← Chapters

မိသားစုကဲ့သို့စားသောက်ခြင်း

Vol. 96 Ch. 1342

မိသားစုကဲ့သို့စားသောက်ခြင်း

Vol. 96 Ch. 1342

ရှီမာယူယူကွင်းထဲတွင် စားသောက်စရာများ ချက်ပြုတ်မည်ဟု လူထုမှာ မထင်မိပေ။ သူတို့သည် အနောက်မှ စတင်တီးတိုးပြောတော့သည်။

စပ်စုခြင်း၊ အထင်သေးခြင်း၊ မနှစ်မြို့ခြင်း၊ မှတ်ချက်မျိုးစုံသည် ကွင်းထဲ တွင် ဆူညံလာသည်။

မူစစ်သည် သူ့အသက်အရွယ်ထက် ပိုရင့်ကျင့်သော်လည်း သူသည် ၁၅နှစ် အရွယ် ကလေးသာရှိသေးသည်။ ထိုမျှလူပေါင်းများစွာ ဆွေးနွေးနေသည်ကို သူ စိတ်လှုပ်ရှားမိလေသည်။

“ယူ… ရှီချင်း ဒီလောက်လူအများကြီး စောင့်ကြည့်နေကြတာ အဆင်ပြေ ပါ့မလား ကျွန်တော် အခုဗိုက်မဆာဘူး”

“မင်းဗိုက်ကတောင်မြည်နေပြီ ဘာလို့ဗိုက်မဆာရမှာလဲ” ရှီမာယူယူ ပြော လိုက်သည် “သူတို့လုပ်ချင်သလို လုပ်ခိုင်းလိုက်၊ အသားကိုငမ်းတာလျော့သွား မှာမဟုတ်ဘူး”

“ဒါပေမဲ့…”

ရှီမာယူယူ မျက်နှာပျက်ရလိမ့်မည်ဟု သူပြောချင်မိသည်။ သို့သော် သူမ စကားဖြတ်ပြောလေသည်။

“မူစစ် တစ်ခါတလေမှာ သူများတွေ ဘာပြောလဲဆိုတာကို ဂရုစိုက်စရာ မလိုဘူး၊ ကိုယ့်ကိုယ်ကိုလည်း စိတ်ညစ်မခံနဲ့” ရှီမာယူယူ ပြောလိုက်သည် “မင်း ဗိုက်ဆာတယ်ဆိုရင် လူတွေဘယ်လိုကြည့်နေတယ်ဆိုတာကို ဂရုမစိုက်နဲ့၊ အရေးအကြီးဆုံးက ဗိုက်ပြည့်အောင်စားဖို့ပဲ နားလည်လား၊ မင်းအပြင်လောက က အကြည့်တွေကိုလျစ်လျူရှုတတ်ဖို့သင်ရမယ်၊ ကိုယ့်ပုံစံက စစ်မှန်ရမယ်”

“စစ်မှန်ရမယ်ဟုတ်လား”

“ဟုတ်တယ် မင်းပုံစံနဲ့မင်းနေရမယ်၊ မင်းချစ်တဲ့သူတွေ မင်းဂရုစိုက်တဲ့လူ တွေ… တခြားသူတွေကိုတော့ မင်း သူတို့ကို ဂရုစိုက်စရာမလိုဘူး” ရှီမာယူယူ ရှင်းပြလေသည် “အဲတော့ အခုအရင်ဦးစားပေးက မင်းဗိုက်ကိုဖြည့်ရမှာပဲ၊ လူတွေ မင်းကိုဘယ်လိုကြည့်လဲဆိုတာ စဉ်းစားစရာမလိုဘူး နားလည်လား”

မူစစ်သည် ရှီမာယူယူကို ကြည့်လိုက်သည်။ သူမ စကားများကို သူ့ကိုယ် သူ တီးတိုးပြောကြည့်ရာ နားလည်လာသလိုပင်။

ရှီမာယူယူသည် ထပ်မပြောတော့ပေ။ ဒီကလေးက အလိုလို အရည်အချင်းရှိပြီးသား။ ပြီးတော့ ပုံမှန်ဆိုရင် လူတွေကိုဂရုမစိုက်တတ်ပါဘူး။ တကယ်တော့ သူဘယ်တုန်းကမှလဲ ဂရုစိုက်ခဲ့တာမဟုတ်ဘူး။

ရှီမာယူယူ ချက်ပြုတ်နေသည်ကို ရှီယူမြင်သောအခါ သူမ မည်သည့် ဟင်းလျာများ ချက်ပြုတ်နေသည်ကို ဂရုမစိုက်ဘဲ အော်လေသည် “အိုး ဒီနေ့ တော့ အရသာရှိတာလေး စားရတော့မယ်”

“မင်းကတော့ စားဖို့ပဲသိတယ်၊ မွေးစားအဖေရှိသေးတယ်မလား အဲတော့ မြန်မြန်ထသွားလိုက်တော့” ရှီမာယူယူသည် သူမ စိတ်လှုပ်ရှားနေသည်ကို မျက်လုံးလှိမ့်ပြလိုက်သည်။

“အဖေက စိတ်ထဲမထားပါဘူး နောက်တစ်ခါဆိုရင် မင်းဟင်းတွေကို သူတို့ကို မြည်းကြည့်ခိုင်းလိုက် သူတို့ကြိုက်သွားမှာပဲ”

ရှီယူ စားသောက်မှုကြိုက်နှစ်သက်သည်ကို ကြည့်သည်နှင့် ကျန်သည့် ရှီမိသားစုမှာလည်း ထို့အတူပင်ဖြစ်မည်။ မဟုတ်လျှင် ဒီလို အစားအသောက် ခုံမင်တဲ့သူကို ဘယ်လိုမွေးထုတ်နိုင်မှာလဲ.

သူမ ထိုအတိုင်းတွေးမိသည်နှင့် သူမ အစ်ကိုများနှင့် အဘိုးတို့သည် အရင် က အစားအသောက်ခုံမင်သူများ မဟုတ်ကြသည်ကို အမှတ်ရသွားသည်။ သူတို့ သည် သူမကြောင့် ပြောင်းလဲသွားခြင်းဖြစ်သည်။

“မွေးစားအဖေနဲ့ တခြားသူတွေပြန်သွားပြီလား၊ မပြန်သေးရင် သူတို့ကိုပါ မြည်းခိုင်းတာပေါ့” ရှီမာယူယူ အကြံပြုလိုက်သည်။

“ရတာပေါ့ ရတာပေါ့၊ ဒါပေမဲ့ သူတို့ကိုပို့ပေးဖို့ မလိုဘူးထင်တယ်၊ သူတို့ အနံ့ရရင် ဆင်းလာကြလိမ့်မယ်” ရှီယူသည် သူမအစ်ကိုများကို ကောင်းစွာ သိ သည်။

“ဒါဆိုရင် ငါပိုချက်လိုက်မယ်” ရှီမာယူယူ ထိုသို့ပြောပြီးသည်နှင့် ပါဝင် ပစ္စည်းများ ပိုထုတ်လိုက်သည်။

မကြာမီတွင် အစားအသောက်အနံ့သည် ကွင်းတစ်ခုလုံးမွှေးကြိုင်သွား လေသည်။

ရှီယူ ပြောသလိုပင် သူတို့ အစားအသောက်မပို့ခင်တွင် ရှီမိသားစုသည် ပူပူနွေးနွေးအစားအစာများ၏ အနံ့ကိုရပြီးနောက် ဆင်းလာကြလေသည်။

“ကောင်မလေး မင်းလုပ်ထားတာလား ဒီလောက်မွှေးတာကိုလေ” ရှီမိသားစု၏ အစ်ကို၃သည် အခြေအနေကို ပိုပြီးလိုက်လျောညီထွေဖြစ်အောင် လုပ်နိုင်သည်။ ရှီမာယူယူသည် အခုချိန်တွင် သူတို့၏ ညီမလေးဖြစ်လာမှတော့ ယဉ်ကျေးစရာမလိုတော့ဘူးလေ။

“ဘာမှတော့ မဟုတ်ပါဘူး ကျွန်မမူစစ်အတွက် ချက်လိုက်တာပါ၊ အထင် မသေးဘူးဆိုရင်တော့ အတူတူစားရအောင်လေ” ရှီမာယူယူသည် ချက်ပြုတ်၍ မပြီးသေးပေ။ သူမ ခေါင်းမော့ပြီး သူတို့ကိုပြုံးပြလိုက်သည် “ကျွန်မ ချက်ပြုတ် လို့မပြီးသေးဘူး အရင်စားလို့ရပါတယ် အေးသွားရင် အရသာမရှိတော့ဘူး”

ရှီမိသားစုညီအစ်ကိုများသည် သူမအခေါ်ကို စောင့်နေခြင်းဖြစ်သည်။ သူမ ခေါ်လိုက်သည်နှင့် ချက်ချင်းပင် စားပွဲတွင်ဝင်ထိုင်ကာ အသားကင်ကို စတင်စားကြလေသည်။

“အစ်ကို၃ ညီမပြောမယ် ညီမလေးရဲ့အသားကင်က တကယ်အရသာရှိ တာ၊ အသီးဝိုင်နဲ့များတွဲလိုက်ရင် ပိုပြီးတောင်အရသာရှိသေးတယ်” ရှီယူသည် စားရင်းနှင့် မှတ်ချက်ပေးလေသည်။

ရှီမာယူယူသည် သူ၏ အလောကြီးသော အကြည့်ကို မြင်လိုက်သည်။ သူ သည် ဝိုင်ချစ်သူဆိုသည်ကို သူမ ပြောနိုင်သည်။ သူမသည် အသီးဝိုင်နှစ်ကရား နှင့် ဝိုင်ပြင်းတစ်ကရားထုတ်လိုက်ကာ သူတို့ကိုပစ်ပေးလိုက်သည်။

“အသီးဝိုင်က မပြင်းဘူး၊ သောက်နေမကျရင် ဒီဝိညာဉ်ဝိုင်ကို စမ်း သောက်ကြည့်၊ အရသာအရမ်းကောင်းတယ်”

“အသီးဝိုင်ဟုတ်လား ဝိညာဉ်အသီးနဲ့ချက်ထားတာလား” ရှီမိသားစု၏ အစ်ကို၃သည် အဖုံးဖွင့်ကာ အသီးဝိုင်တစ်ကျိုက်သောက်လိုက်သည်။

“ဟုတ်တယ် အသီးနဲ့ချက်ထားတာဆိုတော့ သေရည်ပါဝင်မှုကမမြင့်ဘူး ဝိညာဉ်လည်း ထည့်ထားတယ်၊ ကြိုက်သလောက် သောက်လို့ရပါတယ်” ရှီမာယူယူ ပြောလိုက်သည်။

“အကုန်လုံး သောက်ကြည့်မယ်၊ အရင်က အသီးဝိုင်ကိုမသောက်ဖူးဘူး၊ ဝိညာဉ်အသီးကိုလည်း ဝိုင်ဖြစ်အောင်ချက်လို့ရမယ်လို့ တစ်ခါမှမတွေးဖူးဘူး” ရှီမိသားစု၏ အစ်ကို၃သည် သွားဖြဲကာ အားလုံးကို တစ်ပန်းကန်စီ လောင်းထည့်ပေးလိုက်သည်။ သူ့ရှေ့မှ မူစစ်ကိုပင် တစ်ပန်းကန်ပေးလိုက်သေး သည်။

အရင်လိုသာဆိုလျှင် သာမန်လူနှင့် အတူထိုင်ရန်မဖြစ်နိုင်ပေ။ သူတို့ ဂုဏ် ပုဒ်ကိုကျော်လွန်ပြီး တခြားသူအတွက် သေရည်ထည့်ပေးရန်လည်း မဖြစ်နိုင် ပေ။ သို့သော် ယနေ့တွင် ဟင်းလျာများသည် မူစစ်အတွက် ချက်ပေးခြင်းဖြစ် သည်။ ရှီမာယူယူက သူ့ကိုဒီလောက်ဂရုစိုက်မှတော့ သူရှိတာကိုလျစ်လျူရှုလို့ မရတော့ဘူးလေ။

“အသီးဝိုင် အရသာကတကယ်ကောင်းတာပဲ၊ သောက်လိုက်တာနဲ့ စွမ်းအင်တွေ စီးဆင်းသွားတာကို ခံစားလို့ရတယ် အာ… အဲဒါကိုစုပ်ယူလို့ရလား” ရှီမိသားစု၏ အစ်ကို၃သည် ဝိုင်ပန်းကန်အား တအံ့တဩကြည့်လေသည်။

“ရတယ်၊ ဒါပေမဲ့ ဝိညာဉ်အသီးမှာ ဝိညာဉ်စွမ်းအင် အများကြီးမပါဘူး၊ ဒီဝိညာဉ်စွမ်းအင်က မဖြစ်စလောက်လေးပါ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

ထိုဝိညာဉ်ဝိုင်များသည် ဝိညာဉ်လေး အမှောင်အရည်အချင်းဝိညာဉ်အသီး များဖြင့် ချက်ထားသော ဝိုင်များဖြစ်သည်။ ထိုအရာများသည် ဒိကျဲ့အတွက် ချက်ထားခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ဝိညာဉ်စေတီအတွင်း၌ အမှောင် အရည်အချင်း ပစ္စည်းများတွေ့သဖြင့် သူမ လုပ်ထားလိုက်ခြင်းဖြစ်သည်။

မူစစ်အတွက် ချက်ပြုတ်ပေးသော အစားအသောက်မှာလည်း အမှောင် အရည်အချင်းပင်ဖြစ်လေသည်။

“ဝိညာဉ်အသီးကို ဒီလိုလုပ်လို့ရမယ်လို့ တကယ်ထင်မထားဘူး၊ ဒီဝိညာဉ် ဝိုင်က ဝိညာဉ်အသီးထက် အရသာပိုလေးတယ်၊ သေရည်တော့ နည်းနည်းလို နေတယ်” ရှီမသားစု အစ်ကို၂သည် တစ်ငုံသောက်ကြည့်လေသည်။

“ဒါဆိုရင် အစ်ကို၂ ဝိုင်ပြင်းပြင်းလေးသောက်ကြည့်” ရှီမာယူယူသည် ဘေးမှ သတိပေးလေသည်။

ရှီမိသားစု အစ်ကို၂သည် ဝိုင်းပြင်းတစ်ကရားကို ပန်းကန်လုံးထဲလောင်း ထည့်လိုက်သည်။ သူသည် ဝိုင်အနံ့ပြင်းပြင်းကို ရလိုက်သည်။ မသောက်ခင်ပင် အရသာကောင်းမည်ကို သူ ထင်ထားပြီးသားဖြစ်သည်။

သူသည် တစ်ငုံသောက်လိုက်ရာ ချက်ချင်းပင် သေရည်အပြင်းအား စွဲမက် သွားလေသည်။ သူ သဘောကျသည်ကို ရှီမာယူယူသိသည်။

သူမသည် အသီးအရွက်ကြော်ပြီးနောက် သူတို့ဆီသို့ယူလာလိုက်သည်။  “ပုံမှန်ဆိုရင်တော့ ဒါတွေလုပ်နေကျပဲ မွေးစားအဖေနဲ့ အစ်ကိုတို့အားလုံး ကြိုက်ဖို့မျှော်လင့်ပါတယ်”

“ဟားဟား မင်းချက်ပေးတဲ့ အစားအစာတွေစားတာ ပထမဆုံးပဲ နောက် ဆိုရင်လည်း မကြာမကြာချက်ပေးပေါ့”

“ဟုတ်ကဲ့”

ရှီမာယူယူ ချက်ပြုတ်သည်မှာ အလွန်မြန်ဆန်သည်။ အကြောင်းမှာ ဟင်းလျာများစွာကို တစ်ချိန်တည်း ချက်ပြုတ်၍ဖြစ်သည်။ ဟင်းလျာများ ချက်ပြုတ်ရန် အချိန်အများကြီးမလိုလိုက်ပေ။

အပြင်မှလူများသည် ထွက်မသွားပေ။ သူတို့ရှေ့တွင်ပင် ရှီမာယူယူ ဟင်းလျာများ စားပွဲအပြည့်ပြင်ဆင်လိမ့်မည်ဟု သူတို့ထင်မထားကြပေ။ ထို့အပြင် ရှီမိသားစုသည် စားသောက်နေကြသည်။

“ဒါက တစ္ဆေမြို့တော်ရဲ့တားမြစ်ဧရိယာပဲ ဘယ်လိုလုပ်ပြီး ဒီမှာ ချက်ပြုတ်နေရတာလဲ” ကျန်းဟောက် မနေနိုင်တော့သဖြင့် မေးခွန်းထုတ်လိုက် သည်။

သူတိ့လေးယောက်သည် ဖြစ်လာမည့်ကိစ္စများကို ဆွေးနွေးနေကြသည်။ သူတို့သည် ရှီမာယူယူ ဟင်းလျာများ ပြင်ဆင်နေသည်ကို သိသော်လည်း အာရုံ မထားမိကြပေ။ ထိုနေရာတွင်ပင် စားသောက်လိမ့်မည်ဟု သူတို့ထင်မထားကြ ပေ။

ရှီမာယူယူသည် ခေါင်းမော့ပြီး မျက်တောင်ခတ်လေသည် “ဒီမှာမချက်ရင် တခြားနေရာမှာသွားချက်စေချင်တာလား”

***

All Chapters