ထောင်ချောက်ဆင်တာလည်း အလုပ်မဖြစ်ဘူး
Vol. 97 Ch. 1347
သူ့အင်အားနှင့်ဆိုလျှင် ဆယ်စုနှစ်တစ်ခုစာ ကာကွယ်ပေးခြင်းသည် သာမန်လူအတွက် မက်လောက်စရာဖြစ်သည်။
သို့သော် ရှီမာယူယူအတွက်ကတော့ မရှိလည်းအတူတူပင်ဖြစ်ရာ သူမ အတွက် ဆွဲဆောင်မှုမရှိပေ။
သူမ နှုတ်ဆိတ်သွားသည်ကို မြင်လိုက်သည်နှင့် သူမ စဉ်းစားနေသည်ဟု တွေးကာ ပြောလိုက်သည် “ဆယ်စုနှစ်တစ်ခုစာက မကြာဘူးလို့ထင်ရင် ဆယ် စုနှစ် နှစ်ခုစာတိုးပေးမယ်၊ မင်းငါ့ကိုလွှတ်ပေးရင် မြို့ထဲက ဘယ်သူ့ကိုမှထိခိုက် အောင်မလုပ်ဘူးလို့ ကတိပေးတယ်”
ရှီမာယူယူသည် ထိုအရာ သူမကိုအထင်လွဲသွားသည်ကို သိလိုက်သဖြင့် ပြောလိုက်သည် “ငါက အပေးအယူကိုစဉ်းစားနေတာမဟုတ်ဘူး မင်းကို ငြင်း နေတာ”
“ဘာကိုဆိုလိုတာလဲ” ထိုအရာသည် အရူးလုပ်ခံရသလို ခံစားရကာ ဒေါသဖြင့်အော်လေသည်။
“ငါ ခုနကပဲပြောပြီးပြီလေ၊ ငါ့ကို မင်းသခင်အဖြစ် အသိအမှတ်ပြုတာ မဟုတ်ရင် ဒီမှာပဲဆက်နေလို့ရတယ်၊ မင်းနဲ့ တခြားအပေးအယူကို ဆွေးနွေးဖို့ ရည်ရွယ်ချက်မရှိဘူး” ရှီမာယူယူ ဆက်ပြောလေသည် “မင်းက ငါ့အပေးအယူ ကိုလက်ခံနိင်ရင် မင်းကိုလွှတ်ပေးမယ် လက်မခံနိုင်ဘူးဆိုရင်တော့ ထပ်ပြောဖို့ ဘာမှမရှိတော့ဘူး”
“ငါ မင်းကိုထိခိုက်အောင် မလုပ်ရဲဘူးလို့ထင်နေတာလား” ထိုအရာသည် ဒေါသထွက်လာကာ မြူခိုးမည်းသည် ဝဲဖြစ်ကာ မီတာအနည်းငယ် အပေါ်သို့ တက်လာသည်။
“ဝုတ် ဝုတ် ဝုတ်”
အမည်းလေး၏ ကျောသည်ခုံးသွားပြီး လက်သည်းများသည် မြေပြင်ကို ကုတ်ထားကာ ရက်စက်သည့်အကြည့်ဖြင့် ကြည့်ကာ ချီကိုဖိနှိပ်လိုက်ပြီး ကန် ထဲမှ ထိုအရာကို တိုက်ခိုက်သလိုကြည့်လေသည်။
ယူယူကို ဘယ်လိုတောင် ခြိမ်းခြောက်ရဲတာလဲ။ မင်းကသတ္တိတွေရှိနေ တာလား။
အစပိုင်းတွင် မြူခိုးမည်းသည် ရှီမာယူယူကို တိုက်ခိုက်ချင်သည်။ သို့သော် အမည်းလေး၏ ရောင်ဝါကြောင့် ဖိနှိပ်ခြင်းကိုခံလိုက်ရကာ ရေပေါ်မှ မြူခိုးမည်း သည် အနည်းငယ် ကွယ်ပျောက်သွားလေသည်။
ရှီမာယူယူသည် ဆောင့်ကြောင့်ထိုင်ကာ အမည်းလေးအား ချီပြီးနှစ်သိမ့် ပေးလိုက်သည် “လိမ္မာတယ် အမည်းလေး ဒေါသထွက်မနေနဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် ငါတို့က နှစ်ရက်အတွင်းထွက်သွားတော့မှာ သူ့ကိုဒီမှာပဲ တစ်သက်လုံး ထားလိုက်တော့”
“ဟုတ်တယ် အမည်းလေး ဘယ်လိုပဲဖြစ်ဖြစ် သူ့မှာက နောက်ဆုံး အခွင့်အရေးပဲရှိတော့တာ၊ သူက အခွင့်အရေးကိုမဆုပ်ကိုင်ချင်ဘူးလေ၊ နတ်ဆိုးမအိုကြီးပြန်လာရင်တောင် သူမကို သခင်အဖြစ်အသိအမှတ်ပြုမှာ မဟုတ်ဘူး” ရှီယူ ဆက်ပြောလေသည် “ညီမလေး နှစ်ရက်ပဲကျန်တော့တာဆို တော့ ဆက်ရအောင် ငါ တည်ဆောက်မှုအကြောင်းတွေ မင်းနဲ့ ဆက်ဆွေးနွေးဖို့ ကျန်သေးတယ်”
“ရတာပေါ့”
ရှီယူသည် ရှီမာယူယူ၏ လက်မောင်းကိုဆုပ်ကိုင်ကာ ပြန်သွားဟန်ပြင် လိုက်သည်။ ထိုအရာသည် ချက်ချင်းပင် စိုးရိမ်လာသည်။
“တကယ်ပဲ တခြားနည်းလမ်းမရှိတော့ဘူးလား” ထိုအရာ မေးလိုက် သည်။
“မရှိဘူး”
ရှီမာယူယူသည် မလိုအပ်သည့်အလား ပြတ်သားစွာ ငြင်းဆန်လိုက်သည်။
သူတို့ တည်ဆောက်မှုများအကြောင်း စတင်ဆွေးနွေးတော့မည်ကို မြင် ပြီးနောက် ထိုအရာသည် ဒေါသထွက်မည်ပြုသည်။ သူမကို သခင်အနေနဲ့ အသိအမှတ်ပြုမယ့်အစား ဒီမှာတစ်သက်လုံးပိတ်မိနေတာကမှကောင်းဦးမယ်။
သို့သော် အမည်းလေးရှိနေသဖြင့် နောက်တစ်ခေါက် လှိုင်းထ၍မရပေ။ ဂုဏ်သိက္ခာနှင့် လွတ်လပ်မှုကို ရွေးရတော့မည်။ သူသည် သည်နေရာမှ အမှန် တကယ်ပင် ထွက်သွားချင်သည်။
ရှီမာယူယူနှင့် ရှီယူတို့သည် ကန်ကိုကျောပေးရာမှ သူပြောလိုက်သည်ကို ကြားသောအခါ တစ်ယောက်နှင့်တစ်ယောက်ကြည့်ပြီး ပြုံးလိုက်ကြသည်။
သူတို့နှစ်ယောက်လုံး လက်တွဲပြီးကြိုးစားလုပ်လိုက်မှတော့ ဒီကောင် ဘယ်ခံနိုင်တော့မလဲ။
သူတို့နှစ်ယောက်လုံးသည် လှည့်ကြည့်ကာ မေးလိုက်သည် “မင်းသေချာ ရဲ့လား”
“အင်း ငါ.. သေချာတယ်”
သူသည် နောက်ဆုံးစကားများကို ပြောပြီးနောက် အံ့ကြိတ်လိုက်သည်မှာ အမှန်ဟုမထင်ရပေ။
ရှီမာယူယူ၏ နှုတ်ခမ်းမှာ ကွေးတက်သွားသည်။ ထိုအရာ ဆန္ဒရှိသည် မရှိသည်ကို ဂရုမစိုက်ပေ။ စာချုပ်ချည်နှောင်ခြင်းနှင့် အမည်းလေး၏ ဖိနှိပ်မှု တို့သာရှိရင် ဒီကောင် ပုန်ကန်နိုင်ဦးမလား။
တခြားသူတွေ အလုပ်မဖြစ်ရင်တောင် စောင့်ကြည့်ဖို့ ထိပ်တန်းအဆင့် ခရမ်းရောင်လျှပ်စီးရှိသေးတာပဲလေ။
“မင်းသဘောတူပြီးပြီဆိုမှတော့ မြန်မြန်လေးစာချုပ်တည်ထောင်သင့် တယ်” ရှီယူ ဆက်ပြောလေသည် “အဲလူတွေ ရောက်လာပြီး ပျောက်နေတာကို သိရင် ပြဿနာတက်လိမ့်မယ်၊ စာချုပ်တည်ထောင်ပြီး ဒီနေရာကနေ ဖြစ်နိုင် သလောက်မြန်မြန်ထွက်သွားလိုက်”
“အဲလိုဆိုရင် မင်းမျိုးနွယ်ကို ဒုက္ခပေးသလိုမဖြစ်ဘူးလား” ရှီမာယူယူ မေးလိုက်သည်။
“သူတို့က မင်းကိုရှာဖို့ ငါ့အဖေဆီလာကောင်းလာနိုင်တယ်၊ ဒါပေမဲ့ မင်း မရှိသရွေ့တော့ သူတို့ ငါတို့ကိုဘာမှလုပ်ရမဘူး” ရှီယူ ပြောလိုက်သည်။
“ပြဿနာတွေရှိဦးမှာပဲ၊ မင်းက ငါတို့ကိုကူညီပြီးပြီ ဘယ်လိုလုပ် ပြဿနာတွေပေးပြီး ထွက်သွားနိုင်မှာလဲ၊ ပြီးတော့ ငါ ငါ့အဖေ့ကိုလည်းရှာရဦး မယ်၊ သူ့ကိုရှာမတွေ့ခင် ငါထွက်မသွားနိုင်ဘူး” ရှီမာယူယူသည် တိတ်ဆိတ် သွားကာ စဉ်းစားပြီးနောက် ကန်ထဲမှထိုအရာကိုမေးလိုက်သည် “မင်းလှည့်ဖျား နိုင်လား”
“ငါ ဒီမှာအရိပ်အယောင်ထားခဲ့လို့ရတဘ် အဲလူတွေမသိနိုင်ဘူး၊ နည်းနည်းကြာမှပျောက်သွားလိမ့်မယ်”
“အဲဒါဘယ်လောက်ခံမလဲ”
“အနည်းဆုံး ၂ နှစ်”
ရှီမာယူယူသည် စိတ်ထဲမှတွက်ချက်လိုက်သည်။ သူမသည် ၂ နှစ်အတွင်း တွင် သူမအဖေကိုရှာရမည်။ သူမအဖေကို ရှာတွေ့ပြီးနောက်တွင် အချိန်ကြာ သွားသဖြင့် ထိုလူများသည် သူမကို လာရှာတော့မည်မဟုတ်ပေ။
“ဒါဆိုရင် ငါတို့ မင်းရဲ့ကိုယ်ပွားနည်းလမ်းကိုသုံးကြတာပေါ့” ရှီမာယူယူ ပြောလိုက်သည်။
“ငါသိနေတယ် မင်းက ခင်တွယ်တတ်တဲ့ မိန်းကလေးပဲ” ရှီယူသည် ပြုံးပြီး ပြောလေသည်။
“မင်းက ငါ့အပေါ်အရမ်းကောင်းတယ်လေ ဘယ်လိုလုပ်ကျေးဇူးကန်းလို့ ဖြစ်မလဲ” ရှီမာယူယူ ပြောလိုက်သည်။
“စာချုပ် အရင်တည်ထောင်လိုက်” ရှီယူ သူမကို သတိပေးလိုက်သည်။
ရှီမာယူယူသည် စိမ်းသက်သက်ခံစားရလေသည်။ အဲဒီအရာက ပုံပန်း သဏ္ဍာန်မှမရှိတာ ဘယ်လိုလုပ် စာချုပ်တည်ထောင်မလဲ။
“စာချုပ်ဘယ်လိုတည်ထောင်ရမလဲဆိုတာ မင်းတို့သိကြလား”
အားလုံးသည် သူမ မေးခွန်းကြောင့် အံ့အားသင့်သွားကြသည်။ အရင်က ထိုကဲ့သို့မရှိခဲ့ရာ စာချုပ် မည်သို့တည်ထောင်ရမည်ကို သူတို့အမှန်တကယ်ပင် မသိပေ။
“မသိဘူး ဟော်ပိုရောသိလား”
ဟော်ပို ခေါင်းယမ်းလေသည်။
“ငါ မင်းကိုသခင်အဖြစ် အသိအမှတ်ပြုတယ်” ကန်ထဲမှ အရာပြောလိုက် သည် “ငါက မင်းကိုအလိုလို သခင်အဖြစ်အသိအမှတ်ပြုပြီး မင်းရေထဲကို လက် နှစ်လိုက်”
ကန်ထဲကိုလက်နှစ်လိုက်ရမှာလား။
“ညီမလေး အရမ်းအန္တရာယ်များတယ်” ရှီယူ မျက်မှောင်ကြုတ်လေ သည်။
လူတစ်ယောက်က ဘယ်လိုလုပ် ဝိညာဉ်သားရဲရဲ့ခန္ဓာကိုယ်ထဲကို လက် နှစ်မလဲ။ ရှီမာယူယူ သတိလွတ်သွားတဲ့အချိန်ကို သတ်ပြီး ထွက်ပြေးချင်လို့ လှည့်စားတာဖြစ်နိုင်တယ်။
“ငါနားလည်ပါပြီ မစိုးရိမ်ပါနဲ့ ဘာလုပ်ရမလဲဆိုတာ ငါသိတယ်” ရှီမာယူယူ ပြေလာိုက်သည်။
သူမသည် အမည်းလေးကို ကန်ဘေးသို့ချီသွားပြီး လှည့်ကာ ပြောလိုက် သည် “မင်းတို့အပြင်ကိုသွားလိုက် မူစစ်ကိုဂရုစိုက်ပေးပါဦး”
“ငါတို့ဒီမှာရှိနေရင် တစ်ခုခုဆိုကူညီလို့ရတယ်” ရှီယူ ပြောလိုက်သည်။
“တကယ်လို့ တစ်ခုခုဖြစ်ရင် ဒီမှာရှိရင်တောင် အသုံးမဝင်ဘူး” ရှီမာယူယူ ပြောလိုက်သည်။
အမှန်ပင်။ ထို့နောက် ရှီယူသည် မူစစ်ကိုခေါ်ကာ ကွင်းမှပျံသွားပြီး ဒိဝူ နှင့် ဟော်ပိုတို့သည် နောက်မှလိုက်ကာ ထွက်သွားကြလေသည်။
ရှီမာယူယူသည် ကန်မျက်နှာပြင်နှင့် စင်တီမီတာအနည်းငယ်အကွာတွင် ဆောင့်ကြောင့်ထိုင်ပြီး ရေထဲသို့ လက်ဆန့်ထုတ်လိုက်သည်။
ထိုသည်မှာ ရေအစစ်မဟုတ်သည်ကို သူမ သိသည်။ ထိုအရာသည် မြူခိုး မည်းမှ ရေဖြစ်အောင်ဖန်တီးထားခြင်းဖြစ်သည်။ သူမ လက်ဆန့်ထုတ်လိုက် သည်နှင့် အေးစက်မှုများထိုးဖောက်သွားသည်ကို ခံစားရလေသည်။
သူမ လက်မှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ စွမ်းအင်လှိုင်းလုံးကြီး စီးဝင်သွား သည်ကို ခံစားရလေသည်။ ထိုစွမ်းအင် ခန္ဓာကိုယ်ထဲသို့ဝင်သွားချိန်တွင် ခန္ဓာကိုယ်အစိတ်အပိုင်းများဆီသို့ ခွဲထွက်သွားပြီး သူမ၏ ကိုယ်တွင်းအင်္ဂါများ ကို တိုက်ခိုက်လေသည်။
“ရွှီး ရွှီး”
ထိုစွမ်းအား သူမကို ထိခိုက်အောင် မလုပ်ခင်မှာပင် လျှပ်စီးကြောင့် ဓာတ်လိုက်ပြီး ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။ နောက်ဆုံးတွင် ထိပ်တန်းခရမ်းရောင်လျှပ်စီး၏ ဝန်းရံခြင်းကိုခံရလေတော့သည်။
“ဘာ.. ဘာလဲ” ထိုစွမ်းအားတစ်ဝက်မှာ ထိပ်တန်းခရမ်းရောင်လျှပ်စီး၏ ဖျက်ဆီးခြင်းကိုခံလိုက်ရသည်။ ကျန်တစ်ဝက်မှာ ဝန်းရံလာသော ခရမ်းရောင် ကိုကြောက်ရွံ့သွားသည်။
“ငါသိနေတယ်၊ မင်းမှာ မကောင်းတဲ့ရည်ရွယ်ချက်တွေရှိနေမယ်ဆိုတာ ကို” ရှီမာယူယူသည် အေးစက်စွာ ညည်းညူလိုက်သည် “မင်း ထောင်ချောက် ထဲကို ငါကျသွားမယ်လို့ တကယ်ထင်နေတာလား၊ ထိပ်တန်းအဆင့် ခရမ်း ရောင်လျှပ်စီးနဲ့ ဓာတ်လိုက်သွားတဲ့ခံစားချက်က ဘယ်လိုလဲ”
ထိုအရာည် ရှီမာယူယူ၏ ခန္ဓာကိုယ်အတွင်းထို ထိုမျှအားကောင်းသော အရာရှိလိမ့်မည်ဟုထင်မထားပေ။ သူသည် ဤအခွင့်အရေးကိုအသုံးချကာ သူမကိုသတ်ချင်သည်။ သူမ သေသွားသည်နှင့် အမည်းလေးပါသေသွားပြီး သူ့ ကိုခြိမ်းခြောက်မည့်အရာမရှိတော့ပေ။
ဘယ်သူသိမလဲ။ သူမ ခန္ဓာကိုယ်ထဲမှာလည်း ချုပ်နှောင်နိုင်တဲ့အရာရှိနေ မယ်လို့။
***