← Chapters

ဧကရီထံတွင် မေးမြန်းခြင်း

Vol. 015 Ch. 1414

ဧကရီထံတွင် မေးမြန်းခြင်း

Vol. 015 Ch. 1414

ရှင်းမင်းက ရီဖူရှင်းကို ကြည့်သည်။ လူသားတစ်ဦးက နတ်ဆင်ခြေလှမ်းကောင်းကင်ချနင်းပညာကို သုံးနိုင်မည်ဟု သူက မည်သို့ ယုံကြည်နိုင်မည်နည်း။

ထိုပညာကား နတ်ဆင်များ၏မူပိုင်ပညာသာဖြစ်သည်။

ဘုန်း…

ဆင်နင်းခြေသံက လေထဲပေါက်ကွဲထွက်လာကာ ရှင်းမင်းသည်လည်း ရှေ့ကို တက်လာ၏။ ရီဖူရှင်း၏နတ်ဆင်ခြေလှမ်းက ပိုကောင်းသလော သူကြည့်လိုသည်။

ရီဖူရှင်းသည်လည်း ရှင်းမင်ကဲ့သို့ ရှေ့ကို တက်လာခဲ့သည်။ ပတ်ဝန်းကျင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါနေ၏။ ရှင်းမင်းသည်လည်း သူ့အပေါ်ကို ကျဆင်းလာသော ဧရာမဖိအားကို ခံစားမိသည်။ သူ့တစ်ကိုယ်လုံးလည်း တုန်ခါနေသည်။

သူ၏အမူအရာသည်လည်း ပြောင်းလဲသွားရ၏။ သည်တိုက်ခိုက်မှုက သူတိုက်ခိုက်ခဲ့သည့်ခွန်အားနှင့် မထူးခြားပေ။ ရီဖူရှင်း ထုတ်ဖော်သော တိုက်ကွက်ကား အသွင်တူခြင်းမျှသာမဟုတ်ပေ၊ စစ်မှန်သော ပညာရပ်ဖြစ်နေသည်။

လေထဲတွင် ကမ္ဘာပျက်မတတ် ပေါက်ကွဲသံများ အဆက်မပြတ် ဖြစ်ပေါ်လာသည်။ ထောင်ပေါင်းများစွာသော နတ်ဆင်များ အဆက်မပြတ် လှုပ်ရှားသွားသည်။ ပတ်ဝန်းကျင်သည် ပြားပြားဝတ်မတတ် ဖိနင်းချေခံရ၏။

များစွာသော ရှန့်ထိုများမှာ သွေးများပွက်ပွက်ဆူသလို ခံစားကြရပြီး မျက်နှာများ ပြာနှမ်းသွားကြသည်။

“မင်းက အရိုးစွမ်းအားကို ကြည့်ချင်မှတော့ ပြရတာပေါ့” ရီဖူရှင်းက ပြောလိုက်သည်နှင့် သူ့ခန္ဓာကိုယ်သည် ရောင်စံများလင်းလက်လာခဲ့သည်။ ဧရာမနတ်ဆင်ပုံရိပ်တစ်ခု သူ့အပေါ်တွင် ဖြစ်ပေါ်လာ၏။

တချိန်တည်းမှာပင် ထောင်ပေါင်းများစွာသော နတ်ဆင်များဖြစ်ပေါ်လာ၏။ ရီဖူရှင်းက ရှေ့ကို တက်လာလျှင် နတ်ဆင်အင်ပါယာပုံရိပ်သည်လည်း ရှေ့ကို တက်လာသည်။ အားလုံးက တူညီစွာ လှုပ်ရှားသွားလျှင် လေထုသည် ပြင်းထန်သော မုန်တိုင်းများတိုက်ခိုက်သည့်အလားလှုပ်ရှားလာ၏။

ရှင်းမင်းက ရှေ့ကို တက်ရန်ကြိုးစားသော်လည်း ဧရာမဖိအားကြီးတစ်ခုသည် သူ့အား တားဆီးထား၏။ သို့သော်လည်း သူက ရှေ့ကို အတင်းတက်ရန် ကြိုးစားလျှင် တစ်ကိုယ်လုံးမှ သွေးကြိုးများပင် ထောင်ထလာကာ သွေးများဆူပွက်လာခဲ့သည်။

ရှင်းမင်းက မာန်သွင်းကာ ရှေ့သို့တက်လျှက် ထိုခြေလှမ်းအား ဖျက်ဆီးရန် ကြံသည်။

ဝုန်း…

အဆက်မပြတ် ပေါက်ကွဲသံများကြားကာ ရှင်းမင်းသည် နောက်ကို လွင့်သွား၏။ သူ့တစ်ကိုယ်လုံး တုန်ယင်နေကာ ပါးစပ်မှ သွေးများစီးကျလာသည်။ သူသည် မူလသွင်ပြင်နတ်ဆင်ပုံသဏ္ဌာန်ကို ပြောင်းလဲကာ တိုက်ခိုက်မှုကို ခုခံသော်လည်း နောက်တစ်ကြိမ် နောက်သို့ လွင့်သွားကာ မြေပြင်ပေါ်သို့ ကျသည်။

ရီဖူရှင်းက သူ၏စွမ်းအားများကို ပြန်ရုတ်သိမ်းလိုက်သည်။ နတ်ဆင်အင်ပါယာက ရှင်းမင်းအား ဆွဲခေါ်လိုက်ကာ ရီဖူရှင်းကို ကြည့်သည်။

“ဒါက ရန်ဟောင်ရတနာထက်တောင် အားကောင်းပုံရတယ်” အချို့က ရေရွက်သည်။

ရှင်းမင်းသည် အပြင်းထန်ဆုံးတိုက်ခိုက်ခဲ့သည်မှာ ထင်ရှား၏။ သို့တိုင်အောင် သူသည် ရီဖူရှင်းထံတွင် ရှုံးနိမ့်ခဲ့သည်။

“ထိခိုက်စေတဲ့အတွက် တောင်းပန်ပါတယ်” ရီဖူရှင်းက ပြောသည် “ဒီအရိုးကို ကျွန်တော်မယူခဲ့ရင်လည်း ရင်ကျိုးတောင်က ယူသွားမှာပါပဲ။ လက်ရှိမှာ တကယ်ပဲ ကျွန်တော်က ခန္ဓာကိုယ်နဲ့ပေါင်းစပ်ပြီးပါပြီ”

သူကား ပြန်ပေးလိုလျှင်ပင် မရတော့ပေ။

“စီနီယာနတ်ဆင်အင်ပါယာဟာ တစ်ချိန်က နတ်ဆိုးဘုံကို အုပ်စိုးသူပဲ။ လူငယ်မျိုးဆက်တစ်ယောက်နဲ့ဘယ်လိုတုဖက်သင့်မလဲ။ ပြီးတော့ ကောင်လေးက အရိုးကို နတ်ဆင်အင်ပါယာဆီက ဆက်ခံရခဲ့မှတော့ သူနဲ့ကံစပ်တယ်ပြောရမဘ်။ သူ့ကို ခင်ဗျားလက်အောက်မှာ လေ့ကျင့်ခိုင်းရင် မကောင်းဘူးလား” ကျူးယန့်က ပြောသည်။

“ကောင်လေးက နတ်ဘုရားတောင်မှာလည်း စံချိန်တင်ခဲ့ပြီးတော့ ခရမ်းရင့်ကောင်းကင်နန်းတော်ကို ဝင်ဖို့ ငြင်းခဲ့တယ်။ သူက ခရမ်းရင့်ကောင်းကင်နန်းတော်က လူတွေအကုန်လုံးကို စိန်ခေါ်ပြီး ရိုက်နှက်ခဲ့တယ်။ သူ့ပါရမီက ပြိုင်စံရှားပဲ” ကျန့်ကလန်ခေါင်းဆောင်ကလည်း ပြောသည်။

သူသည်လည်း ဂူတုံးလျှိုနှင့် ရီဖူရှင်းတို့ပတ်သက်မှုကို သိပေသည်။ ဂူတုံးလျှိုက နတ်ဆိုးဘုရင်အမွေကို ရသလို ရီဖူရှင်းကလည်း နတ်ဆင်အင်ပါယာနှင့်မိတ်ဖွဲ့နိုင်ပါက သူတို့အားလုံးသည် နတ်ဆိုးဘုံတွင် ကောင်းမွန်သော အင်အားများအား တည်ဆောက်နိုင်ပေမည်။

နတ်ဆင်အင်ပါယာသည် ရီဖူရှင်းကို ကြည့်ကာ တွေးတောနေဟန်ရသည်။

“သူက လူဝံတွေရဲ့နှင်တံပညာကိုလည်း သင်ယူခဲ့တယ်။ ဒါက နတ်ဆိုးတွေနဲ့ မိတ်ဖက်ဖြစ်တယ်ဆိုတာ သိသာစေတယ်” နဂါးအင်ပါယာကလည်း ပြောသည်။

နတ်ဆင်အင်ပါယာက ရီဖူရှင်းကို ကြည့်ကာ ပြောသည် “မင်း ငါနဲ့ နတ်ဆင်နန်းတော်ကို လိုက်ခဲ့မလား”

“ကျွန်တော် ငြင်းပယ်စရာမရှိပါဘူး” ရီဖူရှင်းက ပြောသည်။

သူသည် ရှင်းမင်းအသုံးပြုသော နတ်ဆင်ခြေလှမ်းကောင်းကင်ချမင်းပညာကို ကြည့်ရုံဖြင့် သင်ကြားနိုင်သည်။ အကယ်၍ နတ်ဆင်အင်ပါယာကသာ ရီဖူရှင်းကို သင်ကြားပေးပါက သူ၏တိုးတက်နှုန်းမှာ အလွန်မြန်ပေလိမ့်မည်။

“သူ့ကိုရော…” ရင်ကျိုးတောင်ဘုရင်က ဂူတုံးလျှိုကို ကြည့်ကာ မေးသည်။ ထိုကိစ္စက မဖြေရှင်းရသေးပေ။

“မင်းတို့အားလုံး မှော်ဝိဇ္ဇာဟော်ခဲ့တာ မှတ်မိလား”

အားလုံးက လှမ်းကြည့်လိုက်လျှင် ကောင်းကင်နတ်ဆိုးမဟာမိတ်အရှင်သခင်ဖြစ်နေသည်။ သူ၏စကားက ဖိအားရှိကာ နတ်ဆိုးများအားလုံးက သူ့ကို ကြည့်လိုက်ကြသည်။

သူက ပြောသည် “မှော်ဝိဇ္ဇာက ကောင်းကင်အာဏာစက်ပြည်ထောင်အပြောင်းအလဲဖြစ်မယ်လို့ပြောတယ်။ ဒါက မူလတောင်နဲ့သက်ဆိုင်မယ်ဆိုတာ ကျုပ်ပြောရဲတဘ်။ ကျုပ်တို့က အစီအစဉ်အတိုင်းပဲ သွားသင့်တယ်”

မှော်ဝိဇ္ဇာအလိုအရ နောင်တွင် စွမ်းအားမြင့်ပုဂ္ဂိုလ်တစ်ဦးပေါ်လာမည်ဖြစ်သည်။ ထိုသူမှာ မည်သူဖြစ်သနည်း။

မေးခွန်းကား အဖြေမရှိသေးပေ။

ဂူထျန်းရှင်းလား၊ ဂူတုံးလျှိုလား။

သို့သော်လည်း လူငယ်မျိုးဆက်နှစ်ဦးက မုန်တိုင်း၏အလယ်တွင် လူအများ၏အာရုံစိုက်ခံရမှုကို ရရှိမည်ဟု မည်သူကမှ မထင်ထားခဲ့ကြပေ။

“နတ်ဆိုးဘုံရဲ့ဘုရင်ဖြစ်လာဖို့ဟုတ်လား။ လူကြီးတွေကိုထား… လူငယ်မျိုးဆက်တွေတောင်မှ လက်ခံဖို့ခက်လိမ့်မဘ်။ ဂူထျန်းရှင်းက သူ့ကို အရမ်းကောင်းတဲ့ပါရမီပေးခဲ့ရင်တောင်မှ ကျင့်ကြံခြင်းက ဒီလောက်မလွယ်ကူသေးဘူး” နဂါးအင်ပါယာက ပြောလျှင် တခြားလူများအားလုံးက ခေါင်းညိတ်ကြသည်။

“သွားရအောင်…” နဂါးအင်ပါယာက ပြောကာ နောက်လှည့်သွားသည်။

ကျူးယန့်ကလည်း ကျူးကျောက်ကို ကြည့်ကာ ပြောသည် “သွားကြမယ်”

သည်ခရီးက ကျူးကျောက်အတွက် အမှတ်ရဖွယ်ရာဖြစ်ပေလိမ့်မည်။

ဂူတုံးလျှိုကား ကောင်းကင်တွင် လေ့ကျင့်နေဆဲဖြစ်ဟန်ရသည်။ သူကား မျိုးဆက်အမွေကို ယခုမှ လက်ခံခဲ့ရကာ ကိုးနဝါးနတ်ဘုရားအတားအဆီး၏အကာအကွယ်ဖြင့်ပင် သူသည် အချိန်များစွာ ယူရန်လိုပေသည်။

အရပ်မျက်နှာမျိုးစုံမှ စွမ်းအားမြင့်တန်ခိုးရှင်များသည် ထွက်ခွာရန် ပြင်ကြသည်။ ရီဖူရှင်း၏အကြည့်က တစ်နေရာသို့ ရောက်သွားသည်။ သူမကား ကောင်းကင်အာဏာစက်ဘုံ၏နာမည်ကျော် ဧရီဖြစ်သော ဗြဟ္မာ့သန့်စင်သခင်မဖြစ်သည်။

“စီနီယာ… အောက်ဘုံ၊ပြည်နယ်ကိုးခုမှာ စီနီယာရဲ့စိတ်အသိကိုယ်ပွားကို ဆက်ခံလေ့ကျင့်ဖူးတဲ့သူတစ်ယောက်ရှိပါတယ်။ သူမ ဖြစ်ခဲ့တာတွေကို မှတ်မိပါသလား” သူက ယခင်ကတည်း မေးမြန်းဖူးသော်လည်း လက်မလျှော့လိုပေ။

ဗြဟ္မာ့သန့်စင်ဧကရီက ရီဖူရှင်းအား ကြည့်သည်။

“မင်းက ငါ့ကို သိမှတော့ ငါ့စိတ်အသိက ဘုံသုံးထောင်ကို ဖြန့်ကျက်ထားတယ်ဆိုတာ သိသင့်တယ်။ ငါက ဖြစ်ပျက်သမျှကို ဘယ်လိုမှတ်မိမှာလဲ”

ထိုစကားကိုကြားလျှင် ရီဖူရှင်း၏မျက်နှာက ပျက်ယွင်းသွားသည်။

သူကား နှစ်ပေါင်းများစွာ မျှော်လင့်ချက်တစ်ခုတည်းကို ဆုပ်ကိုင်ထားခဲ့သည်။ ယခု ထိုမျှော်လင့်ချက်မှာ ပျက်စီးပြိုလဲလုနီးပါးဖြစ်နေလေပြီ။

ရီဖူရှင်းဘေးမှ ရှားရှင်းယွန်သည် သူ မည်မျှ စိတ်ဓာတ်ကျသွားကြောင်း ခံစားရသည်။ သူမ၏လက်သည်လည်း လှုပ်ခတ်သွားကာ ရီဖူရှင်း၏လက်ကို ကိုင်ဆွဲလိုသော်လည်း နောက်ဆုံးတွင် လက်ကို ပြန်ရုတ်သိမ်းလိုက်၏။

“နှုတ်ဆက်ပါတယ်” ဗြဟ္မာ့သန့်စင်သခင်မက ပြောကာ ထွက်သွားသည်။ သူမ၏လူများလည်း သူမနောက်မှ လိုက်ပါသွားကြ၏။

အဝေးသို့ ထွက်သွားပြီးနောက်တွင် ဗြဟ္မာ့သန့်စင်ကောင်းကင်သခင်မ၏မျက်လုံးများ အရောင်လက်သွားသည်။ သို့သော်လည်း အချိန်သည် ခဏမျှသာဖြစ်ကာ မည်သူမှ သတိမထားမလိုက်ပေ။

ပတ်ဝန်းကျင်မှ လူများလည်း တစ်ဦးပြီးတစ်ဦး ထွက်သွားကြသည်။ ဂူထျန်းရှင်း မုန်တိုင်းကား ပြီးဆုံးခဲ့လေပြီ။

သို့သော်လည်း သက်ရောက်မှုက တည်ရှည်ပေလိမ့်မည်။

***

အပိုင်း(၁၄၁၅): နတ်ဆင်အင်ပါယာ၏မေးခွန်း

စွမ်းအားမြင့်တန်ခိုးရှင်များအားလုံး အသီးသီးထွက်ခွာသွားပြီးနောက်တွင် မူလတောင်တကြောရှိ သားရိုင်းအငွေ့အသက်များမှာလည်း ကျဲပါးသွားတော့သည်။

ထို့အပြင် တောင်နှင့်ပတ်သက်သော ကံကောင်းမှုဟူသမျှသည် ဂူတုံးလျှိုထံသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ တောင်ကြီးတစ်ခုလုံးတွင်ရှိရှိသမျှသောအရာတို့မှာ ဝင်္ကပါ၏စုပ်ယူဝါးမျိုခြင်းကို ခံရပြီး ဂူတုံးလျှို၏ခန္ဓာကိုယ်ထဲသို့ ရောက်ရှိသွားခဲ့သည်။

ဂူထျန်းရှင်းကား အမြင့်ဆုံးသောတန်ခိုးအဆင့်သို့ ရောက်ရှိမည့်တစ်စုံတစ်ယောက်အား ဖန်တီးရန် ဤအခင်းအကျင်းကို အကွက်ချစီမံထားခဲ့လေ၏။

ယခုတွင် သူသည် အောင်မြင်ခဲ့သည်လား၊ ကျရှုံးခဲ့သည်လားကတော့ မသေချာပေ။

စွမ်းအားမြင့်တန်ခိုးရှင်များ တစ်ယောက်ပြီးတစ်ယောက် ပြန်သွားခဲ့ကြသည်။ ကောင်းကင်အာဏာစက်ဘုံ၏ဗဟိုချက်တွင် များစွာသော အထွတ်အထိပ်အင်အားများရှိပြီး သူတို့ကိုအုပ်စိုးသော ရန်ဟောင်များရှိကြသည်။ ထိုအင်အားများစုပေါင်းကာ ကောင်းကင်အာဏာစက်ပြည်ထောင်ဟူ၍ ဖြစ်လာ၏။

ကောင်းကင်အာဏာစက်ပြည်ထောင်ကား ထိုအင်အားစုများ၏အုပ်ချုပ်သူဖြစ်သည်။ ယခု ကောင်းကင်အာဏာစက်ပြည်ထောင်သည် ယခင်နှစ်များစွာအကြာက တိုက်ပွဲ၏အကျိုးဆက်ကြောင့် ထိခိုက်မှုများအား ပြန်လည်နလံထူထားပြီးဖြစ်သည်။ ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း သူတို့၏ပြည်ထောင်မှ များစွာသော အရည်အသွေးမြင့်ပါရမီရှင်များနှင့် ထိပ်သီးပုဂ္ဂိုလ်များကို မွေးထုတ်ခဲ့ကြသည်။

ထိုအခိုက်တွင် ကောင်းကင်အာဏာစက်ပြည်ထောင်၏ နန်းတော်ခန်းမဆောင်တစ်ခုအတွင်း များစွာသော ရန်ဟောင်များစုဝေးနေကြသည်။

“ဂူထျန်းရှင်းက မူလတောင်လောကဓာတ်တွေနဲ့ အံ့ဖွယ်နည်းစနစ်တွေကို ဂူတုံးလျှိုဆီ လက်ဆင့်ကမ်းခဲ့တယ်။ သူ့သား ဂူကျန့်နန်ငယ်စဉ်က သူဟာ အနာဂတ်မှာ ထွန်းတောက်လာမည့် ပါရမီရှင်တစ်ဦးဖြစ်ခဲ့တယ်။ အခုရော မင်းတို့ ဘယ်လို ထင်လဲ” ပြည်ထောင်အရှင်က လေးလံစွာ မေးသည်။

လတ်တလောတွင် ဂူတုံးလျှိုသည် စကားထဲထည့်ပြောရန်ပင် မတန်လောက်အောင် အားနည်းသော်လည်း သူ၏ဘိုးဘေးများ၏စွမ်းပကားက ကြီးမားလွန်းရကား လျစ်လျူရှုမရသော ကိစ္စတစ်ရပ်လည်းဖြစ်လေသည်။

လွန်ခဲ့သော နှစ်များစွာက ဂူထျန်းရှင်းရောက်ခဲ့သော အဆင့်ကား ခန်းမှန်း၍ပင် မရနိုင်လောက်ပေ။

ထိုကောင်းကင်အဆင့်ဟူသည်မှာလည်း ဂူထျန်းရှင်း၏ယူဆချက်အမှားတစ်ခုသာ ဖြစ်ပေလိမ့်မည်။

သို့သော်လည်း ပြည်ထောင်အရှင်သည် သတိထားရန်တော့ လိုပေ၏။ မည်သို့ဆိုစေ သူသည်ကား မူလတောင်၏လောကဓာတ်များအားလုံးကို ဆက်ခံခဲ့သူမဟုတ်ပါလား။ သူတို့သာ သတိမထားမိပါက ကောင်းကင်အာဏာစက်ပြည်ထောင်သည် နောက်ထပ် ဘေးအန္တရာယ်တစ်ခုနှင့် ကြုံတွေ့သွားရနိုင်ပေသည်။

သူတို့နှင့် ဂူကလန်တို့မှာလည်း မဟာရန်သူတော်များဖြစ်ကြသည် မဟုတ်ပါလား။

မူလတောင်သို့ ခရီးပြီးနောက်တွင် သူနှင့် ခရမ်းရင့်ကောင်းကင်နန်းတော်သခင်တို့ လုံးဝ ပြန်လာခဲ့ခြင်းမရှိခဲ့ပေ။ ၎င်းက သူတို့သည် ပြန်မလာလိုသည်မဟုတ်ဘဲ သူတို့တည်ရှိနေသောနေရာကို သိသောကြောင့်သာဖြစ်သည်။ ဂူထျန်းရှင်း၏နတ်ဝင်္ကပါကြောင့် သူတို့ ဒဏ်ရာများ ရခဲ့ကြသည်။

ထို့အပြင် သူတို့၏ဒဏ်ရာများမှာ ပြင်းထန်၏။ သူတို့၏အဆင့်ဖြင့်ပင် ဒဏ်ရာရအောင် လုပ်နိုင်သည့်အကြောင်းမှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းမည်ကို ခန့်မှန်းနိုင်၏။

“ဂူကလန်ရဲ့မျိုးဆက်က အခု အရေးမပါသေးပေမဲ့ သူ့ကို ခပ်မြန်မြန်ရှင်းလိုက်တာ ကောင်းမယ်” တစ်ယောက်က ပြောသည်။ သူတို့နှင့် ပြည်ထောင်အရှင်တို့ စိတ်သဘောထားချင်း တူညီကြသည်။ ဂူတုံးလျှိုရရှိခဲ့သော မျိုးဆက်အမွေကား ကြောက်မက်ဖွယ်ကောင်းလွန်းလှပေသည်။

အနာဂတ်တွင် ထိုအရေးမပါသော လူငယ်သည် ဘေးအန္တရာယ်တစ်ခု ဖြစ်ကောင်း ဖြစ်လာနိုင်ပေသည်။

“ပြီးခဲ့တဲ့နှစ်တွေက ဂူကလန်ဟာ ရှင်းလင်းပြီးသွားသလိုမျိုး ကောင်းကင်နတ်ဘုရားဂိတ်က ဟန်ဆောင်ခဲ့တယ်။ သူတို့က ကောင်လေးတစ်ယောက်ကို ချန်ထားခဲ့မယ်လို့ ဘယ်သူက ထင်မှာလဲ။ ဂူထျန်းရှင်းက သူ့နေ့ရက်တွေ သိပ်မကျန်တော့ဘူးဆိုတာ၊ ဂူကလန်ဟာလည်း ဆက်လက်မရပ်တည်နိုင်တော့တာ သိနားလည်ဟန်ရတယ်။ ဒါကြောင့်ပဲ နတ်ဘုရားဂိတ်က ဂူထျန်းရှင်းနဲ့ပေါင်းပြီးတော့ ဒီလို အစီအစဉ်လုပ်ခဲ့တာဖြစ်ရမယ်” ပြည်ထောင်ဘုရင်က ဆက်ပြောသည်။

အားလုံးက သဘောတူဟန်ဖြင့် ခေါင်းညိတ်ကြသည်။ အကယ်၍ သူတို့သည်သာ ဂူတုံးလျှိုအား သတ်ရန်ကြိုးစားပါက ကောင်းကင်နတ်ဘုရားဂိတ်က သေချာပေါက် ကာကွယ်ရန် ကြိုးစားပေလိမ့်မည်။

သို့သော်လည်း သူတို့ကား ယခုမှ နလန်ထစဖြစ်ရာ ထပ်မံ၍ စစ်ဖြစ်ပါက အကြီးအကျယ်ဆုံးရှုံးနိုင်ပြီး နတ်တောင်ကုန်းတစ်ထောင်နှင့် ဗြဟ္မာ့သန့်စင်ကောင်းကင်တို့သည် ရှေ့ကို ရောက်သွားပေလိမ့်မည်။

ထိုအင်အားစုများသည် ကြီးမားသော အင်အားစုများအဖြစ် တည်ဆောက်နေခဲ့ကြပြီးဖြစ်သည်။

ကောင်းကင်အာဏာစက်ပြည်ထောင်နှင့် ဂူကလန်တို့၏တိုက်ပွဲကြောင့်လည်း ထိုအင်အားစုများမှာ ပိုမိုကြီးထွားရန် အခွင့်အရေးရလာခဲ့ကြ၏။

“ပြည်ထောင်အရှင်”

ထိုအခိုက်တွင် တစ်စုံတစ်ယောက်သည် ပြည်ထောင်အရှင်ထံသို့ ရောက်လာကာ ဦးညွတ်လိုက်၏။

“ဘာများလဲ…”

“အိမ်ရှေ့စံ ပြန်ရောက်လာပါပြီ” သူက ဆက်လက်၍ တင်ပြသည် “ အရှင့်သားဟာ အခု ပြန်လည်မွေးဖွားခြင်းအဆင့်ကို ရောက်နေပါပြီ”

“ကောင်းတယ်” ပြည်ထောင်အရှင်၏မျက်လုံးများက အရောင်တောက်သွား၏။ တခြားသော ရန်ဟောင်များကလည်း ပြုံးပျော်သွားကြသည်။

ထိုနှစ်များက တိုက်ပွဲတွင် ယခင် မင်းသားသည် ဂူကျန့်နန်ကို သေစေရန် ကြံစည်ခဲ့ရာ ဂူထျန်းရှင်းအား အကြီးအကျယ်ပေါက်ကွဲစေခဲ့၏။ သူတို့၏မင်းသားလည်း သေဆုံးသွားခဲ့ကာ ထိုအဖြစ်က ကောင်းကင်အာဏာစက်ပြည်ထောင်အတွက် အလွန်အရှက်ရဖွယ်ရာဖြစ်ခဲ့၏။ သူတို့ကား ထိုသို့သော စော်ကားမှုကို တစ်ကြိမ်တစ်ခါမှ မကြုံဖူးခဲ့ကြပေ။ ယခင် ပြည်ထောင်အရှင်၏ကျင့်ကြံဆင့်မှာ နက်ရှိုင်းလွန်းသော်လည်း ထိုစစ်ပွဲတွင်ပင် ကျဆုံးသွားခဲ့ရသည်။

ကောင်းကင်အာဏာစက်ပြည်ထောင်၏မည်သည့်မင်းသားမှ ယခင် အိမ်ရှေ့မင်းသား၏ပါရမီကို လိုက်မမှီသော်လည်း ယခု လက်ရှိအိမ်ရှေ့မင်းသားသည် ငယ်စဉ်ကတည်းက ပြိုင်စံရှားပါရမီကို ပိုင်ဆိုင်ခဲ့သည်။ ထို့ကြောင့်ပင် သူသည် အသက် ၁၈နှစ်အရွယ်ကတည်းက အိမ်ရှေ့စံခန့်အပ်ခံခဲ့ရ၏။

သူကား နှစ်ငါးဆယ်ကြာပြီးနောက်တွင် ပြန်လည်မွေးဖွားခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့၏။ ထိုသို့သော ပါရမီကား နှစ်ယောက်မရှိနိုင်။ သူကား အင်ပါယာဖြစ်ရန်နှင့် ပြည်ထောင်အရှင်ဖြစ်ရန် မွေးဖွားလာသူဖြစ်သည်။

“ဂုဏ်ပြုပါတယ် သားတော်…” ပြည်ထောင်အရှင်က အဝေးကို ကြည့်ကာ လှမ်းပြောလိုက်သည်။ ထိုအခိုက်တွင် အားလုံး၏အကြည့်က နန်းတော်ခန်းမအပြင်မှ ဝင်လာသော လူတစ်ယောက်ထံသို့ ရောက်သွား၏။ သူကား နတ်ဘုရားအလင်းများနှင့် ဆန်းကြယ်စွာ လှပနေသည်။ သူ့မျက်လုံးများက လေဟာနယ်ကို ထွင်းဖောက်မြင်နိုင်သည့်အလား၊ သူတည်ရှိမှုက စင်ကြယ်မြင့်မြတ်သည့်အလား အရာအားလုံးသည် သဟဇာတဖြစ်နေ၏။

“ခမည်းတော်…” အိမ်ရှေ့စံက ဦးညွတ်ကာ တခြားလူများအားလည်း အရိုအသေပြုသည် “အင်ပါယာများ”

“အိမ်ရှေ့စံက ဒီလိုပါရမီမြင့်ပြီးတော့ ကောင်းကင်အာဏာစက်ဘုံတစ်ခုလုံးမှာ ပြိုင်စံရှားတဲ့အဆင့်တက်နှုန်းရှိတယ်။ ပြီးတော့ သူ့အဆင့်က တည်ငြိမ်ပြီးတော့ ကိုယ်ရောင်ကိုယ်ဝါကလည်း အရမ်းအားကောင်းတယ်။” အင်ပါယာတစ်ပါးက ပြောသည်။

“အခု ဂူထျန်းရှင်းက သူ့မျိုးဆက်တစ်ယောက်ကို ဖန်တီးခဲ့တယ်။ ဒါပေမဲ့ ကျုပ်တို့က အိမ်ရှေ့စံရဲ့ အရည်အသွေးကို သူတို့သိလာရလိမ့်မယ်” နောက်ထပ် ရန်ဟောင်တစ်ပါးက ပြောသည်။ ပြည်ထောင်က အိမ်ရှေ့စံမင်းသားကို မျှော်လင့်ချက်ကြီးမားစွာထားကြောင်း သိသာစေပေသည်။

“ကျုပ်သားက အမြင့်ဆုံးအဆင့်ကို တက်လှမ်းဖို့ မွေးဖွားလာခဲ့တာဖြစ်ပြီးတော့ ဘယ်သူမှ သူ့ကို မယှဉ်နိုင်ခဲ့ဘူး။ ဒီနှစ်တွေမှာ သူ့အတွက် ခက်ခဲခဲ့မှာပဲ” ပြည်ထောင်အရှင်က မင်းသားကို ပြောသည်။ ကောင်းကင်အာဏာစက်ဘုံသည် မကြာခင် အိမ်ရှေ့စံမင်းသား၏နာမည်ဂုဏ်သတင်းများကို ကြားသိလာရပေလိမ့်မည်။

ယခင် အိမ်ရှေ့စံမင်းသား၏သေဆုံးခြင်းကြောင့်ပင် နောက်ပိုင်းတွင် လက်ရှိအိမ်ရှေ့စံမင်းသားအတွက် ကြီးစွာသော အကာအကွယ်များပြုလုပ်ခဲ့ရာ သူ့အတွက် လွတ်လပ်ခွင့်များပင် သိပ်မရှိခဲ့ပေ. သူသည် တခြားဘုံများသို့ပင် သွားရောက်၍ မလေ့ကျင့်နိုင်ခဲ့ပေ။

ယခု အိမ်ရှေ့စံသည် ပြန်လည်မွေးဖွားခြင်းအဆင့်သို့ ရောက်လာခဲ့ပြီဖြစ်ကာ ရန်ဟောင်ဖြစ်ရန် နောက်တစ်ဆင့်သာ လိုတော့သည်။

နတ်ဆိုးဘုံ၏မှော်ဝိဇ္ဇာက ကောင်းကင်အာဏာစက်ဘုံသည် အပြောင်းအလဲကြီးကြီးမားမားဖြစ်မည်ဟု ဟောပြောခဲ့၏။

ကောင်းကင်အာဏာစက်ပြည်ထောင်သည်လည်း ထိုအပြောင်းအလဲအတွက် ကြိုတင်ပြင်ဆင်ရပေမည်။ အားလုံးက ထိုအပြောင်းအလဲအတွက် ပြင်ဆင်နေခဲ့ကြခြင်းလည်းဖြစ်၏။ အနာဂတ်တွင် ကြီးမားသော မုန်တိုင်းတစ်ခု ကောင်းကင်အာဏာစက်ဘုံကို တိုက်ခိုက်လာခြင်းလည်းဖြစ်နိုင်ပေသည်။

နတ်ဆိုးဘုံတွင် ဧရာမကျောက်တောင်ကြီးတစ်ခု ရှိပေသည်။ ထိုကျောက်တောင်ကြီးသည် သဘာဝအားဖြင့်ဖြစ်လာခြင်းလည်း ဖြစ်သည်။ အဝေးမှ ကြည့်လျှင် ကျောက်တောင်ကြီးသည် ဧရာမရုပ်တုတစ်ခုနှင့် အလားသဏ္ဌာန်ရပြီး ဆင်တစ်ကောင်၏အသွင်နှင့် ခပ်ဆင်ဆင်တူသည်။

ဧရာမနတ်ဆင်တောင်ကြီး၏အပေါ်တွင် နန်းတော်ကြီတစ်ခုရှိပေသည်။ ထိုနေရာတွင် နတ်ဆင်တန်ခိုးရှင်များ နေထိုင်ကြ၏။

ပတ်ဝန်းကျင်နေရာများမှာလည်း မရေမတွက်နိုင်သော နတ်ဆိုးသားရဲများ စတည်းချနေထိုင်ကြပေသည်။ ထိုနေရာသည်ပင် နတ်ဆိုးဘုံ၏နာမည်ကျော် နတ်ဆင်မြို့တော်ဖြစ်ပေသည်။

သူတို့က ထိုနတ်ဆင်တောင်ကြီးအား ကြည့်မိတိုင်း တစ်နေ့တွင် ထိုနေရာ၌ လေ့ကျင့်ခွင့်ရရန် မျှော်လင့်ကြရသည်။ အထူးသဖြင့် နတ်ဆင်မျိုးနွယ်များအတွက်ဖြစ်ပေသည်။

ဧရာမနတ်ဆင်တောင်ကြီးပေါ်တွင် နတ်ဘုရားအငွေ့အသက်များ ပြင်းထန်စွာ တည်ရှိရာ သာမန်ရှန့်ထိုများအတွက်ပင် ထိုနေရာသို့ သွားရောက်ရန် ခက်ခဲပေသည်။

နတ်တောင်တစ်ခုလုံးကို ရှန့်ထိုအရှိန်အဝါများ လွှမ်းမိုးထားသွားပြီး လူတစ်စု တောင်ပေါ်၌‌ ပေါ်လာသည်။

သူတို့ကား ထိုနေရာတွင် နေထိုင်ရန် စီစဉ်ထားခြင်းခံရသော ရီဖူရှင်းတို့ဖြစ်ကြပေသည်။

ထိုအခိုက်တွင် နတ်ဆင်အင်ပါယာသည် အလွန်အရှိန်အဝါကြီးဟန်ရသည်။ သူက ရီဖူရှင်းအား ပြောသည် “ငါနဲ့လိုက်ခဲ့”

“ကောင်းပါပြီ” ရီဖူရှင်းက ခေါင်းညိတ်ကာ နောက်မှ လိုက်သည်။ သူတို့နှစ်ဦးသည် နတ်ဆင်နန်းတော်ရှေ့ကို ရောက်လာ၏။ ထိုနေရာတွင်ကား နတ်ဆင်အင်ပါယာတစ်ပါး၏တင်ပလ္လင်ခွေထိုင်နေသော ရုပ်တုတစ်ခုရှိပေသည်။

“လာထိုင်…” နတ်ဆင်အင်ပါယာက တောင်အောက်ကို ကြည့်ကာ ပြောသည်။

ရီဖူရှင်းက နတ်ဆင်အင်ပါယာ၏ဘေးနားကို လျှောက်သွားကာ ရပ်နေလိုက်သည်။

“ထိုင်…” နတ်ဆင်အင်ပါယာက ထပ်ပြောသည်။ ရီဖူရှင်းက သွားရောက်ကာ ငြိမ်သက်စွာ ထိုင်လိုက်သည်။ သူက အဝေးကို ကြည့်လျှင် နတ်ဆင်မြို့တော်ကို မြင်ရ၏။

“ဒီကနေဆို ဘယ်လိုခံစားရလဲ” နတ်ဆင်အင်ပါယာက မေးသည်။

“ထည်ဝါတယ်၊ ကြီးမြတ်တယ်” ရီဖူရှင်းက တီးတိုးပြောသည်။

“နတ်ဆင်တောင်ကုန်းဟာ အရင်နှစ်ပေါင်းများစွာက အရပ်ဆယ်မျက်နှာနတ်ဆင်အင်ပါယာကိုယ်တိုင် ပြုလုပ်ခဲ့တာ။ ဒါပေမဲ့ အခုထိ တည်တံ့နေတုန်းပဲ” နတ်ဆင်အင်ပါယာက ပြောသည်။ ရီဖူရှင်းက မည်သည့်စကားမှ မဆိုပေ။

“မင်းကို ဘာလို့ ဒီနေရာသို့ လာထိုင်ခိုင်းလဲသိလား” အင်ပါယာက မေးသည်။

“ကျွန်တော် နားမလည်ဘူး” ရီဖူရှင်းက ခေါင်းယမ်းသည်။

“ဒါတောင်မှ မင်းက လာရဲတဲ့သတ္တိရှိသေးတယ်ပေါ့” နတ်ဆင်အင်ပါယာက ထပ်ပြောသည် “ပြောစမ်း… မင်းက နတ်ဆင်ခြေလှမ်းကောင်းကင်ချနင်းပညာကို ဘယ်လိုသင်ယူခဲ့တာလဲ”

ရီဖူရှင်းသည် နတ်ဆင်အင်ပါယာကို ကြည့်ကာ အံ့အားသင့်သွား၏။

“နတ်ဆင်တွေမှာ အရိုးသန့်စင်ခြင်းအတွက် နတ်ဘုရားနည်းစနစ်တစ်မျိုးရှိတယ်။ နတ်ဆိုးအင်ပါယာတွေဟာ သေသွားရင်တောင်မှ သူတို့ရဲ့ခန္ဓာကိုယ်က မဟာလမ်းစဉ်စွမ်းအားတွေဟာ ဆက်လက်တည်မြဲနိုင်တယ်။ ဒါပေမဲ့ ကျုပ်တို့ နတ်ဆင်တွေရဲ့ အရိုးသန့်စင်ခြင်းပညာက သူတို့ရဲ့စွမ်းအားတွေကို မျိုးဆက်တွေဆီ လက်ဆင့်ကမ်းပေးနိုင်တယ်။ အရိုးကို တစ်စုံတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲ ထည့်သွားနိုင်ပြီးတော့ အဲဒီအစိတ်အပိုင်းဟာလည်း ကြောက်စရာ စွမ်းအားတွေကို ပိုင်ဆိုင်နိုင်တယ်”

နတ်ဆင်အင်ပါယာက ဖြေးညင်းစွာ ဆက်ပြောသည် “ ဒါပေမဲ့ နတ်ဆင်အင်ပါယာတွေက ဒီနည်းစနစ်ကို တိုက်ရိုက်လက်ဆင့်ကမ်းတာမျိုး ကန့်သတ်ထားတယ်။ နတ်ဆင်တွေကလွဲလို့ ဘယ်သူမှ ဒီနည်းစနစ်ကို သုံးလို့ မရဘူး။ ဒါကြောင့် မင်းက ဒီနည်းလမ်းတွေနဲ့ နတ်ဆင်ခြေလှမ်းကောင်းကင်ချနင်းပညာကို သင်ယူလို့မရဘူး”

ရီဖူရှင်းသည် သူ့အနီးမှ မမြင်ရသော ဖိအားများအား ခံစားရသည်။ နတ်ဆင်အင်ပါယာတွင်လည်း ထိုသို့ ထူးခြားစွမ်းအားရှိကြောင်း ယခုမှ သူသတိထားမိသည်။

“ကျွန်တော်က ဒီမတိုင်ခင် တိုက်ပွဲက ကောက်ယူခဲ့တာ။ ဒါက အရိုးနဲ့ ဆက်စပ်နေတာပဲဖြစ်ရမယ်” ရီဖူရှင်းက ပြောသည်။

အင်ပါယာသည် ရီဖူရှင်းအား လေးနက်စွာ ကြည့်ကာ ပြောသည် “မင်းသုံးလိုက်တာ ဘယ်လိုမှော်ပညာလဲသိလား။ မင်းက အဲဒါကို တစ်ချက်ကြည့်ပြီး ရွေးလိုက်ဖို့အတွက် ဘယ်လို သိမြင်နားလည်မှုမျိုးလိုလဲသိလား။ ဒါက အရိုးနဲ့ဆက်စပ်နေရင်တောင်မှပေါ့”

“ကျွန်တော့ကို မယုံလို့လား” ရီဖူရှင်းက မေးသည်။

“ငါမင်းကို ယုံတယ်” အင်ပါယာက ပြောသည် “မင်းအနေနဲ့ ဒီပညာကို တခြားနေရာက ရဖို့ဆိုတာ မဖြစ်နိုင်ဘူး။ မင်းက ရှင်းမင်းနဲ့တိုက်နေရင်းနဲ့မှပဲ သင်ယူနိုင်လိမ့်မယ်။ မင်းက တကယ်ပဲ ပါရမီကောင်းတယ်။ ပြီးတော့ မင်းက နှင်တံပညာရပ်ကိုလည်း ဒီလိုမျိုးပဲ ရွေးခဲ့တာလား”

ရီဖူရှင်းက မျက်မှောင်ကြုတ်လိုက်သည်။ နတ်ဆင်အင်ပါယာက မှော်ပညာအား နှင်တံပညာနှင့် ဆက်စပ်မေးမြန်းမည်ဟု သူမထင်မိခဲ့ပေ။

ရီဖူရှင်း တိတ်ဆိတ်နေသည်ကိုမြင်လျှင် အင်ပါယာက ပြောသည် “ငါမင်းကို ဒီမတိုင်ခင် မခေါ်လာခဲ့တာက ငါတစ်ခုခု ကြားသိခဲ့လို့ပဲ။ မင်းက မှော်ဝိဇ္ဇာနဲ့နောက်ဆုံးတွေ့ခဲ့တဲ့သူဆို”

သည်မတိုင်ခင်က ထိုသို့သော အတွေးမျိုး မည်သူမ မတွေးခဲ့ဖူးကြပေ။ လူသားရှန့်ထိုတစ်ပါးအတွက် မှော်ဝိဇ္ဇာက အသက်စွန့်ရန် ဆုံးဖြတ်မည်ဟုလည်း မည်သူမှ မယုံကြည်ကြပေ။ ရီဖူရှင်းကား တခြားလူများနည်းဆူ ဆင့်ခေါ်ခံရခြင်းသာဟု တွေးခဲ့ကြသည်။

သို့သော်လည်း နတ်ဆင်ခြေလှမ်းကောင်းကင်ချနင်းပညာကို တစ်ချက်ကြည့်ရုံမျှဖြင့် သင်ကြားနိုင်ခြင်းနှင့်ဆက်စပ်ကာ နတ်ဆင်အင်ပါယာသည် ထိုအတွေးအား ဝင်လာခဲ့လေတော့သည်။

***

စာစဉ်(၉၈) ပြီး၏။

All Chapters