လွတ်လပ်မှုကိုတောင့်တသောအသံ
Vol. 96 Ch. 1344
တခြားသူများလည်း အားလုံးထွက်သွားကြသည်။ ရှီမာယူယူ၊ မူစစ်နှင့် ရှီယူတို့သာ ကွင်းထဲတွင် စားသောက်ရင်းကျန်ခဲ့လေသည်။
အားလုံးသွားလိုက်ချိန်တွင် ဟော်ပိုနှင့် ဒိဝူတို့ ပျံဆင်းလာကြသည်။ သူတို့ ကို လူတချို့မှတားရန်ပြင်သော်လည်း ရှီမာယူယူ၏ စကားများကြောင့် သူတို့ ဆင်းလာနိုင်ကြလေသည်။
“သခင်မလေး ဒီမှာတကယ်ပဲ နှစ်ရက်ကြာအောင်စောင့်ရမှာလား” ဒိဝူသည် ဗလာကျင်းလုနီးပါးဖြစ်နေသော နေရာကိုကြည့်ပြီး အနည်းငယ် စိတ်ဓာတ်ကျနေသည်။
အဲလူတွေကလည်း စားတာမြန်လိုက်တာ။ သခင်မလေးက အများကြီး ချက်တာတောင် အကုန်စားလိုက်ကြတယ်။ သခင်မလေးရဲ့ ပန်းကန်တွေပဲကျန် ခဲ့တယ်။
ရှီမာယူယူသည် သူ၏လောဘတက်သော အကြည့်ကိုမြင်သည်နှင့် သူမ ၏ အသားကင်ကို သူ့ရှေ့သို့တွန်းပို့လိုက်သည်။ ဒိဝူ၏ မကျေနပ်ချက်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။
“ဟီးဟီး”
သူသည် သွားဖြဲပြီး ထိုင်ချလေသည်။
“ညီမလေး ငါလည်း ဒိဝူနဲ့တူတဲ့ မေးခွန်းပဲမေးချင်နေတာ” ရှီယူသည် ရှီမာယူယူကို ကြည့်လိုက်သည် “တကယ်ပဲ နှစ်ရက်စောင့်မှာလား နှစ်ရက်ပြီး လို့မှ သူတို့အဖြေရှာမတွေ့ရင် ဘယ်လိုလုပ်မလဲ အဲဒါကိုလွှတ်လိုက်မှာလား”
“ဘယ်လိုထင်လဲ” ရှီမာယူယူ ပြန်မေးလိုက်သည်။
“အရင်နှစ်ရက်က မင်းကိုသိရသလောက်ဆိုရင် သေချာပေါက်လွှတ်ပေး မှာတော့မဟုတ်ဘူး” ရှီယူသည် ခိုင်မာစွာပြောလေသည်။
ရှီမာယူယူ မျက်ခုံးပင့်လိုက်သည်။ “မင်း ငါ့ကိုအဲလောက်ယုံလား”
“မင်းကိုမယုံတာမဟုတ်ဘူး ငါ့အလိုလိုသိစိတ်ကိုယုံတာ၊ ငါ့အသိစိတ်က အမြဲတမ်းမှန်တယ်” ရှီယူ ပြောလိုက်သည်။
“ဟားဟား…” ရှီမာယူယူသည် ရယ်မောလိုက်ကာ ဘာမှမပြောပေ။
သူမ နှစ်ရက်ဟုပြောလိုက်သော်လည်း ဝူမန်တို့သာ တကယ်ပဲ အဖြေရှာ မရပါက သူမ တကယ်ပဲထွက်သွားမှာလား။ သူမသည် ထိုမြို့အပေါ်တွင် မည်သည့်ခံစားချက်မှ မရှိပေ။ ထိုနေရာတွင် လူအသက်ပေါင်းများစွာရှိသည်။ အကယ်၍ သူမသည် တတ်နိုင်သည့်အရာကို မလုပ်ဆောင်ပါက အသက်ပေါင်း များစွာ ထိုသို့အဆုံးသတ်သွားမည်ကို စိတ်သက်သာရာရမည်မဟုတ်ပေ။
ရှီယူသည် သူမကို ထိုသို့မြင်သည်။ သူမ ခန့်မှန်းချက်မှန်သည်မှာလည်း သိသည် “ငါထင်တာမှန်တယ်၊ မင်းက ဒီကိစ္စကိုဂရုမစိုက်ဘူးလို့ သူတို့ထင် အောင်ပြောလိုက်ပေမဲ့ ကျန်းဟောက်တို့ကို ရိုက်စားလုပ်ချင်တာကို ငါတို့ အားလုံးသိတယ်၊ အမှန်အတိုင်းပြောရရင် မင်းဒေါသပြေအောင် ဒီလိုလုပ်လိုက် တာပဲ”
“မင်းနဲ့ ကျန်းမိသားစုတို့က ရန်ငြိုးရှိလား” ရှီမာယူယူ မေးလိုက်သည်။
“မိသားစုတွေကြားက ပြိုင်ပွဲတစ်ခုပါပဲ၊ ငါက မိသားစုကိစ္စတွေကို စိတ်မဝင်စားဘူး၊ ဒါပေမဲ့ ကြားတော့ကြားတာပေါ့၊ ပြီးတော့ ကျန်းမိသားစုက တကယ်ပဲ မုန်းဖို့ကောင်းတယ်၊ သူတို့က အရမ်းထောင်လွှားပြီးတော့ နေရာရ ချင်ကြတယ်”
“ဟုတ်တယ်မလား၊ ကျွန်တော်တော့ အနောက်ကနေကြည့်တာနဲ့တင် ဒေါသထွက်နေပြီ” ဒိဝူ ထပ်ပေါင်းပြောလေသည် “တကယ်လို့ ဆရာသာဒီမှာရှိ ရင် သခင်မလေး နာကျင်မှာကို လိုလားမှာမဟုတ်ဘူး”
“မင်းက ကျန်းမိသားစုဟောင်အောင် လုပ်နိုင်တဲ့တစ်ဦးတည်းသောသူပဲ” စကားပြောခဲလှသော ဟော်ပိုသည် ချီးကျူးစကားပြောလေသည်။
“အဲဒါကြောင့် မိန်းကလေးတွေကို လာရန်မစသင့်ဘူးလို့၊ သူတို့ပြန်ပေး ဆပ်ရမှာပဲ” ရှီယူ သွားဖြဲလေသည်။
“ဒါနဲ့ ငါ မင်းရယ် မင်းအဖေတို့ကို တကယ်ကျေးဇူးတင်ချင်တယ်၊ သူတို့ သာငါ့ကို မဖော်ဘဲ နာမည်တစ်ခုသာမပေးရင် ငါတော့ တကယ်ဒုက္ခရောက်မှာ ကိုကြောက်မိတယ်” ရှီမာယူယူသည် ကျေးဇူးတင်စွာ ပြောလေသည်။
“မင်းငါ့ကို ယဉ်ကျေးနေဖို့မလိုပါဘူး မင်းကိုအစတကည်းက ညီမလေးလို့ သတ်မှတ်ပြီးသား” ရှီယူသည် လက်ဝှေ့ယမ်းလိုက်သည်။ “ငါ့အဖေနဲ့ အစ်ကို တွေက ငါ့ကိုအရမ်းချစ်တာလေ ငါထွက်လာတာကို သူတို့သေချာပေါက် ခွင့်ပြု မှာပဲ”
“ဒီကိစ္စတွေဖြေရှင်းပြီးသွားရင် ငါ ကိုယ်တိုင်သွားကျေးဇူးတင်ရမယ်”
“ငါတို့ကိုကျေးဇူးတင်မို့လိား၊ ငါတို့ကသာ မင်းကိုကျေးဇူးတင်နေတာ” ရှီယူ ပြောလိုက်သည် “မင်းသာ အဲဒါကြီးကိုမဖိနှိပ်လိုက်ရင် တစ္ဆေမြို့တော် တစ်ခုလုံး အခုလောက်ဆို ပျက်စီးနေမှာတောင် ကြောက်မိတယ်၊ အဲဒါကြောင့် မင်းက ငါတို့ရဲ့ကယ်တင်ရှင်ပဲ”
“မင်းတစ်ယောက်ပဲ အဲလိုတွေးတာဖြစ်မယ်၊ ကျန်းမိသားစုကလူတွေက တော့ ငါ့ကိုမြန်မြန်ရှင်းပစ်ချင်နေပြီလို့ ထင်တယ်”
“သူတို့ စဉ်းစားတာပဲတတ်နိုင်တာပါ၊ မင်းက မြို့ထဲကလူတွေကိုကယ်ခဲ့ တာပဲလေ၊ ဘယ်လိုပဲဖြစ်ဖြစ် ကျန်းမိသားစုက နင့်ကိုမသတ်ရဲပါဘူး” ရှီယူ ခွဲခြမ်းစိတ်ဖြာလေသည် “ဒီကိစ္စပြီးသွားရင် ငါနဲ့မြောက်ပိုင်းမြို့ကိုပြန်လိုက်ပြီး မင်းအဖေနေရာကိုသိမလားလို့ အဒေါ်ဝူမန်နဲ့ ငါ့အဖေကိုမေးကြတာပေါ့”
“အင်း”
ရှီမာယူယူသည် ဝူမန်၏ ချစ်ခင်တတ်သော အကြည့်ကို တွေးလိုက်သည်။ သူမ မေးလျှင် ပြောပြမလား မသေချာပေ။
သူမသည် ရှီယူအတွက်နှင့် လူများကိုကယ်တယ်ရန်အတွက် လုပ်ခြင်း ဖြစ်နိုင်သည်။
သို့သော် ဝူမန်သာ သူမကိုမပြောပြပါက သူမဖခင်၏ နေရာကိုသိရန် တခြားနည်းလမ်းကို ရှာရမည်။
“မင်းအဖေတို့နဲ့ ဘာလို့လိုက်မသွားတာလဲ”
“မင်းနဲ့နေခဲ့မယ်လေ” ရှီယူ ကြေညာလေသည် “ငါသာ မနေခဲ့ရင် မင်း တစ်ယောက်တည်းဖြစ်နေမှာပေါ့၊ အနိုင်ကျင့်ခံရရင် ဘယ်လိုလုပ်မလဲ၊ အခု သူများတွေရဲ့ အမြင်မှာ မင်းက ငါတို့မိသားစုဝင်ဖြစ်နေပြီ၊ တစ်ယောက်ယောက် ချန်မထားခဲ့ရင် သူတို့ထူးဆန်းတယ်လို့ ခံစားရမှာပေါ့၊ မင်းကို တစ်ယောက်တည်းထားခဲ့ရင် ယုံမှာမဟုတ်တော့ဘူး”
“ကျေးဇူးတင်ပါတယ်” ရှီမာယူယူသည် အမှန်တကယ်ပင် သူမကို ကျေးဇူးတင်ခြင်းဖြစ်သည်။
“ငါ့ကိုကျေးဇူးတင်ချင်ရင် မင်းတစ္ဆေမြို့တော်မှာရှိတဲ့အချိန်ကို မင်းနဲ့ အတူရှိဖို့ ခွင့်ပြုပေး ငါ့ကိုနှင်မထုတ်ရဘူး”
“အင်း မင်းကိုနှင်မထုတ်ပါဘူး၊ မင်းဘေးမှာရှိရင် ကျားလိုဟန်ဆောင် ထားတဲ့ မြေခွေးဖြစ်လို့ရတယ်”
“ဟုတ်ပြီ အဲလိုဆိုရင် ဘယ်သူက ကျားယောင်ဆောင်ထားတဲ့ မြေခွေး မှန်းသိတော့မှာမဟုတ်ဘူး”
“ဟားဟား…”
စားသောက်ပြီးနောက်တွင် ရှီမာယူယူသည် ရှင်းလင်းပြီး ညစာအတွက် ချက်ပြုတ်ရန် သိမ်းဆည်းထားလိုက်သည်။
ရှီယူသည် ကန်ထဲမှ လှုပ်ခတ်နေသော မြူခိုးမည်းကို ကြည့်နေသည်။ သူမသည် ထိုနေရာသို့သွားလိုက်ချင်သော်လည်း ဝါးမျိုခံရမည်ကို စိုးရိမ်နေ သည်။
“တားမြစ်ဧရိယာမှာ အဲလိုဟာရှိနေမယ်လို့ ထင်မထားဘူးပဲ” သူမသည် ထိုအဖြစ်အပျက် ဖြစ်ခဲ့သည့်ရက်ကို ပြန်စဉ်းစားလိုက်သည်။ သူမသည် ရှီမာယူယူကို ခေါ်ပြီးသွားကြည့်ရန် လုပ်ခဲ့သည်။ ကံကောင်းစွာပင် မသွားလိုက် ပေ။ မဟုတ်လျှင် သူမ ဝင်လိုက်သည်နှင့် မိသွားနိုင်သည်။
ထိုအခိုက်တွင် ရှီမာယူယူသည် ကန်ထဲမှအရာကို စိတ်ဝင်စားလာသည်။ အခု ဘာမှလုပ်စရာလည်းမရှိတော့ သူတို့မေးမြန်းလို့ရတာပဲ။
ဘေးကင်းရန်အတွက် သူမသည် အမည်းလေးကိုပိုက်ပြီး ကန်ရှေ့သို့ လာလိုက်သည်။
တခြားသော လူများစွာသည် သူမနောက်လိုက်ကာ ဘေးသို့ဝင်လိုက်ကြ သည်။
မြူခိုးမည်းခပ်ဖျော့ဖျော့သည် ကန်အပေါ်သို့တက်လာသည်။ မြူခိုးမည်း သည် ရေနှင့်ရောပြီး ထူထဲနေသည်။ သူမနှင့် အမည်းလေးလို့ နီးကပ်စွာရှိနေ သဖြင့် ကန်ထဲမှရေများသည် လှိုင်းဂယက်ထသွားသည်။ ကြောက်လန့်၍လား ခုခံချင်၍လားတော့ မသိနိုင်ပေ။
“ဒါကတကယ်ပဲ အသိဉာဏ်ရှိလာတာပဲ ကံမကောင်းစွာနဲ့ပဲ လူတွေရဲ့ ဥပဒေကို မလိုက်နာနိုင်ဘူး” သူမသည် စိတ်ခံစားချက်ဖြင့် ပြောလိုက်သည်။
“မတရားဘူး” ရှီမာယူယူသည် ထိုအက်ကွဲကွဲအသံကို ကြားလိုက်သည်။ ထိုအသံသည် အားလုံးကိုလန့်သွားစေသည်။
“ဘုရားရေ ဒါကြီးက စကားပြောနိုင်တာပဲ” ရှီယူသည် သူမရင်ဘတ်ကို ပုတ်ပြီး အလန့်တကြားကြည့်လေသည်။
“ဘာကိုမတရားတာလဲ” ရှီမာယူယူသည် ပထမဆုံးကြားလိုက်သည့် အချိန်ကလောက် မလန့်သွားပေ။
“ငါက ဘာလို့ဒီမှာအပိတ်ခံရမှာလဲ၊ ငါထွက်ချင်တယ် ထွက်ချင်တယ်” ထိုအသံသည် အော်လေသည်။ တစ်ချိန်တည်းမှာပင် ကန်ထဲမှရေသည် ပြင်းထန်စွာ လှုပ်ရှားလာကာ ခံစားချက်ကို ညွှန်ပြလေသည်။
ရှီမာယူယူသည် သူ၏ မလိုလားမှုကို ခံစားနိုင်ကာ ပခုံးတွန့်လိုက်သည် “ဒီမှာ တိတ်တိတ်လေးနေလိုက်တာ မင်းအတွက်ကောင်းလိမ့်မယ်၊ ငါတို့တွေ ဘယ်သူကမှ ပြဿနာမလိုချင်ဘူး”
“ငါက ဘာလို့ဒီမှာပိတ်မိနေရမှာလဲ၊ ဘာလို့လဲ၊ ငါအပြင်ထွက်ချင်တယ်” မြူခိုးမည်း အော်လေသည် “ငါ ဒီမှာတိတ်တိတ်လေး မနေချင်ဘူး၊ ငါ အပြင် ထွက်ချင်တယ် ငါထွက်သွားချင်တယ်၊ ငါ အပြင်ကိုထွက်ပြီး ကမ္ဘာကြီးကို ကြည့်ချင်တယ်”
အကြောင်းအရင်းကို မသိနိုင်သော်လည်း ထိုအသံသည် နှစ်ပေါင်းများစွာ အပိတ်ခံရပြီးနောက် လွတ်လပ်မှုကိုတောင့်တနေသည်ဟု ရှီမာယူယူ ခံစားမိ လေသည်။
***