← Chapters

နှစ်ရက် အချိန်ပေးခြင်း

Vol. 96 Ch. 1341

နှစ်ရက် အချိန်ပေးခြင်း

Vol. 96 Ch. 1341

ကျန်လူများသည် ရှီမာယူယူ၏ အပြုအမူကို ထိတ်လန့်နေကြသည်။ မြူခိုးမည်းကြောင့် အမည်းလေးလည်း အရိုးပုံဖြစ်သွားမှာလား။

သို့သော် မကြာခင်ပင် အားလုံးပြန်သတိဝင်လာသည်။ အမည်းလေး ဝိညာဉ်အတားအဆီးပေါ်ကျသည်နှင့် မြူခိုးမည်းသည် ရှောင်ပြီးသားဖြစ်လေ သည်။

သည်တစ်ကြိမ်မှာလည်း အတူတူပင်။ မြူခိုးမည်းသည် အမည်းလေးကျ သောနေရာတွင် ပျောက်ကွယ်သွားလေသည်။

အမည်းလေးသည် ရှီမာယူယူ ထိုသို့ပစ်လိုက်ခြင်းကြောင့် ဝမ်းနည်းသွား သည်။ ရှီမာယူယူက သူ့ကို ဒီအတိုင်းပစ်ချလိုက်တာပဲ။ ထိုဝမ်းနည်းမှုသည် ဒေါသအဖြစ်ပြောင်းသွားလေသည်။ သို့သော် သူသည် ဒေါသကိုရှီမာယူယူ အပေါ်ပုံမချဘဲ မြူခိုးမည်းဆီသို့ ဒေါသအကုန်ပုံချလိုက်လေသည်။

သူသည် ကျောကိုခုံးလိုက်ပြီး ခန္ဓာကိုယ်မှ အမွေးများထောင်အောင်လုပ် လိုက်သည်။ သူသည် ညည်းသံလုပ်ကာ မြူခိုးမည်းကို တိုက်ခိုက်ရန်ပြင်လိုက် သည်။

ရောင်ဝါသည် သူမောင်းထုတ်စဉ်ကထက် အဆပေါင်းများစွာ လေးလံ လေသည်။

ထိုအရာသည် မခံနိုင်တော့ဘဲ ပို၍ပင်ပြင်းထန်လာသည်။ ရှီမာယူယူ ဘာမှမပြောရခင်မှာပင် တိတ်ဆိတ်စွာပင် နောက်ဆုတ်သွားလေသည်။

လူပေါင်းများစွာ ကြိုးစားကြည့်သော်လည်း အလုပ်မဖြစ်ပေ။ သို့သော် ရှီမာယူယူ လုပ်လိုက်သည်နှင့် နှစ်မိနစ်အတွင်းတွင် ပြီးဆုံးလေသည်။ ပြောရန် ပင်မလိုတော့ပေ မြို့ထဲမှလူများကို မည်သူကယ်လိုက်သည်ကို သူတို့အားလုံး သိကြလေသည်။

ဝူမန်နှင့်အဖွဲ့သည် ရှီမာယူယူဆင်းသွားကတည်းကပင် မြူခိုးမည်းကို စောင့်ကြည့်နေခဲ့သည်။ မြူခိုးမည်း နောက်ဆုတ်သွားသဖြင့် စိတ်သက်သာရာ ရကြလေသည်။

သို့သော် လုံးဝစိတ်အေးသွားသည်တော့မဟုတ်ပေ။ ထိုအရာ နောက်ဆုတ်သွားသော်လည်း ကန်ထဲတွင် အပြင်းအထန်လှုပ်ရှားနေဆဲပစ် ဖြစ် သည်။ ချိပ်ပိတ်မထားဘဲ အမည်းလေးသာ ထိုနေရာတွင်မရှိပါက ပြန်ကန်ထွက် လာဦးမည်ဖြစ်သည်။

ကန်ကိုပိတ်ထားသော ချိပ်မှာ ပျက်စီးသွားခဲ့လေပြီ။ အခုချိန်တွင် တားရန် မည်သည့်အရာမှ မရှိတော့ပေ။ အချိန်မရွေးပြန်တက်လာနိုင်သည်။

ဝူမန်တို့ လေးယောက်အဖွဲ့သည် ပျံဆင်းသွားကာ ကန်၏ လေးဘက် လေးချက်တွင် ရပ်လိုက်ကြသည်။ ဝူမန်သည် ရှီမာယူယူဘေးသို့လာလိုက် သည်။

“နောက်ဆုံးတော့ ပြန်သွားလိုက်ပြီ ကျေးဇူးပဲ မိန်းကလေး” လော့ချီ အစပြုလေသည်။

ရှီမာယူယူသည် ကျေးဇူးတင်စကားကို မမျှော်လင့်ထားပေ။ သူမ ခေါင်းညိတ်လိုက်သည် “လူကြီးမင်း ယဉ်ကျေးလွန်းနေပါပြီ”

“လူကြီးမင်းလို့မခေါ်ပါနဲ့ မင်းကရှီမိသားစုရဲ့သမီးဆိုမှတော့ ရှီယူလိုပဲ ဦးလေးလော့လို့ခေါ်ပေါ့” လော့ချီ ပြောလိုက်သည် “ဒါနဲ့ မင်းနာမည်ကို အခုထိ မသိသေးဘူးပဲ”

ရှီမာယူယူ လန့်သွားသည်။ ထိုနေရာတွင် ရှီမာနာမည်နှင့် မျိုးနွယ်မရှိဟု ရှီယူပြောသည်ကို ကြားခဲ့သည်။ သူမ နာမည်ကိုပြောလိုက်ရင် မလိုအပ်တဲ့ ဆွဲငင်မှုတွေဖြစ်လာမယ်ထင်တယ်။

“ကျွန်မက ရှီချင်ပါ” သူမသည် ရှီယူ၏ နာမည်အတုကိုသုံးလိုက်သည်။

“မျိုးရိုးနာမည်ကလည်း ရှီပဲလား” လော့ချီ ပြောလိုက်သည်။

ရှီမာယူယူခေါင်းညိတ်လိုက်သည်။ ရှီမာရဲ့ပထမစာလုံးကလည်း ရှီပဲလေ။

“ဟုတ်ပြီ အခု နောက်တစ်ဆင့်ဘာလုပ်ရမလဲ စဉ်းစားရမယ်” ကျန်းဟောက်သည် မည်းနက်နေသော မျက်နှာဖြင့် ပြောလေသည်။

“ဘာလုပ်ရဦးမှာလဲ၊ အဲဒါကိုချိပ်ပိတ်ဖို့ နည်းလမ်းရှာဖို့ပဲရှိတာပေါ့” မောင့်ရှား ပြန်ဖြေလိုက်သည်။

“အရင်ချိပ်က မရှိတော့ဘူး သာမန်ချိပ်ဆိုလည်း အလုပ်မဖြစ်ဘူး” လော့ချီ ထပ်ပေါင်းပြောလိုက်သည်။

“အသုံးမဝင်ဘူးဆိုရင်‌တောင် နည်းလမ်းရှာရမယ်လေ” ဝူမန် ပြောလိုက် သည် “လူကို ဒီမှာစောင့်ခိုင်းလို့မရဘူးလေ”

“အဲဒါကဘာဖြစ်လို့လဲ” ကျန်းဟောက် ဆက်ပြောလေသည် “ငါတို့ မြို့ဝန် ကိုသွားရှာလိုက်လို့ သူမ ပြန်လာရင် ဒီကောင်မလေးက ဒီမှာနေဖို့မလိုတော့ဘူး လေ”

“မဖြစ်ဘူး” ဝူမန်သည် တည့်တိုးပင် ငြင်းဆန်လေသည်။

ရှီမာယူယူကို ဒီမှာအစောင့်အဖြစ် နေခိုင်းလို့ဘယ်ရမလဲ။ ဒီကျန်းဟောက် ကတော့ လက်စားချေဖို့အခွင့်အရေးယူနေတာပဲ။

“ဒီလိုထူးခြားတဲ့ အခြေအနေက အထူးတလည်ဂရုစိုက်ဖို့လိုတယ်လေ၊ သူမကို တစ်သက်လုံးနေသွားဖို့ပြောတာမှမဟုတ်တာ” ကျန်းဟောက် ပြော လိုက်သည်။

“လူကြီးမင်းကျန်းက ကျွန်မနဲ့ ဒီမှာနေချင်တယ်ဆိုရင် ရက်နည်းနည်း လောက်ထပ်စောင့်ရတာကို စိတ်မရှိပါဘူး” ရှီမာယူယူ အကြံပြုလိုက်သည် “လူကြီးမင်းကျန်း ဆန္ဒရှိရဲ့လား”

“ကျုပ်က တောင်ပိုင်းမြို့ကကိစ္စတွေအကုန်လုံးကို ကိုင်တယ်ရဦးမှာ၊ မင်းနဲ့အချိန်ဖြုန်းဖို့ ဘယ်မှာအချိန်ရှိလို့လဲ” ကျန်းဟောက်သည် ပြန်မစဉ်းစား ဘဲ ငြင်းလိုက်သည်။

“အိုး လူကြီးမင်းမှာလုပ်စရာရှိရင် ကျွန်မနဲ့ဒီမှာနေဖို့မလိုပါဘူး” ရှီမာယူယူသည် သူမ စကားများကိုဆွဲခေါ်သွားလိုက်သည် “ပြောရင်းနဲ့ ကျွန်မ လည်းလုပ်စရာရှိတာပဲ ဒီမှာနေလို့မရဘူး”

“မင်းမှာ ဘာလုပ်စရာရှိသေးလို့လဲ”

“ရှိတာပေါ့ အရမ်းကိုအရေးကြီးတဲ့ကိစ္စပဲ” ရှီမာယူယူ ပြန်ချေပလိုက် သည် “ဘာလို့လဲ လူကြီးမင်းကျန်းက အလုပ်များလို့ရတယ် ဒါပေမဲ့ ကျွန်မတို့ လို သာမန်လူတွေကျ အလုပ်များလို့မရဘူးလား”

“ကျုပ်က အဲဒါကိုမဟန့်တားနိုင်ဘူးလေ၊ နေထားရင်လည်း အသုံးဝင်မှာ မဟုတ်ဘူး၊ ကျုပ်မှာလည်း လုပ်စရာတွေရှိနေတယ်လေ”

“ရှင့်မှာအဟန့်အတားရှိမှ ဒီမှာနေရမယ်လို့ ဘယ်သူကသတ်မှတ်လိုက် တာလဲ၊ ရှင်က ကျွန်မကို ဘာတွေအကျိုးအမြတ်ပေးထားတာလဲ၊ ကျွန်မကို ရာထူးပေးနိုင်လား” ရှီမာယူယူသည် အေးစက်စွာ နှာမှုတ်လိုက်သည် “ရှင့်ကို အများဆုံး နှစ်ရက်ပေးမယ် အဲဒါကိုမှနည်းလမ်းမရှာနိုင်ရင် ဒီမှာ အတူနေရမယ်”

ရှီမာယူယူ၏ အမြင်တွင် ထိုလူများသည် တုံးအခြင်းမရှိဟု မြင်သည်။ နှစ်ရက်သည် သူတို့အတွက် နည်းလမ်းရှာရန်လုံလောက်သည်။

မထင်မှတ်စွာပင် အားလုံးသည် ရှက်ရွံ့စွာကြည့်ကြလေသည်။ ဝူမန်ပင် လျှင် မျက်မှောင်ကြုတ်လေသည်။

ရှီမာယူယူသည် တစ်ချက်ကြည့်လိုက်သည်နှင့် ပြောနိုင်သည်။ ထိုဖြေရှင်း နည်းမှာ ခက်ခဲလှသည်။ သို့သော် သူမနှင့်မဆိုင်သဖြင့် စိုးရိမ်နေရန်မလိုပေ။

သူမသည် ထိုနေရာတွင် သုံးလေးရက်သာ နေမည်။ သူမသည် အဖြစ်အပျက်ကို မသိခင်မှာပင် ထိုအရာကိုရင်ဆိုင်ရသည်။ အဲဒါကဘာလဲ ဇစ်မြစ်ကဘာလဲဆိုတာတောင် သိတာမဟုတ်ဘူးလေ။

ပြီးတော့ သူမက အစတုန်းက ကူညီချင်သေးတယ်။ ပြီးတော့ တစ္ဆေ မြို့တော် အခြေကျသွားရင် သူမအဖေကိုရှာမယ်။ ဒါပေမဲ့ ကျန်းမိသားစုရဲ့ ထောင်လွှားနေတဲ့ နောက်လိုက်တွေကြောင့် အဲဒီကြင်နာမှုက ယူပစ်သလို ပျောက်ကင်းသွားပြီလေ။

ပြီးနောက်တွင် ရှီမာယူယူသည် ခုံတစ်ခုံထုတ်ပြီး ဘေးတွင်ထိုင်လိုက် သည်။

ထိုအခါမှပင် သူမသည် မူစစ်ကို သတိရသွားတော့သည်။ တစ်ရက် ကုန်ဆုံး သွားကာ မူစစ်သည် အခုထိမစားရသေးပေ။ သူတို့သည် တစ်ရက်ကြာ အောင် ဘာမှမစားရသေးပေ။ ဒါဆိုရင် မူစစ်က တစ်ရက်နဲ့နှစ်ည ဘာမှမစားရ သေးတာပဲ။

သူမ လှည့်ပတ်ကြည့်ရာ မူစစ်ကိုမတွေ့မိပေ။ သူမသည် မျက်မှောင် ကြုတ်ကာ ရှီယူကို မေးလိုက်သည်။ “မူစစ်ရော”

ရှီယူလှည့်ကြည့်လိုက်သည်။ ထိုနေရာတွင် လူများလှသဖြင့် ဇာမဏီနက် သည် လူအုပ်အနောက်မှ မူစစ်နှင့်အတူပျံသန်းလာသည်။

“လာပါပြီ”

“သူ့ကို ဆင်းခိုင်းလိုက်”

ရှီမာယူယူ လုပ်ချင်သည့်အရာကို ရှီယူမသိသော်လည်း နာခံစွာပင် မူစစ် ကိုခေါ်လာလိုက်သည်။

မူစစ် ဆင်းလိုက်သည်နှင့် သူသည် ရှီမာယူယူ၏ အဝတ်ကိုဆွဲလိုက်သည်။ သူသည် စိုးရိမ်စွာဖြင့် မေးလိုက်သည် “အဆင်ပြေရဲ့လား”

“အဆင်ပြေတယ်လေ အကုန်လုံးမမြင်လိုက်ဘူးလား” ရှီမာယူယူသည် သူ့ကိုပြုံးပြလိုက်သည် “မင်းတစ်ရက်လုံး ဘာမှမစားရသေးဘူး ဗိုက်ဆာပြီလား”

မူစစ်သည် သူမစားရသေးသည်ကို သူမ မှတ်မိလိမ့်မည်ဟု ထင်မထား ပေ။ သူ့နှာခေါင်းများ နီလာသည်။ သို့သော် ခေါင်းယမ်းလိုက်သည် “ကျွန်တော် ဗိုက်မဆာပါဘူး”

သို့သော် သူ့ဗိုက်မှာ လိုက်မပူးပေါင်းပဲ အသံမြည်လာသည်။

တကယ်တော့ အစောပိုင်းက သူဗိုက်မဆာပေ။ ထိုအရာအားရင်ဆိုင်တွေ့ နေရပြီး ရှီမာယူယူကို စိုးရိမ်နေရသည်နှင့် အလွန်စိတ်လှုပ်ရှားနေကာ ဗိုက် မဆာခဲ့ပေ။ အခုရှီမာယူယူ ဘေးကင်းနေကာ သူမ ပြောမှပင် ဗိုက်ဆာလာ သည်။

“ဟုတ်တယ် မူစစ်စားဖို့လိုသေးတယ်ဆိုတာ ငါမေ့သွားတယ်” ရှီယူသည် မူစစ်ကို တောင်းပန်စွာဖြင့် ပခုံးကိုပုတ်လိုက်သည်။

“ဗိုက်ဆာနေမှတော့ ဘေးမှာစောင့်နေလိုက် ငါ စားဖို့လုပ်ပေးမယ်” ရှီမာယူယူသည် သူ၏ အိုးခွက်ပန်းကန်များကိုထုတ်လိုက်သည်။

ရှီမာယူယူ ထိုအရာများထုတ်သည်ကို မြင်သည်နှင့် အမည်းလေးသည် မျက်လုံးများ အရောင်တောက်လာကာ စတင်ဟောင်တော့သည်။

“ဒီတစ်ခါကို အမည်းလေး ပင်ပန်းသွားပြီ ခဏနေရင် မင်းကိုအရိုးကျွေး မယ်” ရှီမာယူယူ ရယ်မောလိုက်သည်။

အမည်းလေးသည် ခဏကြာအောင် စဉ်းစားလိုက်သည်။ အရင်နေရာတွေ ကခွေးတွေက အရိုးကိုအကြိုက်ဆုံးပဲ အဲတော့ သူလည်းအရိုးကြိုက်သင့်တာ ပေါ့။

သူသည် ပျော်ရွှင်စွာ အမြီးနှံ့ကာ ခွေးတစ်ကောင်ကဲ့သို့ လျှာတစ်လစ် ထုတ်လေသည်။

ရှီမာယူယူသည် နှုတ်ခမ်းများရပ်တန့်သွားသည်။ ဒီကောင်က သူ့ကိုယ်သူ ခွေးလို့တကယ်ထင်နေတာပဲ။

***

All Chapters