← Chapters

အဖြေရှာခြင်း

Vol. 96 Ch. 1343

အဖြေရှာခြင်း

Vol. 96 Ch. 1343

အမည်းလေးသည် ထိုနေရာတွင်စောင့်နေရန်လိုသည်။ အဲတော့ သူမ ဘယ်လိုလုပ် ကွင်းကနေထွက်သွားမှာလဲ။ သူမ ချက်ပြုတ်ချင်သေးတယ်လေ၊ ဒီကလွဲပြီးဘယ်မှာသွားချက်ရမှာလဲ။

“ရှင်တို့ မြန်မြန်သာ အဖြေစဉ်းစားသင့်တယ်” ရှီမာယူယူ ပြောလိုက်သည် “နှစ်ရက်က အရမ်းမြန်တာ အဲဒါပြီးရင် ကျွန်မလည်းထွက်သွားမှာ”

ဝူမန်သည် မျက်ခုံးများကို ပင့်လိုက်သည်။ သူမ အသံသည် စိုးရိမ်သံမပါ သည်မှာ ကစားသလိုဖြစ်နေသည်။

သူမသည် ကျန်းဟောက်၏အဖွဲ့ကို ကြည့်လိုက်သည်။ သူမသည် ယပ်တောင်ကို မြောက်လိုက်သော်လည်း ဘာမှဝင်မပြောပေ။

တချို့လူတွေက တစ်ခါတလေကျတော့လည်း လှည့်စားတာခံဖို့သင့် တယ်။

လော့ချီနှင့် တခြားသူများသည် ထိုအရာပေါ်တွင် စောဒကမတက်ပေ။ သူတို့သည် မျက်မှောင်ကြုတ်ရုံသာကြုတ်ကာ ဘာမှမပြောကြပေ။

“ကောင်းပြီလေ သူမအခုဒီကနေမှ ထွက်သွားလို့မရတာ ဘာလို့ သူမကို သွားနှောင့်ယှက်နေမှာလဲ၊ အစီအစဉ်ကိုသာ ဆက်စဉ်းစားရအောင်” မောင့်ရှား ပြောလိုက်သည်။

“ဟင်း” ကျန်းဟောက်သည် မကျေမနပ်ဖြင့် နှာမှုတ်လိုက်သည် “မင်းတို့ အားလုံး သူမကို လွတ်ထားတာပဲ သူမက ကလေးပဲရှိသေးတယ်”

“အခုတော့ ဒီအရာကြီးကို ကိုင်တွယ်နိုင်တဲ့သူက သူမတစ်ယောက်တည်း လေ၊ သူမကို လွတ်မထားရင် သူမကိုဒေါသထွက်ပြီး ခုနကလိုပြန်ဖြစ်ချင်တာ လား” မောင့်ရှား ပြန်ချေပလိုက်သည်။

“ကောင်းပြီ မြန်မြန်လေး အဖြေရှာကြမယ်” လော့ချီသည် မကျေမနပ်ဖြင့် ပြောလိုက်သည်။

ကျန်းဟောက်သည် အရင်ဖြစ်ခဲ့သည်များ ပြန်ဖြစ်နေသလိုပင်။ ဒီလို သံသယရှိတာက ကြိုမမြင်နိုင်ဘူးပဲ။

“ဘာလုပ်နိုင်ဦးမှာလဲ၊ ငါတို့ပြန်သွားပြီး မြို့ထဲက ရှေးဟောင်းစာအုပ်တွေ ထဲက ချိပ်ပိတ်ဖို့နည်းလမ်းကိုရှာရုံပဲရှိတာပေါ့” ကျန်းဟောက် ပြောလိုက်သည်။

“ငါတို့ အဲလောက်ပဲလုပ်နိုင်တယ်၊ ရှေးဟောင်းစာအုပ်တွေကအများကြီး ပဲ၊ ကူညီဖို့ လူတွေပိုလိုတယ်” ဝူမန် ပြောလိုက်သည်။

ရှီယူသည် ဘေးမှစားရင်းနှင့် ဝူမန်တင်းမာနေသည်ကို မြင်လိုက်သည်။ သူမ မေးလိုက်သည် “အဒေါ်မန် အဒေါ်တို့လေးယောက်က သခင်တွေပဲလေ အဲဒီကိုချိပ်မပိတ်နိုင်ဘူးလား”

“မပိတ်နိုင်ဘူး” ဝူမန်သည် အမှန်ကိုပြောလိုက်သည်။ ရှက်စရာကောင်း သည်ဟု သူမ မခံစားရပေ။

“မင်းတောင် လုပ်လို့မရဘူးလား” ရှီယူတင်မဟုတ်ဘဲ ကျန်သော ရှီမိသားစုများပင် အံ့ဩကြလေသည်။

တားမြစ်ဧရိယာမှ အရာသည် မြို့လုံခြုံရေးနှင့် ဆက်စပ်နေသည်။ ထို အကြောင်းကို လူတော်တော်များများ မသိကြပေ။ ထိုမတော်တဆမှုကြောင့် သာမဟုတ်လျှင် အထဲတွင် ပုန်းကွယ်နေသည့်အရာမှာ ထိုမျှလောက် အန္တရာယ် များမည်ဟု မည်သူမှ သိမည်မဟုတ်ပေ။

မိသားစု၏ ပဲ့ကိုင်ဖြစ်သော ရှီကုန်းသည် ထိုအရာကိုသိထားသည်။ သို့သော် သူသည် ရှီယူနှင့် တခြားသူများကို မပြောဖူးပေ။ သူတို့သည် အားကောင်းသော ဝူမန်နှင့်အဖွဲ့ အဖြေရှာမရသည်ကို အံ့ဩနေကြသည်။

“ဟုတ်တယ် မဟုတ်ရင်လည်း ဘယ်လိုလုပ်ဒီလိုဖြစ်မှာလဲ” အဆုံးထိ ရှီမာယူယူ၏ အကူအညီလိုအပ်နေသေးသည်ဟု ဝူမန်တွေးသည်။ ထို့ကြောင့် သူမသည် ကွင်းပတ်ပတ်လည်ကို ဝိညာဉ်အတားအဆီးဖြင့် အပြင်လူများ မြင်ကွင်းနှင့် အံ့ဖွယ်အာရုံဝင်မလာစေရန် ကာလိုက်သည်။

လူများ၏ မြင်ကွင်းကိုကာရန်မှာ လွယ်ကူသော်လည်း လူတစ်ယောက်၏ အံ့ဖွယ်အာရုံကိုကာရန်မှာ ပိုခက်ခဲလေသည်။

ဝူမန် လက်ဝှေ့ယမ်းပြီး ထိုဝိညာဉ်အတားအဆီးစီမံလိုက်သည်ကို ရှီမာယူယူ ကြည့်နေခဲ့သည်။ ထိုအကြီးအကဲလေးယောက်မှာ အမှန်တကယ် သန်မာသည့်ပုံပင်။

စဉ်းစားကြည့်ရာ တစ္ဆေမြို့တော်မှာ ဘယ်လိုလုပ် သာမန်လူတွေက အကြီးအကဲဖြစ်လာနိုင်မလဲ။

သို့သော် ဝူမန်၏ အပြုအမူများသည် သူမကို မကောင်းသော ကြိုတင် သတိပေးချက်ကိုပေးခဲ့သည်။

“အဲဒါက မင်းအရင်ကြားဖူးရင် ကြားဖူးလိမ့်မယ်၊ အဲဒါရှိလာတာ အရမ်း ကြာပြီဆိုတော့ အခုကျအသိဉာဏ်တွေ ရလာတယ်” ဝူမန်ရှင်းပြလေသည် “အဲဒါ ထွက်လာတာနဲ့ တစ္ဆေမြို့တော်ကရှိတော့မှာမဟုတ်ဘူး အဲဒါကြောင့် ငါတို့က သူ့ကိုဒီမှာပိတ်ထားတာ”

“အရင်ကပိတ်ထားတာကို ဘာလို့ထပ်ပြီးပိတ်လို့မရနိုင်ရမှာလဲ၊ အဒေါ် တို့အားလုံးက အဲလောက်အားကောင်းတာကို အဲဒါကိုချိပ်မပိတ်နိုင်ဘူးလား” ရှီယူ မေးခွန်းထုတ်လိုက်သည်။

“ငါတို့ ချိပ်မပိတ်နိုင်ဘူး” ဝူမန် ဝန်ခံလေသည်။ “အဲဒါက သူ့အမျိုးအစား ကနေကွဲထွက်တယ်၊ သူ့ကို ထူးခြားတဲ့နည်းလမ်းနဲ့ချိပ်ပိတ်မှပဲရမယ်၊ သာမန် ချိပ်တွေက အသုံးမဝင်ဘူး၊ ခဏလေးနဲ့ ကျိုးပျက်လွယ်တယ်၊ မြို့ဝန်တစ် ယောက်ပဲ ဒီနည်းလမ်းကိုသိတယ်”

“အသုံးမဝင်ဘူးလို့ ဘယ်လိုသိတာလဲ”

“တစ်ခါက မြို့ဝန်က ချိပ်ကိုပြင်ဖို့အတွက် ပြန်မလာခဲ့ဘူး၊ အဲဒါကြီးက ထွက်လာလုနီးပါးပဲ၊ ငါတို့လေးယောက်က စည်းချပြီး အဲဒါကိုတစ်ရက် နှစ်ရက် လောက်ပိတ်ထားနိုင်လိုက်တယ်၊ ကံကောင်းလို့ မြို့ဝန်ကအလောတကြီး ပြန် လာခဲ့တဘ်၊ အဲတုန်းက ဒီလောက်အန္တရာယ်မများခဲ့ဘူး” ဝူမန် ပြောလေသည်။

“ဆိုလိုတာက မြို့ဝန်က အခုမြို့ထဲမှာမရှိဘူးပေါ့” ရှီမာယူယူ နိဂုံးချုပ် လိုက်သည်။

“ဟင်း” ကျန်းဟောက် နှာမှုတ်လေသည်။ အဓိပ္ပာယ်မှာရှင်းလင်းနေ သည်။ မြို့ဝန် ဒီနေရာမှာမရှိလို့လေ။ မဟုတ်ရင် သူမ မာန်တက်တာကို ဘယ်လိုလုပ်ခွင့်ပြုမလဲ။

ရှီမာယူယူသည် ဒေါသမထွက်ပေ။ သူ မည်မျှပင် မေးမော့ထားပါစေဦး၊ သူမ မျက်နှာကိုကြည့်ရတုန်းပင်ဖြစ်သည်။

“အဲလိုဆိုတော့ မြို့ဝန်ကဒီမှာမရှိဘူး ရှင်တို့ကလည်း ဘာမှမလုပ်နိုင်ဘူး၊ ဘာလို့များ ကျွန်မညီမကို မကျေမနပ်ဖြစ်နေတာလဲ၊ ဒီလောက်မှောင်မိုက်နေ တဲ့မျက်နှာနဲ့ ကျွန်မညီမအကူအညီကိုမလိုချင်ဘူးလား” ရှီယူသည် လျှို့ဝှက် ဆန်းကြယ်စွာဖြင့် ပြောလိုက်သည်။

“ဘာမဟုတ်တာတွေ ပြောနေတာလဲ၊ ရှီကုန်း ဒါက မင်းသမီးကို သင်ထား တဲ့ပုံလား” ကျန်းဟောက်သည် စိတ်ဆိုးစွာဖြင့် အော်လေသည်။ သူ့အသံမှာ ထေ့ငေါ့သံပါနေသည်။

“ကျုပ်သမီးက ဘာဖြစ်နေလို့လဲ၊ သူမက ကောင်းတယ်လို့ထင်တာပဲ၊ သူမ စကားတွေက ကျုပ်စဉ်းစားနေတဲ့အတိုင်းပဲ၊ သမီးတွေက အဖေတွေ သည်းသည်းလှုပ်တယ်လို့ ပြောဖို့ထိုက်တယ်” ရှီကုန်း သက်ပြင်းချလိုက်သည်။

“ဟား….”

ရှီမာယူယူသည် ရှီမိသားစုကိုကြည့်လိုက်သည်။ သူတို့တုံ့ပြန်မှုမှာ သာမန် ပင်။ ကြည့်ရသည်မှာ မကြာခဏဖြစ်တတ်သည့်ပုံပင်။

တခြားစကားနဲ့ပြောရရင် ရှီမိသားစုက အဘိုးကြီးက အမြဲတမ်းဒီလိုပဲ လား။

“တော်လောက်ပြီ အခြေအနေကိုကြည့်လိုက်ဦး စကားများဖို့အချိန်ရှိသေး တာလား” ဝူမန်သည် ကျန်းဟောက်ကို ကြိမ်းမောင်းသည်လား ရှီကုန်းကို ကြိမ်းမောင်းသည်လားကိုတော့ မသိနိုင်ပေ။

ရှီမာယူယူသည် ထိုဖြစ်နိုင်ချေမြင့်မားသည်ဟု ခံစားမိသည်။

“ဖြေရှင်းဖို့နည်းရှာမယ်လို့ မပြောထားဘူးလား” လော့ချီ ကြားဝင်ဖျန်ဖြေ လေသည် “တခြားသူတွေကို အကူအညီတောင်းကြတာပေါ့”

“ဒီကိစ္စကို လူအများကြီးကို ပြောပြလို့မသင့်ဘူး” မောင့်ရှား ငြင်းဆန် လိုက်သည် “အခုသိမှတော့ အတူတူလုပ်ကြတာပေါ့”

“ကျွန်မ မသွားဘူး” ရှီမာယူယူ ငြင်းဆန်လိုက်သည် “အများကြီးသိသွား ရင်အသတ်ခံရမှာကိုကြောက်တယ်၊ ကျွန်မ ဒီမှာပဲ အမည်းလေးနဲ့စောင့်နေမယ် မြန်မြန်သွားပြီးသာ အဖြေရှာလိုက်ပါ ကျွန်မမှာလုပ်စရာတွေရှိသေးတယ်”

“အဖေ ကျွန်တော်တို့မှာလည်း ဖြေရှင်းဖို့မိသားစုကိစ္စတွေရှိသေးတယ် မလား၊ အချိန်တစ်ခုလောက် ဒီမှာဘာမှမရှိမှတော့ အရင်ပြန်ကြတာပေါ့” ရှီမိသားစု အစ်ကိုအကြီးဆုံး အကြုံလေသည်။

“အင်း ပြန်ဖို့အချိန်ပဲ ဝူမန် မင်းတစ်ခုခုရှာတွေ့ရင် ငါ့ကိုပြောပေါ့၊ ငါတို့ ကူညီနိုင်တာရှိရင် အကောင်းဆုံးကြိုးစားပေးပါ့မယ်” ရှီကုန်း စားသောက်ပြီး လေသည်။ သူသည် လက်သုတ်ပုဝါထုတ်ပြီး ပါးစပ်သုတ်လိုက်သည်။ သူသည် ကလေးများကို ခေါ်သွားရန် ပြင်ဆင်လေသည်။

“အဖေ သမီးညီမလေးနဲ့ ဒီမှာနေခဲ့မယ်” ရှီယူ ပြောလိုက်သည်။

“အင်း ပြဿနာမရှာနဲ့”

ဝူမန်ရှိနေသဖြင့် ရှီယူ အဆင်ပြေမည်ကို ရှီကုန်းသိထားသည်။ သတိပေး စကားအနည်းငယ်ပြောပြီးသည်နှင့် သူ ဝူမန်ကိုကြည့်လိုက်သည်။

ဝူမန် လက်ဝှေ့ယမ်းလိုက်သည်နှင့် ဝိညာဉ်အတားအဆီးမှာ တစ်ခဏ အတွင်းပျောက်ကွယ်သွားလေသည်။ ထိုအမြန်နှုန်းသည် ရှီမာယူယူကို အားကျ စေသည်။

ရှီကုန်း ရှီမိသားစုညီအစ်ကိုများနှင့် ထွက်သွားပြီးနောက်တွင် ပွဲကြည့်လူ များလည်း တစ်ယောက်ပြီးတစ်ယောက်ထွက်သွားကြလေသည်။ ထွက်မသွား ချင်သောလူများကိုလည်း ကင်းလှည့်အဖွဲ့မှ မောင်းထုတ်လိုက်ကြသည်။

ဝူမန်သည် ရှီယူကို သတိပေးပြီးနောက် ထွက်သွားလေသည်။

အခုအချိန်တွင် အချိန်ကုန်နေပြီဖြစ်သဖြင့် မနှောင့်နှေးရဲတော့ပေ။ ရှီမာယူယူ ထိုနေရာတွင်ရှိစဉ်တွင် သူတို့သည် ရှေးဟာင်းစာအုပ်မှ အဖြေရှာရန် အမြန်သွားရမည်။ လူအင်အား မလုံလောက်သဖြင့် အစောင့်များသည် လွှဲပြောင်းကြလေသည်။

မြို့ဝန်နှင့် အကြီးအကဲလေးယောက်အပြင် ထိုအစောင့်များသည် တားမြစ်ဧရိယာမှအရာကို ကောင်းစွာနားလည်သူများဖြစ်ကြသည်။

ထိုနှစ်ရက်အတွင်းတွင် ကောင်းမွန်သည့် ဖြေရှင်းနည်းရှာတွေ့ရန် သူတို့ မျှော်လင့်ထားကြသည်။

***

All Chapters