အခန်း (၁၃၅၅)
Vol. 91 Ch. 1355
အထက်နယ်မြေတွင်ရှိသော သိုင်းကျင့်ကြံသူများသည် စီနီယာတုံးကု အား တစ်ခါမှ မမြင်ဖူးကြချေ။ သို့ပေမဲ့ ကြီးမြတ်သူ တုံးကုအကြောင်းကိုတော့ မကြားဖူးသူဟူ၍ မရှိကြချေ။ နယ်မြေဟောခန်း၏ အထက်တွင် တည်ရှိနေသည့်လူတစ်ယောက် ဖြစ်သောကြောင့်ပင်။
စွန်းမူချန်သည် ယခင်တုန်းက ကြားခဲ့ဖူး၏။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ အမဲရောင်ဝတ်စုံနှင့် လူတစ်ယောက် သည် သူ့ကိုယ်သူ စီနီယာတုံးကု ဟု ပြောဆိုလျက် ရှိနေ၏။ ၎င်း၏ ပထမဦးဆုံးသော တုန့်ပြန်မှုသည် အံ့အားသင့်သွားခြင်းဖြစ်၏။ ဒုတိယတုန့်ပြန်မှုမှာတော့ တစ်ဖက်လူသည် လူလိမ်သာဖြစ်မည်ဆိုခြင်းပင်။
စွန်းမူချန်က ပြောလိုက်၏။ “တွေ့တဲ့လူတွေ အကုန်လုံးက စီနီယာတုံးကု လို့ပြောတာနဲ့ ယုံကြည်မယ်လို့ ထင်နေတာလား”
“မယုံကြည်ဘူးလေ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ အားလုံးသောလူတွေဆီမှာ သံသယဖြစ်ခွင့် ရှိတာပဲ။ ဒီတော့ ငါက ရှင်းပြနေမှာ မဟုတ်ဘူး။ မင်းယုံချင်ယုံ၊ မယုံချင်နေ။ ဒီအဘိုးကြီးကတော့ ရှင်းလင်းတဲ့လမ်းစဉ်တစ်ခုကို ပြသပြီးသွားပြီ။ ဒါကို မင်း ရယူနိုင်မလား။ မရယူနိုင်ဘူးလားဆိုတာက မင်းအပေါ်မှာပဲ မူတည်တယ်”
ပြောပြီးသည့်နောက် သူသည် လှည့်ကာ ထွက်သွားခဲ့၏။ ဤကဲ့သို့သော လိမ်ညာခြင်းမျိုးသည် အလျင်လိုနေ၍ မရချေ။ တစ်ဖက်လူအား စဉ်းစားခွင့်ပေးမှ ဖြစ်ပေလိမ့်မည်။
“အရူးပဲ”
စွန်းမူချန်သည် ထိုကဲ့သို့ ပြောဆိုလိုက်သည်ဆိုသော်လည်း သူ၏ နှလုံးသားထဲတွင်တော့ တုန်လှုပ်လျက် ရှိနေသေး၏။ ကြီးမြတ်သူ တုံးကု ဆိုသည်မှာ အမှန်ပင် ဆန်းကြယ်လှသည့် အဘိုးအိုတစ်ပါးဖြစ်၏။ သို့ပေမဲ့ လက်ရှိ အခြေအနေသည် မဖြစ်နိုင်ပေ။ ဤလူသည် သူ့အား လိမ်ညာနေခြင်းသာ ဖြစ်ပေလိမ့်မည်။
အကယ်၍ အရွယ်ရောက်ပြီးသား လူတစ်ယောက်သာ ဖြစ်မည်ဆိုပါက ကုန်းရှန့်၏ စကားလုံးအား စိတ်ထဲတွင် သေသေချာချာ မှတ်သားထားလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ စွန်းမူချန်မှာတော့ ဆယ်နှစ်အရွယ် ကလေးလေး တစ်ယောက်သာဖြစ်၏။ ထို့ကြောင့် လူသားများ၏ ဆိုးယုတ်လှသည့် အတွေးများအား မတွေ့ကြုံဖူးသေးချေ။
အိမ်ဆီသို့ ပြန်ရောက်သည့်အချိန်မှာတော့ အိပ်ယာပေါ်တွင် လဲလျောင်းရင်း ထိုအကြောင်းအရာကို စဉ်းစားနေမိသည်။ နောက်တစ်ရက်မှာတော့ ထုံးစံအတိုင်း နိုးထလာပြီး မျက်နှာသစ်ကာ ကျောင်းဆီသို့ သွားခဲ့၏။
လမ်းတလျှောက်မှာတော့ လူပေါင်းများစွာတို့သည် ဖန်းချီမိုးကောင်းကင်တောင်တန်းအကြောင်း ပြောဆိုနေသည်ကို သူ ကြားနေရ၏။ ထို့ကြောင့် သူသည် ဘေးတစ်ဖက်ဆီသို့ အသာလှည့်ကာ မေးလိုက်သည်။ “ဒုတိယဦးလေး.. အဲအကြောင်းကို နည်းနည်းရှင်းပြပါလား”
“ကောင်လေး.. ဘယ်လိုဖြစ်ပြီး အတင်းအဖျင်းတွေ အကြောင်းကို နားထောင်ချင်စိတ် ပေါ်လာရတာလဲ” ဒုတိယ ဦးလေးဟုခေါ်သောလူက နောက်ပြောင်လိုက်၏။
စွန်းမူချန်က ပြောလိုက်သည်။ “နေ့စဉ်နေ့တိုင်း ကျင့်ကြံတာကိုပဲ လုပ်နေရတာ ပျင်းစရာကြီးပဲလေ။ အပြင်လောကမှာရှိတဲ့ လူတွေအကြောင်းကို သိလာတာက ကျွန်တော့်ရဲ့ အသိအမြင်ကို ပိုပြီး ကျယ်ဝန်းစေမှာပေါ့”
“မဆိုးဘူး။ မဆိုးဘူး”
ဒုတိယဦးလေးက ခေါင်းညိတ်လိုက်၏။ “ကျင့်ကြံခြင်းလမ်းစဉ်ဆိုတာ အလုပ်ကြိုးစားမှုနဲ့ အနားယူမှုကို ဟန်ချက်ညီမှ ဖြစ်မှာပေါ။ ဒုတိယဦးလေးက မင်းကို လတ်တလောဖြစ်နေတဲ့ ကိစ္စကြီး အကြောင်း ပြောပြမယ်”
“ကိစ္စကြီး ဟုတ်လား” စွန်းမူချန်သည် နားစွင့်ကာ ထောင်ထားလိုက်၏။ လေဝဲကြီးတစ်ခု ပေါ်ပေါက်လာပြီး အောက်နယ်မြေမှ တောင်ကြီးတစ်ခုသည် အသင်္ချေမိုးကြိုးတစ်သောင်း ကပ်ဘေးအစီအရင်ကြီးကို ကျော်ဖြတ် ကာဖြင့် ဖန်းချီမိုးကောင်းကင်တောင်တန်းပေါ်သို့ ဆင်းသက်ခဲ့၏။ ဤအရာသည် သူ၏ နုနယ်လှသော နှလုံးသား လေးကို အမှန်ပင် လှုပ်ခါစေခဲ့၏။ မိုးကြိုးအစီအရင်သည် မည်မျှ အားကောင်းသည်ကို သူမသိချေ။ သို့ပေမဲ့ နယ်မြေဟောခန်းမှ ဖန်တီးထားသည့်အရာ ဖြစ်သောကြောင့် ကျိန်းသေပေါက် အားကောင်းမှာ သေချာသည်။ တစ်စုံတစ်ယောက်အနေဖြင့် အတင်းချိုးဖြတ်ကာ ရောက်ရှိလာသည်မှာ မယုံကြည်နိုင်ဖွယ်ရာပင်။
“ဒုတိယဦးလေး”
စွန်းမူချန်သည် မေးလိုက်မိ၏။ “အဲလောက် အားကောင်းတာ ဘယ်သူလဲ”
“ဘယ်သူလဲတော့ ငါလည်း မသိဘူး” ဒုတိယဦးလေးသည် ခဏလောက် ရပ်တန့်ကာ ပြောလိုက်၏။ “ဒါပေမဲ့ ငါ သိတာတော့ အထက်နယ်မြေဆီကို တက်လှမ်းလာတဲ့အရာက လူတစ်ယောက် မဟုတ်ဘူး။ တောင်တစ်ခုပဲ”
“တောင်တစ်ခု ဟုတ်လား” စွန်းမူချန်သည် မျက်လုံးပြူးသွားမိ၏။ အထက်နယ်မြေဆီသို့ တက်လှမ်းနိုင်သည်မှာ သေမျိုးသတ္တဝါများပင်ဖြစ်၏။ သို့ပေမဲ့ အဘယ်ကြောင့် တောင်တစ်ခုကဲ့သို့သောအရာသည် အပေါ်သို့ တက်လာရ သနည်း။
“တိတိကျကျ ပြောရမယ်ဆိုရင်….”
ဒုတိယဦးလေးက ဆက်ပြောလိုက်၏။ “တက်လာတာ တောင်တစ်ခုတည်း မဟုတ်ဘူး။ အဲတာက ဂိုဏ်းတစ်ခုပဲ”
“ဂိုဏ်း ဟုတ်လား” စွန်းမူချန်သည် ထပ်မံကာ ဆွံ့အသွားပြန်သည်။
ဒုတိယဦးလေးက ဆက်ပြောလိုက်၏။ “အဲဂိုဏ်းက ပြိုင်စံရှားဂိုဏ်းလို့ ငါကြားတယ်။ လေဝဲထဲက ထွက်လာပြီး တဲ့နောက်မှာ သူတို့က ဖန်းချီမိုးကောင်းကင်တောင်တန်းမှာ အခြေချတယ်။ မကြာခင်မှာပဲ အင်ပါရီယန်နတ်ဓား ဂိုဏ်းနဲ့ ရေခဲဓားမော့ဂိုဏ်းက လူတွေနဲ့ ပြဿနာတက်ခဲ့သေးတယ်”
“ပြိုင်စံရှားဂိုဏ်း ဟုတ်လား”
စွန်းမူချန်သည် ဆန်းကြယ်လှသည့်လူတစ်ယောက် ပြောဆိုခဲ့သည့် ဂိုဏ်းအကြောင်း ကို ပြန်လည်ကာ မှတ်မိသွားသည်။ သူက တွေးလိုက်မိသည်။ အဲဂိုဏ်း တကယ်ရှိနေတာလား။
ဒုတိယဦးလေးက ချီးကျူးသလို ပြောလိုက်၏။ “ဘာပဲပြောပြော အသင်္ချေမိုးကြိုးတစ်သောင်းကပ်ဘေး အစီအရင် ကြီးကို ချိုးဖြတ်ပြီး ရွှမ်အဆင့်ဂိုဏ်းအနည်းငယ်ကို ထိပ်တိုက်ရင်ဆိုင်အနိုင်ယူနိုင်ခဲ့တယ်ဆိုတော့ အဲပြိုင်စံရှား ဂိုဏ်းက ရိုးရှင်းတဲ့ဂိုဏ်းတစ်ခု မဟုတ်နိုင်ဘူး”
စွန်းမူချန်သည် တိတ်ဆိတ်ငြိမ်သက်သွားသည်။
........
ဒုတိယဦးလေး၏ အားအင်အဆင့်သည် ကောင်းမွန်လှသည် မဟုတ်ချေ။ သို့ပေမဲ့ အထက်နယ်မြေထဲတွင် နှစ်ပေါင်းများစွာကြာအောင် လှည့်လည်သွားလာနေသည် ဖြစ်သောကြောင့် အရာအားလုံးကို တွေ့ကြုံမြင်ဖူး ခဲ့ပြီးဖြစ်၏။ ထိုကဲ့သို့သော လူတစ်ယောက်၏ ပြိုင်စံရှားအပေါ် သုံးသပ်ချက်သည် သူ၏ စိတ်နှလုံးသားကို လာရောက်ကာ သက်ရောက်စေခဲ့၏။
သူကြိုးစားလုပ်ဆောင်ခဲ့သော လိမ်ညာမှုသည် အလုပ်မဖြစ်ခဲ့သော်လည်း ပြိုင်စံရှားဂိုဏ်းဆိုသော နာမည်သည် စွန်းမုချန်၏ နှလုံးသားထဲ ရောက်ရှိသွားခဲ့ပြီဖြစ်ကြောင်းကိုတော့ ကျွင်းချောင်ရှောင်းက မသိရှိတော့ပေ။
“ဒုတိယဦးလေး... ကျွန်တော်သွားပြီး ကျင့်ကြံတော့မယ်”
ကျောင်းဆီသို့ ရောက်သည့်အချိန်မှာတော့ စွန်းမူချန်သည် ခေါင်းကိုခါယမ်းပြီး သူ၏ စိတ်ထဲတွင် ရှိနေသော အကြောင်းအရာများအားလုံးကို ဖယ်ရှားလိုက်၏။ ပြီးနောက် ခိုင်မာစွာ ပြောလိုက်သည်။ “လင်းယွမ်မြို့ကို သွားပြီးတော့ ဝူတန် စာမေးပွဲကို ဖြေကို ဖြေရမယ်။ ကျင့်ကြံခြင်းကို ငါ အာရုံစိုက်ထားသင့်တယ်”
............
တောနက်ထဲမှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏တပည့်နှစ်ယောက်နှင့်အတူ ခရီးဆက်လျက်ရှိနေသည်။ စိတ်ဓာတ်များ ပြန်လည်တက်ကြွလာပြီဖြစ်သော ရီရှင်းချန်သည် မနေ့ကထက် ပိုမိုကာ အားကောင်းလျက် ရှိနေ၏။ သူ၏ ကျင့်ကြံလိုစိတ်များသည် ပိုမိုကာ အားကောင်းလာခဲ့၏။
“အားညို... မှတ်ထား”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “လောကကြီးမှာ ဘယ်သူကမှ မင်းကို အနိုင်မယူ နိုင်ဘူး။ မင်းကို အနိုင်ယူနိုင်တာက မင်းပဲ။ အနာဂတ်မှာ မင်းအနေနဲ့ ကျရှုံးမှုတွေကို ကြုံတွေ့ရမယ်ဆိုရင်တောင်မှ ယောက်ျားတစ်ယောက်လို နေထိုင်သင့်တယ်”
“.........”
ရီရှင်းချန်သည် ဆွံ့အသွားမိ၏။ ဂိုဏ်းချုပ်... အရင်တုန်းက ကျုပ်ကို ယောက်ျားတစ်ယောက် မဟုတ်ဘူးလို့ ပြောချင်တာလား။
“ဟုတ်တယ်”
ကျွင်းချောင်ရှောင်းက ထပ်ပြောလိုက်၏။ “လင်းယွမ်မြို့ကို သွားတဲ့အချိန်မှာ မင်း သိုသိုသိပ်သိပ်နေနော်။ ပြဿနာထပ်ပြီး မရှာနဲ့”
တကယ်တမ်းမှာတော့ ပြောနေစရာပင် မလိုချေ။ အားညိုသည် သိုသိုသိပ်သိပ်နေရန် စဉ်းစားထားပြီးဖြစ်၏။ မြို့ငယ်လေးတွင်ရှိနေသော ကလေးတစ်ယောက်ပင်လျှင် အလွန်တရာ အားကောင်းလှသောကြောင့် မြို့ကြီးရှိ ကလေးများသည် ပိုမိုကာ အားကောင်းမှာ သေချာသည်။
..........
ရက်အနည်းငယ် ကြာပြီးသည့်နောက် သူတို့သည် လင်းယွမ်မြို့၏ နယ်နိမိတ်စည်းထဲသို့ ဝင်ရောက်လာခဲ့ကြသည်။ သပ်ရပ်ပြီး ကြည့်ကောင်းလွန်းလှသော လမ်းမကြီးအတိုင်း လှမ်းလျှောက်နေချိန်မှာတော့ အသက်ဆယ်နှစ်အရွယ် ကလေးငယ်များသည် အလျင်အမြန်နှင့် ပြေးလွှားသွားကြကြောင်း သူတို့ သတိပြုမိလိုက်ကြ၏။
ကျွင်းချောင်ရှောင်းသည် ဤတည်နေရာ၌ ဝူတန်စာမေးပွဲ တည်ရှိကြောင်း စီးဆင်းရေမြို့မှာကတည်းက စုံစမ်း ထားခဲ့ပြီးသားဖြစ်၏။ မြို့ထဲသို့ ရောက်ပြီးသည့်နောက် ကျောင်းသားလေးများသည် ဤဝူတန် စာမေးပွဲကို ဖြေဆိုနိုင်ရန် ကြိုးစားလျက်ရှိကြောင်း နားလည်သိရှိလိုက်ရ၏။ ဤစာမေးပွဲကို အောင်မြင်သည်ဆိုပါက ကလေးများ၏ ဘဝသည် ပြောင်းလဲသွားမှာဖြစ်သည်။
ယေဘူယျအားဖြင့် ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် ဆေးပင်များကို ဝယ်ယူရန်အတွက် ဤမြို့ဆီသို့ လာစရာ အကြောင်းမရှိချေ။ သို့ပေမဲ့ ဝူတန်စာမေးပွဲဆိုသည်မှာ မည်ကဲ့သို့ စာမေးပွဲမျိုး ဖြစ်သနည်းနှင့် ပါရမီရှင်များ မည်မျှများပြားစွာ ဝင်ရောက်ဖြေဆိုကြသနည်း ဆိုသည်ကို ကုန်းရှန့်က သိချင်မိ၏။
သူ၏ အဓိက တာဝန်အသစ်သည် လူအရေအတွက်ပေါ်တွင် ကန့်သတ်မထားခဲ့ချေ။ ထို့ကြောင့် ရှိရှိသမျှသော လူများကို ဂိုဏ်းသားအဖြစ် အတင်းစုဆောင်းနေစရာ မလိုချေ။ သို့ပေမဲ့ ဂိုဏ်းတစ်ခု ပိုမိုကာ အားကောင်း လာချင်သည်ဆိုပါက မျိုးဆက်သစ်များကို အားကိုးရမည်ဖြစ်ကြောင်း မေ့လျော့မနေသင့်ချေ။
ဂိုဏ်းချုပ် တစ်ယောက်အနေဖြင့် သူသည် လက်ရှိကိုသာ မကြည့်ချေ။ အနာဂတ်ကိုလည်း လှမ်းမျှော်၍ ကြည့်ရှုတက်၏။ ယောက်ျားတစ်ယောက်ဖြစ်ရသည်မှာ အလွန်တရာ ခက်ခဲလွန်းလှ၏။ သို့ပေမဲ့ ဂိုဏ်းချုပ်ဖြစ်ရခြင်းသည် ပိုမိုကာ ခက်ခဲလွန်းသည်။
..........
လင်းယွမ်မြို့သည် ပိုမိုကာ ကြီးမားသလို အထဲတွင် နေထိုင်သည့် မြို့သူမြို့သားများသည် များပြားလွန်းလှ သည်။ သူတို့ သုံးယောက်သည် စိတ်ပိုင်းဆိုင်ရာအရ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်ဆိုလျှင်တောင်မှ အဓိက လမ်းပေါ်တွင် ရှိနေသော လူပေါင်းများစွာနှင့် ရထားလုံးများကို မြင်ပြီးသည့်နောက် ကြက်သေသေလျက် ရှိနေမိ ကြ၏။
“စိတ်ကို အေးအေးထား။ စိတ်ကို အေးအေးထား”
ကျွင်းချောင်ရှောင်းသည် သက်ပြင်းရှည်ကြီး ချပြီးသည့်နောက် တပည့်နှစ်ယောက်အား အရင်ဆုံး စားသောက်ခန်းတစ်ခုတွင် နေထိုင်ရန် စီစဉ်ခိုင်းလိုက်၏။
အားလုံး စီစဉ်ပြီးသည့်နောက်မှာတော့ လူများ ရှုပ်ထွေးလျက်ရှိနေသည့် ဈေးတည်နေရာကြီးထဲသို့ ဝင်ရောက်လိုက်သည်။ သူဝင်သွားပြီး မကြာခင်မှာပဲ ချက်ချင်း စိတ်ဓာတ်တကျဖြင့် ပြန်လည် ထွက်ခွာလာ၏။ အဘယ်ကြောင့်ဆိုသော် အထဲတွင် ရောင်းချနေသည့် ပစ္စည်းများသည် အလွန်ပင် ဈေးကြီးလွန်းလှ၏။ သူ့အား သူဆင်းရဲတစ်ယောက်ကဲ့သို့ပင် ခံစားရစေသည်။
“အင်း”
စားသောက်ခန်းဆီသို့ ပြန်ရောက်ပြီးနောက် ကျွင်းချောင်ရှောင်းသည် သက်ပြင်းချကာ ပြောလိုက်၏။ “ဝူတန် စာမေးပွဲ ကျင်းပမယ့်အချိန် နောက်ခုနှစ်ရက်အထိကို စောင့်ကြတာပေါ့”
………
ခုနှစ်ရက်ကြာပြီးသည့်နောက် လင်းယွမ်မြို့၏ အရှေ့ဘက်ခရိုင်ဒေသတွင် ကြီးမားလှသည့် စင်မြင့်ကြီးတစ်ခု ဖန်တီးထားပြီး လူပေါင်းတစ်သိန်းကျော်တို့သည် ဤတည်နေရာသို့ ရောက်ရှိနေ၏။ များပြားလှသည့်သူများသည် သိုင်းကျင့်ကြံသူများ ဖြစ်လို့နေခဲ့ပြီး ဝူတန်စာမေးပွဲကျင်းပမည်ကို စောင့်မျှော်လျက် ရှိနေ၏။
ကျွင်းချောင်ရှောင်းနှင့် သူ၏တပည့်နှစ်ယောက်တို့သည် အနောက်ဘက်ရှိ ထိုင်ခုံပေါ်တွင် ထိုင်နေ၏။ ဟုတ်ပေသည်။ သူတို့အနေနှင့် ဤထိုင်ခုံတွင် ထိုင်ခွင့်ရရန် ပိုက်ဆံအမြောက်အများကို သုံးဖြုန်းခဲ့ရသည်။ ဈေးနှုန်း သည် အနည်းငယ်ဈေးကြီးလှပြီး စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်ကျော်ကို ပေးအပ်ခဲ့ရသည်။
ကျွင်းချောင်ရှောင်း အနေဖြင့် ပိုက်ဆံများကို ထုတ်ပေးလိုက်ရသည့်အချိန်၌ နှလုံးသားတစ်ခုလုံး နာကျင်သလို ခံစားမိနေ၏။
“ဒီလိုမျိုး စာမေးပွဲကို ကြည့်ရှုခွင့်ရဖို့ ပိုက်ဆံတွေ သုံးဖြုန်းရမယ်ဆိုတာ ငါယုံတောင် မယုံနိုင်ခဲ့ဘူး။ ပြန်ရောက်တာနဲ့ ယွမ်ကြီးနဲ့ တိုင်ပင်ရမယ်။ ဒါကိုမှီငြမ်းပြီး တစ်စုံတစ်ခု ပြုလုပ်မှဖြစ်မယ်”
သူ တီးတိုးရေရွတ် နေတုန်းမှာပဲ ပတ်ဝန်းကျင်ရှိ ရွာနှင့်မြို့ အသီးသီးဆီမှ ကျောင်းသားများသည် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာလာကြသည်။
ထိုအထဲတွင် စီးဆင်းရေမြို့မှ စွန်းမူချန်လည်း ပါဝင်လျက်ရှိသည်။ သူ၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများနှင့် တောက်ပလျက်ရှိသည်။ သို့ပေမဲ့ တစ်ချိန်တည်းမှာပဲ အနည်းငယ်ကြောက်လန့်လျက်လည်း ရှိ၏။
“ဒီကောင်လေးပဲ” ရီရှင်းချန်သည် လက်သီးကို ဆုပ်လိုက်မိ၏။ သို့ပေမဲ့ သူ၏ နှလုံးသားထဲတွင် ဒေါသတရားတော့ မရှိချေ။ သူအားနည်း၍ ရိုက်နှက်ခံရသည်ကို မည်သူ့အားသွား၍ အပြစ်တင်ရမည်နည်း။
ဝူတန်စာမေးပွဲ၏ စီမံခန့်ခွဲသူများသည် စာမေးပွဲကို သေသေချာချာ စောင့်ကြပ်မည်ဖြစ်၏။ ထို့ကြောင့် သူတို့သည် ယခင်က ရရှိခဲ့ဖူးသည့် အောင်မြင်မှုများ၊ လက်ရှိရရှိခဲ့သည့် အောင်မြင်မှုများအကြောင်းကို ကြွားဝါပြောဆိုလျက် ရှိနေသေး၏။ ထို့အပြင် အဓိက အကြောင်းအရာကို ဆက်လက်ကာ ပြောဆိုသည့်အချိန်တွင် ရွေးချယ်မည့် ကျောင်းသားများသည် ပင်ကိုယ်စွမ်းရည်၊ ခန္ဓာကိုယ်နှင့် တကယ်တမ်း တိုက်ခိုက်မှုပုံစံဟူ၍ သုံးမျိုးသုံးစား ရွေးချယ်မည် ဖြစ်ကြောင်းကိုလည်း တရားဝင် ကြေညာခဲ့၏။
တကယ်တမ်း တိုက်ခိုက်မှုပုံစံဆိုသည်မှာ များပြားလှသည့် ကျောင်းသားများအား အဖွဲ့များအဖြစ်ဖွဲ့ကာ မဲနှိုက်ပြီး တိုက်ခိုက်ရန် ရွေးချယ်ခြင်းဖြစ်၏။ စိစစ်သည့်အဖွဲ့ဆီမှ အတည်ပြုချက်ကို ရရှိသည့်လူမှသာလျှင် ဝူတန်အဖွဲ့ဝင် ဖြစ်လာပေလိမ့်မည်။
စည်းမျဉ်းစည်းကမ်းများကို နားလည်ပြီးနောက် ကျွင်းချောင်ရှောင်းသည် ဆွံ့အလျက် ရှိနေသည်။ “ဒါက သိုင်းပြိုင်ပွဲတစ်ခုနဲ့ ဘာထူးလို့လဲ”
“စာမေးပွဲက တရားဝင် စတင်ပြီ” ဝူတန် စီမံခန့်ခွဲသူများ၏ တရားဝင်အမိန့်အောက်မှာပဲ စိတ်လှုပ်ရှားစရာ ကောင်းသည့် စာမေးပွဲသည် စတင်ခဲ့ပြီဖြစ်၏။ စွန်းမူချန်သည် ပင်ကိုယ်စွမ်းရည်နှင့် ခန္ဓာကိုယ်အားအင်တွင် ထူးချွန်သည့်အထဲ ပါဝင်သလို တိုက်ခိုက်နိုင်မှု စွမ်းရည်တွင်လည်း အဆင့်မနိမ့်လှချေ။ နောက်ဆုံးအဆင့်သို့ တက်လှမ်းနိုင်ခဲ့၏။
“ဂိုဏ်းချုပ်”
ရှောင်ကျီက ပြောလိုက်သည်။ “ညီလေးရီကို အနိုင်ယူခဲ့တဲ့ ကောင်လေး နောက်တစ်ဆင့်ကို တက်သွားပြီပဲ”
“..........”
ရီရှင်းချန်သည် ငိုချင်စိတ်ပင် ပေါက်သွား၏။ ပုံမှန်အတိုင်း ဤကောင်လေး နောက်တစ်ဆင့်တက်သွားပြီလို့ ပြောလို့မရပေဘူးလား။ အဘယ်ကြောင့် သူ့အား အနိုင်ယူသွားသည့်ကောင်လေး ဆိုသော ဂုဏ်ပုဒ်ကို တပ်နေရသနည်း။
“အားညို”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “မင်း ရှုံးသွားတဲ့အတွက် ရှက်ရွံ့စရာ မရှိတော့ဘူး”
“........”
ရီရှင်းချန်သည် သူ၏ဦးခေါင်းကို ဆုပ်ကိုင်ကာ ငိုချင်စိတ်ပင် ပေါက်နေ၏။ “ဒီကိစ္စကြီးကို မပြောလို့ မရကြဘူးလား”
သို့ပေမဲ့ စွန်းမူချန်သည် တစ်နာရီလောက် တိုက်ခိုက်ပြီးသည့်နောက် အမှန်ပင် ရှုံးနိမ့်ခဲ့ရသည်။
“ဆိုးတာပဲ။ မတတ်နိုင်ဘူး။ သူ့ရဲ့ပြိုင်ဘက်က အရမ်းအားကောင်းတာကိုး”
“နောက်နှစ်အတွက်တော့ မျှော်လင့်ချက် ရှိပါသေးတယ်” ကြည့်ရှုနေကြသည့် သိုင်းကျင့်ကြံသူများသည် ဦးခေါင်းကို အသာခါယမ်းပြီး သက်ပြင်းချမိလိုက်ကြ၏။
ကျွင်းချောင်ရှောင်းမှာတော့ အတွေးနက်လျက်ရှိနေသည်။ သူသည် စိတ်ထဲ၌ ရေရွတ်လျက် ရှိ၏။ “သူ့ရဲ့ပြိုင်ဘက်က အရမ်းအားကောင်းလို့လား။ မဟုတ်သေးပါဘူး။ ဒါက ရှုံးနိုင်တဲ့ အခြေအနေမျိုးမှ မဟုတ်တာ။ ဒီနေရာမှာ တစ်စုံတစ်ခု လွှဲမှားနေတယ်လို့ ငါထင်မိတယ်”