အခန်း (၁၃၅၆)
Vol. 91 Ch. 1356
အဖွဲ့ (က) ၏ နောက်ဆုံးပွဲ ပြီးဆုံးသွားခဲ့၏။ စွန်းမုချန်သည် သူ၏ ပြိုင်ဘက်အား တစ်လျှောက်လုံး ဖိနှိပ်ပေးနိုင်ခဲ့သည် ဆိုသော်လည်း ဒိုင်များက သူ့အားရှုံးနိမ့်သည်ဟု သတ်မှတ်ခဲ့၏။
"ဒါက"
ရှောင်ကျီသည်လည်း ပုံမှန်မဟုတ်သည်ကို မြင်ပြီးသည့်နောက် ဆွံအသွားမိ၏။ တိုက်ပွဲကို ကြည့်ရှုရလျှင် စွန်းမုချန်သည် သူ၏ပြိုင်ဘက်ကို နည်းစနစ်ပိုင်းရော၊ အားအင်အဆင့်ပါ အလုံးစုံ အသာစီးရယူထား၏။ တိုက်ခိုက်နေသည့်အချိန်တွင် အကြိမ်ပေါင်းများစွာ ဟန့်တားခြင်းကိုမခံရပါက ဖြစ်ပေါ်လာနိုင်သော ရလာဒ် သည် အစောကြီးကတည်းက ပြတ်သားနေမှာ သေချာသည်။
"ဂိုဏ်းချုပ်"
ရှောင်ကျီသည် စိတ်ဓာတ်တကျဖြင့် အသံပို့လွှတ်လိုက်၏။ "တိုက်ပွဲက တကယ့်ကို အတုကြီးပဲ"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ဒီဒိုင်က တစ်ခုခုလွဲမှားနေတာပဲ"
ဒိုင်လူကြီးများသည် မမျှတသည့် ဆုံးဖြတ်ချက်များကို ပြုလုပ်နေကြောင်း သူကောင်းကောင်းမြင်နိုင်စွမ်း ရှိ၏။ သို့ပေမဲ့ အခြားသောသူများသည် အဘယ့်ကြောင့်ထကာ မကန့်ကွက်ရသနည်းဆိုသည်ကို သူ အံ့အားတသင့်ဖြင့် စဉ်းစားနေမိ၏။
အဘယ့်ကြောင့် ပွဲကြည့်ပရိတ်သတ်များသည် မျက်စိကန်းနေသည့် လူတစ်ယောက်အဖြစ်သို့ နေထိုင်နေရသနည်း။
"မြို့တော်ဝန်ငယ်လေးက တစ်ကယ့်ကို အားကောင်းတယ်ဆိုတာ သိတာပေါ့။ သူက အဖွဲ့ (က) ရဲ့ ချန်ပီယံဘွဲ့ကို တကယ်ပဲ ရရှိခဲ့တယ်။
“မြို့တော်ဝန်ငယ်လေးက တစ်ကယ့်ကိုငယ်ရွယ် ပါရမီရှိပြီး ခန္ဓာကိုယ်ကလည်း အားကောင်းလွန်းတယ်။ ဒီတော့ ဝူတန်စာမေးပွဲကို အောင်မြင်ဖို့ဆိုတာ သူ့အတွက် အရမ်းလွယ်ကူတယ်"
"မြို့တော်ဝန်ငယ်လေး ဟုတ်လား။ လင်းယွမ်မြို့ရဲ့ မြို့တော်ဝန်သားလား"
ကျွင်းချောင်ရှောင်းသည် ဘာတွေဖြစ်ပျက်နေသည်ကို ချက်ချင်းပဲ နားလည်လိုက်၏။ ဤအရာသည် ကြိုတင် အစီအစဉ်ဆွဲထားခြင်းသာ ဖြစ်တော့၏။ အမှန်တရားမှာ ရက်စက်လွန်းလှချေ၏။
"အဖွဲ့ (က) ရဲ့ အနိုင်ရရှိသူက …."
လူပေါင်းများစွာတို့သည် ကွင်းထဲတွင် အော်ဟစ်ကာ အားပေးနေကြ၏။ စွန်းမုချန်တစ်ယောက် ကွင်းထဲမှ စိတ်ပျက်လက်ပျက် ဆင်းလာသည်ကို မည်သူမှ သတိမပြုမိကြချေ။
စွန်းမုချန်သည် တလောကလုံးတွင် တစ်ယောက်တည်း နေထိုင်အသက်ရှင်နေရသည့် မိဘမဲ့ ကေ"ငါနိုင်ခဲ့သင့်တာ။ ငါဘာလို့ရှုံးခဲ့ရတာလဲ" သူသည် ဤစကားစုအား အထပ်ထပ်ရွတ်လျက်ရှိသည်။
"အကြောင်းအရာက ရိုးရှင်းပါတယ်"
ရုတ်တရက် သူ၏နားထဲသို့ အသံတစ်ခုတိုးဝင်လာခဲ့၏။ "မင်းဆီမှာ နောက်ခံမရှိလို့ပဲ"
ကျွင်းချောင်ရှောင်းသည် ထိုအခွင့်အရေးကို လက်လွှတ်လိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် ချက်ချင်းပဲ ဝင်ရောက်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
စွန်းမုချန်သည် ထိုအသံမှာ စီနီယာအစ်ကိုတုံးကု ဟု သူ့ကိုယ်သူပြောသည့် အမဲရောင်ဝတ်စုံနှင့်လူ၏ အသံဖြစ်ကြောင်း နားလည်လိုက်မိ၏။ ထို့ကြောင့် ခေါင်းကိုမော့ကာ လိုက်လံရှာဖွေလိုက်၏။
"ဒီတလောကလုံးက မမျှတမှုတွေနဲ့ ပြည့်နှက်နေတာလေ။ ပြီးတော့ ဒီလိုကိစ္စမျိုးနဲ့ ကြုံတွေ့ရတယ်ဆိုတာ သဘာဝပါပဲ"
ကျွင်းချောင်ရှောင်းက အသံပို့လွှတ်လိုက်သည်။ "ဒီတော့ မင်းအနေနဲ့ လုံလောက်တဲ့အောင်မြင်မှုတွေ ရချင်ရင် ပိုကောင်းတဲ့ နေရာတစ်ခုမှာ သွားပြီးတော့ ကျင့်ကြံမှ ဖြစ်လိမ့်မယ်"
စွန်းမုချန်သည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။
"ကျုပ်ငြင်းတယ်။ ကျုပ်ကန့်ကွက်တယ်"
အသံတစ်ခုသည် လက်ရှိ တည်နေရာတစ်ခုလုံးအား ဖုံးလွှမ်းသွားခဲ့သည်။
စွန်းမုချန်သည် အသံထွက်ပေါ်ရာဆီသို့ လှမ်း၍ကြည့်လိုက်သည့် အချိန်မှာတော့ ပွဲကြည့်စင်နောက်ဖက်တွင် မတ်တပ်ရပ်လျက်ရှိနေသည့် အမဲရောင်ဝတ်စုံနှင့်လူအား မြင်လိုက်ရ၏။ ထိုသူ၏ ဘေးတွင်တော့ မနေ့က သူ အနိုင်ယူခဲ့သည့် ကျင့်ကြံသူတစ်ယောက်လည်း ရှိလို့နေ၏။
"အားလုံးပဲ"
ကျွင်းချောင်ရှောင်းသည် ရင်ဘတ်ပေါ်သို့ လက်တင်ကာ အော်ဟစ်မေးမြန်းလိုက်သည်။ "ခင်ဗျားတို့နှလုံးသား တွေ မနာကျင်ဘူးလား"
“…….” အားလုံးသည် ဆွံ့အသွားမိ၏။
ကျွင်းချောင်ရှောင်းသည် စွန့်ပစ်ခံရသည့် မိဘမဲ့ကလေးတစ်ယောက်ကဲ့သို့ ဖြစ်နေသည့် စွန်းမုချန်ကို လက်ညိုးထိုးကာ ဂုဏ်သိက္ခာ ထည်ဝါလှသည့် အသံဖြင့်ပြောလိုက်သည်။
"တိုက်ပွဲမှာ ဦးဆောင်တဲ့သူက သူဆိုတာ ရှင်းရှင်းလင်းလင်းမြင်နေရတာပဲ။ဒါပေမဲ့ အဆုံးသတ်မှာတော့ ဗိုလ်ဆွဲတဲ့သူက အခြားတစ်ယောက် ဖြစ်နေတယ်။ ဒီကိစ္စက အဓိပ္ပာယ်မရှိဘူး။ ခင်ဗျားတို့အားလုံးက မျက်စိကန်းနေရုံတင်မကဘူး။ အဓိပ္ပာယ်မရှိ အနိုင်ရရှိတဲ့လူကိုပါ ချီးကျူးဂုဏ်ပြုနေကြသေးတယ်။ ဒီလိုအပြုအမူမျိုးက တကယ့်ကိုစိတ်ပျက်စရာပဲ"
အားလုံးတိတ်ဆိတ်ငြိမ်သက်သွားကြသည်။
ဝူတန်စာမေးပွဲ၏ တာဝန်ရှိသည့်လူသည် လေးလေးနက်နက်လေသံဖြင့် ပြောလိုက်၏။ "ကောင်လေး … မင်းငါတို့ဝူတန်စာမေးပွဲကို လာပြီးမေးခွန်းထုတ်နေတာလား"
ထွီ
ကျွင်းချောင်ရှောင်း က ပြောလိုက်သည်။ "ကျေးဇူးပြုပြီး အပိုစကားတွေ ပြောမနေပါနဲ့တော့"
"ဂိုဏ်းချုပ်"
ရီရှင်းချန်သည် ဂိုဏ်းချုပ်၏ အင်္ကျီလက်ကိုဆွဲကာ အသံပို့လွှတ်လိုက်၏။ "သိုသိုသိပ်သိပ်နေမယ်လို့ ကတိပေးထားတယ်လေ။ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားသင့်တယ်"
"ဘာကိုထိန်းချုပ်ရမှာလဲ"
ကျွင်းချောင်ရှောင်းသည် အော်ဟစ်လိုက်မိသည်။ "ဒီပွဲကို လာပြီး ယှဉ်ပြိုင်တဲ့ လူငယ်တွေအားလုံးက အနည်းဆုံး နှစ်ပေါင်း ခုနှစ်နှစ်၊ ရှစ်နှစ်ကြာအောင် လေ့ကျင့်ခဲ့ကြတာပဲ။ ဒါပေမဲ့ ဘာမှမဟုတ်တဲ့ကိစ္စကြောင့် ငြင်းပယ်ခံလိုက်ရတယ်။ ဒါက ဘယ်လိုမျိုး မမျှတမှုလဲ"
မူလအားဖြင့် စိတ်မာသည်ဟုထင်ရသော စွန်းမုချန်သည် မျက်ရည်များပင် ဝိုင်းသွားခဲ့၏။ သူ့အနေဖြင့် မမျှတသည်ဟု ခံစားနေရသောကြောင် မျက်ရည်ဝဲမိမြားမားမတ်မတ် ရပ်တည်ပေးနေသည် မဟုတ်ပါလား။
ကျွင်းချောင်ရှောင်းသည် အသာလှမ်းကြည့်ပြီးနောက် လေးနက်သည့် အမူအရာဖြင့် ပြောလိုက်၏။ "မင်းက ဒီပွဲကို ရှုံးနိမ့်သွားတယ်ဆိုရင်တောင်မှ ငါ့မျက်လုံးထဲမှာတော့ မင်းက မျှမျှတတနဲ့ အနိုင်ယူလိုက်တာပဲ"
"ကောင်လေး …"
ဝူတန်စာမေးပွဲကို တာဝန်ယူထားသည့်လူသည် ခပ်တည်တည်ဖြင့် ပြောလိုက်၏။ "မင်းဒီကိုရောက်လာပြီးတော့ ပြဿနာရှာနေတာလို့ပဲ ငါထင်တယ်။ ဟုတ်ပြီလား"
ဟုတ်ပေသည်။ ကုန်းရှန့်၏ အမူအကျင့်အရဆိုလျှင် သုံးရက်တစ်ခါလောက်မှ ပြဿနာမရှာရလျှင် စားမဝင်၊ အိပ်မပျော်ပင် ဖြစ်ပေလိမ့်မည်။
"ဒီလိုမျိုး အဆင့်အတန်းမြင့်မားတဲ့ ပွဲတစ်ခုမှာ ညစ်ပတ်လှည့်ဖြားမှုကို လုပ်ထားတယ်"
ကျွင်းချောင်ရှောင်းသည် သူ၏လက်မှတ်ကို မြောက်ကာ ဆွဲဖြဲလိုက်၏။ ပြီးနောက် ဒေါသတကြီးဖြင့် ပြောလိုက် ၏။ "ကျုပ် ပိုက်ဆံတွေက သဲထဲရေသွန်ဖြစ်ပြီပဲ"
"သူ့ကို ဆွဲထုတ်လိုက်ကြစမ်း"
ဝူတန်စာမေးပွဲ၏ တာဝန်ရှိသူသည် အော်ဟစ် အမိန့်ပေးလိုက်သည်။
ဝှစ် ……။
တာဝန်ယူထားသည့် သိုင်းပညာရှင်များသည် ရှေ့ဆီသို့ လှမ်းတက်လိုက်၏။
"မလိုဘူး"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ကျုပ်ဘာသာကျုပ် ထွက်သွားမယ်"
ပြီးနောက် သူသည် ရှောင်ကျီ၊ရီရှင်းချန်တို့ကိုခေါ်ကာ ထွက်လာခဲ့၏။
"ကောင်လေး "
အဝင်ဝဆီသို့ ရောက်သည့်အခါမှာတော့ ကျွင်းချောင်ရှောင်းသည် ခေါင်းကိုအသာလှည့်ကာဖြင့် စွန်းမုချန်ကို ကြည့်ကာပြောလိုက်သည်။ "ဒီဝူတန်းစာသင်ကျောင်းက မင်းနဲ့ မထိုက်တန်ဘူး။ တကယ်လို့ ပိုပြီး အားကောင်းချင်ရင် ပြိုင်စံရှားဂိုဏ်းဆီလာပြီး ငါ့ကိုရှာ"
ဂုဏ်သိက္ခာထည်ဝါပြီး ကြည်လင်ပြတ်သားသည့် အသံတစ်ခုသည် သူ့၏စိတ်ကို လှုပ်ရှားစေခဲ့၏။
"ပြိုင်စံရှားဂိုဏ်း ဟုတ်လား"
ပွဲထဲတွင် ရှိနေကြသော သိုင်းကျင့်ကြံသူများသည်လည်း ချက်ချင်းပဲ စတင်ကာ ဆွေးနွေးလိုက်ကြ၏။ ဤဂိုဏ်းနှင့်ပတ်သက်သော သတင်းသည် မြို့ထဲတွင် ဟုန်းဟုန်းတောက် ကျော်ကြားလျက်ရှိနေသည်။
မူလအားဖြင့် ကုန်းရှန့်အား ဆွဲထုတ်ရန်ပြင်ဆင်နေကြသည့် လုံခြုံရေးအဖွဲ့ဝင်များသည် နှောင့်နှေးသွားကြ၏။ အဘယ့်ကြောင့်ဆိုသော် ဤဂိုဏ်းသည် အင်ပါရီယန်နတ်ဓားဂိုဏ်းနှင့် ရေခဲဓားမော့ဂိုဏ်းကဲ့သို့ ရွှမ်အဆင့်ဂိုဏ်းများကိုပင် ထိခိုက်ဒဏ်ရာရအောင် ပြုလုပ်ခဲ့သည်ဟု သူတို့ကြားခဲ့ရ၏။
ဝူတန်စာသင်ကျောင်းသည် လင်းယွမ်မြို့တွင် ကျော်ကြားလှသည့် စာသင်ကျောင်းတစ်ခု ဖြစ်သည်ဆိုသော်လည်း အားကောင်းလှသည့် ဂိုဏ်းတစ်ခု မဟုတ်ချေ။ ကြီးမားလှသည့် ရွှမ်အဆင့် ဂိုဏ်းများကြားထဲတွင် ကွာခြားချက်ကတော့ ရှိလို့နေသေးသည်။
"ခင်ဗျား … ဘယ်သူလဲ" စွန်းမုချန်သည် အော်ဟစ်ကာ မေးမြန်းလိုက်၏။
ကျွင်းချောင်ရှောင်းသည် ရပ်တန့်လိုက်၏။ ပြီးနောက် များပြားလှသည့်လူများ၏ အကြည့်အောက်တွင် ကျောပေးကာ တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။ "ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ"
"ကျုပ်လာခဲ့မယ်"
စွန်းမုချန်သည် မျက်လုံးထောင့်တွင် ကျဆင်းနေသော မျက်ရည်များကို အသာသုတ်ကာ ပြောလိုက်၏။ "ပြိုင်စံရှားဂိုဏ်းကို ကျုပ်ကိုယ်တိုင်လာခဲ့မယ်"
အပြင်ဖက်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ တပည့်နှစ်ယောက်နှင့်အတူ မြန်မြန်ဆန်ဆန် လျှောက်လှမ်းလျက် ရှိနေ၏။
"ငကြောင်လို လုပ်မနေနဲ့"
စနစ်က ပြောလိုက်သည်။ "မင်းကိုကြည့်ရတာ ထွက်ပြေးနေသလိုပဲ"
"တော်စမ်း"
ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ ကြိတ်ကာရေရွတ်လျက်ရှိ၏။
ပြီးနောက် ဖြစ်နိုင်သမျှ အမြန်ဆုံး ဂိုဏ်းဆီသို့ ပြန်လာခဲ့၏။ လင်းယွမ်မြို့ရှိ ဝူတန်စာသင်ကျောင်းသည် အဖွဲ့ (ခ) နှင့် အဖွဲ့ (ဂ) တို့၏ ယှဉ်ပြိုင်မှုကို ဆက်လက်ကာ ပြုလုပ်နေသည်။
ထို့ကြောင့် သူတို့အား ဝင်ရောက်ကာ တားဆီးခဲ့သည့် လူအကြောင်းနှင့် ထပ်မံကာ တွေးတောခြင်းပင် မပြုလုပ်ကြတော့ချေ။
ထို့ကြောင့် ကျွင်းချောင်ရှောင်း သည် ပြိုင်စံရှားဂိုဏ်း အခြေချရာ အင်မော်တယ်တောင်တန်းဆီသို့ လုံလုံခြုံခြုံနှင့် ပြန်လာခွင့်ရရှိခဲ့၏။
"ဒါက မတရား ယုတ်မာလွန်းတယ်"
အဓိဟောခန်းထဲမှာတော့ ….
ကျွင်းချောင်ရှောင်းသည် ထိုင်ကာဖြင့် မကျေမချမ်း ပြောလိုက်မိ၏။ "ငါတို့ပြိုင်စံရှားဂိုဏ်းက အထက်နယ်မြေကို ရောက်လာပြီဆိုမှတော့ ဒီလိုပါရမီရှင်မျိုးကို လက်လွတ်မပေးသင့်ဘူး"
"ဂိုဏ်းချုပ်"
နောက်တစ်ရက်မှာတော့ လီချင်းယန်သည် အသာလျှောက်ဝင်လာကာ သတင်းပို့လေသည်။ "တောင်ခြေမှာ စွန်းမုချန်ဆိုတဲ့ လူငယ်လေးတစ်ယောက် က တွေ့ဖို့ ခွင့်တောင်းနေပါတယ်"
"မြန်လှချည်လား"
ကျွင်းချောင်ရှောင်းသည် အနည်းငယ် အံ့အားသင့်မိသွား၏။ သို့ပေမဲ့ သူသည် ချက်ချင်းပဲ ပြောလိုက်၏။ "သူ့ကို ဝင်ခိုင်းလိုက်"
ပြိုင်စံရှားဂိုဏ်း …..။
အဓိကဟောခန်း ………
လီချင်းယန်ခေါ်ဆောင်လာသော စွန်းမုချန်သည် စားပွဲ၏ထိပ်ဆုံးတွင် ထိုင်နေသော ကျွင်းချောင်ရှောင်းကို မြင်ရသည့်အချိန်မှာတော့ ချက်ချင်းပဲ အတည်ပြုလိုက်နိုင်ခဲ့သည်။
"ခင်ဗျားက တစ်ကယ်ပဲ ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကိုး"
ပထမတုန်းက မိမိကိုယ်ကိုယ် ပြိုင်စံရှားဂိုဏ်းချုပ်ဟု ပြောဆိုခဲ့သူအား သူသည် သံဃယဖြစ်လို့နေခဲ့၏။ သို့ပေမဲ့ သေသေချာချာ စဉ်းစားပြီးနောက် ဖန်းချီအင်မော်တယ်တောင်တန်းကို သွားရောက်ရန် ဆုံးဖြတ်လိုက်၏။
ဒုတိယဦးလေးပြောသည်ကို ပြန်လည်ကြားယောင်ပြီးနောက် သူသည် အလွန်ပဲစိတ်ဝင်စားလျက်ရှိ၏။ အဓိကအကြောင်းအရာအားဖြင့် သူသည် ဝူတန်စာမေးပွဲကို မအောင်မြင်ခဲ့သည့်အပြင် ကြားထဲတွင် ယုတ်မာကောက်ကျစ်သည့် ကိစ္စများကိုလည်း ပြုလုပ်ခံရသေးသည်။
ထို့ကြောင့်သူသည် အိမ်ကိုပြန်ရန် စိတ်မဝင်စားတော့ချေ။ ထိုကြောင့် ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်၏။ ပြောရမည်ဆိုလျှင် အရာကိစ္စအားလုံးကို လက်လွှတ်လိုက်ပြီဖြစ်၏။
"ငါက ဘာလို့မင်းကိုလိမ်ရမှာလဲ" ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ဆွစ်
စွန်းမုချန်သည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ "ကျေးဇူးပြုပြီး ကျောင်းသားအဖြစ် လက်ခံပေးပါ။"
"ငါက ကျောင်းသားတွေလက်မခံဘူး။ ဂိုဏ်းတပည့်ပဲ လက်ခံတာ"
"ဂိုဏ်းတပည့်ဆိုလည်း အဆင်ပြေပါတယ်"
"ချင်းယန် … သူ့ကိုဝင်ခွင့်ဖောင်ပေးလိုက်"
ရိုးရာအတိုင်း ဝင်ခွင့်ကိစ္စများကို ဖြည့်ပြီးနောက် ကျွင်းချောင်ရှောင်းသည် အလျင်အမြန်ပဲ ဂိုဏ်းချုပ်တံဆိပ်တုံးကို ထုကာပြောလိုက်သည်။ "မင်းက ဒီနေကစပြီးတော့ ပြိုင်စံရှားဂိုဏ်းရဲ့ တပည့်တစ်ယောက်ပဲ"
"ကျုပ်က တပည့်တစ်ယောက် ဖြစ်သွားပြီလား"
စွန်းမုချန်သည် အနည်းငယ် ဇဝေဇဝါဖြစ်သွား၏။ သူသိသလောက်ဆိုလျှင် ဂိုဏ်းတစ်ခု ကိုဝင်ရောက်ခြင်းဆိုသည်မှာ လိုအပ်သည့်စာမေးပွဲများကို ဖြေရသေို့ပေမဲ့ နာမည်နှင့်လိပ်စာကို ဖြည့်သွင်းပြီးရုံဖြင့် တပည့်အဖြစ် လက်ခံခဲ့၏။ အနည်းငယ်တော့ ကလေးဆန်လှချေသည်။
သူ့အနေဖြင့် ရီရှင်းချန်ကို အနိုင်ယူပြီးနောက် လိုအပ်သည့်အရည်အချင်း ပြည့်မီသွားခဲ့ပြီ ဖြစ်ကြောင်း ကျွင်းချောင်ရှောင်း သတ်မှတ်ခဲ့သည်ကို သိရှိလိမ့်မည် မဟုတ်ချေ။
ပြိုင်စံရှားဂိုဏ်းသည် အထက်နယ်မြေကို တက်လှမ်းပြီးနောက် ပထမဆုံးတပည့်လက်ခံသည့်အနေဖြင့် ရိုးရာအတိုင်း ပြုစုခြင်းကို ခံရတော့၏။
ထို့ကြောင့် စုရှောင်မိုနှင့် လီဖေးတို့သည် ဘောလုံးနှင့်အတူ လေ့ကျင့်ရေးကွင်းတွင် စောင့်လျက်ရှိနေသည်။
အနည်းငယ်ကြာပြီးနောက် စွန်းမုချန်သည် အဓိကဟောခန်းအတွင်းမှ ထွက်လျှောက်လာ၏။
"သူလာပြီ။ သူလာပြီပဲ"
မြို့၏မျှော်စင်ပေါ်တွင် အသာစောင့်ကြည့်လျက်ရှိနေသော လီထျန်းထျန်းသည် အသံပို့လွှတ်လိုက်သည်။
ဘုန်း ဘုန်း
မျက်စိတစ်မှိတ်အတွင်းမှာပဲ ဘောလုံးတစ်လုံးသည် သူ၏ရှေ့သို့ ရောက်ရှိလာ၏။
ဟမ်
စွန်းမုချန်သည် မျက်မှောင်ကုတ်လိုက်မိ၏။ ပြီးနောက် ရှေ့သို့ တိုးလိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် လေထဲသို့ မြောက်တက်သွားပြီး ခြေထောက်တစ်ဖက်နှင့် ဘောလုံးကို အားယူ ကန်ကျောက်လိုက်သည်။
ဘန်း ဘန်း …..။
"ချီးတဲ့မှ"
ဘုန်း ဘုန်း ……။
ရှောင်ချိန်မရလိုက်သည့် စုရှောင်မိုနှင့် လီဖေးတို့မှာ တစ်ယောက်သည် မျက်နှာကို အကန်ခံလိုက်ရပြီး အခြားတစ်ယောက်မှာတော့ ဝမ်းဗိုက်ကို အကန်ခံလိုက်ရ၏။ ထို့အပြင် အဝေးတစ်နေရာရှိ နံရံ၌ နစ်မြုပ်နေလေ၏။
"သောက်ကျိုးနည်း….”
“ကျွမ်းကျင်သူ တစ်ယောက်ပါလား"