ရွေးချယ်မှုနှစ်ခု
Vol. 97 Ch. 1345
“ဝုတ် ဝုတ် ဝုတ်…”
ကန်ထဲမှအရာသည် ပို၍ပြင်းထန်စွာလှုပ်ရှားလာကာ လှိုင်းဂယက်များ ထလာသည်ကို အမည်းလေးမြင်လိုက်သည်။ သူ ဟောင်လိုက်ရာ တစ်ဖက်မှ ငြိမ်ကျသွားလေသည်။
ရှီမာယူယူသည် အမည်းလေးအား ကျေးဇူးတင်စွာဖြင့် ပွတ်သပ်လိုက် သည်။ ထို့နောက်တွင် သူမ ကန်ထဲမှအရာကို ပြောလိုက်သည် “မင်းအရင်က တစ်ခါမှ အပြင်မထွက်ဖူးဘူးလား”
“တစ်ခါမှမထွက်ဖူးဘူး” ထိုအရာသည် အမည်းလေး နောက်ထပ် ဒေါသ ထွက်မည်ကို ကြောက်နေသည်။ သူသည် ဂရုတစိုက်ပြောလေသည် “ငါ သတိ ဝင်လာကတည်းက သူတို့က ငါ့ကို ဒီမှာပိတ်ထားတယ် တစ်ခါမှအပြင်မထွက် ဖူးဘူး”
“မင်း သတိဝင်လာကတည်းက ဟုတ်လား” ရှီယူ အံ့ဩသွားသည်။ “မင်း က မကောင်းတာတွေလုပ်လို့ ချိပ်ပိတ်ခံထားရတာမဟုတ်ဘူးလား”
“အဲလိုမျိုးမဟုတ်ဘူး” အသံမှာ ဟိန်းထွက်လာသည်။ ထိုအသံသည် ရှီယူ ကို လေးစားသမှုမရှိပေ။ “ငါ ဘယ်တော့မှ ဘာမှမလုပ်ဖူးဘူး၊ သူတို့က ငါ့ကို နှစ်ပေါင်းများစွာ ဒီမှာပိတ်ထားတယ် ငါ အပြင်ထွက်ချင်တယ် အပြင်ထွက်ချင် တယ်”
“ဖူး….”
မူစစ်သည် ထိုအရာ၏ရောင်ဝါကြောင့် သွေးများအန်ထွက်လေသည်။
“မအော်နဲ့” ရှီမာယူယူသည် သူမ၏ အတွင်းအင်္ဂါများ တုန်ခါသွားသည်ကို ခံစားမိသည်။ သူမ မျက်မှောင်ကြုတ်ပြီး အော်လိုက်သည်။
သူမသည် မူစစ်ဘေးသို့လာလိုက်သည်။ သူမ သူ့သွေးကြောကိုစမ်းကြည့် ပြီး ဆေးတစ်လုံးတိုက်လိုက်သည်။
“မင်း ထပ်ပြီးအဲလိုလုပ်မယ်ဆိုရင် မင်းကိုဖျက်ဆီးပစ်မယ်” သူမ ခြိမ်းခြောက်လိုက်သည်။
ကန်ထဲမှရေသည် ငြိမ်ကျသွားလေသည်။
“မူစစ် ဘယ်လိုနေလဲ” ရှီယူ ပြေးလာသည်။
“သူ အဆင်ပြေပါတယ်၊ လန့်သွားလို့ ဒဏ်ရာရသွားတာ၊ ဆေးသောက်ပြီး တာနဲ့ အဆင်ပြေသွားလိမ့်မယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည်။ သူမ ခုံတစ်ခုံ ထုတ်ပြီး မူစစ်ကို ပြောလိုက်သည် “ဒီမှာထိုင်ပြီး နားလိုက်”
မူစစ်၏ မျက်နှာမှာ ဖြူဖျော့နေသည်။ သူသည် ရှီမာယူယူ ပေးသောခုံတွင် ထိုင်ချလိုက်သည်။
ထိုသို့ထပ်မဖြစ်စေရန် ရှီမာယူယူသည် မူစစ်ကို ကာကွယ်ရန် ဝိညာဉ် အတားအဆီးအသေးကို တည်ဆောက်လိုက်သည်။
သူမ ကန်ဘေးသို့လာလိုက်သည် “မင်းက ဒီကထွက်သွားချင်တယ်လို့ ကြားတယ်၊ ဒါပေမဲ့ မင်းထွက်သွားရင် ဒီမြို့ကြီးကပျောက်ကွယ်သွားမှာလား၊ အဲဒါကြောင့် မင်းကိုဒီမှာပိတ်ထားကြတာလားး”
“မဟုတ်ဘူး အဲလိုမဟုတ်ဘူး” ထိုအသံသည် ပြန်ချေပလေသည်။ “အစ တုန်းကတော့ သူတို့က ငါ့ဆီကစွမ်းအားကိုစုပ်ယူဖို့ ပိတ်ထားတာ၊ နောက်တော့ ငါ့တုံ့ပြန်မှုကို သူတို့ကြောက်လာကြတယ် အဲဒါကြောင့် ဒီမှာတစ်သက်လုံး ပိတ် ထားချင်ကြတာ”
“မင်းစွမ်းအားကို ဘယ်သူလိုချင်တာလဲ၊ မြို့ထဲကအိမ်တော်တွေကလား မဟုတ်ရင် မြို့ဝန်ကလား” ရှီမာယူယူ မေးလိုက်သည်။
“ဟင်း ငါ ဘယ်လောက်ပဲအားကောင်းကောင်း သန်းချီတဲ့လူတွေ ကျင့်ကြံ ဖို့တော့ သုံးလို့မရဘူးလေ”
“အဲတော့ မြို့ဝန်ရဲ့ကျင့်ကြံမှုအတွက်ပေါ့” ရှီမာယူယူ နိဂုံးချုပ်လေသည်။
“မြို့ဝန်တင်မဟုတ်ဘူး မြို့ဝန်ရဲ့ဆက်ခံသူရောပါတယ်၊ ဒါပေမဲ့ ဆက်ခံ သူက ဒီကိုသိပ်မလာဘူး”
“သူတို့က မင်းကိုဒီမှာပိတ်ထားချင်တယ်၊ ရလဒ်အနေနဲ့ နှစ်ပေါင်းထောင် ချီကြာပြီးတော့ မင်းအသိဉာဏ်ရလာမယ်လို့ သူတို့ထင်မထားကြဘူး” ရှီမာယူယူ ပြောလိုက်သည် “အခုမင်းက ချုပ်နှောင်မခံချင်တော့လို့ စပြီးတော့ ဆန့်ကျင်တာပေါ့၊ သူတို့က မင်းကိုကြောက်ကြတယ်၊ အားကောင်းတဲ့ချိပ်နဲ့ပဲ မင်းကိုပိတ်ထားလို့ရမယ်”
“ဟုတ်တယ်”
“မင်းမှာ နှစ်ပေါင်းများစွာက နာကျည်းမှုတွေရှိနေတယ်၊ မင်းထွက်လာ တာနဲ့ သေချာပေါက် အစုလိုက်အပြုံလိုက်သတ်တာလုပ်မှာပဲ”
“ငါလည်း အရင်ကအဲလိုစဉ်းစားဖူးတယ်” ထိုအရာသည် ရိုးသားစွာပြော လေသည် “ငါ နှစ်ပေါင်းများစွာ အပိတ်ခံထားရတယ်၊ ငါ ကျေအေးမပေးနိုင်ဘူး လက်စားချေရမယ်၊ ငါအကုန်လုံးကိုသတ်ချင်တယ်၊ အားလုံးကိုသတ်ပစ်မယ်”
ထိုအရာသည် ထပ်မံပြင်းထန်စွာလှုပ်ရှားလာရာ ကန်ထဲမှရေများ ဘောင်ဘင်ခတ်လာသည်။ ကံကောင်းစွာပင် သည်တစ်ကြိမ်တွင် မူစစ်ကို ဝိညာဉ်အတားအဆီးဖြင့် ကာထားသဖြင့် ထိခိုက်မှုမရှိလိုက်ပေ။
“တကယ် သနားဖို့ကောင်းတာပဲ” ရှီမာယူယူသည် ကြင်နာစွာ ပြောလိုက် သည်။
သူမသာ မွေးကတည်းက ဒီကန်မှာပဲ အပိတ်ခံရရင်….
သူမ စဉ်းစားလိုက်မိသည်နှင့် တုန်လှုပ်မိသည်။ ဒီအတွေးက တကယ်ကို ကြောက်ဖို့ကောင်းတာပဲ။ သူမသာဆိုရင် ရူးသွားမှာပဲ။ အင်း.. သူမသာ အဲလိုမျိုး ဆိုလည်း အကုန်လုံးကို ဖျက်ဆီးချင်မှာပဲ။
ရှီမာယူယူသည် ထိုအရာကို စာနာစိတ်ဝင်မိသည်။ သို့သော် လုံးဝ ယုံကြည်သည်တော့မဟုတ်ပေ။
သူမ အတွေးများ ပြောင်းသွားသည်။ သူမသာ ထိုမျှအားကောင်းသော အရာကို ပိုင်ဆိုင်ရပါက….
“အဲတော့ မင်းဒီကနေထွက်ရရင် မြို့ထဲကအိမ်တွေကို ဖိနှိပ်တာမလုပ် တော့ဘူးပေါ့” သူမ မေးလိုက်သည်။
“မလုပ်ဘူး” ထိုအသံပြန်ဖြေလေသည်။ “ငါက ဒီမြို့နဲ့ ပတ်သတ်မှုမှမရှိ တာ၊ ဘယ်လိုလုပ် အဲလိုမျိုးလုပ်မှာလဲ”
အဖြေမှာ မြန်လွန်းသဖြင့် လူကိုမယုံကြည်နိုင်လောက်အောင် ဖြစ်ရ သည်။
“ညီမလေး အဲဒါကိုကယ်ချင်လား” ရှီယူ မေးလိုက်သည်။
ရှီယူ အကင်းပါးလိမ့်မည်ဟု ရှီမာယူယူထင်မထားပေ။ ရှီယူသည် သူမ၏ အတွေးကို ခန့်မှန်းနိုင်လေသည်။
“ဖြစ်နိုင်မယ်လို့ထင်လား” သူမ မဖုံးကွယ်တော့ပေ။ သူမသည် ဖခင်ကို လာရှာခြင်းဖြစ်သည်။ ရှီယူ၏ အကူအညီကိုလိုကောင်းလိုနိုင်သည်။ ထိုမတိုင် ခင်တွင် ရှီယူသည် လူအများရှေ့တွင် သူမကို ကာကွယ်ပေးခဲ့သေးသည်။ သူမ သည် ထိုကြင်နာမှုကို မှတ်မိနေဆဲပင်။
ရှီယူသည် ကန်ထဲမှရေကိုငုံ့ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည် “ငါ အဲဒါကိုနားမလည်နိုင်ဘူး၊ အဲဒါကိုထုတ်လိုက်လို့ လူတွေကို ထိခိုက်စေမယ်ဆို ဘယ်လိုလုပ်မလဲ၊ ပြီးတော့ သူတို့က အဲဒါကိုထုတ်ဖို့ မင်းကိုခွင့်ပြုမှာမဟုတ်ဘူး”
“အမှန်ပဲ ငါသာထုတ်လိုက်ရင် စုန်းမအိုကြီးက ငါ့ကိုအသက်ရှင်လျက် ထွက်သွားခိုင်းမှာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည်။
“မင်းငါ့ကို ထုတ်ပေးမယ်ဆိုရင် မင်းထွက်သွားတဲ့အချိန်ကျရင် ငါမင်းကို ကာကွယ်ပေးမယ်”
ထိုအရာသည် အခွင့်အရေးဝင်ယူလေသည်။
“ငါ မင်းကိုထုတ်ပေးင် ငါ့ကိုသခင်အနေနဲ့ အသိအမှတ်ပြုဖို့ ဆန္ဒရှိလား” ရှီမာယူယူ မေးလိုက်သည်။
“နည်းလမ်းကျတယ်” ရှီယူ မှတ်ချက်ပေးလေသည် “အဲဒါက မင်းကို သခင်အဖြစ်အသိအမှတ်ပြုရင် မင်းအမိန့်မရှိဘဲ တခြားသူတွေကိုထိခိုက် အောင်လုပ်လို့ရမှာမဟတု်ဘူး၊ တစ်ချိန်တည်းမှာပဲ မင်းကိုကာကွယ်လို့ရမယ်၊ သူတို့အဲဒါကို မကျေနပ်ရင်တောင် မင်းကိုဘာမှလုပ်မရတော့ဘူး”
“မင်းရော သူမရဲ့သခင်အဖြစ် အသိအမှတ်ပြုတာ မလိုချင်ဘူးလား” ရှီမာယူယူသည် မျက်ခုံးပင့်လိုက်သည်။
“ထားလိုက်ပါ အဲဒါကအဲလောက်အားကောင်းတာ၊ အဲဒါကိုဖိနှိပ်ဖို့ စွမ်းအား ငါ့မှာမရှိဘူး ငါ့ကိုသခင်အဖြစ် အသိအမှတ်ပြုဖို့နေနေသာသာ အချိန် မရွေးငါ့ကို တုံ့ပြန်နိုင်တယ်” ရှီယူသည် ရှင်းလင်းစွာ မြင်ထားသည်။ အဲဒါ အားကောင်းတာနဲ့ပဲ သူမ ကန်းသွားမည်မဟုတ်ပေ။
အနောက်မှ ဟော်ပိုသည် တစ်စုံတရာကိုပြောဟန်ပြုသည်။ သူသည် ပါးစပ် ဟ,လိုက်ပိတ်လိုက်ဖြစ်နေသည်။ နောက်ဆုံးတွင် နှုတ်ဆိတ်နေရန်သာ ဆုံးဖြတ်လိုက်သည်။
သခင်မလေးက သူ့ထက်တောင် ရှင်းရှင်းလင်းလင်း မြင်သေးတယ်လေ။
ဒီအရာက ဒီလောက်အားကောင်းတာ။ ဖိနှိပ်တာ ချုပ်နှောင်ထားတာသာ ဘာမှမရှိရင် အခု သခင်အဖြစ်အသိအမှတ်ပြုရင်တောင် လိုရင်လိုသလို ပြန် တုံ့ပြန်ပေးဆပ်နိုင်တယ်။ အဲအချိန်ကျရင် သခင် အစေခံနေရာပြောင်းသွားနိုင် တယ်။ အဆိုးဆုံးကတော့ လူတစ်ယောက်ရဲ့အသက် ချက်ချင်းဆုံးရှုံးသွားနိုင် တယ်။
ရှီမာယူယူတွင် အမည်းလေးရှိနေသည်။ ထိုအရာသည် အမည်းလေးကို ကြောက်သည်ကို အားလုံးပြောနိုင်ကြသည်။ အမည်းလေးနှင့်ဆိုလျှင် ရှီမာယူယူကို ဆန့်ကျင်ရဲမည်မဟုတ်ပေ။
ထို့ကြောင့် ရှီမာယူယူ တစ်ယောက်သာ ထိုအရာကိုသိမ်းယူနိုင်မည်။
ရှီမာယူယူသည် သူမ၏နားလည်မှုကို မြင်တွေ့လိုက်ရသည်။ သူမသည် အမှန်တကယ်ပင် နက်ရှိုင်းသောခင်မင်ရင်းနှီးမှုနှင့် ထိုက်တန်သော မိန်းလေးဟု ခံစားရသည်။
ဒီကမ္ဘာကြီးက လူတော်တော်များများက လောဘကြီးကြတယ်။ ဒီလောက် ဖြားယောင်းတဲ့အရာတွေမှာ အရူးမလုပ်ခံရတဲ့ လူတွေ ဘယ်နယောက်များရှိနိုင်မလဲ။
“မင်းသာ အဲဒါကိုရလိုက်ရင် ဒီအချိန်မှာ မင်းအဖေကိုတကယ်ပဲ ရှာတွေ့ နိုင်တယ်၊ ဒါပေမဲ့ ဒါက မင်းကိုသခင်အဖြစ်အသိအမှတ်မပြုရင် မလွယ်မှာ ကြောက်တယ်” ရှီယူ ပြောလိုက်သည်။
မလွယ်လောက်ဟု ရှီမာယူယူလည်းခံစားမိသည်။ သူမ လှည့်ပြီး ကန်ကို ကြည့်လိုက်သည် “မင်း ငါ့ကိုသခင်လိုအသိအမှတ်ပြုရင် မင်းကိုထုတ်ပေးမယ် ဆန္ဒရှိလား”
“မင်းကို သခင်အဖြစ် အသိအမှတ်ပြုရမှာလား၊ မဖြစ်နိုင်တာ ငါက လူသားတစ်ယောက်ကို သခင်အဖြစ် အသိအမှတ်မပြုဘူး ဒါပေမဲ့ ငါ့ကိုထုတ် ပေးမယ်ဆိုရင် မင်းကို အရာနှစ်ခုပြန်ပေးဖို့ ဆန္ဒရှိတယ်” ထိုအရာအော်ပြော လေသည်။
“တကယ်လား၊ မင်းကို ဒီကနေ အလကားလွှတ်ပေးမယ်လို့ တကယ်ထင် နေတာလား” ရှီမာယူယူ ပခုံးတွန့်လိုက်သည်။ “မင်း ငါ့ကိုသခင်အဖြစ် လက်ခံ မလား မဟုတ်ရင် ဒီမှာဆက်နေလိုက်ပေါ့”
***