ကျွန်မကရှီမာယူယူ
Vol. 97 Ch. 1351
ထိုနှစ်ယောက်သည် အကြီးအကဲများမဟုတ်ကြပေ။ မိသားစုထဲတွင် အကြီးအကဲများထက်ပင် ရာထူးမြင့်လေသည်။
သို့သော် မျိုးနွယ်အကြီးအကဲများသည် ပုံမှန်အားဖြင့် မိသားစုထဲတွင် အားကောင်းကြသည်။ သူတို့သည် တံခါးပိတ်ကျင့်ကြံကြကာ မိသားစုကိစ္စများ တွင် ဝင်ပါခဲလှသည်။ ရှီကုန်း၏ စာဖတ်ခန်းတွင် သူတို့ ရုတ်တရက်ပေါ်လာမှု သည် အရေးကြီးသည့်ကိစ္စဖြစ်သည်ကို ညွှန်ပြနေသည်။
“မန်အာ သတ္တုတွင်းက ကစဉ့်ကလျားတွေဖြစ်နေပြီ”
ရှီကုန်း၏ စကားတစ်ခွန်းသည် ဝူမန်၏ စိုးရိမ်မှုကိုမြင့်တက်စေသည်။ သူမ မေးလိုက်သည် “သတ္တုတွင်းက ရှုပ်ထွေးနေပြီဟုတ်လား ဘာဖြစ်တာလဲ”
“မင်းတို့ မြို့ဝန်ကိုသွားကြိုနေတုန်းကို သတ္တုတွင်းမျာ လှုပ်ရှားမှုတစ်ခုကို ခံစားမိလိုက်တယ်၊ ငါ လူခေါ်ပြီးသွားကြည့်လိုက်တော့ သတ္တုတွင်းကလူတွေ အားလုံးသေနေတာကိုတွေ့လိုက်တယ်”
“အကုန်သေကုန်တယ်ဟုတ်လား ဘာဖြစ်တာလဲ”
“သတ္တုတွင်းတွေမှာ ရှုပ်ထွေးမှုတွေရှိနေပြီ” ရှီကုန်း ပြန်ဖြေလေသည် “ငါ တို့ရထားတဲ့သတင်းအရတော့ ငါတို့သတ္တုတွင်းတင်မဟုတ်ဘူး တခြားမိသားစု ရဲ့သတ္တုတွင်းတွေလည်း အဲလိုပဲ”
“အကုန်လုံး ရှုပ်ထွေးနေတာလား”
“တားမြစ်နယ်မြေ သတင်းက တခြားမိသားစုတွေဆီပေါက်ကြားနေ တယ်၊ သူတို့ပြဿနာကလည်း ငါတို့နဲ့တစ်ချိန်တည်းမှာပဲ ဖြစ်လာတယ် တူတာ ဖြစ်နေပြီထင်တယ်၊ တားမြစ်ဧရိယာမှာ တစ်ခုခုများမှားလို့လား”
ဝူမန် ခေတ္တမျှစဉ်းစားလိုက်သည် “ဘာမှတော့ အထွေအထူးမရှိပါဘူး ယူအာနဲ့ ဟိုကလေးတွေပဲ ဒီရက်ပိုင်းမှာ အဲဒီမှာရှိတာ၊ ဘာဖြစ်လဲဆိုတာ သူတို့ သိရင်သိလောက်မှာ”
“သိဖို့ဆိုရင်တော့ သူတို့ကိုမေးဖို့ပဲ၊ လာခဲ့ သခင်မလေးနဲ့ သူမသူငယ်ချင်း တွေကိုလာဖို့ ဖိတ်ကြားလိုက်”
“ဟုတ်ကဲ့ပါ မိသားစုခေါင်းဆောင်”
တံခါးအစောင့်သည် ပြန်ဖြေပြီးနောက် ထွက်သွားလေသည်။
ရှီမာယူယူနှင့် တခြားသူများသည် နေရာချပြီးရာ ရှီယူ၏ခြံဝန်းဆီသို့ သွားလည်မည်အပြုတွင် အစောင့်တစ်ယောက် ဝင်လာသည်ကို မြင်လိုက်ရ သည်။
“သခင်မလေး မိသားစုခေါင်းဆောင်က သခင်မလေးနဲ့ဧည့်သည်တွေကို စာဖတ်ခမ်းကိုဖိတ်ကြားခိုင်းလိုက်ပါတယ်”
“အဖေက ငါ့ကိုစာဖတ်ခန်းထဲကိုလာခိုင်းတယ်ဟုတ်လား” ရှီယူသည် အနည်းငယ်အံ့ဩ သွားပြီးနောက် ရှီမာယူယူနှင့် အကြည့်ချင်းဆုံသွားလေ သည်။
ကိစ္စကြီးတစ်ခုခုဖြစ်ပြီဟု သူတို့ပြောခဲ့ကြသည်။ အခုသူတို့ကို စာဖတ် ခန်းကို လာခိုင်းနေပြီ။ သူတို့နဲ့ပတ်သတ်တဲ့ ကိစ္စများလား။
“ဟုတ်ပါတယ် သခင်မလေး”
“သိပြီ အဖေ့ကိုသွားပြောလိုက်ပါ မကြာခင်လာပါ့မယ်လို့” ရှီယူ အမိန့် ပေးလိုက်သည်။
“ဟုတ်ကဲ့ပါ သခင်မလေး”
အစောင့်ထွက်သွားသည်နှင့် သူတို့မျက်နှာတွင် စိုးရိမ်မှုများပေါ်လာတော့ သည်။
“အဖေက ငါ့ကိုခေါ်ရင် ပြဿနာမဟုတ်ဘူး၊ မင်းကိုပါခေါ်တော့ မင်းနဲ့များ ပတ်သတ်နေမလားပဲ၊ မီအာနဲ့ မင်းနဲ့ စာချုပ်တည်ထောင်တာနဲ့များ ဆက်စပ်နေမလားမသိဘူး”
“အဲလိုဖြစ်နိုင်ချေများတယ်လို့ထင်တယ်” ရှီမာယူယူ ပြောလိုက်သည်။
“မဟုတ်ရင် ငါ့ကိုခေါ်မှာမဟုတ်ဘူး၊ စာချုပ်က ပြဿနာဖြစ်စေမှာကို ကြောက်တယ်”
“စာချုပ်တည်ထောင်တုန်းက ထူးခြားတာ ဘာမှမတွေ့လိုက်ပါဘူး၊ တားမြစ်ဧရိယာက အဲဒီဟာနဲ့စာချုပ်တည်ထောင်တာ ဘယ်လိုလုပ် တခြား နေရာနဲ့ ဆက်စပ်ရမှာလဲ” ရှီယူ မေးခွန်းထုတ်လိုက်သည်။
“ငါတို့ ဘာမှမမြင်တာနဲ့ပဲ ဘာမှမဖြစ်တာ မဟုတ်ဘူးလေ၊ မင်းအဖေကို သွားတွေ့ပြီး ဘာဖြစ်လဲဆိုတာ မေးရအောင်” ရှီမာယူယူ ပြောလိုက်သည်။
“အင်း ငါတို့အဲဒါပဲလုပ်နိုင်တယ်”
ရှီယူသည် ရှီမာယူယူကို စာဖတ်ခန်းသို့ခေါ်သွားလိုက်သည်။ အစောင့် သည် သူတို့ကိုမြင်သည်နှင့် တံခါးဖွင့်ပေးလေသည် “မိသားစုခေါင်းဆောင်က တန်းတန်းပဲလာခဲ့ပါလို့ပြောတယ်”
ရှီမာယူယူနှင့် ရှီယူတို့သည် အတူလျှောက်လာပြီး အလယ်တွင်ထိုင်နေ သော ဝူမန်နှင့် ရှီကုန်းကို အကဲခတ်လိုက်ကြသည်။ လူအိုကြီးနှစ်ယောက်သည် သူတို့ဘေးတွင်ထိုင်နေကြသည်။
ရှီယူသည် ထိုလူအိုကြီးနှစ်ယောက်ကိုမြင်သည်နှင့် နောက်ဆုတ်လေ သည်။ ယခုမတော်တဆမှုသည် ပေါ့သေးသေးကိစ္စမဟုတ်ကြောင်းကို သူမ ခန့်မှန်းမိလိုက်သည်။
“အဖေ၊ ဝူမန်နဲ့ မျိုးနွယ်အကြီးအကဲနှစ်ယောက်ကိုနှုတ်ဆက်ပါတယ်”
ထိုလူနှစ်ယောက်သည် မျိုးနွယ်အကြီးအကဲများဖြစ်လိမ့်မည်ဟု ရှီမာယူ ယူ ထင်ထားပေ။ မျိုးနွယ်အကြီးအကဲများ ဝင်ပါလာခြင်းမှာ ယခုကိစ္စ သည် ပေါ့သေးသေးမဟုတ်ပေ။
“ရှီမိသားစုခေါင်းဆောင် လူကြီးမင်းဝူ” သူမသည် အလယ်တွင်ထိုင်နေ သော လူနှစ်ယောက်ကိုအရိုအသေပေးလိုက်သည်။ သူမသည် ရှီမိသားစုမှ မဟုတ်ခြင်းကြောင့် အကြီးအကဲနှစ်ယောက်ကို အရိုအသေမပေးတော့ပေ။
“ယူအာ ဒီနေ့ခေါ်လိုက်တာက သမီးကို မေးစရာရှိလို့ပဲ”
“အဖေ ပြောပါ” ရှီယူသည် အပေါ်ယံတွင်တော့ တည်ငြိမ်နေသည်။
“သမီးတို့ တားမြစ်ဧရိယာကိုစောင့်ကြည့်နေတုန်း ပုံမှန်မဟုတ်တာတွေ ဖြစ်သွားသေးလား” ရှီကုန်းမေးလိုက်သည်။
“ပုံမှန်မဟုတ်တာလား” ရှီယူ ထိတ်လန့်သွားသော်လည်း မျက်နှာတွင် မည်သည့်တုံ့ပြန်မှုမှ မရှိပေ။ သူမ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည် “တားမြစ်ဧရိယာမှာ တစ်ခုခုများဖြစ်လို့လား”
ရှီကုန်းသည် သမီးဖြစ်သူကိုကြည့်ပြီး နားလည်သွားသည်။ သူ သက်ပြင်း ချလိုက်သည်။ “ယူအာ တားမြစ်ဧရိယာမှာတစ်ခုခုဖြစ်ရင် အဖေတို့ကိုပြောရမှာ ပေါ့၊ အဖေတို့မိသားစုက မကြာခင်ကပဲ ပြဿနာကြီးကိုရင်ဆိုင်လိုက်ရပြီ”
“အိမ်မှာဘာဖြစ်လို့လဲ၊ တားမြစ်ဧရိယာနဲ့ဆက်စပ်မှုရှိတယ်ပေါ့” ရှီယူ မေးလိုက်သည်။
“အဖေတို့ မိသားစုသတ္တုတွင်းက ဘယ်မှာလဲဆိုတာသိလား” ရှီကုန်း မေး လိုက်သည်။
ရှီယူ ခေါင်းညိတ်လေသည် “အရင်က အစ်ကို ၃ ခေါ်သွားဖူးတယ်၊ သတ္တု တွင်းမှာတစ်ခုခုများဖြစ်လို့လား”
“ဟုတ်တယ် လွန်ခဲ့တဲ့သုံးရက်က သတ္တုတွင်းက ရှုပ်ထွေးဿွားတယ်၊ သတ္တုတွင်းရဲ့တချို့နေရာတွေက လဲပြိုနေတယ်၊ သတ္တုတွင်းမှာလုပ်တဲ့လူတွေ လည်း သေကုန်တယ်” ရှီကုန်း ပြန်ဖြေလေသည်။ “သတ္တုတွင်းက မိသားစုရဲ့ ကံတရားနဲ့ပတ်သတ်နေတယ်၊ အခု ဒီကိစ္စကဘယ်လောက်အရေးကြီးလည်း သိပြီမလား”
ကမ္ဘာကြီးအပြင်ဘက်တွင်ဖြစ်ဖြစ် သည်နေရာတွင်ဖြစ်ဖြစ် သတ္တုတွင်း သည် မိသားစု၏ အင်အားနှင့်ဆက်စပ်နေသည်။ သတ္တုတွင်းသာ ပျောက်ကွယ် သွားပါက မိသားစုပျက်သုဉ်းသွားသည်နှင့် တူညီသည်။
ထို့ကြောင့်ပင် ရှီကုန်း စိုးရိမ်နေခြင်းဖြစ်သည်။ တကယ့်ကို ရှင်သန်ရေး ကိစ္စဖြစ်နေတာကိုး။
မိသားစု ရှင်သန်ရေးကိစ္စဖြစ်နေသဖြင့် ရှီယူသည် မည်သည့်အရာကိုမှ မဖုံးကွယ်ရဲတော့ပေ။ သူမသည် ရှီမာယူယူအား အားနာစွာဖြင့် ကြည့်လိုက် သည်။ သို့သော် အပြုံးကိုပြန်ရလိုက်သည်။
ဆိုလိုသည်မှာ ပြောပြလိုက်လည်း အဆင်ပြေသည်။
“ဘာလို့လဲ ဘာတွေဖြစ်ခဲ့တာလဲ”
“အင်း ညီမလေးက ကန်ထဲကအရာနဲ့ စာချုပ်တည်ထောင်လိုက်တယ်” ရှီယူ ပြန်ဖြေလေသည် “စာချုပ်တည်ထောင်လိုက်ရင် ဘာပြဿနာမှမဖြစ်ဘူး လို့ အဲကောင်ကပြောတယ် အဲဒါကြောင့်…”
“စာချုပ်ဟုတ်လား” အခန်းထဲမှ လူတိုင်းအော်လိုက်ကြသည်။
“ဒါပေမဲ့ ကန်ထဲမှာ ဘာစာချုပ်ကိုမှ အာရုံမခံမိပါဘူး၊ ဘာထူးဆန်းမှုကိုမှ သတိမထားမိဘူးလေ” ဝူမန် ပြောလိုက်သည်။
“ကန်ထဲကဟာက မီအာရဲ့ ကိုယ်ပွားပါ၊ ကိုယ်ပွားနဲ့ မဆက်သွယ်ရင် လုံးဝမပေါ်နိုင်ဘူးလို့ ပြောပါတယ်” ရှီယူ ရှင်းပြလေသည်။
“အဲဒီတော့ ဒီကိစ္စက ကန်ထဲကအရာနဲ့ စာချုပ်ကြောင့်ဖြစ်လာတာပေါ့” ရှီကုန်း မျက်မှောင်ကြုတ်လိုက်သည်။
“အဖေ စာချုပ်က ဘာကိုမှသက်ရောက်မှုမရှိဘူးလို့ မီအာပြောလို့ ယူယူက ချုပ်လိုက်တာပါ” ရှီယူ ပြောလိုက်သည်။ “မီအာက အရမ်းသနားဖို့ ကောင်းတယ်၊ အသိပြန်ဝင်လာကတည်းက မြို့ဝန်ရဲ့ဖိနှိပ်ခြင်းကိုခံခဲ့ရတယ်၊ တားမြစ်ဧရိယာမှာ ကျင့်ကြံဖို့အတွက်သုံးတယ်၊ သူက ထွက်လာချင်နေတာ”
“ဘယ်လောက်သနားဖို့ကောင်းလဲဆိုတာ မပြောနဲ့တော့၊ အဲဒီဟာက စွမ်းအားတွေကြီးလာပြီး အသိဉာဏ်ရလာတာ၊ ဒီကောင်က နှစ်ပေါင်းများစွာ ဒီနေရာက သတ္တုတွင်းတွေနဲ့ ဆက်စပ်နေတာသိရဲ့လား၊ သူ စာချုပ် တည်ထောင်လိုက်တာနဲ့ ဒီသတ္တုတွင်းတွေကို သက်ရောက်မှုရှိသွားပြီ” ဝူမန် ပြောလိုက်သည်။
“သတ္တုတွင်းတွေက ဘာလို့မီအာနဲ့ ဆက်စပ်မှုရှိတာလဲ” ရှီယူသည် နားမလည်နိုင်ပေ။
“ဒီကဘုရင်နဲ့ဆင်တူတယ် အဲအောက်က အင်အားတွေအကုန်လုံးကို သက်ရောက်မှုရှိတယ်၊ ပြီးတော့ သူတို့က မြေအောက်မှာ ဆက်သွယ်နေကြ တယ်”
“မီအာက ကန်ထဲမှာပဲရှိတာမဟုတ်ဘူးလား”
“အဲဒါက ကန်မဟုတ်ဘူး” ရှီကုန်းပြောလိုက်သည် “သမီးအခု နားမလည် သေးပါဘူး ရှီ…”
သူသည် ရှီမာယူယူကိုကြည့်လိုက်သည်။ သူသည် သူမ နာမည်ကို မသိ သေးပေ။
“ရှီမိသားစုခေါင်းဆောင် ကျွန်မက ရှီမာယူယူပါ”
“ဘာ”
ရှီမိသားစုသုံးယောက်သည် သူမနာမည်ကိုကြားသည်နှင့် ထိတ်လန့် တကြားဖြစ်သွားလေသည်။ သူမအပေါ်ရှိ သူတို့အကြည့်များပြောင်းလဲသွားကြ သည်။ တစ်ဖက်တွင် ဝူမန်သည် တစ်စုံတရာကိုတွေးပြီး မျက်လုံးမှာ မှေးမှိန် သွားတော့သည်။
***