← Chapters

နတ်ဆိုးမအိုကြီးပြန်လာပြီ

Vol. 97 Ch. 1346

နတ်ဆိုးမအိုကြီးပြန်လာပြီ

Vol. 97 Ch. 1346

“မင်းငါ့ကိုလွှတ်ပေးမယ်ဆိုရင် မင်းအဖေရှာတာကိုကူညီပေးမယ်၊ သူ ဘယ်မှာလဲဆိုတာ ငါသိတယ်” မြူခိုးမည်းသည် ရှီမာယူယူနှင့် ညှိနှိုင်းရန် ကြိုးစားနေတုန်းပင်။

ရှီမာယူယူ ရင်များဒုန်းခနဲဖြစ်သွားသည်။ သို့သော် သူမ သိသာအောင် မပြဘဲ ပြောလိုက်သည် “ငါ မင်းကိုရှင်းရှင်းလင်းလင်းပဲ ရွေးချယ်စရာတွေပေး ပြီးပြီ ရွေးချယ်စရာနှစ်ခုပဲရှိတယ်၊ စဉ်းစားဖို့ကို မင်းအချိန်ယူလို့ရတယ်”

“မင်းအဖေကို မင်းမရှာချင်ဘူးလား ငါ့ကိုလွှတ်ပေးရင် မင်းကိုကူညီပေး မယ်၊ ဒါကမှ မျှတမှာလေ”

“ငါ့အဖေကို ငါရှာချင်ပါတယ်၊ ဒါပေမဲ့ မင်းမရှိရင်တောင် ငါရှာလို့ရတယ်” ရှီမာယူယူသည် အတည်ပေါက်ဖြင့် ပြောလေသည်။

“ငါမပါဘဲ မင်းရှာလို့မရပါဘူး”

“အိုး ဟုတ်လား” ရှီမာယူယူ ပြုံးလိုက်သည် “မင်းမရှိဘဲ ငါ့အဖေကိုရှာဖို့ မျှော်လင့်ချက်ရှိသေးတယ်၊ ဒါပေမဲ့ မင်းကရော ငါ့ခွင့်ပြုချက်မရှိဘဲနဲ့ ထွက်သွား ဖို့ကို စဉ်းစားဖို့မပြောနဲ့ မင်းတစ်ဘဝလုံးကို ဒီကန်သေးသေးလေးထဲမှာ နေသွား ရလိမ့်မယ်၊ ငါ့အတွက်ကတော့ မင်းကမလိုဘူး၊ ဒါပေမဲ့ မင်းအတွက်က ငါ့ကို လိုတယ်လေ”

“မင်းကို သခင်အဖြစ်အသိအမှတ်ပြုဖို့ ငါ့အတွက်မဖြစ်နိုင်ဘူး” ထို ကောင်လေးသည် ထပ်ခါတလဲလဲပြောနေသည်။

“ဒါဆိုလည်း ကောင်းပြီလေ” ရှီမာယူယူ ပခုံးတွန့်လိုက်သည် “မင်း ဒီမှာ နေချင်တယ်ဆိုလည်း မင်းအပေါ်မှာပဲမူတည်တာပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် ငါ့မှာ အရှုံးမရှိဘူး၊ ငါထွက်သွားတာနဲ့ သူတို့က မင်းကိုပြန်ပိတ်ထားမှာပဲ၊ အဲအချိန်ကျ ရင် သူတို့က ဒီနေရာကို ကန့်သတ်ဧရိယာအဖြစ်ပြန်လုပ်မယ်၊ ငါ ဒီနေရာကိုလာ ဖို့ ဘာအခွင့်အရေးမှမရှိတော့ဘူး”

“ဟုတ်တယ်” ရှီယူလည်း ပြောလာသည် “ညီမလေး မင်းက ဒီကိုအခုမှ လာတာ၊ အရင်ကဘာတွေဖြစ်ခဲ့လဲမသိဘူး၊ အရင်တုန်းက တားမြစ်ဧရိယာနား ကို ကပ်လာတဲ့ဘယ်သူ့ကိုမဆို နေရာတင်သုတ်သင်လိုက်တာပဲ၊ တစ်ခါက တားမြစ်ဧရိယာပတ်ပတ်လည်ကို ရောက်လာတဲ့ စံတင်အဆင့်လူကိုတောင်မှ ရောက်ခါစရှိသေးတယ် နေရာတင်သတ်ပစ်လိုက်တာကို ငါ မှတ်မိသေးတးယ်”

ရှီမာယူယူ နှုတ်ခမ်းတွန့်လိုက်သည်။ ဒီကောင်မလေးက အရင်တုန်းက ဒီကို မရောက်ဖူးဘဲနဲ့ ပတ်ဝန်းကျင်အကြောင်းကိုလည်းမသိတာကို တကယ် ဖြစ်ခဲ့တဲ့အတိုင်း လူကိုခြောက်နေသေးတယ်။

“ကြည့်ရတာ ငါ နောက်တစ်ခါကို တကယ်ပဲ အနီးအနားတောင်လာမရ တော့ဘူးပဲ” သူမသည် ရှီယူအား နောင်တရစွာဖြင့် ကြည့်လေသည်။

“ဒီနားကိုလာရင်လည်း အသုံးမဝင်ဘူး” ရှီယူ ပြောလိုက်သည်။

“ဘာလို့လဲ”

“စဉ်းစားကြည့်လေ အဒေါ်မန်တို့ ချိပ်ပြန်ပိတ်ဖို့ နည်းလမ်းရှာတွေ့ရင်ပဲ ဖြစ်ဖြစ်၊ နတ်ဆိုးမအိုကြီးပြန်လာပြီး ချိပ်ပိတ်ရင်ရော မင်းချိပ်ကိုဖျက်နိုင်မှာ လား၊ မင်းအဲဒါကိုဖိနှိပ်နိုင်ရင်တောင် ချိပ်ဖျက်တာက နောက်ကိစ္စတစ်ခုဖြစ် သွားပြီ” ရှီယူ ခွဲခြမ်းစိတ်ဖြာပြလေသည်။

“မင်းပြောတာမှန်တယ် ငါ အဲလိုမစဉ်းစားမိဘူး” ရှီမာယူယူ ဆက်ပြော လေသည် “အမည်းလေးက ရောင်ဝါနဲ့ ဖိအားရဲ့ စွမ်းအားအပေါ်မူတည်ပြီး ဒါကိုထိန်းချုပ်နိုင်တယ်၊ ဒါပေမဲ့ချိပ်ကိုတော့ မဖျက်နိုင်ဘူး၊ အခုပြောသလို ဆိုရင် ချိပ်ပိတ်ပြီးတာနဲ့ လုပ်နိုင်တာ ဘာမှမရှိဘူးပဲ”

“ဟုတ်တယ်”

“ဒါပေမဲ့ ငါစိုးရိမ်ဖို့မလိုတော့ပါဘူး၊ သူတို့ ချိပ်ပိတ်တဲ့အထိစောင့်ပြီး ငါ ဒီကထွက်သွားပြီး ငါ့အဖေကိုသွားရှာမယ် အဖေ့ကိုရှာတွေ့တာနဲ့ တစ္ဆေ မြို့တော်ကနေထွက်ပြီး လူသားလောကကိုပြန်မယ်”

“ဟုတ်တယ် မင်းစိတ်ပူစရာမလိုတော့ဘူး၊ အာ.. ညီမလေး ငါတို့က တည်ဆောက်မှုသုံးတတ်မှတော့ အတွေ့အကြုံတွေ ဖလှယ်ရင်းနဲ့ အချိန်တွေ ကုန်ကြတာပေါ့၊ မင်းထွက်သွားတာနဲ့ ငါတို့အခွင့်အရေးမရတော့ဘူး”

“ရတယ်လေ”

သူတို့နှစ်ယောက်သည် ကျွမ်းကျင်သည့်လူလိမ်များအလား စကားများ ဖလှယ်ပြီးနောက် ကွင်းအလယ်သို့သွားကာ တည်ဆောက်မှုများအကြောင်း ဆွေးနွေးပြီး ကန်ထဲမှထိုအရာကို ဂရုမစိုက်တော့ပေ။

ထို့နောက်တွင် ကန်ထဲမှ ထိုအရာသည် စကားမပြောတော့ပေ။ သူသည် သူတို့နှစ်ယောက် ပြောသွားသည့်စကားများကို စဉ်းစားနေသည့်ပုံပင်။

ရှီမာယူယူနှင့် ရှီယူတို့သည် နှစ်ရက်ကြာသည်အထိ တည်ဆောက်မှုများ အကြောင်းဆွေးနွေးကြလေသည်။ မူစစ်အတွက် ချက်ပြုတ်သည့်အချိန်မှာပင် ရပ်တန့်သွားခြင်းမရှိပေ။

မူစစ်၏ ဒဏ်ရာမှာ ပြင်းထန်ခြင်းမရှိပေ။ ရှီမာယူယူ၏ ဆေးနှင့် သူသည် နှစ်ရက်အတွင်းတွင် သက်သာလာလေသည်။

“ဒီတစ်ခေါက်လည်း ငါရှုံးပြန်ပြီ၊ မင်းတည်ဆောက်မှုတွေက တကယ်ပဲ လေးစားလောက်စရာပဲ” ရှီယူသည် တည်ဆောက်မှုကျောက်တုံးကို ချလိုက် သည်။ “မကြာခင်ကို နှစ်ရက်မြောက်ရောက်တော့မယ်၊ အဒေါ်မန်နဲ့ တခြားသူ တွေ နည်းလမ်းရှာတွေ့ပြီလားမသိဘူး”

“ဘယ်သူသိမလဲ၊ မြို့ဝန်ရဲ့အစည်းအဝေးဆိုတော့ သူမရဲ့ ဆက်ခံသူက နည်းလမ်းရှာတွေ့နိုင်တာပဲ” ရှီမာယူယူ ပြောလိုက်သည်။

“ဆက်ခံသူမရှိဘူး” ရှီယူ ခေါင်းယမ်းလိုက်သည် “အဲဒီနတ်ဆိုးမအိုကြီးက အသက်ရှည်သေးတယ်၊ သူမမှာ လုပ်ပိုင်ခွင့်တွေအများကြီးရှိသေးတယ်၊ အဲဒါ ကြောင့် ဒီနှစ်တွေမှာတော့ ဘယ်ဆက်ခံသူမှမရှိဘူး”

“ဟုတ်တယ်၊ အရင်နေ့က ဘယ်ခေါင်းဆောင်ကိုမှမမြင်မိဘူး” ရှီမာယူယူ ဆက်ပြောလေသည် “ခဏလောက် နည်းနည်းထပ်စောင့်ကြတာပေါ့၊ မကြာခင် စာရောက်လာမှာပါ”

“အင်း အင်း”

နေ့တစ်ဝက်ကုန်ဆုံးသွားသည်။ ဝူမန်နှင့်တခြားသူများပေါ်မလာဘဲ ထိုအစား သတင်းပါးသူရောက်လာသည်။

“သခင်မလေးရှီချင်း” ထိုလူသည် ရှီမာယူယူကို လက်အုပ်ချီနှုတ်ဆက် ကာ ပြောလိုက်သည် “ကျွန်တော်က အစောင့်တွေထဲကတစ်ယောက်ပါ၊ လူကြီးမင်းမောင့်က ကျွန်တော့်ကို သတင်းပါးခိုင်းလိုက်လို့ပါ၊ သူတို့က မြို့ဝန် ကိုဆက်သွယ်မိလို့ သူမက နောက်နှစ်ရက်ကြာရင်ပြန်လာပြီး ဒီဟာကို ချိပ် ပိတ်မယ်လို့ ပြောလိုက်ပါတယ် အဲဒါကြောင့် သူမက သခင်မလေးရှီချင်းကို နောက်ထပ်နှစ်ရက်လောက် ကြိုးစားပေးပါဦးလို့တောင်းဆိုပါတယ်တဲ့”

“သူတို့က မြို့ဝန်နဲ့ဆက်သွယ်မိပြီဟုတ်လား” ရှီယူနှင့် ရှီမာယူယူတို့သည် အံ့ဩသွားသည် “အဒေါ်မန်နဲ့ တခြားသူတွေက ဘာလို့ဒီကိုမလာတာလဲ”

“အကြီးအကဲလေးယောက်က မြို့ဝန်ကိုကြိုဆိုဖို့ မြို့ကနေထွက်သွားပါ တယ်” ထိုလူသည် ရိုးသားစွာ ပြန်ဖြေလေသည် “ဘယ်လိုချိပ်ပိတ်မလဲဆိုတာ ကို မြို့ဝန်သိပါတယ်၊ အဲဒါကြောင့် မြို့ဝန်ပြန်လာတာကို စောင့်ဖို့လိုပါတယ်”

သူတို့အပြန်အလှန်ပြောသည့် စကားကိုကန်ထဲမှ ရေကြားသောအခါ နှစ်ရက်ကြာမျှတိတ်နေသော ရေသည်စတင်ဘောင်ဘင်ခတ်လာသည်။

“ကြည့်ရတာ နောက်နှစ်ရက်တော့ ဆက်စောင့်ကြည့်ရမယ်ထင်တယ်” ရှီမာယူယူသည် ကန်ကိုသတိမထားမိသလို ဟန်ဆောင်ကာ အစောင့်ကိုပြော လိုက်သည် “နောက်နှစ်ရက် ငါစောင့်ပေးမယ်လို့ အကြီးအကဲကိုသွားပြောလိုက် ပါ”

“ဟုတ်ကဲ့ပါ”

ထိုအစောင့်သည် ရှီမာယူယူကို ခေါင်းညိတ်ပြပြီး ပျံသွားလေသည်။ သူသည် အလာတွင်မြန်သလို ပြန်သွားသည်မှာလည်း မြန်ဆန်သည်။

“အဒေါ်မန်တောင်သွားလိုက်တယ်ဆိုတော့ သူတို့မြို့ဝန်နဲ့ တကယ်ပဲ အဆက်အသွယ်ရတယ်ထင်တယ်” ရှီယူ ဆက်ပြောလေသည် “ဒါဆိုရင် မင်း မြို့မှာအသုံးမဝင်တော့ဘူး သတိထားပြီးတော့ ကျန်းမျိုးနွယ်ကို စောင့်ကြည့်ရ မယ်”

ကျန်းဟောက်နှင့် ကျန်းမျိုးနွယ်သည် ထွက်သွားစဉ်က ရှီမာယူယူကို လူသတ်မည့်အကြည့်ဖြင့် ကြည့်သွားကြသည်။ အခုချိန်တွင် သူမသည် တစ္ဆေ မြို့တော်အတွက် အရေးကြီးသဖြင့် သူမကို မထိရဲပေ။ သို့သော် နတ်ဆိုးမ အိုကြီးပြန်လာပြီး ထိုအရာကိုချိပ်ပြန်ပိတ်မည်ဆိုပါက ရှီမာယူယူသည် အသုံး မဝင်တော့ပေ။ ကျန်းမျိုးနွယ်၏ လက်စားချေတတ်သော သဘောသဘာဝအရ သူတို့သည် သေချာပေါက် ရှီမာယူယူကို တစ်စုံတရာလုပ်နိုင်သည်။

ရှီမာယူယူသည် စိုးရိမ်မှုမရှိပေ “စိုးရိမ်မနေနဲ့၊ နတ်ဆိုးမအိုကြီးပြန်လာဖို့ နှစ်ရက်တောင်ကျန်သေးတယ်မလား၊ ဒီနှစ်ရက်ကိုတော့ သူတို့ဘာမှမလုပ်ရဲပါ ဘူး”

“အင်း နတ်ဆိုးမအိုကြီး ပြန်လာပြီးဒါကိုချိပ်ပိတ်ပြီးတာနဲ့ ငါတို့ မြောက်ပိုင်းမြို့ကိုသွားရအောင်၊ ကျန်းမျိုးနွယ်ဘယ်လောက်ပဲအားကောင်း ကောင်း ငါတို့အိမ်ကိုတော့မလာရဲပါဘူး” ရှီယူ ပြောလိုက်သည်။

ရှီမာယူယူသည် သူမကို ပြုံးပြပြီး ပြောလိုက်သည် “ကျေးဇူးတင်ပါတယ်”

“ဘာကျေးဇူးတင်စရာလိုလဲ မင်းက ငါ့ညီမလေးပဲ ငါ မင်းကို ညီမလေး အဖြစ်အသိအမှတ်ပြုပြီးပြီ အဲတော့ ငါ မင်းကို ပစ်ထားပြီး ပုန်းနေမှာမဟုတ် တာသေချာတယ်” ရှီယူသည် သူရဲကောင်းဆန်ဆန် ပြောလေသည်။

“အင်း” ရှီမာယူယူသည် တိုးညင်းစွာ ပြန်ဖြေလိုက်သည်။ သူမ စိတ်ထဲ တွင်တော့ သူမအပေါ်တွင် ခင်မင်မှုပိုတိုးလာကာ အစ်မကြီးအဖြစ် ဆက်ဆံပြီး သားဖြစ်သည်။

သူမတွင်လည်း အစ်ကိုကြီးများပြားကာ အစ်မရှားပါးသည်။ အစ်မကြီး တစ်ယောက်ကဲ့သို့ ဆက်ဆံရသည်မှာ ကောင်းသည်ဟု ခံစားရသည်။

သူတို့ စကားပြောနေချိန်တွင် ကန်ပေါ်သို့ ပေါလောပေါ်နေသော မြူခိုး မည်းသည် ပိုထူထဲလာကာ ကန်ထဲမှရေများသည် ပိုမြန်ဆန်စွာလှိုင်းထလာ သည်မျာ လျစ်လျူရှုရန်ပင် ခက်လေသည်။

“ဘာလို့လဲ နတ်ဆိုးမအိုကြီး ပြန်လာမယ်လို့ကြားလိုက်တော့ ကြောက် သွားတာလား” ရှီယူ မေးခွန်းထုတ်လိုက်သည်။

“ဆွေးနွေးရအောင် မင်း ငါ့ကိုထုတ်ပေးရင် ငါ မင်းဘေးမှာ ဆယ်စုနှစ် ကြာအောင် နေပေးမယ်၊ မင်းအတွက် ဆယ်စုနှစ်တစ်ခုစာ အလုပ်လုပ်ပေးမယ် ဘယ်လိုလဲ”

***

All Chapters