အခန်း (၁၃၅၂)
Vol. 91 Ch. 1352
ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီသည် အထက်နယ်မြေဆီမှ ရောက်ရှိလာခဲ့ခြင်းဖြစ်၏။ ထိုအရာတွင် အကန့်အသတ်ရှိနေသည်လား။
မဟုတ်ပေ။ လက်ရှိ အခြေအနေမှာတော့ အမြူတေအသွင်ပြောင်းခြင်း တတိယ အဆင့် ကျင့်ကြံသူတစ်ယောက်ပင်လျှင် ဂုဏ်သိက္ခာတရားများ မရှိသည်အထိ ရိုက်နှက်နှိပ်စက်ခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် အထက်နယ်မြေ၏ အကန့်အသတ်သည် ကောင်းကင်မူလ ဝိညာဉ်ဖိနှိပ်ခြင်း စေတီ အတွက် ဘာမှမဟုတ်သေးကြောင်း သက်သေပြပြီးဖြစ်၏။
အချက်အလက်အားဖြင့် တစ်ဖက်လူသည် ပျော့ညံ့လွန်းသည်ဟု သုံးသပ်၍ မရနိုင်ချေ။ ကျင့်ကြံခြင်းအဆင့်ကို စည်းခတ်ပြီးသည့်နောက် တစ်နေကုန်နီးပါး နှိပ်စက်ရိုက်နှက်ခြင်းကို ခံခဲ့ရ၏။ ဤအရာသည် ကျွင်းချောင်ရှောင်း ကဲ့သို့သော လူမျိုးပင် တောင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။
“ကျွတ် ကျွတ် ကျွတ်”
ရေခဲဓားမော့ဂိုဏ်း၏ စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်သည် လှောင်ပြောင်လိုက်၏။ “အင်ပါရီယန်နတ်ဓား ဂိုဏ်းက လူက တကယ့်ကို ငကြောက်ပဲ”
ကျွင်းချောင်ရှောင်းကြောင့်သာလျှင် သူတို့သည် ရန်ငြိုးများကို ဘေးဖယ်၍ ခဏပူးပေါင်းထားခြင်းဖြစ်၏။ သို့သော်ငြား အခွင့်အရေးရလျှင် တစ်ယောက်၏ ဂုဏ်သိက္ခာကို တစ်ယောက် ထိုးချရန် ဝန်မလေးကြချေ။ ထိုမှသာလျှင် နေရထိုင်ရ ကောင်းသည်ဟု ခံစားမိကြသည်။
သို့ပေမဲ့ သူပြောပြီးပြီးချင်းမှာပဲ ရေခဲဓားမော့ဂိုဏ်းမှ ကျွမ်းကျင်သူသည် ရုတ်တရက် ထကာအော်ဟစ်လိုက်၏။ “အဘိုးကြီးစုန့်... မြန်မြန်လာပြီးတော့ ပိုက်ဆံသာ ပေးလိုက်ပါတော့”
“........”
အဘိုးကြီးစုန့်၏ မျက်နှာသည် ဒေါသတရားကြောင့် ချက်ချင်းပဲ စိမ်းပြာသွားခဲ့၏။
တတိယ အကြီးအကဲသည် နှာခေါင်းရှုံ့လိုက်သည်။ “အတူတူနဲ့ အနူနူပါပဲ”
“အားလုံးပဲ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ် ခင်ဗျားတို့ကို စဉ်းစားဖို့ အချိန်အများကြီး မပေးချင်ဘူး။ ဒီတော့ ဖြစ်နိုင်သမျှ အမြန်ဆုံး ရွေးချယ်ကြ။ ဟုတ်တယ်။ ခင်ဗျားတို့ကလည်း ပြိုင်စံရှားဂိုဏ်းထဲကို အတင်း ချိုးဖြတ်ဝင်လာနိုင်တယ်။ ဒါပေမဲ့ ကျုပ်ပြောချင်တာတစ်ခု ရှိသေးတယ်။ အမှုမဲ့ အမှတ်မဲ့ လုပ်မိတာတွေ များရင် ဖြစ်လာနိုင်တဲ့ ပြဿနာတွေ အကုန်လုံးကို ကိုယ်တိုင်ပြန်ပြီး တာဝန်ယူရမယ်”
များပြားလှသော ဂိုဏ်းများသည် လူပေါင်းများစွာကို ပို့လွှတ်ခဲ့ကြ၏။ ထို့အပြင် ဤလူများ အားလုံးသည် အားမနည်းလှချေ။
သို့ပေမဲ့ ကုန်းရှန့်သည် စိုးရိမ်မနေခဲ့ချေ။ ထိုအစား ပြဿနာရှာပါစေဟုပင် မျှော်လင့်လျက် ရှိနေ၏။ အဘယ်ကြောင့်ဆိုသော် သူ၏ အကျဉ်းထောင်သည် လုံလောက်အောင် ကြီးမားလှသည် မဟုတ်ပါလား။
“ဘယ်လောက်လဲ” တတိယအကြီးအကဲသည် ဒေါသတရားကို ဖိနှိပ်ကာ မေးလိုက်၏။
“မများပါဘူး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “တည်နေရာချိုးဖြတ်ခြင်းအဆင့် စွမ်းအားမြင့်ကျင့်ကြံသူ တွေအတွက် ရွှမ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်း၊ အမြူတေအသွင်ပြောင်းလဲခြင်း စွမ်းအားမြင့် ကျင့်ကြံသူတွေ အတွက်ကတော့ ရွှမ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းကျမယ်”
တတိယအကြီးအကဲသည် ရုတ်တရက် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ “မင်း ငါတို့ ငွေတွေကို လုယူနေတာပဲ”
“အမှန်ပါပဲ” ကျွင်းချောင်ရှောင်းသည် ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်၏။ အထက်နယ်မြေဆီကို ပထမဦးဆုံး ရောက်ရှိလာသည့်အချိန်တွင် သူသည် ဘာမှန်းမသိဘဲ တစ်ဖက်လူများ၏ တည်နေရာထဲသို့ ရောက်ရှိခဲ့၏။ ထို့ကြောင့် သေမလိုပင် ဖြစ်ခဲ့ရသေးသည်။ ယခု တစ်ဖက်လူများသည် သူ၏ တည်နေရာထဲသို့ ရောက်ရှိလာခဲ့သည် မဟုတ်ပါလား။ ထို့အပြင် သူ၏ အစီအရင်ကိုလည်း ဖျက်ဆီးခဲ့သေး၏။ ပိုက်ဆံများ ပြန်လည်တောင်းခံခြင်း ဆိုသည်မှာ မလွန်ချေ။
“ကြိုက်သလို ရွေးချယ်လို့ရတယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သူတို့အတွက် ပိုက်ဆံပေးမှာလား ဒါမှမဟုတ် သူတို့ကို သေခိုင်းမှာလား”
ပြောနေတုန်းမှာပဲ ရီရှင်းချန်သည် အမြူတေအသွင်ပြောင်းလဲခြင်း စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ရှေ့သို့ ရုတ်တရက် ရောက်ရှိသွား၏။ သူ့ခါးတွင် ရှိနေသော ထက်ရှလှသည့်ဓားသွားသည် အပြင်ဘက်သို့ ရောက်ရှိလာ၏။ ပိုက်ဆံပေးလျှင်ပေး၊ မပေးလျှင် သတ်ဖြတ်မည်ဆိုသည့် အဓိပ္ပာယ်ပင်ဖြစ်သည်။
သံသယရှိစရာပင် မလိုချေ။ ဤကဲ့သို့သော နေရာတွင် အသင့်တော်ဆုံးသောလူမှာ အားညိုပင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူ၏ အေးစက်လှသည့် မျက်လုံးများသည် လီချင်းယန်၊ ရှောင်ကျီတို့ထက် ပိုမိုကာ အားကောင်းနေ၏။ အညှာအတာကင်းမဲ့လှသည့် စရိုက်သဘာဝကို လက်ညှိုးထိုးပြပါဆိုလျှင် အားညို ကိုသာ ပြသရပေလိမ့်မည်။
“အမှိုက်”
တတိယအကြီးအကဲသည် လက်ညှိုးထိုးကာ ပြောလိုက်၏။ “မင်း... အဘိုးကြီးလုရဲ့ ခေါင်းပေါ်က ဆံချည် တစ်မျှင်ကို ထိခိုက်ရဲတယ်ဆိုရင် ငါတို့ အင်ပါရီယန်နတ်ဓားဂိုဏ်းက … ”
ဇွီ
ရီရှင်းချန်သည် အဘိုးကြီးလု၏ ရင်ဘတ်ထဲသို့ ဓားအား ထိုးသွင်းလိုက်၏။ ပြီးနောက် အေးစက်စက် ပြောလိုက်၏။ “နားငြီးလိုက်တာ”
“အား”
အင်ပါရီယန်နတ်ဓားဂိုဏ်းမှ အမြူတေအသွင်ပြောင်းလဲခြင်းအဆင့် စွမ်းအားမြင့် ကျင့်ကြံသူသည် ရုတ်တရက် အော်ဟစ်လိုက်၏။ သူ၏ အားအင်အဆင့်အရဆိုလျှင် ဤကဲ့သို့သော ဒဏ်ရာသည် ဘာမှ မဟုတ်ချေ။ သို့ပေမဲ့ တစ်ညလုံး နှိပ်စက်ရိုက်နှက်ခြင်းကို ခံခဲ့ရပြီးသည့်နောက် သူသည် အစောကြီးကတည်းက နာကျင်နေခဲ့ပြီဖြစ်သည်။ ယခု ဓားတစ်ချက် ထိုးခံလိုက်ရသည့်အချိန်မှာတော့ သူ၏ စိတ်နှင့်ခန္ဓာကိုယ်သည် မည်သို့မှ မခံစားနိုင်တော့ချေ။
“တွေး.. တွေးမနေနဲ့။ ပိုက်ဆံပေးလိုက်တော့”
“..........”
တတိယအကြီးအကဲ၏ မျက်နှာသည် အဆုံးစွန်အထိ သုန်မှုန်သွားခဲ့၏။ သေမျိုးနယ်မြေဆီမှ တက်ရောက်လာခဲ့ သည့်ဂိုဏ်းတစ်ခုသည် ရောက်ရောက်ချင်း သူတို့အား အမှန်ပင် ခြိမ်းခြောက်ရဲလျက် ရှိနေသည်။
ရွှီး
ဇွိ
ရီရှင်းချန်သည် ချက်ချင်းပဲ သူ၏ဓားကို နှုတ်ယူကာ ပြန်လည်ထိုးသွင်းလိုက်ပြန်၏။ သွေးများသည် ဓားသွားဆီမှ တတောက်တောက် ကျဆင်းလာ၏။
“ကျုပ်ရဲ့တပည့်က ရူးသွပ်တဲ့နေရာမှာ ခွေးရူးတစ်ကောင်လိုပဲ။ အားလုံးကို မသတ်မိခင် မြန်မြန်ပူးပေါင်းလိုက် ကြပါ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
“ရော့ …” ခက်ခက်ခဲခဲ ရွေးချယ်မှု ပြုလုပ်ပြီးသည့်နောက် တတိယအကြီးအကဲသည် နောက်ဆုံးမှာတော့ လိုက်လျောမှုကိုသာ ပြုလုပ်လိုက်ရ၏။ တခြားနည်းလမ်းလည်း မရှိချေ။ ရွှမ်အဆင့်ဂိုဏ်းများအတွက် အမြူတေအဆင့် အသွင်ပြောင်းလဲခြင်းကျင့်ကြံသူများဆိုသည်မှာ အလွန်ရှားပါးလွန်းလှ၏။ တကယ်တမ်း အသတ်ခံရသည်ဆိုပါက ဆုံးရှုံးမှုသည် စိတ်ဝိညာဉ်ကျောက်တုံးတစ်သန်းထက်ပင် ပိုမိုကာ များပြားလှ၏။
“ခင်ဗျားတို့ကော ဘယ်လိုလဲ”
ကျွင်းချောင်ရှောင်းသည် တခြားဂိုဏ်းများကို လှမ်းကြည့်လိုက်သည်။ “အရင်ဆုံးပေး။ ပြီးရင် လွှတ်ပေးမယ်”
“.......”
“အစောင့်အရှောက်တို့ အပြင်ကို ထွက်လာပြီး ငွေတွေကို လက်ခံလိုက်ပါဦး”
ရွှီး ရွှီး
ချက်ချင်းပဲ ဖြူမဲညီနောင်တို့သည် ဂိုဏ်းဆီမှ ပျံသန်းထွက်ခွာလာပြီး အားလုံး၏ ရှေ့မှောက်သို့ ရောက်ရှိလာ၏။ မူလအားဖြင့် ၎င်းတို့သည် လူကိုရမှ ပိုက်ဆံကို ပေးမည်ဟု စဉ်းစားထားခဲ့သော်လည်း ပြိုင်စံရှားဂိုဏ်းသည် အမြူတေပြောင်းလဲခြင်းအဆင့်ခြောက် စွမ်းအားမြင့် ကျင့်ကြံသူနှစ်ယောက်နှင့် ဖိအားပေးလျက်ရှိ၏။ ထို့ကြောင့် ၎င်းတို့၏ နှလုံးသားများသည် အေးခဲသွားခဲ့၏။
လွှတ်လိုက်သောကျင့်ကြံသူများ ဖမ်းဆီးခံရသည်မှာ အံ့အားသင့်စရာ မရှိတော့ချေ။ တစ်ဖက်တွင် အမြူတေ ပြောင်းလဲခြင်း အဆင့်ခြောက် ကျင့်ကြံသူနှစ်ယောက် ရှိနေလေသည်။
တတိယအကြီးအကဲသည် ခက်ခက်ခဲခဲ ဖြင့် သူ၏ သိုလှောင်လက်စွပ်ကို ထုတ်ယူ၍ လှမ်းကာ ပေးလိုက်၏။ တခြားသောသူများသည်လည်း ၎င်းတို့၏ ကျသင့်ငွေများကို ပေးချေ၏။ အားလုံးသောသူများတို့၏ မျက်နှာပေါ်ရှိ ကြွက်သားများသည် တုန်ခါလျက် ရှိနေ၏။
များပြားလှသော ဂိုဏ်းအသီးသီးမှ စွမ်းအားမြင့် ကျင့်ကြံသူ ငါးဆယ်ကျော်တို့သည် အကျဉ်းသားများဖြစ်လာခဲ့၏။ ထိုသူများထဲတွင် အမြူတေပြောင်းလဲခြင်းအဆင့်ကျင့်ကြံသူလေးယောက်လည်း ပါဝင်နေ၏။ ထို့ကြောင့် ၎င်းတို့အား ရွေးယူရသည့် ငွေကြေးသည် စိတ်ဝိညာဉ်ကျောက်တုံး ရှစ်ဒဿမခြောက်သန်းပင် ဖြစ်၏။
ဤပမာဏသည် ရွှမ်အဆင့်ဂိုဏ်းများအတွက် ကြီးမားလှသည့် ပမာဏမဟုတ်ပေ။ သို့ပေမဲ့ ဤနေရာသို့ ပထမဆုံး ရောက်ရှိ လာသည့် ကျွင်းချောင်ရှောင်းအတွက်တော့ အလွန်များပြားလှသည့် ငွေကြေးပင်ဖြစ်၏။ ဂိုဏ်းတစ်ခုလုံး လည်ပတ်ခွင့်ရရန် အရင်းအမြစ်များပင် ဖြစ်လေသည်။
“သူတို့ကို ကြိုးဖြေပေးလိုက်”
ရွှီး ရွှီး
ချုပ်နှောင်ခံထားရသော သိုင်းကျင့်ကြံသူများသည် လီချင်းယန်၊ ရှောင်ကျီတို့၏ ကြိုးဖြေပေးတြတိယ အကြီးအကဲသည် အဘိုးကြီးလုကို ကူညီပြီး သွေးထွက်သည်ကို အရင်ဆုံး တားဆီးလိုက်၏။ ပြီးနောက် ဂိုဏ်း၏ ဂိတ်တံခါးရှေ့တွင်ရှိနေသော ကျွင်းချောင်ရှောင်းကို စူးစိုက်ကြည့်၍ အံကြိတ်ကာ ပြောလိုက်သည်။ “အမှိုက်လေး... မင်းစောင့်နေ”
ပြောပြီးသည့်နောက်မှာတော့ သူသည် ခန္ဓာကိုယ်ကို လှည့်ကာ ထွက်ခွာသွားခဲ့၏။ ရေခဲဓားမော့ဂိုဏ်းနှင့် တခြား ဂိုဏ်းများသည်လည်း ထွက်ခွာသွားခဲ့ကြ၏။
တချို့သည့် ဘာတစ်ခုမှ မပြောရဲခဲ့ကြချေ။ ၎င်းတို့၏ လူများ ပြန်လည်ရရှိသည်ကိုပင် စိတ်သက်သာရာ ရနေကြ၏။ ရွှမ်အဆင့်ဂိုဏ်းများပင် ခံစားလိုက်ရသည်ဆိုသောကြောင့် သူတို့ ဆိုလျှင် ပြောနေစရာပင် မလိုတော့ချေ။
“အားလုံးပဲ”
ဂိုဏ်း၏ ဂိတ်တံခါးရှေ့တွင် ရပ်တန့်လျက်ရှိသည့် ကျွင်းချောင်ရှောင်းသည် ကျယ်လောင်စွာ ပြောလိုက်၏။ “ဆိုရိုးစကားရှိတယ်လေ။ ကလဲ့စားချေတာ ပြီးသွားရင် ကလဲ့စားချေတာ ထပ်နေတော့မှာပေါ့။ ဒီတော့ ဘာလုပ်လို့ရမှာလဲ။ အကောင်းဆုံးသော မနက်ဖြန်တွေကို ရင်ဆိုင်ပြီးတော့ ကျော်ဖြတ်နိုင်ဖို့ ကျုပ်တို့ ဒီနေရာမှာပဲ မိတ်ဆွေလုပ်ကြရင် မကောင်းဘူးလား”
ထိုအချင်းအရာကို ကြားတော့ များပြားလှသော ဂိုဏ်းများမှ ကျွမ်းကျင်သူများသည် ရုတ်တရက်လှည့်ကာ ဆဲဆိုလိုက်ကြတော့သည်။
..........
“အစီအရင်လေဝဲထဲကနေ ထွက်လာတဲ့တောင်ကြီးက ဖန်းချီမိုးကောင်းကင်တောင်တန်းပေါ် ဆင်းသက်လာတယ် ဆိုတာ သိလား။ အဲဒီတောင်ပေါ်မှာရှိတဲ့ ဂိုဏ်းနာမည်က တစ်ခုခုတော့ တစ်ခုခုပဲ”
“ဒါကိုသိတာ ကြာပေါ့။၊ အင်ပါရီယန်နတ်ဓားဂိုဏ်းနဲ့ ရေခဲဓားမော့ဂိုဏ်းတို့လို ရွှမ်အဆင့်ဂိုဏ်းတော်တော်များများ တောင် အဲဒီဂိုဏ်းရဲ့ ဒုက္ခပေးခြင်းကို ခံခဲ့ရတယ်တဲ့”
“ကျွတ် ကျွတ် ကျွတ်... သေမျိုးလောကထဲကနေ တက်လာတဲ့ဂိုဏ်းက တကယ့်ကို အားကောင်းနေတာလား”
“သူတို့က ရွှမ်အဆင့်ဂိုဏ်းတွေနဲ့တောင် ထိပ်တိုက်ရင်ဆိုင်ရဲနေတယ်လေ”
“ငါ ရထားတဲ့ သတင်းအချက်အလက်တွေအရဆိုရင် ပြိုင်စံရှားဂိုဏ်းဆီမှ အမြူတေ အသွင်ပြောင်းခြင်း အဆင့်ခြောက် ကျွမ်းကျင်သူ နှစ်ယောက် ရှိတယ်။ ပြီးတော့ အဲဒီဂိုဏ်းချုပ်ရဲ့ဆရာက ထိုက်ရွှမ်အဘိုးအိုလို့လည်း ပြောတယ်”
“ထိုက်ရွှမ်အဘိုးအိုကို ငါကြားဖူးတယ်။ သူက အစီအရင်ဖန်တီးခြင်း နဲ့ ကံကြမ္မာဖတ်ခြင်းကိုပဲ နှစ်သက်တာ မဟုတ်လား”
“ဂိုဏ်းတစ်ခုလုံးနဲ့အတူ အထက်နယ်မြေဆီ တက်လာရဲတာ အံ့အားသင့်စရာ မဟုတ်တော့ဘူး။ ဒီလိုမျိုး ကျောထောက်နောက်ခံ ရှိနေတာကိုး”
ကျွင်းချောင်ရှောင်းအနေနှင့် ရရှိထားသည့် စိတ်ဝိညာဉ်ကျောက်တုံးများကို ရေတွက်ပြီး မည်ကဲ့သို့ အသုံးပြုရမည်ကို စဉ်းစားနေစဉ်မှာကပဲ အပြင်ဘက်၌ ၎င်းတို့၏ အကြောင်းအား ကြီးကြီးမားမား ဆွေးနွေးလျက် ရှိနေကြ၏။
ဤနေရာတွင် စိတ်ဓာတ်အကျဆုံး လူတစ်ယောက်မှာ ထိုက်ရွှမ်အဘိုးအိုပင် ဖြစ်တော့သည်။ သူနှင့် ကုန်းရှန့်တို့သည် တူညီသည့်ဌာနေမှ လာသည့်လူများသာဖြစ်၏။ ဆရာတပည့် ဆက်ဆံရေးလည်း မဟုတ်ချေ။ သို့ပေမဲ့ အထက်နယ်မြေတွင် ပျံ့နှံလျက်ရှိနေသည်မှာ အားလုံးသောသူများသည် သူ့အား ကုန်းရှန့်၏ ဆရာအဖြစ် သတ်မှတ်ထားကြ၏။ လိုက်လံရှင်းပြလျှင်လည်း အလုပ်ဖြစ်လိမ့်မည် မဟုတ်ချေ။
“အင်း”
မြို့တစ်ခု၏ စားသောက်ခန်းထဲမှ ထွက်ခွာလာသည့် ထိုက်ရွှမ်အဘိုးအိုသည် လမ်းမအထက်တွင် လှမ်းလျှောက်လာရင်း သက်ပြင်းချလိုက်မိသည်။ “ဒါပြဿနာကြီး မဟုတ်လောက်ပါဘူး”
ထိုက်ရွှမ်အဘိုးအိုက တွေးလိုက်မိသည်။ “သူက သူ့ရဲ့အားအင်အဆင့်ကို အသုံးပြုပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အထက်နယ်မြေဆီကို တက်လာနိုင်တာလေ။ ပြဿနာတွေ တော်တော်ရှာတတ်တဲ့ လူတစ်ယောက်ဆိုပေမဲ့ ဂိုဏ်းဖွံ့ဖြိုးတိုးတက်မှု ကိုတော့ ငြိမ်ငြိမ်သက်သက်နဲ့ ပြုလုပ်တတ်တဲ့ လူတစ်ယောက်ပဲ။ ဒါဆိုရင် အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ အရာတွေကို ပိုင်ဆိုင်နိုင်မှာပဲ”
ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ဒဏ္ဍာရီလာ အဘိုးအိုသည် သူ၏ အသက်နှင့်ရင်း၍ ကုန်းရှန့်၏ အနာဂတ်ပေါ်တွင် အလောင်းအစား ပြုလုပ်ခဲ့လေ၏။
..........
အဆုံးအစမဲ့တဲ့ တောင်တန်းကြီးပေါ်မှာတော့ ကျွင်းချောင်ရှောင်းသည် ကျောင်းတော်သားတစ်ယောက်ကဲ့သို့ ဝတ်ဆင်ကာ လမ်းပေါ်တွင် ခပ်တည်တည်ဖြင့် လျှောက်လျက်ရှိ၏။ သူသည် အချိန်တိုင်း လမ်းလျှောက်ရာမှ ရပ်၍ ကဗျာများကို ရွတ်ဆိုလျက်ရှိနေသည်။ ရီရှင်းချန်နှင့် ရှောင်ကျီတို့သည်လည်း သူနှင့် လိုက်ပါလာသည်။
လက်ရှိ အချိန်မှာတော့ သူတို့ သုံးယောက်သည် အင်မော်တယ်တောင်ကြီးပေါ်တွင် မဟုတ်တော့ချေ။ နီးစပ်ရာ မြို့ကလေးတစ်ခုဆီသို့ ရောက်ရှိနေ၏။ ဤတည်နေရာဆီသို့ ရောက်ရှိလာခဲ့ခြင်းမှာ ဂိုဏ်း၏ ဖွံ့ဖြိုး တိုးတက်မှုအတွက် မျိုးစေ့နှင့် ဆေးပင်များ ဝယ်ယူရန်ပင် ဖြစ်၏။
ဂိုဏ်းတစ်ခု၏ ခေါင်းဆောင် ဖြစ်သည်မို့ ဤကဲ့သို့ ပစ္စည်းများ လိုက်လံဝယ်ယူရခြင်းသည် ဆိုးရွားလွန်းလှချေ သည်ဟု တခြားသူများက ထင်မှတ်နိုင်၏။ သို့ပေမဲ့ တခြားနည်းလမ်း မရှိချေ။ တပည့်များသည် အထက်နယ်မြေ ဆီသို့ ယခုမှ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး အလွန်ပင် အားနည်းလွန်းလှသည်။
ကုန်းရှန့်အနေနှင့် ဤကဲ့သို့သော ကိစ္စရပ်များကို သူကိုယ်တိုင် ပြုလုပ်မှ ဖြစ်ပေလိမ့်မည်။ ထို့အပြင် သူအရင် ရောက်ရှိခဲ့သည်မှာ မြို့ငယ်လေးတစ်မြို့သာ ဖြစ်ပြီး အထက်နယ်မြေ၏ မြို့ကြီးတစ်ခုသို့ တစ်ခါမှ မရောက်ခဲ့ဘူးချေ။
“အားညို”
လမ်းမှာတော့ ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက်ဖြင့် ပြောလိုက်သည်။ “မြို့ထဲကို ဝင်မယ် ဆိုရင် မင်းအနေနဲ့ သိုသိုသိပ်သိပ် နေမှဖြစ်မယ်။ တွေ့တဲ့လူကို သွားပြီးတော့ ပြဿနာရှာလို့ မဖြစ်ဘူး။ ဆယ်နှစ်သား ကလေးတောင်မှ မင်းကို ရိုက်နှက်သွားနိုင်တယ်”
“ကျွတ်”
ရီရှင်းချန်သည် အထင်အမြင်သေးသလိုဖြင့် ခေါင်းကို အသာလှည့်လိုက်၏။ အင်ပါရီယန်နတ်ဓားဂိုဏ်းနှင့် ရေခဲဓားမော့ဂိုဏ်းတို့သည် သူတို့အား ပြဿနာလာရှာခဲ့ဖူး၏။ ထိုသူများသည် အလွန်အားကောင်းလှသည့် သိုင်းကျင့်ကြံသူများဖြစ်၏။ ထို့ကဲ့သို့သောလူများကို သူမယှဉ်နိုင်ကြောင်းကို လက်ခံသည်။ သို့ပေမဲ့ ဆယ်နှစ်သား ကလေးတစ်ယောက်ကို အနိုင်မယူနိုင်ဟု ပြောဆိုနေခြင်း သူ့အား အထင်သေးလွန်းသည်ဟု မှတ်ယူထားသည်။