မျိုးနွယ်အကြီးအကဲများ ပြဿနာတက်ခြင်း
Vol. 97 Ch. 1350
ဝူမန်သည် လေးနက်သောအကြည့်ပြောင်းသွားသည်။ ရှီကုန်းကို ထိုသို့ ဖြစ်စေသည်မှာ အမှန်တကယ်ပင် ကြီးသောပြဿနာဖြစ်သည်။
သူမဖခင်မှ ဖြစ်ခဲလှသော အမူအရာကို ရှီယူ မြင်လိုက်ရသည်။ သူမ အရင်ကမမြင်ဖူးသဖြင့် သိချင်စိတ်ဖြင့် မေးလိုက်သည် “အဖေ ဘာဖြစ်လို့လဲ”
“ယူအာ ပြန်လာပြီလား” ရှီကုန်းသည် အခုမှပင် သူ၏အဖိုးတန်သမီးလေး ကိုမြင်နိုင်တော့သည် “ပြန်လာမှတော့ သွားအနားယူလိုက်ဦး အဖေအဒေါ်မန်နဲ့ ဆွေးနွေးပြီးရင် သမီးဆီလာလည်မယ် ဝူမန် စာဖတ်ခန်းထဲသွားရအောင်”
“အင်း” ဝူမန်သည် ခေါင်းညိတ်ကာ ရှီကုန်းနှင့်အတူ ပျောက်သွားလေ သည်။
သူတို့သည် လေဟာပြင်ဝင်ပေါက် မဖွင့်ဘဲ ပျောက်ကွယ်သွားသည်။ ထို စွမ်းအားမျိုးသည် ဖန်ရူယန်လိုလူမျိုးတွင်ရှိတတ်သည်ကို ရှီမာယူယူသတိရ သွားသည်။
သူတို့သည်လည်း နေရာတွင်ပင် ပျောက်ကွယ်သွားသည်။
သူတို့ ထိုအတိုင်း ထွက်သွားပြီးနောက်တွင် ရှီယူသည် နှုတ်ခမ်းတွန့်ကာ ပြောလိုက်သည် “အဖေက ငါနဲ့စကားတောင်မပြောနိုင်လောက်အောင် ဘာတွေများဖြစ်နေတာလဲ”
ရှီမျိုးနွယ်၏ အစ်ကို၃သည် သူ၏ ပျော်ပျော်နေတတ်သောပုံစံကို အသာ ပေးချထားပြီး သူ၏ ညီမလေးကိုနှစ်သိမ့်လေသည် “အဖေ့ကို စိုးရိမ်အောင် ကိစ္စ ကြီးတစ်ခုခုဖြစ်လို့ဖြစ်မယ်၊ အဖေ့ကိုစိတ်မဆိုးပါနဲ့”
“ညီမနားလည်ပါတယ်” ရှီယူ ဆက်ပြောလေသည် “အဖေ့ကို အဲလောက် စိုးရိမ်စေအောင် ဖြစ်စေတဲ့အဲဒီကိစ္စကြီးကိုစဉ်းစားနေတာ၊ ညီမတို့ ဘာလို့ ခိုး နားမထောင်ရမှာလဲ အကူအညီတစ်ခုခုလုပ်ပေးရင်လုပ်ပေးနိုင်မှာလေ”
“မရဘူး” အစ်ကို၃သည် သူမအားဆွဲပြီး ပြောလိုက်သည် “အဖေ့ရဲ့ စည်းမျဉ်းကိုမမေ့နဲ့လေ၊ စာဖတ်ခန်းကလွဲပြီး ကြိုက်တဲ့နေရာကိုဿွားလို့ရ တယ်၊ ဒီမှာဧည့်သည်ရှိနေတာပဲမလား၊ သူတို့ကို နေရာချပေးလိက်လေ၊ သူတို့ ကိုပါ မင်းနဲ့ပြဿနာရှာခိုင်းချင်တာလား”
ရှီယူသည် ရှီမာယူယူနှင့်တခြားသူများကိုကြည့်ပြီးသက်ပြင်းချလိုက် သည် “ကောင်းပါပြီ ညီမပဲ ညီမလေးနဲ့တခြားသူတွေကို ခြံဝန်းကိုခေါ်သွား လိုက်မယ်”
“ဘေးဘက်က ခြံဝန်းကိုအမြဲတမ်း သန့်ရှင်းရေးလုပ်ထားတယ်၊ သူတို့ကို အဲဒီကိုခေါ်သွားလိုက် ဘယ်လိုပဲဖြစ်ဖြစ် မင်းခြံဝန်းနဲ့နီးတယ်လေ” အစ်ကို၃ ပြောလေသည်။
“ဟုတ်ပါပြီ ညီမလေး သွားရအောင်”
ရှီမာယူယူသည် အစောကတည်းကပင် စကားမပြောပေ။ သူမ မသေချာ သော်လည်း ရှီကုန်းတို့ဖြစ်နေသည့် အဖြစ်သည် မီအာ၏ စာချုပ်နှင့်ပတ်သတ်မှု ရှိနိုင်သည်ဟု သူမ၏ အလိုလိုသိစိတ်မှပြောနေသည်။
သို့သော် သူမ ရောက်ခါစဖြစ်သဖြင့် မေးရန်မသင့်တော်သောကြောင့် ရှီယူနောက်လိုက်ကာ သူမ၏ခြံဝန်းသို့သွားလိုက်သည်။
ရှီယူသည် ရှီမာယူယူ၊ မူစစ်နှင့် ဒိဝူတို့ကို သူမခြံဝန်းဘေးရှိ ခြံဝန်းသို့ခေါ် သွားလိုက်သည်။ သူတို့ထိုနေရာသို့ရောက်သည်နှင့် ဟော်ပို သူတို့နောက်လိုက် ရန်မလိုတော့ပေ။ သို့သော် သူ့ကိုအစ်ကို၃သည် မေးခွန်းမေးရန် ခေါ်သွားလေ သည်။
ရှီမျိုးနွယ်သည် ရှီမာယူယူကို ထောက်ပံ့ပေးပြီး ကူညီပေးခဲ့သော်လည်း သူမ အကြောင်းကို မသိသောကြောင့် သူမ အကြောင်းများ၊ သူမသည် မည်သူ ဖြစ်သည်၊ မည်သည့်ရည်ရွယ်ချက်ရှိသည်ကို သိချင်၍ခေါ်ထုတ်သွားလေသည်။
“ဟော်ပို ငါ့နောက်လိုက်ခဲ့ အစ်ကိုကြီးတို့စောင့်နေကြတယ်”
“ဟုတ်ကဲ့ သခင်လေး၃”
ရှီဟွီသည် ဟော်ပိုကို အစ်ကိုအကြီးဆုံး ရှီဇဲနှင့် အစ်ကို၃ ရှီယိ တို့စောင့် နေသော သူ၏ခြံဝန်းသို့ခေါ်သွားလေသည်။
သူတို့ဝင်လာသည်ကို မြင်သည်နှင့် ညီအစ်ကိုနှစ်ယောက်သည် မတ်တတ်ရပ်ကာ လက်သီးဆုပ်ဖြင့် ဂါရဝပြုနှုတ်ဆက်လေသည် “ဟော်ပို”
မျိုးနွယ်၏ သခင်လေးများပင် ဟော်ပိုကိုနှုတ်ဆက်နေသည်မှာ သူသည် မျိုးနွယ်အတွင်းတွင် ရာထူးမြင့်သည့်ပုံပင်။
“ဒီရက်တွေမှာ ဟော်ပိုအတွက် ပင်ပန်းနေမှာပဲ” ရှီဇဲသည် ကျေးဇူးတင်စွာ ဖြင့် ပြောလေသည်။
“သခင်လေး၁ အရမ်းယဉ်ကျေးလွန်းနေပါပြီ” ဟော်ပိုသည် နှုတ်ဆက် ရင်း ပြန်ဖြေလေသည်။
“ကျွန်တော်တို့မေးစရာလေးရှိလို့ပါ ထိုင်ပါ”
ဟော်ပို ထိုင်လိုက်ရာ ရှီဇဲနှင့် ကျန်ညီအစ်ကိုနှစ်ယောက်လည်း ထိုင်လိုက် ကြသည်။
“ဟော်ပို ညီမလေးပြန်ခေါ်လာတဲ့ မိန်းကလေးရဲ့နာမည်ကဘာလဲ၊ သူတို့ ဘယ်လိုလုပ် တစ်ယောက်နဲ့တစ်ယောက်သိသွားကြတာလဲ သူမက ဘယ်သူလဲ” ရှီယိ မေးလိုက်သည်။
ဟော်ပိုသည် တခြားသူများ ခိုးနားမထောင်စေရန် သာမန်ကာလျှံကာပင် ဝိညာဉ်အတားအဆီးလုပ်လိုက်သည် “အဲဒီမိန်းကလေးနာမည်က ရှီမာယူယူပဲ သူမက ရှီမာလျူရွှမ်ရဲ့သမီးပဲ”
“ရှီမာလျူရွှမ်လား၊ သူမက ဘယ်လိုလုပ်သူ့ရဲ့သမီးဖြစ်ရတာလဲ ဟော်ပို သေချာရဲ့လား” ရှီဟွီသည် တအံ့တဩအော်လေသည်။
“သေချာတယ်” ဟော်ပို ဆက်ပြောလေသည် “သူမ ဒီကိုလာရတဲ့ အကြောင်းအရင်းကလည်း သူမ အဖေကိုကယ်ချင်လို့ပဲ”
“ဒါပေမဲ့ သူမ အဖေက…”
“တခြားသူတွေ သူမအကြောင်းသိရင် ပိုပြီးပြဿနာများနိုင်တယ်” ရှီဟွီ မျက်မှောင်ကြုတ်လေသည်။ ညီမလေးက ဘာလို့များ ပြဿနာကိုအိမ်ခေါ်လာ တာလဲ။
“သခင်မလေးက သူမကို သဘောကျတယ်” ဟော်ပိုဆက်ပြောလေသည် “ကျုပ်စောင့်ကြည့်ရသလောက် သူမက မိတ်ဆွေဖွဲ့ဖို့ တန်တဲ့သူပဲ”
“ဟော်ပိုတောင်မှ ချီးကျူးရတဲ့အထိဆို သူမက အဆင်ပြေလို့ပဲဖြစ်မယ်” ရှီဇဲ သက်ပြင်းချလေသည်။
“ဟုတ်တယ် ဟော်ပိုက သူများကိုချီးကျူးခဲတယ်၊ သူမ အကြောင်းထပ် ပြောပြပါဦး အဲဒါမှအနည်းဆုံး ဘာတွေဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိမှာ” ရှီယိ ပြောလိုက်သည်။
“ရပါတယ်…”
တစ်ဖက်တွင် ရှီယူသည် ရှီမာယူယူတို့ကိုခေါ်ပြီး ဂရုတစိုက်ရွေးချယ်ထား သော ခြံဝန်းငယ်တစ်ခုသို့ခေါ်သွားကာ ပြောလေသည် “ဒီခြံဝန်းက ပုံမှန်ဆိုရင် ဧည့်သည်တွေကို မထားတတ်ဘူး၊ ဒါပေမဲ့ ငါ မင်းနဲ့အနီးကပ်နေချင်တယ်ဆို တာ အဖေမှန်းမိလို့ မင်းအတွက် ဒီခြံဝန်းကိုပြင်ပေးထားတာ၊ အရမ်းသေးလွန်း တယ်ထင်ရင် နောက်တစ်ခုပြောင်းပေးမယ်”
“ရပါတယ် ငါတို့သုံးယောက်အတွက် လုံလောက်ပါပြီ ဒီခြံဝန်းက လှပါ တယ်” ရှီမာယူယူ ပြုံးလိုက်သည်။
“မင်းကြိုက်ရင် ကောင်းပါတယ်” ရှီယူသည် သူတို့ဟန်ပြလုပ်နေသည်ဟု မထင်မိပေ။ “ငါက အနီးအနားမှာ အစေခံတွေရှိတာမကြိုက်ဘူး အဲဒါကြောင့် ငါ့နားမှာ လူနည်းနည်းပဲထားတာ၊ နောက်မှပဲ မင်းအနားမှာ အစေခံထားဖို့ အစ်ကိုကြီးကိုပြောလိုက်မယ်”
“မလိုတော့ဘူး ငါလည်း အနားမှာအစေခံမရှိတာ အကျင့်ဖြစ်နေပြီ” ရှီမာယူယူ ပြောလိုက်သည်။
“ဒါပေမဲ့…”
“ငါ့နားမှာ အစေခံရှိတာဘယ်တုန်းက တွေ့ဖူးလို့လဲ၊ ဒီမှာတစ်ယောက် ယောက်ရှိနေရင် ပိုပြီးတော့တောင် စိတ်မလွတ်လပ်သေးတယ်” ရှီမာယူယူ ပြောလိုက်သည်။
“ကောင်းပြီလေ၊ နောက်မှ မင်းကိုလျစ်လျူရှုတယ်ဆိုပြီး စောဒကမတက် နဲ့နော်”
“ငါက ဘာလို့တက်ရမှာလဲ”
“ဒါဆိုရင် နေ့တိုင်း မူစစ်အတွက် စားသောက်စရာပြင်ပေးဖို့ စားဖိုဆောင် ကိုပြောထားလိုက်မယ် အဲလိုဆိုရင် မင်းနေ့တိုင်းချက်ဖို့မလိုတော့ဘူး” ရှီယူ ပြောလိုက်သည်။
“ဒါဆိုရင် အဲဒါအတွက် မင်းကိုဒုက္ခပေးတော့မယ် ငါမရှိရင် မူစစ်ကို ဂရု စိုက်ပေးဖို့ မင်းကိုပဲ ဒုက္ခပေးတော့မယ်”
“ပြဿနာမရှိပါဘူး” ရှီမျိုးနွယ်သည် ကြီးမားသဖြင့် မူစစ်အတွက် ပြဿနာ မဖြစ်နိုင်ပေ။
“ကျေးဇူးပါပဲ” မူစစ်သည် သူမကို အရိုအသေပေးလေသည်။
“မြင်ရခဲလိုက်တာ ဒီကောင်လေးက ငါ့ကိုအရင်စကားလာပြောတယ်” ရှီယူ စနောက်လေသည်။
မူစစ်သည် ဘာမှမပြောဘဲ နှုတ်ခမ်းကွေးလိုက်သည်။
“ရှီယူ ခုနက အဖေပြောတဲ့ပြဿနာက မီအာနဲ့ ဆက်စပ်မယ်လို့ထင်လား” ရှီမာယူယူ မေးလိုက်သည်။
“မင်းလည်း အဲဒါကိုခံစားမိလား” ရှီယူသည် သိချင်စိတ်ဖြင့် ပြောလိုက် သည် “ဆက်စပ်မယ်လို့ထင်တယ် ဒါပေမဲ့ အဖေကမပြောတော့ မသိဘူးလေ”
သူမသည် ရှီမာယူယူ၏ စိုးရိမ်မှုကိုမြင်သောအခါ ပြုံးပြီးပြောလိုက်သည် “ဘယ်လိုပဲဖြစ်ဖြစ် မင်းအဖေကိုရှာဖို့ ဒီကိုရောက်လာတာပဲမလား၊ တခြား ကိစ္စ တွေကအရေးမကြီးပါဘူး”
“ငါ့အဖေနဲ့ ဆက်စပ်မနေမှာကိုလည်း စိုးရိမ်တာ” ရှီမာယူယူ ပြောလိုက် သည်။
“မင်းစိုးရိမ်ရင် အဖေတို့ထွက်လာရင် မေးလိုက်မယ်လေ” ရှီယူ သူမကို အာမခံလေသည်။
“ဟုတ်ပြီ”
ရှီကုန်း၏ စာဖတ်ခန်းထဲတွင် ဝူမန်အပြင် တခြားသော အကြီးအကဲနှစ် ယောက်ရှိလေသည်။ သူတို့သည် သာမန်အကြီးအကဲများမဟုတ်ကြောင်းကို တစ်ချက်တည်းကြည့်ရုံနှင့်သိနိုင်သည်။
ဝူမန်သည် သူတို့ကိုမြင်လိုက်သည်နှင့် အံ့ဩသွားကာ အသာအယာ ဦးညွှတ်ပြရာ ထိုနှစ်ယောက်လည်း ပြန်ပြီး ဦးညွှတ်ပြလေသည်။
“ဘာတွေဖြစ်နေတာလဲ၊ အစ်ကိုကြီးက မျိုးနွယ်နှစ်ခုက အကြီးအကဲတွေ ကိုတောင် ဒုက္ခပေးထားတာပဲ”
***