← Chapters

အမည်းလေးအား ပစ်လိုက်ခြင်း

Vol. 96 Ch. 1340

အမည်းလေးအား ပစ်လိုက်ခြင်း

Vol. 96 Ch. 1340

“ဘာအဓိပ္ပာယ်လဲ၊ မင်းက ငါတို့ကိုအောက်ဆင်းပြီး သေခိုင်းနေတာလား” လူတစ်ယောက် အော်လိုက်သည်။

ထိုလူသည် အရင်ကရှီမာယူယူကို ပြန်ချေပသည့်လူပင်ဖြစ်သည်။ အခု သူတို့ကို ဆင်းခိုင်းစေချင်သည်ဟု ကြားလိုက်ပြန်သည်။ သူသည် ချက်ချင်းပင် ထခုန်ပြီး အပြစ်တင်လေသည်။

ရှီမာယူယူသည် သူမနားရွက်ကိုပွတ်လိုက်သည် “ဘာတွေအော်နေတာ လဲ နားတောင်ကန်းတော့မယ်”

“မင်းတို့ ရှီမိသားစုဘယ်လိုစိတ်တွေရှိတာလဲ၊ ငါတို့ကိုများ တမင်ပစ်မှတ် ထားနေတာလား” အရင်ကရှီမာယူယူကို အပြစ်တင်သည့် နောက်လူတစ် ယောက်က ပြောပြန်သည်။

“မင်းတို့ကို ပစ်မှတ်ထားတယ်ဟုတ်လား” ရှီကုန်း နှာမှုတ်လိုက်သည်။ “ကျုပ်တို့က ရှင်တို့ကို ပစ်မှတ်ထားတယ်ဆိုရင် ဘာလုပ်ချင်လဲ”

“ရှီမိသားစုခေါင်းဆောင် အဲလိုဆိုရင် ခင်ဗျားက ကျန်းမိသားစုကို မျက်လုံးထဲထည့်မထားတော့တာလား၊ ကိုယ်ရေးကိုယ်တာအရ နစ်နာတာနဲ့ပဲ ဒီကိစ္စကို ဂရုမစိုက်တော့ဘူးပေါ့၊ မြို့ထဲကလူတွေ ဆန့်ကျင်မှာကိုမကြောက်ဘူး လား”

“မျက်လုံးထဲမှာ တခြားသူကိုထည့်မတွက်တာလို့ ပြောရမယ်ဆိုရင် ကျန်းမိသားစုက အရင်လုပ်တာပဲမဟုတ်ဘူးလား” ရှီယူ ဆက်ပြောလေသည် “ရှင်တို့ ကျွန်မညီမလေးကို ပြောတုန်းက ပစ်မှတ်ထားတယ်လို့ မပြောခဲ့ဘူးလေ ကျွန်မအဖေပြောတာမှန်တယ်၊ ကျွန်မတို့က ရှင်တို့ကိုပစ်မှတ်ထားနေတာပဲ ဘာလုပ်ချင်လဲ အဲတော့”

“ကိုယ်ရေးကိုယ်တာ နစ်နာတာကြောင့်နဲ့ ရလဒ်ကနှောင့်နှေးသွားရင် တော့ ပြောဖို့လိုတယ်လေ၊ မြို့ထဲကလူတွေက မင်းတို့ကိုအပြစ်တင်ကြလိမ့် မယ်၊ မင်းက ဆင်းသွားပြီးလုပ်ကြည့်လို့ရတယ် ဒါပေမဲ့ ငြင်းဆန်ခဲ့တယ်၊ အချိန် ဖြုန်းနေတာ မင်းတို့ပဲမဟုတ်ဘူးလား” ရှီမိသားစု၏ အစ်ကိုကြီးသည် တစ်လေ သံတည်းထွက်လေသည်။

“မြန်မြန်လုပ်တော့” မောင့်ရှားသည် ပို၍ မှောင်မိုက်လာသည်။ သူသည် ကျန်းမိသားစုကို ဓားသွားသဖွယ်ကြည့်လိုက်သည်။

သို့သော် သူတို့ရပ်နေဆဲပင်။ ကျန်းဟူက အခုလေးတင်သေသွားတာကို သူတို့ကဘယ်လိုလုပ် ဆင်းသွားမလဲ။

ကျန်းဟောက်သည် သူတို့ကိုထပ်ပြီး ဖိအားမပေးတော့ပေ။ ထို့အပြင် သူသည် ကျွမ်းကျင်သူနှစ်ယောက် ဆုံးရှုံးပြီးလေပြီ။ ကျန်းမိသားစုသည် ထပ်မံ ဆုံးရှုံးမည်ကို မခံနိုင်တော့ပေ။

သူတို့ မလှုပ်ရှားသည်ကိုကြည့်ပြီး မောင့်ရှားသည် သူ့နေရာမှ စိတ်ပျက် လာသည်နှင့် အစောပိုင်းက စကားပြောသည့်နှင့်ယောက်ကို တွန်းလိုက်တော့ သည်။ ထိုလူနှစ်ယောက် ပစ်ချခံလိုက်ရချိန်တွင် မည်သူမှ မတုံ့ပြန်ကြပေ။

“မောင့်ရှား” ကျန်းဟောက်သည် မောင့်ရှားထက် သန်မာသည်။ လက်ရှိ အဆင်မပြေမှုများကြောင့် သူတို့ပစ်ချခံရသည်ကို ကြည့်ရုံသာကြည့်နေရတော့ သည်။

“မင်းဆွဲချင်ရင် အဲဒါပြန်တိုက်ခိုက်တဲ့အချိန်ထိစောင့်လိုက်၊ တောင်ပိုင်း မြို့ကို ကာကွယ်ဖို့က မင်းတစ်ယောက်ပဲရှိတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် အဲမိန်းကလေးက တောင်ပိုင်းမြို့ကြီးဝါးမျိုခံရပြီးမှ လှုပ်ရှားမယ်ဆိုတာကို ငါ ယုံတယ်၊ ငါတို့ အဆင်ပြေနေသေးတာပဲလေ” မောင့်ရှားသည် အေးစက်စွာ ပြောလိုက်သည်။ ထို့နောက်တွင် သူသည် မူလနေရာသို့ပြန်သွားလေသည်။

ကျန်းဟောက်သည် ဒေါသထွက်လွန်းသဖြင့် မျက်နှာမှာ အပြာရောင် ပြောင်းသွားလေသည်။ တခြားလူသုံးယောက်၏ မျက်နှာမှာလည်း မကောင်းလှ သဖြင့် သူဘာမှမပြောရဲတော့ပေ။

“သူတို့ဆင်းသွားပြီဆိုမှတော့ ဒီအတိုင်းစမ်းကြည့်ပါစေ” လော့ချီသည် အာဏာအရှိဆုံးဖြစ်သော်လည်း လေးယောက်ထဲတွင် သဘောထားအကောင်း ဆုံးဖြစ်သည်။ ထိုသို့ဆိုသော်လည်း သူပင်လျှင် စိတ်မရှည်တော့ပေ။

ကျန်းမိသားစုသည် ပြဿနာမဖြစ်သည့်အချိန်တိုင်းပင် သက်တောင့် သက်သာမဖြစ်လှပေ။

အစပိုင်းတွင် ထိုလူနှစ်ယောက်သည် မြူခိုးမည်းမှ သူတို့ကိုဝါးမျိုသွားကာ သူတို့ ခြေဖျားအောက်မှ နှစ်ယောက်အတိုင်း အရိုးစုဖြစ်သွားမည်ကို စိုးရိမ်နေ သည်။

“မြန်မြန်” ဝူမန် လှုံ့ဆော်လိုက်သည်။ “ဝိညာဉ်စွမ်းအင်မသုံးမိစေဖို့ သတိ ထားကြ”

သူတို့ ဒီအရာကြီးကို ဝိညာဉ်စွမ်းအင်မပါဘဲနဲ့ ဘယ်လိုလုပ် ကိုင်တွယ် မလဲ။ သူတို့ ဝိညာဉ်စွမ်းအင်သုံးလိုက်ရင်လည်း အဲဒါကြီးက ရောက်လာဦးမယ်။

“မစသေးဘူးလား” မောင့်ရှား၏ အသံသည် လူသတ်ချင်သည့် စိတ်အား ထက်သန်နေသည်။ တစ်ဖက်လူမှ မလှုပ်ရှားလျှင် သူလှုပ်ရှားတော့မည်။

“ဝိညာဉ်စွမ်းအင်မသုံးနဲ့ ဒီအတိုင်းအမည်းလေးလိုပဲ ဟောင်လိုက်၊ မြန်မြန် အဲဟာကြီးက စိတ်မရှည်တော့ဘဲ ပြေးလာလိမ့်မယ်” ရှီမာယူယူသည် အချိန်ဆွဲနေခြင်းကြောင့် စိတ်တိုလာသည်။ ကျန်းမိသားစုသာမလုပ်ပါက သူမ အမှန်တကယ်ပင် လှုပ်ရှားမည်မဟုတ်ပေ။

ရှီမာယူယူ၏ စကားထဲမှ မကျေနပ်မှုကို အားလုံးကြားကြသည်။ သူမ အမှန်တကယ် အထုပ်သိမ်းပြီး ထွက်သွားတော့မည်ကို အားလုံး ကြောက်နေကြ သည်။ ကျန်းမိသားစုကို ကြည့်သောအကြည့်များမှာ ကြင်နာမှုမရှိတော့ပေ။

ကျန်းဟောက်သည် စကားမပြောပေ။ သူ စိတ်အားထက်သန်၍ စကား မပြောနိုင်သည်လား ရှီမာယူယူ၏နည်းလမ်းကို သဘောတူ၍လားတော့ မသေ ချာပေ။

“မြန်မြန်လေး”

“ဘာလို့ရပ်နေတာလဲ”

“တစ်ခုခုမှားသွားမှာကို တွက်နေတာလား”

“ဟုတ်တယ် မင်းတို့ကျန်းမိသားစုက ဒီလောက်အားကောင်းတာကို မြန်မြန်လေး”

“…”

အပြင်မှ စိတ်လှုပ်ရှားစွာကြည့်နေသော လူများအားလုံး အော်ကြလေ သည်။ သူတို့သည် အဝေးတွင်ရှိနေသော်လည်း အထဲမှလူများ ကြားနိုင်လေ သည်။ အထူးသဖြင့် တောင်ပိုင်းမြို့မှလူများမဟုတ်သဖြင့် ကျန်းမိသားစုကို မကြောက်ကြပေ။ သူတို့သည် အကျယ်ဆုံးအော်ကြလေသည်။

“အကုန်လုံးက စိတ်အားထက်သန်နေပြီ၊ မင်းတို့ကို မျှော်လင့်ထားကြ တယ် မြန်မြန်လေး” ရှီယူသည် ရယ်မောလေသည်။

ကျန်းမိသားစုများ၏ မျက်နှာများသည် ရှုံ့အိတ်များကဲ့သို့ အကျည်းတန် သွားလေသည်။ ဒီအထိရောက်လာမှတော့ သူတို့ဆွဲလို့မရတော့ဘူးလေ။ မြို့ကို ကူညီချင်စိတ်မရှိဘူးဟု လူများ စတင်ပြောလာကြသည်။

“ဟောင်ကြည့်” အဆုံးတွင် ကျန်းဟောက်သည် ဖိအားကိုမခံနိုင်တော့ဘဲ အမိန့်ပေးလိုက်သည်။

ထိုလူနှစ်ယောက် မည်မျှပင် တင်းခံပါစေ အခုချိန်တွင် လုပ်ရတော့မည်။ သူတို့ ဟောင်ရမည်ဟု တွေးလိုက်သည်နှင့် စိတ်များစုစည်းမရတော့ပေ။ နောက်ဆုံးတွင် ဟောင်သံသည် ခြင်သံထက်ပင် တိုးညင်းစွာထွက်လာသည်။

“တိုးလွန်းတယ် အဲဒါကိုဘယ်လိုလုပ် ပြန်သွားအောင် ခြောက်လို့ရမလဲ”

သည်တစ်ကြိမ်တွင် ပြောသူမှာ ရှီမိသားဟုမဟုတ်ပေ။ ရှီမာယူယူ ကြည့် လိုက်သည်။ ထိုလူသည် မောင့်ရှားအနောက်မှ လူဖြစ်သည်။ သူတို့သည် မြောက်ပိုင်းမြို့မှဖြစ်ကြသည်။

“ဝုတ် ဝုတ် ဝုတ်”

လူနှစ်ယောက်သည် နောက်ဆုံးတွင် နှစ်ကြိမ်မျှအော်ဟစ်လိုက်ကြသည်။ အသုံးဝင်သည် မဝင်သည်ကို ဂရုမထားတော့ဘဲ သူတို့သည် ချက်ချင်းပင် ပျံလာ ကြသည်။

မြူခိုးမည်းသည် နေရာတွင်ပင်ရပ်နေကာ နောက်ဆုတ်မသွားပေ။

အေးလေ ဘယ်နောက်ဆုတ်ပါ့မလဲ။ သူတို့က အမည်းလေးလောက်မှ မသန်မာတာ။

ရလဒ်မှာ မျှော်လင့်ထားသည့်အတိုင်းဖြစ်သဖြင့် မည်သူမှ စိတ်ပျက် မသွားပေ။

“ကြည့်ရတာ အဲနှစ်ယောက်က မဖြစ်နိုင်ဘူးထင်တယ်၊ နောက်တစ်တွဲ ပြောင်းတာပေါ့” ရှီယူ ပြောလိုက်သည်။

ကျန်လူများသည် မရှောင်တော့ပေ။ ကံကောင်းစွာပင် ထိုနှစ်ယောက် သည် ဘေးကင်းသွားသည်။ ဆိုလိုသည်မှာ အသက်ကိုခြိမ်းခြောက်သည့်ကိစ္စ တော့ဖြစ်မလာပေ။ တစ်ယောက်ပြီးတစ်ယောက် ဆင်းပြီးဟောင်ကြလေ သည်။

“အခုကျေနပ်ပြီလား” ကျန်းဟောက်သည် ရှီမာယူယူကိုကြည့်လိုက် သည်။ သည်တစ်ကြိမ်တွင် ဒေါသမပါတော့သော်လည်း သစ္စာမဲ့သည့်အသံရှိ နေတုန်းပင်။

“ဟူး ကောင်းကောင်းလေး နားပြီးသွားပြီ၊ မွေးစားအဖေ ကျွန်မဆင်းသွား ပြီး အလုပ်လုပ်လိုက်ဦးမယ်” ရှီမာယူယူသည် ကျန်းဟောက်၏ အကြည့်ကို ဂရုမစိုက်တော့ဘဲ ရှီကုန်းတို့ကိုပြောလိုက်သည်။ သူမသည် အမည်းလေးကို ဖက်ရင်း ပျံဆင်းသွားလိုက်သည်။

ရှီမာယူယူ ထိုသို့ခေါ်လိမ့်မည်ဟု ရှီကုန်း မထင်ထားပေ။ သူတို့သည် ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်သော်လည်း သူမအပေါ်တွင် အမြင်မဆိုးလှ ပေ။ သူ၏ မိသားစုပုံစံနှင့် ဆင်တူသည်။

ရှီမာယူယူသာ သူ့အတွေးကိုသိပါရင် စိတ်ထဲမှာများ မျက်လုံးလှိမ့်နေ မလားပဲ။ သူမသည် ရေဆိုးများပြည့်နေသော မိသားစုထက်ပင်သာသည်။

ရှီမာယူယူ လှုပ်ရှားသည်ကို ထိုလူများမြင်သည်နှင့် စိတ်ထဲမှ အလုံးကြီး ကျသွားလေသည်။

ရှီမာယူယူသာ လုပ်ချင်သည့်ဆန္ဒရှိပါက ကိစ္စများသည် အဆင်ပြေသွား မည်ဟု သူတို့အလိုလိုသိစိတ်မှပြောနေသည်။

ရှီမာယူယူသည် ရင်ခွင်ထဲတွင် အမည်းလေးကိုပိုက်ကာ ကွင်းထဲသို့ ဆင်း လိုက်သည်။ မြူခိုးမည်းသည် သူတို့ချည်းကပ်လာသည်ကိုမြင်သည်နှင့် အနောက်သို့ အနည်းငယ်ဆုတ်သွားလေသည်။

အကွာအဝေးမှာ စင်တီမီတာအနည်းငယ်ထက်ပင် မပိုသော်လည်း အကွာအဝေးအနည်းငယ်သည် အပေါ်မှကြည့်နေသူများအတွက် မျှော်လင့် ချက်ဖြစ်သည်။

ရှီမာယူယူသည် အဝေးမှ ကန်ထဲကိုငုံ့ကြည့်လိုက်သည် “မင်း ကိုယ့် ဘာသာပြန်သွားမလား မဟုတ်ရင် မောင်းထုတ်ခံချင်လား”

“လူတွေကို လျော့မတွက်နဲ့” ထိုအရာသည် စကားပြောနိုင်လိမ့်မည်ဟု သူမ ထင်မထားပေ။

“သူက ကိုယ်ပိုင်အသိစိတ်ရှိတာလား” ရှီမာယူယူသည် အမည်းလေးကို ပွတ်သပ်လိုက်သည်. “ဒီနေ့ ပြန်မသွားရင် နောက်ထပ်ရလဒ်ရှိဦးမယ်လို့ထင် လား”

မြူခိုးအမည်းသည် ပို၍ လှိုင်းဂယက်ထလာသည်။ သို့သော် ရှီမာယူယူ အနီးသို့မကပ်ရဲပေ။

ရှီမာယူယူသည် အသုံးမဝင်သည့်အရာများကို မပြောလိုတော့ပေ။ သူမ သည်လက်ထဲမှ အမည်းလေးကိုမြောက်ပြီး မြူခိုးမည်းထဲသို့ပစ်ထည့်လိုက်သည်။

***

All Chapters