှိ မိုးကြိုးအစီအရင်သည် တစ်စုံတစ်ယောက်၏ ဖျက်စီးခြင်းကို ခံနေရ၏။
ရှေ့ဆုံးတွင် ဦးဆောင်လာခဲ့သည့် အမြူအတေအသွင်ပြောင်း အဆင့် ကျင့်ကြံသူ လေးယောက်တို့သည် သတ်ဖြတ်လိုခြင်း အပြည့်ဖြင့် လှမ်းလာခဲ့၏။ ၎င်းတို့၏ ဝတ်စားဆင်ယင်မှုကို သုံးသတ်ရမည်ဆိုလျှင် အင်ပါရီယန်နတ်ဓားဂိုဏ်း၊ ရေခဲဓားမော့ဂိုဏ်းနှင့် အခြားသောဂိုဏ်းများမှ လူများဖြစ်ကြောင်း သိသာနေသည်။
ဤနေရာတွင် ထိုက်ရွှမ်အဘိုးအိုသည် အမြင်ကောင်းလှသူတစ်ယောက် ဖြစ်၏။များပြားလှသော ဂိုဏ်းများကို တိုက်ခိုက်ပြီးနောက် သူသည် တစ်နှစ်ပတ်လုံး နေထိုင်ခဲ့သည့် ဤတောင်တန်းကြီးပေါ်တွင် ဆက်လက်ကာ မနေတော့ပေ။ အဝတ်အစားထုတ် ကို ဆွဲကာ လွတ်ရာလွတ်ကြောင်းဆီ ထွက်ပြေးသွားခဲ့၏။
"ပြိုင်စံရှားဂိုဏ်း ဟုတ်လား"
များပြားလှသော ကျင့်ကြံသူများသည် တောင်ခြေတွင် မတ်တပ်ရပ်လိုက်ကြ၏။ ပြီးသည့်နောက် တောင်၏ဂိတ်တံခါးပေါ်တွင် ချိတ်ဆွဲထားသည့် ဆိုင်းဘုတ်ကြီးကို ကြည့်ရှုပြီး အထင်အမြင်သေးစွာဖြင့် နှုတ်ခမ်းထောင့်များ ကော့တတ်သွားသည်။
"တတိယအကြီးအကဲ"
အင်ပါရီယန်နတ်ဓားဂိုဏ်းမှ ကျင့်ကြံသူတစ်ယောက်သည် လေးစားစွာပြောလိုက်၏။ "ဒါက လင်းလန်ပြောတဲ့ ပြိုင်စံရှားဂိုဏ်းပဲ ဖြစ်ရမယ်"
"အင်း … အမှန်ပဲ"
ကျွင်းချောင်ရှောင်းသည် တောင်၏ဂိတ်တံခါးရှေ့တွင် ပေါ်ပေါက်လာခဲ့သည်။
"အားလုံးပဲ"
ကျွင်းချောင်ရှောင်းသည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ "ကျုပ်တို့ ပြိုင်စံရှားဂိုဏ်းက အခုမှရောက်တာလေ။ ဒီတော့ ဘယ်သူနဲ့မှစီပွားရေး မလုပ်သေးပါဘူး။ဒီတော့ နောက်ထပ်တစ်ရက်ရက်ကို ရွေးချယ်ပြီးမှ ပြန်လာကြပါ။ နှုတ်ဆက်ပါတယ်။ နှုတ်ဆက်ပါတယ်"
စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်သည် ကျွင်းချောင်ရှောင်းကို လက်ညိုးငေါက်ငေါက်ထိုးကာဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။ "မင်း ငါတို့ဂိုဏ်းရဲ့ အရင်းအမြစ်တွေကို ခိုးယူပြီး ငါတပည့်တွေကို နာကျင်အောင်လုပ်ခဲ့တယ်။ ဒီနေ့ လုံလောက်တဲ့ရှင်းပြချက်တစ်ခုပေး။ မဟုတ်ရင် ဒီဖန်းချီမိုးကောင်းကင်တောင်တန်းတစ်ခုလုံးကို ဖျက်စီးပြစ်မယ်"
"အားလုံးပဲ"
ကျွင်းချောင်ရှောင်းသည် သူ၏ညာဘက်ဆီသို့ လက်ညိုးထိုးကာ ပြောလိုက်၏။ "ဟိုမှာကြည့်ပါ"
အားလုံးသည် သတိအပြည့်နှင့် တည်ရှိနေကြသည်ဆိုသော်လည်း ကျွင်းချောင်ရှောင်း လက်ညိုးထိုးပြသည်ကို မြင်ရသည့်အခါမှာတော့ အမှတ်မထင်ပဲ ညာဖက်ခြမ်းသို့ လှမ်းကြည့်လိုက်မိကြ၏။ တောင်၏ ရှည်လျားလှသော တောင်ထွတ်ကြီးထိပ်တွင် အင်မော်တယ်တောင်ဟု ရေးသားထားသည်ကို မြင်လိုက်ကြရသည်။
"မဟုတ်သေးပါဘူး"
နောက်ဆုံးအကြိမ် သူတို့ရောက်ရှိစဉ်က ရေးသားထားသည်မှာ ဖန်းချီမိုးကောင်းကင်တောင်တန်းဖြစ်၏။
"အခု အလေးနက်ထားပြီး ကြေညာမယ်"
ကျွင်းချောင်ရှောင်း၏ အသံသည် ခေါင်းလောင်းသံကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ "ဒီတောင်ကြီးတစ်ခုလုံးက ပြိုင်စံရှားဂိုဏ်းရဲ့ တည်နေရာပဲ။ ကျုပ်တို့ဂိုဏ်းကို ရန်ပြုတဲ့သူ ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်လောက်ဝေးဝေးက လူပဲဖြစ်ဖြစ် ချွင်းချက်မရှိ သတ်ဖြတ်ခံရလိမ့်မယ်။ "
သူ၏ အားကောင်းလှသောအသံသည် တောင်တစ်ခုလုံးကို ပြန့်နှံ့သွား၏။ အထဲတွင်ရှိနေသော တပည့်များသည် သွေးများပင် ဆူဝေလာခဲ့တော့၏။
အင်ပါရီယန်နတ်ဓားဂိုဏ်းမှ စေလွှတ်လိုက်သည့် စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်သည် အေးစက်စွာ ပြောလိုက်သည်။ "ငါမင်းကို တစ်ခုပြောပြရအုံးမယ်။ ငါတို့အင်ပါရီယန်နတ်ဓားဂိုဏ်းကို ရန်ပြုတဲ့ ဘယ်သူမဆို ထိုက်တန်တဲ့ပေးဆပ်မှုကို ခံစားရမယ်"
"ကောင်းပြီ"
ကျွင်းချောင်ရှောငိးသည် သူ၏လက်များကို ဆန့်တန်းကာ ဒန်တန်ထဲရှိချီများကို လည်ပတ်လိုက်၏။
"လာခဲ့တော့"
ဤနေရာသည် သိုင်းပညာမြင့်မားသူသာ လေးစားခံရသော တည်နေရာတစ်ခုဖြစ်၏။ ထို့ကြောင့် ပြဿနာတစ်ခုခု ဖြစ်ပွားလျှင် စကားနှင့် ဖြေရှင်း၍ မရချေ။ မည်သူနိုင်သည်၊ မည်သူရှုံးသည်ကို ဆုံးဖြတ်ရန် တိုက်ခိုက်ခြင်းကသာလျှင် အကောင်းဆုံးနည်းလမ်းဖြစ်သည်။
သို့ပေမဲ့ ကုန်းရှန့်ကဲ့သို့သော လူတစ်ယောက်၏ စိန်ခေါ်မှုကိုခံရသည့်အချိန်မှာတော့ ဂိုဏ်းအသီးသီးမှ စွမ်းအားမြင့်ကျင့်ကြံသူများသည် အလျင်မလိုကြချေ။
အဘယ့်ကြောင့်ဆိုသော် ပတ်ဝန်းကျင်ရှိ အစီအရင်များ၏အော်ရာများကို ခံစားမိပြီးသားဖြစ်၏။ ထိုအစီအရင်များသည် အစောတုန်းက ချိုးဖျက်ခဲ့သည် အစီအရင်များထက် ပို၍အားကောင်းနေသည်ကို သူတို့ခံစားနေမိကြ၏။
ထိုက်ရွှမ်အဘိုးအိုသည် ထွက်ခွာသွားခဲ့ပြီဖြစ်၏။ သို့ပေမဲ့ သူဖန်တီးထားသော အစီအရင်များသည် ကျန်ရှိနေသေး၏။ ကျွင်းချောင်ရှောင်း သည် တစ်ညလုံးလေ့လာပြီးနောက် ထိုအရာများကို နားလည်ရုံသာမက ဂိုဏ်းတစ်ခုလုံးကို ကာကွယ်ရန်အတွက်လည်း ကျွမ်းကျင်နေပြီဖြစ်သည်။
ပြိုင်စံရှားဂိုဏ်း၏ အလုံးစုံအားအင်အဆင့်အရဆိုလျှင် အင်ပါရီယန်နတ်ဓားဂိုဏ်းနှင့် ရေခဲဓားမော့ဂိုဏ်းကို နှိုင်းယှဉ်၍ မရနိုင်ချေ။ သို့ပေမဲ့ ဤဂိုဏ်းနှစ်ခုကသာ ပြိုင်စံရှားဂိုဏ်းကို တိုက်ခိုက်မည်ဆိုပါက လုံလောက်သည့် ပေးဆပ်မှုမျိုး ခံစားရမှာ ဖြစ်၏။
အမြူအတေအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ယောက်က အေးစက်စက်နှင့် ပြောလိုက်၏။ "မင်း ဒီကိုထွက်လာပြီး တိုက်ခိုက်ရဲလား"
"တစ်ယောက်တည်း တိုက်ခိုက်ချင်တာလား။ တစ်ဂိုဏ်းလုံးတိုက်ခိုက်ချင်တာလား" ကျွင်းချောင်ရှောင်းသည် စိတ်ဝင်တစားနှင့် ပြန်လည် မေးမြန်းလိုက်သည်။
"မင်းရဲ့သဘောအတိုင်းပဲ"
"ကောင်းပြီ"
ကျွင်းချောင်ရှောင်းသည် လက်ကိုမြောက်လိုက်၏။ ပြီးနောက် လက်ဖျောက်တစ်ချက်တီးကာ ပြောလိုက်၏။ "ပြိုင်စံရှားဂိုဏ်းကို လာပြီးတိုက်ခိုက်ရဲတယ်ဆိုတော့ အဖြူအမဲညီနောင်အစောင့်အရှောက်တို့ ကျေးဇူးပြုပြီးတော့ အပြင်ဖက်ကရောင်ရင်းတွေကို ထွက်ပြီးကြိုဆိုလိုက်ပါအုံး"
ဟူး ဟူး
ပြိုင်စံရှားဂိုဏ်း၏ နဂါးကျောရိုးတောင်ထွတ်ဆီမှ ရုတ်တရက် အလွန်အားကောင်းလှသည့် စွမ်းအားများ ထွက်ပေါ်လာ၏။
ဆွစ်
အဖြူအမဲညီနောင်တို့သည် အဖြူအမဲအလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး တောင်၏ရှေ့လှေကားထစ်တွင် ပေါ်လာကြ၏။ အလွန်အားကောင်းလှသော အော်ရာများသည် မုန်တိုင်းလှိုင်းထန်သကဲ့သို့ ဂိုဏ်းအသီးသီးရှိ စွမ်းအားမြင့်ကျင့်ကြံသူများကို နောက်သို့ဆုတ်သွားရစေသည်။
အမြူတေအသွင်ပြောင်းခြင်း တတိယအဆင့်တွင် ရှိနေသော အင်ပါရီယန်နတ်ဓားဂိုဏ်းမှ ကျင့်ကြံသူသည် အလန့်တကြားနှင့် ထကာအော်ဟစ်လိုက်၏။ "ဒါက အဆင့်ခြောက်အသွင်ပြောင်းခြင်းအဆင့်လား"