← Chapters

မီအာရဲ့အထူးတလည်အရည်အချင်း

Vol. 97 Ch. 1348

မီအာရဲ့အထူးတလည်အရည်အချင်း

Vol. 97 Ch. 1348

ရှီမာယူယူသည် ထိတ်လန့်သွားသော စွမ်းအင်လှိုင်းလုံးကို ဂုဏ်ယူစွာ ကြည့်လိုက်သည်။ မင်းကို မကိုင်တွယ်နိုင်ဘူးလို့ ထင်နေတာလား။

သို့သော် သူမစိတ်ထဲတွင်တော့ စိတ်သက်သာရာရသွားသည်။ သူမ ထိုအရာကို မယုံနိုင်သဖြင့် ခရမ်းရောင်လျှပ်စီးကို ကြိုတင်စောင့်ထားရန် ပြော ထားမိသည်မှာ ကံကောင်းသွားသည်။

“အခု မင်းကိုနောက်ဆုံးအခွင့်အရေးပေးမယ်၊ ထပ်ပြီးလှည့်စားဖို့ကြိုးစား မယ်ဆိုရင်တော့ မင်းကို ဖျက်ဆီးပစ်မယ်၊ အမည်းလေးမလုပ်နိုင်တာကို ခရမ်း ရောင်လျှပ်စီးက မလုပ်နိုင်ဘူးလို့ထင်နေတာလား”

ထိုအရာသည် မကျေနပ်သော်လည်း ထပ်ပြီးလှည့်စားဖို့မရဲတော့ကာ နောက်ဆုံးတွင် သူမကို သခင်အဖြစ် အသိအမှတ်ပြုရတော့သည်။

“အာ..”

ရှီမာယူယူသည် ထိုအရာနှင့် ဆက်သွယ်ပြီးနောက် တိုးညင်းသောအသံ ထွက်သွားသည်။

ရှီယူနှင့် ဒိဝိူတို့သည် ဆင်းလာပြီးနောက် သူမကို သိချင်သည့်အကြည့် ဖြင့်ကြည့်လိုက်သည်။

“ညီမလေး ဘာဖြစ်တာလဲ”

ရှီမာယူယူသည် သူတို့ကိုကြည့်ပြီး ပြောလိုက်သည် “ငါ့မှာ ဝိညာဉ်စာချုပ် ကရှိပြီးသားလေ၊ ဒါက ငါ့ဝိညာဉ်နဲ့ ထပ်ပြီးစာချုပ်တည်ထောင်လို့ရမယ်လို့ ထင်မထားဘူး၊ အဲဒါကြောင့် သိချင်ရုံပဲရှိတာ လူသားတစ်ယောက်မှာ ဝိညာဉ် စာချုပ်တစ်ခုပဲ တည်ထောင်လို့ရမယ်လို့ထင်နေတာ”

“မင်းဝိညာဉ်က အရမ်းသန်မာလို့ဖြစ်မယ် အဲဒါကြောင့်နောက်ထပ် စာချုပ်တည်ထောင်လို့ရနေတာ” ရှီယူ ခန့်မှန်းလေသည်။

“ဖြစ်နိုင်တယ်” ရှီမာယူယူ ဆက်ပြောလေသည် “ငါ့စိတ်စွမ်းအင်သန်မာ ရင် ဝိညာဉ်သားရဲတွေနဲ့ စာချုပ်ပိုတည်ထောင်လို့ရတယ်၊ ဆိုလိုတာက ငါ့ ဝိညာဉ်ကပိုသန်မာလာရင် ပိုပြီးစာချုပ်တည်ထောင်လို့ရတယ်ပေါ့”

“ဟုတ်တယ်” ရှီယူ ဆက်ပြောလေသည် “ညီမလေး အဲဒါကို ပုံသဏ္ဍာန် ပေါ်အောင် ပြောင်းလို့ရလား ဘယ်လိုပုံဖြစ်မလဲဆိုတာ ငါသိချင်နေပြီ”

သူတို့တွင် ဝိညာဉ်စာချုပ်ရှိနေသဖြင့် သူမ ပိုနားလည်လာပြီဖြစ်သည်။

“အိုး.. အဲဒါက ဘယ်လိုပုံစံပြောင်းနိုင်တာလဲ”

“မီအာ ဘယ်လိုပုံစံလဲဆိုတာ ရှီယူကို ပြလိုက်ပါဦး” ရှီမာယူယူသည် ပြုံး ပြီး အမိန့်ပေးလိုက်သည်။

မီအာသည် သူမ ပေးထားသောနာမည်ပင်ဖြစ်သည်။

မြူခိုးမည်းသည် ကန်ထဲမှထွက်လာကာ ဖြည်းဖြည်းချင်း ပုံစံပေါ်အောင် စုလာရာ အားလုံးသည် ကြည့်လိုက်ကြသည်။ ဒါက ရှီယူနဲ့တူနေတာမဟုတ်ဘူး လား။ သူမရောင်ဝါတောင် တူနေတယ်။

“ဝါး ဒါက တကယ်ပဲ ငါနဲ့တူတာပဲ” ရှီယူသည် အံ့အားသင့်စွာဖြင့် အော် လေသည်။

“မီအာ နောက်တစ်ခုပြောင်းလိုက်”

မြူခိုးမည်းသည် ပျောက်ကွယ်သွားကာ ထပ်မံပေါင်းစည်းလိုက်ရာ ရှီမာယူယူ အဖြစ်ပြောင်းသွားလေသည်။ သူ့ရောင်ဝါသည် သူမနှင့်ဆင်တူကာ စာချုပ်လည်းရှိသဖြင့် ရှီမာယူယူနှစ်ယောက်ရှိသကဲ့သို့ဖြစ်နေသည်။

“မိုက်လိုက်တာ” ရှီယူသည် ရှီမာယူယူနှစ်ယောက်ကို ကြည့်လိုက်သည်။ မီအာနဲ့သာဆိုရင် နောက်တစ်ခါ ဘာပဲလုပ်လုပ် အဆင်ပြေတော့မှာပဲ။

မီအာတွင် ထိုသို့စွမ်းရည်ရှိမည်ဟု ရှီမာယူယူ မသိထားပေ။ ထိုသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

ဟိန်းသံထောင်ချီလည်း အသွင်ပြောင်းနိုင်သော်လည်း သူမအပြင် တခြား သူကိုတော့ ပုံပန်းသဏ္ဍာန်ကိုသာပြောင်းနိုင်ပြီး ရောင်ဝါကိုလိုက်မတုပနိုင်ပေ။

သို့သော် မီအာသည် လူကိုယ်တိုင်ရောက်လာသကဲ့သို့ တုပနိုင်ရာ ဟိန်းသံထောင်ချီထက် အားကောင်းလေသည်။

အရေးအကြီးဆုံးမှာ ဟိန်းသံထောင်ချီသည် အလင်းအရည်အချင်းများကို တုပနိုင်သည်။ သို့သော် မီအာသည် အလင်းရော အမှောင်ပါ တုပနိုင်သဖြင့် လူသားများ၊ တစ္ဆေများနှင့် နတ်ဆိုးများကိုပါ တုပနိုင်သည်ဟု ပြောရလေသည်။

မီအာသည် ကမ္ဘာပေါ်တွင် အသိဉာဏ်ရှိပြီး ထိုသို့စွမ်းအားရှိ‌သော တစ်ခု တည်းသောအရာဖြစ်သည်။

“ဒါပေမဲ့ ညီမလေး နတ်ဆိုးမအိုကြီးက မင်းတို့စာချုပ်တည်ထောင်တာကို ရိပ်မိသွားမလား” ရှီယူသည် စိုးရိမ်စွာဖြင့် ပြောလေသည်။

သူမ အာရုံခံမရသော်လည်း နတ်ဆိုးမအိုကြီးသည် အလွန်အားကောင်းရာ မီအာသည် အရင်နှင့်မတူတော့သည်ကို ရှာတွေ့သွားနိုင်သည်။

“ငါ့ကိုယ်ပွားနဲ့ ငါကအဆက်အသွယ်ဖြတ်လိုက်ပြီးပြီ၊ ငါ့စာချုပ်က သူ့ ခန္ဓာကိုယ်ထဲမှာမရှိတော့ အဲလူဘယ်လောက်ပဲအားကောင်းကောင်း သိမှာ မဟုတ်ဘူး” မီအာ ပြောလိုက်သည်။

“ဒါဆိုလည်း မင်းပြောသလိုပဲလုပ်တာပေါ့”

မီအာ ခေါင်းညိတ်လိုက်သည်။ ရှီမာယူယူအသွင်ပြောင်းထားသည်မှာ မြူခိုးမည်းအဖြစ် ပျောက်ကွယ်သွားပြီး ရေထဲသို့နစ်ဝင်သွားလေသည်။ တစ်ချိန် တည်းမှာပင် ကန်ထဲမှရေများလျော့သွားပြီး အရောင်မှာကြည်လာကာ အနက်မှ အရောင်မဲ့သွားလေသည်။

“ဗွမ်း…”

ရေစက်အချို့သည် ကန်မှကွဲထွက်ကာ ရှီမာယူယူ၏ ဘယ်ဘက် လက် ကောက်ဝတ်ဆီသို့ပျံသွားပြီး အနက်ရောင်မက်မွန်ပန်းဖျော့အဖြစ်ပြောင်းသွား လေသည်။

ထို့နောက်တွင် ကန်ထဲမှရေများ ပြန်တိုးလာပြီး အရင်အတိုင်းပြန်ဖြစ် သွားလေသည်။

“ပြီးပြီ” ခွဲခြားမှုပြီးသွားပြီဆိုသည်ကို မီအာပြောမှပင် သူတို့သိကြလေ သည်။

“ဒါဆိုရင်ဖြစ်ပါ့မလား”

ကန်တွင် မည်သည့်ပြောင်းလဲမှုမှမရှိသည့်အတိုင်းပင်။

“အဲဒါက အကြွင်းအကျန်တွေပဲ ဒီအတိုင်းထားလိုက်လည်း အသုံးမဝင် ဘူး” မီအာ ရှင်းပြလေသည်။

သူ့စွမ်းအားမှာ ရှီမာယူယူ၏ လက်ကောက်ဝတ်ပေါ်တွင်ရှိသော မက်မွန် ပန်းအမဲတွင်ရှိသည်။ ထိအုရာနှင့်ဆိုလျှင် မည်သည့်ကန် မည်သည့်ရေကိုမဆို အသွင်ပြောင်းနိုင်သည်။

ရှီမာယူယူသည် လက်ကောက်ဝတ်မှ မက်မွန်ပန်းကိုကြည့်လိုက်သည် “အရောင်ပြောင်းလို့ရလား”

“မင်း အရောင်ကိုစဉ်းစားလိုက်တာနဲ့ ပြောင်းလို့ရတယ်”

အဲဒါလည်းဖြစ်တာပဲလား။

ရှီမာယူယူ အနီဟုစဉ်းစားလိုက်သည်နှင့် မက်မွန်ပန်းသည် အမှန်တကယ် ပင် ဆူဖြိုး လှပပြီးနူးညံ့သော အနီအဖြစ်ပြောင်းသွားလေသည်။ သူမ အနက်၊ အစိမ်း၊ ခရမ်းရောင်ကိုတွေးလိုက်ရာ သူမတွေးသောအရောင်အဖြစ် လိုက်ပြောင်းလေသည်။

ပုတ်သင်ညိုထက်ပင် မြန်ဆန်လေသည်။

ထို့နောက်တွင် သူမသည် အနက်အဖြစ်ပြောင်းခိုင်းလိုက်သည်။ အနက် သည် ခန္ဓာကိုယ်အစိတ်အပိုင်းနှင့် လိုက်ဖက်သောအရောင်ဖြစ်သည်။

ထိုအရာမှာ သာမန်မဟုတ်သော ဝိညာဉ်သားရဲကြောင့် ဖြစ်နိုင်သည်ဟု သူမ ခန့်မှန်းမိသည်။

“အိုး ဟုတ်သားပဲ မင်းအဖေ ဘယ်မှာရှိလဲဆိုတာ သူသိတယ်လို့ပြောခဲ့ တယ်မလား အဲတော့ မင်းအဖေက အခုဘယ်မှာလဲ” ရှီယူ မေးလိုက်သည်။

“ဒီကောင်က ဘာမှမသိဘူး ခုနကငါတို့ကိုလိမ်လိုက်တာ” ရှီမာယူယူ ဆက်ပြောလေသည် “ဒါပေမဲ့ သူက နတ်ဆိုးမအိုကြီးနဲ့ ဝေးသွားလို့မရဘူးလို့ ပြောတယ်”

“အဲကောင်ရဲ့ စကားက မယုံရဘူးပဲ”

“မြို့ဝန်က မကြာခင်ပြန်လာမှာမလား၊ အဲကျရင် သိမှာပဲ” ရှီမာယူယူ သည် အခုချိန်တွင် မစိုးရိမ်မိပေ။ အခုစိုးရိမ်လိုက်ပါက လူများသိသွားရန် ပိုလွယ်သွားပြီး ပြဿနာများ ပိုဖြစ်လာနိုင်သည်။

“ဒီနတ်ဆိုးမအိုကြီးက ကိုင်တွယ်ဖို့ခက်တယ်၊ ဒီပြဿနာကိုရှင်းပြီးတာနဲ့ အဒေါ်မန်ကိုဘာလို့မေးမကြည့်တာလဲ” ရှီယူ ပြောလိုက်သည်။

“အင်း အဲအချိန်ရောက်လာရင်တော့ မင်းကိုဒုက္ခပေးရတော့မှာပဲ” ရှီမာယူယူ ပြောလိုက်သည်။

“မဟုတ်တာ အဒေါ်မန်က မင်းကိုသဘောကျတာ ငါမြင်တယ်”

ဝူမန်သည်လည်း ရှီမာယူယူ၏ဖခင်ကို သဘောကျခဲ့ကြောင်း ရှီယူ ပြော ခဲ့သည်ကို မှတ်မိသည်။ သူမ မိခင်ရဲ့အပြိုင်ဘက်နဲ့ ဘယ်လိုလုပ်မျက်နှာချင်း သွားဆိုင်မလဲ။

မီအာ၏ ပြဿနာဖြေရှင်းပြီးနောက်တွင် ကွင်းသည် သူတို့ကို ခြိမ်းခြောက်မှုတစ်ခုမဟုတ်တော့ပေ။ သို့သော် သရုပ်ပြရန်အတွက် သူတို့သည် ကွင်းကိုစောင့်ကာ ချက်ပြုတ်စားသောက် စကားပြောရင်းနှင့် သုံးရက်မှာ ထို အတိုင်းပင် ကုန်ဆုံးသွားလေသည်။

ယနေ့တွင် ရှီမာယူယူနှင့် ရှီယူတို့ တည်ဆောက်မှုများအကြောင်း ဆွေးနွေးနေချိန်တွင် အားကောင်းသော စွမ်းအားတစ်ခုသည် သူတို့ဆီသို့ ဦးတည်လာနေသည်ဟု ခံစားမိရာ နှစ်ယောက်လုံးသည် သူတို့စဉ်းစားနေသည့် အရာလာနေပြီဟု တွေးပြီးတစ်ယောက်နှင့်တစ်ယောက်ကြည့်မိကြလေသည်။

ခဏအကြာ လူတစ်စဒသည် တားမြစ်ဧရိယာလေဟာပြင်သို့ မျက်စိ တစ်မှိတ်အတွင်းရောက်လာသည်။

ပထမဆုံးလာသူမှာ အနက်ရောင်အဝတ်အစားများဝတ်ထားပြီး ထူထဲ သောမိတ်ကပ်နှင့် မိန်းကလေးတစ်ယောက်ဖြစ်သည်။ သူမ၏ မျက်နှာ အသွင်အပြင်မှာ အထူးတလည်ရွေးချယ်ထားသည့်အရာများဖြစ်သောကြောင့် ရှီမာယူယူထက် အနည်းငယ်လှသည်ဟု ပြောနိုင်သည်။ သို့သော် သူမခန္ဓာ ကိုယ်မှ အမှောင်ရောင်ဝါသည် သူမကို အသက်မရှိသကဲ့သို့ ဖန်တီးပေးလေ သည်။

ရှီမာယူယူသည် ရုတ်တရက် စိုးရိမ်သွားသည်။ နတ်ဆိုးမအိုကြီးက သူမ ရောင်ဝါကနေ သူမအဖေနဲ့ဆက်သွယ်ချက်ကို သိသွားရင် ဘယ်လိုလုပ်မလဲ။

“သခင် မစိုးရိမ်ပါနဲ့ အခုက မင်းမှာအမှောင်ရောင်ဝါရှိနေတာ၊ မင်းက မင်းအမေနဲ့သွားတူနေတာ၊ သူတို့က မင်းအမေကိုအရင်က မတွေ့ဖူးတော့ ဇစ်မြစ်ကိုသိမှာမဟုတ်ဘူး” မီအာသည် သူမ အတွေးကိုသိသဖြင့် နှစ်သိမ့်ပေး လေသည်။

ထိုသို့ပြောလိုက်သည်နှင့် သူမ စိတ်အေးသွားသည်။ ထိုလူများသည် သူမ မိဘများ၏ ဆက်ဆံရေးကိုမသိသဖြင့် သူမသည် ရှီမာလျူရွှမ်၏ သမီးဖြစ်သည် သူသိကြမည်မဟုတ်ပေ။

***

All Chapters