မြို့ဝန်ပြန်လာတာနဲ့ ပြဿနာကြီးလာ
Vol. 97 Ch. 1349
ဝေ့မင်တျဲသည် ကွင်းထဲမှလူများကိုကြည့်ပြီး သူမအနောက်မှလူများကို မေးလိုက်သည် “သူတို့လား”
“ဟုတ်ပါတယ် မြို့ဝန်”
ရှီယူသည် ရှီယူယူယူ၏ အဝတ်ကိုဆွဲပြီး ဝေ့မင်တျဲကို နှုတ်ဆက်ပြီး ပြော လေသည် “မြို့ဝန်ကိုနှုတ်ဆက်ပါတယ်”
“မြို့ဝန်ကိုနှုတ်ဆက်ပါတယ်” ရှီမာယူယူ၊ ဒိဝူနှင့် မူစစ်တို့ နောက်မှလိုက် ကာ နှုတ်ဆက်လေသည်။
ဝေ့မင်တျဲသည် မြေပေါ်တွင်ရှိနေသော အမည်းလေးကိုကြည့်ပြီး အသာအယာ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် “ဒီအမှောင်သားရဲက ဘယ်သူပိုင်တာလဲ”
“မြို့ဝန်ကိုပြန်ပြောပါတယ် ကျွန်မပိုင်တာပါ” ရှီမာယူယူ ပြန်တုံ့ပြန်လိုက် သည်။
ဝေ့မင်တျဲသည် ရှီမာယူယူကို ကြည့်ပြီး ပျော်ရမလား ဒေါသထွက်ရ မလားကို မသိတော့ပေ။ ရှီမာယူယူ၏ နဖူးတွင်ချွေးများသီးနေသည်ကို ကြည့် ပြီးနောက် တိုးညင်းစွာ ပြောလိုက်သည် “မဆိုးဘူး”
“မြို့ဝန် ဒီဟာကိုမြန်မြန်ပဲ ချိပ်ပိတ်လိုက်ပါ” ဝူမန်သည် ဝေ့မင်တျဲမှ ရှီမာယူယူကို အပေါ်အောက် အပြန်ပြန်အလှန်လှန်ကြည့်နေသည်ကို ကြားဖြတ်ပြောလေသည်။
“အင်း မင်းတို့ အဆင်မပြေသွားတာအတွက် တောင်းပန်ပါတယ်” ဝေ့မင်တျဲသည် ဝူမန်ကိုခေါင်းညိတ်ပြပြီး ရှီမာယူယူကို ဖြတ်လျှောက်ကာ ကန် ဘေးသို့သွားလိုက်သည်။
သူမ မလှုပ်မယှက်ရပ်နေသည်ကို ရှီမာယူယူ မြင်ရသည်။ သူမ တစ်ခုခုကို များတွေ့သွားပြီလား။
သူတို့သာ မီအာတစ်ခုခုလွဲနေတာကို သိသွားရင် သူမနဲ့ စာချုပ် တည်ထောင်လိုက်တာကို ခန့်မှန်းနိုင်ရင်တော့ မရှောင်နိုင်တဲ့တိုက်ပွဲတစ်ခုဖြစ် လာတော့မယ်။ ထိုသို့ဆိုလျှင်တောင် သူမ မကြောက်ပေ။ သူမအဖေကို ရှာ မတွေ့သေးသဖြင့် သူတို့ကိုဆန့်ကျင်လိုက်ပါက သတင်းရရန်ခက်သွားရုံသာရှိ မည်။
“သခင် မစိုးရိမ်ပါနဲ့ သူမဘာမှရှာတွေ့မှာမဟုတ်ဘူး” မီအာနှစ်သိမ့်လေ သည်။
“အင်း” ရှီမာယူယူ စိတ်ထဲမှ ပြန်ဖြေလိုက်သည်။
သူတို့စာချုပ်တည်ထောင်စဉ်က ထိုကောင်လေးသည် အလိမ်များဖြင့် ပြည့်နေကာ သူမကိုသတ်ချင်သော်လည်း စာချုပ်တည်ထောင်ပြီးနောက်တွင် ကျိုးနွံလာသည်။
တကယ်တော့ မီအာသည် နစ်နာသည်ဟု ခံစားရသည်။ ရှီမာယူယူတွင် ဖိနှိပ်ရန် အမည်းလေးရှိရုံတင်မက သူ၏ ရန်သူဖြစ်သော ထိပ်တန်းခရမ်းရောင် လျှပ်စီးပါ သူမတွင်ရှိနေသည်။ သူမသည် အံ့ဖွယ်ပဒါးရောင်ဟင်္သာငှက်နှင့် နိဗ္ဗာန်မီးပါရှိသေးသည်။ မည်သို့ပင်ဖြစ်စေကာမူ အရာအားလုံးသည် သူ၏ ရန်သူများဖြစ်ကြသည်။
သူသာ ပြန်တိုက်ခိုက်ပါက အစအနမကျန်အောင် ပြာကျသွားမည်ဖြစ် သည်။
ပြန်တုံ့ပြန်တိုက်ခိုက်လို့မရမှတော့ လက်ခံရုံသာရှိတော့တယ်လေ။ သူ သည် တစ်စုံတစ်ယောက်နှင့် အတူသွားရန်အဆင်မပြေလှသော်လည်း ရှီမာယူယူသည် မိုးကုတ်စက်ဝိုင်းကို သေချာပေါက်ပျံတက်သွားမည့် အရည်အချင်းရှိသည်ကို မြင်နေရသည်။ သူမနောက်လိုက်လျှင် အရှုံးမရှိနိုင်ပေ။
အရေးအကြီးဆုံးမှာ နောက်ထပ်ထိုကန်ထဲတွင် နေရန်မလိုတော့ပေ။ သူ၏ သခင်သည် နေရာတိုင်းကိုလှည့်လည်သွားလာမည်ဖြစ်ရာ သူမနောက် လိုက်ပြီး တစ်ကမ္ဘာလုံးကို လိုက်ကြည့်နိုင်တော့မည်။
လွတ်လပ်မှု… စဉ်းစားလိုက်ရုံနဲ့တင် မျက်ရည်တွေကျလာပြီ။
သူသည် လိမ္မာပါးနပ်သူဖြစ်ပြီး ထိုအတွေးများကြောင့်ပင် ရှီမာယူယူကို စိတ်ရင်းနှင့် ဆက်ဆံပေးလေသည်။
ရှီမာယူယူသည် မီအာပြောသည်ကို ယုံကြည်သော်လည်း အနည်းငယ် စိုးရိမ်နေတုန်းပင်။
ကံကောင်းစွာပင် ဝေ့မင်တျဲသည် ခေတ္တသာရပ်ပြီး လက်ကိုဝှေ့ယမ်းလိုက် ပြီး ကန်ထဲမှ မီအာ၏ကိုယ်ပွားကိုချိပ်ပိတ်ပြီးသည်နှင့် ရှီမာယူယူဘက်လှည့် ကာ ပြောလေသည် “ဖြစ်ခဲ့တာတွေကို ဝူမန်ဆီကကြားပြီးသွားပြီ မင်းနဲ့ မင်းရဲ့ ဝိညာဉ်သားရဲ ကျေးဇူးတွေကြောင့်ပါပဲ ဒါတွေပြီးသွားရင် မင်းကိုဆုပေးမယ်၊ ဒါက တားမြစ်ဧရိယာပဲ ဒီကထွက်သွားတာနဲ့ ဖြစ်ခဲ့တာတွေကို ပြန်မဖြန့်ဖို့နဲ့ နောက်ထပ်ပြန်မလာဖို့ကို မျှော်လင့်ပါတယ် ဝူမန် သူတို့ကိုဒီကနေခေါ်သွား လိုက်တော့”
“ဟုတ်ကဲ့ပါ မြို့ဝန်” ဝူမန် ပြောလိုက်သည်။
“အခု သွားလိုက်ပါဦးမယ်”
ရှီမာယူယူတင်မကဘဲ အားလုံးလည်း ထွက်သွားကြသည်။ ဝေ့မင်တျဲ တစ်ယောက်သာ ကွင်းထဲတွင်ကျန်ခဲ့လေသည်။
“ဟင်း သူမကချိပ်ပိတ်တိုင်းကို ငါတို့ကိုမောင်းထုတ်တယ်၊ သူမ ချိပ်ပိတ် နည်းကို ငါတို့များသင်မှာကြောက်နေတာလားပဲ” ကျန်းဟောက်သည် မကျေ မနပ်ဖြင့်ပြောလေသည်။
ဝေ့မင်တျဲသည် ချိပ်ပိတ်မည့်နည်းလမ်းကို သူတို့ကိုမသိစေချင်၍ နှင်ထုတ်လိုက်ခြင်းဖြစ်သည်ကို ရှီမာယူယူနားလည်သွားတော့သည်။ ဒါက အန္တရာယ်များလွန်းတယ်၊ တကယ်လို့ သူမသာ ချိပ်ပိတ်နည်းကိုသိတာ တစ်ဦး တည်းသောသူဖြစ်ရင် တခြားသူတွေက မကောင်းတဲ့အကြံတွေရှိရင်တောင် တကယ့်အစစ်ကို ချိပ်ပိတ်ဖို့ရဲမှာမဟုတ်ဘူးလေ။
ထို့ကြောင့်ပင် ကျန်းဟောက်သည် သူမကို ဆိုးရွားစွာမုန်းတီးသော်လည်း သူမကို မတိုက်ခိုက်ရဲခြင်းဖြစ်သည်။
“သူမက ဘယ်တုန်းက ဒီလိုမဖြစ်ဘူးလို့လဲ၊ ဘာတွေဒေါသထွက်စရာပါ နေလဲ၊ သူမ ငါတို့ကိုနှင်မထုတ်ရင် ငါတို့ကမသင်ရတော့ဘူးတဲ့လား” မောင့်ရှား သည် အထင်သေးစွာပြောလိုက်သည်။ သိုသော် သူ၏ ထေ့ငေါ့သော စကားများ သည် ဝေမင့်တျဲကိုပြောသည်လား ကျန်းဟောက်ကိုပြောသည်လား မည်သူမှ မသိနိုင်ပေ။
“ကောင်းပြီလေ ပြန်ကြတာပေါ့ ရှီယူ ရှီချင်း မင်းတို့တွေက ငါနဲ့ မြောက်ပိုင်းမြို့ကိုလိုက်ခဲ့ကြ” ဝူမန် ပြောလိုက်သည်။
“ဒီမှာမစောင့်ကြဘူးလား” ရှီယူ မေးခွန်းထုတ်လိုက်သည်။
နတ်ဆိုးမအိုကြီး တစ်စုံတရာကိုသိသွားမလားဆိုသည်ကို သူတို့သိချင်ကြ သည်။ ထိုမှသာကြိုတင်ပြင်ဆင်နိုင်မည်ဖြစ်သည်။ သူတို့သာ ထွက်သွားလိုက်ပါ က သိနိုင်မည်မဟုတ်ပေ။
“မြို့ဝန်က အမြဲတမ်း ချိပ်ပိတ်တာ နှစ်ရက်ကြာပြီး လတစ်ဝက်လောက် အနားယူတယ်၊ သူမခန္ဓာကိုယ်မှာ ဒဏ်ရာရှိတုန်းပဲ အဲဒါကြောင့် သူမ အနားယူ ဖို့အကြာကြီးလိုတယ်၊ အဲတော့ ဒီမှာစောင့်နေလည်း အကျိုးမရှိဘူး၊ သူမ ပြန် ကောင်းလာတာနဲ့ ငါတို့ဆီကိုအလိုလိုရောက်လာလိမ့်မယ်” ဝူမန် ရှင်းပြလေ သည်။
“အိုး သိပြီ ညီမလေး ဒါဆိုရင်အဒေါ်မန်နဲ့ ပြန်ရအောင်” ရှီယူသည် ရှီမာယူယူ၏ လက်မောင်းကိုချိတ်ပြီး ပြောလေသည်။
ဝူမန်သည် လေဟာပြင်ဝင်ပေါက်ဖွင့်ပြီး ရှီမာယူယူနှင့် တခြားသူများကိုပါ ခေါ်သွားလိုက်သည်။ မောင့်ရှားနှင့်ကျန်လူများသည် သူတို့ကိုယ်ပိုင် လေဟာပြင်များဖွင့်ကာ သက်ဆိုင်ရာအိမ်တော်များဆီသို့ပြန်သွားကြလေ သည်။
ရှီမာယူယူ လေဟာပြင်ဝင်ပေါက်မှထွက်လိုက်သည်နှင့် တစ်မြို့တည်းကို ဘာကြောင့် လောဟာပြင်ဝင်ပေါက်သုံးရန်လိုသည်ကို သိသွားခဲ့သည်။ မြို့မှာ အလွန်ကြီးမားသည်။
သူတို့ထွက်ချိန်တွင် မူစစ်ကိုကာကွယ်ထားသည့် ဝိညာဉ်အတားအဆီးမှာ လည်း ပျောက်ကွယ်သွားခဲ့သည်။ မူစစ်၏ နုနယ်သောခန္ဓာကိုယ်သည် လေဟာပြင်ဖိအားကြောင့် ထိခိုက်မည့်ဘေးမှ ကာကွယ်ပေးသည့်အတွက် ဝူမန်ကို ရှီမာယူယူ ကျေးဇူးတင်မိသည်။
မူလျန်ကျယ်သည် သူမဖခင်ကိုကယ်ရန်ကြိုးစားရမှာ ပျောက်သွားခဲ့ သည်။ ထို့ကြောင့် သူ အသက်ရှင်ခြင်းရှိခဲ့သည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ သူမ သည် မူစစ်ကို မောင်အရင်းတစ်ယောက်သဖွယ် ကာကွယ်မည်ဟု ဆုံးဖြတ်ခဲ့ သည်။
“အာ.. ငါတော့ ထွက်လာတာ မကြာသေးဘူး ပြန်ရောက်လာပြန်ပြီ” ရှီယူ သက်ပြင်းချလေသည်။
“မင်းကတော့လေ အိမ်ကိုပြန်လာရကောင်းမှန်းမသိအောင် အကြာကြီး ထွက်ဆော့နေပြီးတော့ ခဏလေးဆိုပြီးညည်းညူနေသေးတယ်၊ အပြင်မှာ ထပ် ပြီးသာနေလိုက်ရင် အိမ်ကဘယ်လိုပုံစံရှိလဲဆိုတာတောင် မှတ်မိမှာမဟုတ် တော့ဘူးထင်တယ်” ရှီမျိုးနွယ်၏ အစ်ကို၃ သည် ခြံထဲမှထွက်လာရင်း ပြော လိုက်သည်။
“အစ်ကို၃ သမီးကဘယ်လိုလုပ်မေ့မှာလဲ” ရှီယူသည် သူ့ဆီသို့သွားပြီး အစ်ကို၃၏ လက်မောင်းချိတ်ကာ ပြောလိုက်သည် “အဖေနဲ့ တခြားသူတွေရော”
ရှီမျိုးနွယ်၏ အစ်ကို၃ သည် သူမနှာခေါင်းကိုထိကာ ချစ်ခင်မှုကိုပြသလေ သည်။ “သူက စာကြည့်ခန်းမှာ အကြီးအကဲကျန်းနဲ့ ကိစ္စတွေဖြေရှင်းနေတယ်၊ မင်းဘယ်တော့ပြန်လာမလဲဆိုတာ သိချင်နေကြတယ်”
“အဒေါ်မန်တောင် အိမ်ရောက်နေပြီ အဖေက ဘာတွေဆွေးနွေးနေသေး တာလဲ” ရှီယူ ရေရွတ်လိုက်သည်။
“မြို့အပြင်မှာ တစ်ခုခုဖြစ်သွားတယ်လို့တော့ ကြားတယ် အဖေက ငါ့ကို ဘာမှမပြောတော့ အသေးစိတ်ကိုတော့ မသိဘူး” ရှီမျိုးနွယ်၏ အစ်ကို၃ ဆက် ပြောလေသည် “အဒေါ်မန် ညီမလေးကိုပြန်ခေါ်လာပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်”
ထိုအခါမှပင် ဝူမန်သည် သူတို့ကိုရှီမျိုးနွယ်သို့ခေါ်လာသည်ကို ရှီမာယူယူ သိလိုက်ရသည်။
ဝူမန်သည် အသာအယာခေါင်းညိတ်ကာ မေးလိုက်သည် “ဘယ်မှာ ဘယ်လိုတွေဖြစ်နေတာလဲ”
“တစ္ဆေလောကကိုသွားတဲ့ လမ်းထင်တယ်၊ အဒေါ်မန်ပြန်လာတာနဲ့ အဲကိစ္စကို ဆွေးနွေးမယ်လို့ အဖေပြောတယ်”
“အဒေါ်မန်နဲ့ ဆွေးနွေးမယ်ဟုတ်လား၊ ကြည့်ရတာ ကိစ္စကြီးတစ်ခုခု တော့ဖြစ်ပြီထင်တယ်၊ အရင်ရက်တွေတုန်း ဖြစ်ခဲ့တာနဲ့ ဆိုင်မလား” ရှီယူသည် သိချင်စိတ်ဖြင့်မေးလိုက်သည်။
“ငါ့ကိုအဲလိုမကြည့်နဲ့ ဆက်စပ်ရဲ့လားဆိုတာ ငါမသိဘူး၊ အဖေထွက်လာ တာနဲ့ သိလိမ့်မယ်” ရှီမျိုးနွယ်၏ အစ်ကို၃သည် ညီမဖြစ်သူ၏အကြည့်ကို မြင် သည်နှင့် သူမစဉ်းစားနေသည့်အရာကို သိလေသည်။
သူတို့ စကားပြောနေချိန်တွင် သူတို့ရောက်နေသည်ကို ရှီကုန်းအာရုံခံမိ ကာ ခြံထဲသို့ရောက်လာသည်။
သမီးဖြစ်သူကို အမြဲတစေချစ်ခဲ့သော သူသည် ရှီယူကို မမြင်သလိုလုပ်ပြီး ဝူမန်ကို ကြည့်ပြီးပြောလိုက်သည် “တစ်ခုခုတော့ဖြစ်နေပြီ”
***