အခြေအနေကိုအရင်ကြည့်
Vol. 97 Ch. 1352
“ရှီမာယူယူ… မင်းက အဲလူရဲ့သမီး…” ရှီကုန်သည်း ဝူမန်ကို တစ်ချက် ကြည့်လိုက်သည်။ သူ့အကြည့်များမှာ ရှုပ်ထွေးနေသည်။
ဝူမန်သည် မျက်တောင်ခတ်ကာ သူမ၏ ခံစားချက်အားလုံးကို ရှင်းထုတ် လိုက်သည် “အခုလက်ရှိ ပြဿနာကိုပဲပြောရအောင်”
“ကောင်းပြီ လက်ရှိပြဿနာကိုပဲ အရင်ဖြေရှင်းကြမယ် ကျန်တာကို နောက်မှပြောကြမယ်” ရှီကုန်း သဘောတူလိုက်သည် “မိတ်ဆွေလေးယူယူ မင်းရဲ့ စာချုပ်သားရဲကိုကြည့်လို့ရမလား”
ရှီမာယူယူ သဘောတူလိုက်သည်။ အတွေးတစ်ချက်နှင့်ပင် အားလုံးရှေ့ တွင် သူမပုံစံအသေးစားလေး ပေါ်လာသည်။
“ဒါက သူမရဲ့ပုံစံလား”
“မဟုတ်ပါဘူး ဒါက ကျွန်မပုံစံကိုယူထားတာပါ” ရှီမာယူယူ ပြောလိုက် သည်။
“သူမမှာ ပုံသဏ္ဍာန်မရှိဘူးမလား” မျိုးနွယ်ခေါင်းဆောင် ပြောလိုက်သည် “သူ့ရဲ့မူလက ဒီအတိုင်းစွမ်းအင်ကပဲလာတာဆိုတော့ ပုံပန်းသဏ္ဍာန်ရှိမှာ မဟုတ်ဘူး”
“ဟုတ်ပါတယ်” ရှီမာယူယူ မဖုံးကွယ်တော့ပေ။ ရှီယူနှင့် ဟော်ပိုတို့ နှစ်ယောက်လုံးသည် ထိုအချိန်တွင်ရှိခဲ့ကြသည်။ သူတို့သည် ထိုမေးခွန်းကိုသိ ထားကြသည်။
“လက်ရှိအခြေအနေက တကယ်ပဲ သူ့ကြောင့်သာဆိုရင် သူ့ကြောင့်ပဲ ပိုကောင်းလာနိုင်တယ်” ဝူမန် ပြန်ချေပလိုက်သည်။
“ဖြစ်နိုင်တယ်” ရှီယူသည် မီအာကိုကြည့်လိုက်သည် “မင်း စမ်းကြည့်ရင် ရော”
“အဲဒါက…” သူတို့အာရုံသည် မီအာဆီသို့ရောက်သွားပြီး သူမကို လျစ်လျူရှုကြသည်ကို ရှီမာယူယူ တွေ့လိုက်ရသည်။ “တကယ်တော့ ဒီအခြေအနေက ရှုပ်ထွေးနေရင် အစကတည်းက ရှင်းထားတာပိုကောင်းလိမ့် မယ်”
“ဟုတ်သားပဲ” ရှီယူသည် သူမခေါင်းကိုပုတ်လိုက်ရာ အားလုံးလန့်သွား ကြလေသည်။
“ယူအာ ဘာဖြစ်တာလဲ”
“ညီမလေး ညီမလေး” ရှီယူသည် ရှီမာယူယူ၏ လက်ကိုဆုပ်ကိုင်လိုက် သည် “မီအာက အသုံးမဝင်ဘူးဆိုရင် ညီမလေးကိုစမ်းကြည့်ခိုင်းလို့ရတာပဲ”
အားလုံးသည် ခေတ္တမျှ ကြက်သေသေသွားလေသည်။ နောက်မှပင် သူတို့ တုံ့ပြန်လာကာ ရှီမာယူယူကို မေးလိုက်သည် “မင်းက ဝိညာဉ်ရှာဖွေသူသခင် လား”
“ဟုတ်ပါတယ်” ရှီမာယူယူ ဝန်ခံလိုက်သည်။
“ဟုတ်သားပဲ သူက ဝိညာဉ်ရှာဖွေသူပဲ၊ မင်းပါ ဝိညာဉ်ရှာဖွေသူသခင်ဖြစ် တာ မထူးဆန်းတော့ပါဘူး” ဝူမန် ရေရွတ်လိုက်သည်။
“ဒါပေမဲ့ အခြေအနေကရှုပ်ထွေးနေတာ အဲဒါကိုလမ်းပြနိုင်ပါ့မလား” ရှီကုန်းသည် သတ္တုတွင်းမှအခြေအနေကို သဘောပေါက်ထားပြီးဖြစ်ရာ ရှီမာယူယူလုပ်နိုင်မည်ကို မယုံပေ။
ပြီးနောက်တွင် သူမသည် ငယ်လွန်းသည်။ သူမသည် သူမမိသားစု၏ အမွေကို ဆက်ဆံရလျှင်တောင် အပြည့်အဝကျွမ်းကျင်မည်မဟုတ်ပေ။
သူမက သူမအဖေလို ဆိုးယုတ်လား။
သူမဖခင်…
သူ ရှီမာလျူရွှမ်ကို တွေးလိုက်သည်နှင့် သက်ပြင်းချမိသည်။ သူသည် တိတ်တဆိတ် လူသူစုဆောင်းခဲ့သည်။
“ဖြစ်နိုင်မလား မဖြစ်နိုင်မလားကိုတော့ အာမ,မခံနိုင်ဘူး၊ အရင်ဆုံး အခြေအနေကို စစ်ဆေးရမယ်” ရှီမာယူယူ ပြောလိုက်သည်။
“အင်း သွားကြည့်ကြတာပေါ့” ရှီကုန်း ပြောလိုက်သည် “ငါတို့မိသားစုရဲ့ ဝိညာဉ်ရှာဖွေသူသခင်က အဲဒီကိုရောက်တာ သုံးရက်လောက်ရှိပြီ၊ ဘာအဖြေမှ ရှာလို့မရသေးဘူး အဲတော့ မင်းစိတ်ပြင်ဆင်ထားတာကောင်းမယ်”
“ကျွန်မ နားလည်ပါပြီ”
ရှီကုန်းသည် ရှီမာယူယူ၏ စိတ်ဓာတ်ကိုလေးစားမိသည်။ သူမ လုပ်နိုင် သည် မလုပ်နိုင်သည်ကို တည့်တိုးမပြောပေ။ သူမသည် ကြွားဝါြခင်းမရှိကာ ခပ်လျှိုလျှိုနေတတ်ခြင်းဖြစ်သည်။
ရှီမာယူယူသည် ရှီကုန်းကို အကောင်းမြင်ထားသည်။ သူသည် သူမ အသက်ငယ်သည်ကို အထင်မသေးဘဲ အခြေအနေကိုပြောပြကာ ပြင်ဆင်ထား ရန် မှာကြားထားသည်။
“အဖေ သမီးလည်းလိုက်မယ်” ရှီယူ ပြောလေသည်။ ရှီကုန်း မျက်မှောင် ကြုတ်သွားသည်ကို ကြည့်ပြီး သူမသည် ရှီမာယူယူဘေးသို့သွားလိုက်သည် “ညီမလေးသွားတော့ သမီးလည်းသွားမှာပဲ၊ သမီးကတည်ဆောက်မှုတွေ အကြောင်းကိုသိတယ် အဲတော့ ကူညီလို့ရရင်ရမှာပဲ”
ရှီကုန်းသည် ငြင်းဆိုတော့မည့် စကားကိုပြန်မျိုသိပ်လိုက်သည် “သမီး လျှောက်သွားလို့မရဘူး အရမ်းအန္တရာယ်များတယ်နော် မျိုးနွယ်အကြီးအကဲ ဘေးမှာပဲ နေရမယ်”
“အင်း အင်း သမီးလျှောက်မပြေးပါဘူး” ရှီယူ ကတိပေးလိုက်သည်။
“ဒါဆိုလည်း အခုသွားကြတာပေါ့” မျိုးနွယ်အကြီးအကဲ နှစ်ဦးသည် စိတ်များဆက်သွယ်နေသကဲ့သို့ တစ်ချိန်တည်း မတ်တတ်ရပ်လိုက်ကြသည်။
ရှီကုန်းနှင့် ဝူမန်တို့လည်း မတ်တတ်ရပ်လိုက်ကြသည်။ သူတို့သည် လေဟာပြင်ဝင်ပေါက်ကိုဖွင့်ကာ ရှီယူနှင့် ရှီမာယူယူတို့ကို ခေါ်သွားလိုက်ကြ သည်။
သူတို့ လေဟာပြင်ဝင်ပေါက်မှ ထွက်လိုက်သည်နှင့် တောင်တစ်တောင် အပေါ်သို့ရောက်သွားသည်။
ထိုတောင်တန်းသည် အရင်ကတွေ့ဖူးခဲ့သည်များနှင့် မတူပေ။ တောင် ထိပ်တိုင်းသည် ကျိုးပဲ့ကြေမွကာ အပေါက်များစွာရှိသည့်တောင်များ၊ မဟုတ်လျှင် ကျောက်ပုံများဖြင့်ရှိနေကြသည်။
ထိုကျောက်ပုံများတွင် မခြောက်သေးသည့် သွေးအစွန်းများရှိနေသေး သည်။ ထိုပျက်ကွက်သူများ၏ သွေးများဖြစ်နိုင်သည်။
တောင်အပြင်ဘက်တွင် ပဲ့ပြိုကျခြင်းမှကာကွယ်ထားသော ဝိညာဉ် အတားအဆီးတစ်ခုရှိသည်ကို ရှီမာယူယူ သတိထားမိလိုက်သည်။
ဝိညာဉ်အတားအဆီးကို သက်ရောက်မှုကို အကဲဖြတ်ကြည့်လျှင် တောင် အတွင်းမှ စွမ်းအားသည် အညှာတာမဲ့လှသည်။
ရှီမာယူယူ ဝိညာဉ်အတားအဆီးကို တွေ့သွားသည်ကို ကြည့်ပြီး ရှီကုန်း ရှင်းပြလေသည် “ဒါက မတော်တဆမှုဖြစ်ပြီးတော့ မျိုးနွယ်ခေါင်းဆောင်က ချက်ချင်းပဲစီစဉ်လိုက်တာ”
“မျိုးနွယ်ခေါင်းဆောင်တွေက အမြန်ပဲတုံ့ပြန်လိုက်တာပဲ” ရှီမာယူယူ မှတ်ချက်ပေးလိုက်သည် “တောင်ထဲက စွမ်းအားက မပျောက်ကွယ်သွားဘူး၊ သတ္တုတွင်းတစ်ခုလုံးကို သက်ရောက်နေတာက မကောင်းနိုင်ဘူး၊ သတ္တုတွင်း က ဒီအတိုင်းဆက်သွားလို့မဖြစ်ဘူး၊ အချိန်တွေကြာလာရင် သတ္တုတွင်းတစ်ခု လုံး ပျက်စီးသွားလိမ့်မယ်”
သတ္တုကြောတိုင်းသည် သတ္တုတွင်းဖြစ်ပေါ်လာမည့် အလားအလာရှိ သည့် စွမ်းအားဖြင့် အတူပါခဲ့ခြင်းဖြစ်သည်။ ဝိညာဉ်ရှာဖွေသူသခင်များ လုပ်ရ မည်မှာ ပျက်ကွက်သူများသည် ထိုနေရာများကို ရှောင်ရှားနိုင်စေရန် လမ်း ကြောင်းအလားအလာကို ရှာဖွေရန်ဖြစ်သည်။ ထိုသည်ကို အလားအလာကို ဖွင့်သည်ဟု သိကြသည်။
အလားအလာအဖွင့်ကို ကောင်းမွန်စွာမလုပ်ပါက စွမ်းဆောင်နိုင်သမျှမှာ လွတ်သွားပြီး သတ္တုတွင်း၏ တည်ငြိမ်မှုကို သက်ရောက်မှုရှိနိုင်သည်။ မှားယွင်း ဖွင့်မိပါက သတ္တုတွင်းအတွင်းထဲကို ဖျက်ဆီးမိပြီးသားဖြစ်သွားမည်။ ထပ်ပေါင်း ပြောရလျှင် စိတ်မပါဘဲလုပ်လိုက်ပါက ပျက်ကွက်သူများသည် ထိုနေရာကို မရှောင်နိုင်ဘဲ အလားအလာသည် လှုပ်ရှားသွားပြီး နောက်ဆုံးတွင် ပျက်ကွက် သူများပါ အတူသေသွားနိုင်သည်။
ထို့ကြောင့် မည်သည့်အကြောင်းအရင်းဖြစ်ပါစေ လူများသည် လုပ်ချင် သည့်အတိုင်းလုပ်မရပေ။ ထို့ကြောင့်ပင် အလားအလာဖွင့်ခြင်းသည် အလွန် အရေးကြီးသည်။
ပုံမှန်အားဖြင့်ပြောရလျှင် သတ္တုတွင်းမှ အခြေအနေသည် တည်ငြိမ်လှ သည်။ လှုပ်ရှားမှုမရှိလျှင် ထိုသို့ရှုပ်ထွေးသွားမည်မဟုတ်ပေ။
ရှီကုန်းသည် သူမ အခြေအနေကို စမ်းစစ်နေသည်ကို ကြည့်နေသည်။ သူမသည် ဝိညာဉ်ရှာဖွေမှုတွင် နားလည်မှုရှိလိမ့်မည်ဟု သူ ယုံသည်။
သူတို့နှင့် မဝေးသောနေရာတွင် လူတစ်စုသည် အောက်မှအခြေအနေကို စမ်းစစ်ကြည့်နေသည်။ ထိုလူများသည် သူတို့ဝင်လာသည်ကို မြင်သောအခါ အမြန်ပြေးလာပြီး အရိုအသေပေးလေသည်။
“ဘဏ္ဍာစိုး၊ မိသားစုခေါင်းဆောင်၊ မျိုးနွယ်အကြီးအကဲတို့ကို နှုတ်ဆက်ပါ တယ်”
ရှီကုန်းသည် လက်ကိုဝှေ့ယမ်းပြီး သူတို့ကိုထခိုင်းလိုက်သည် “အခုအခြေ အနေက ဘယ်လိုလဲ”
“မိသားစုခေါင်းဆောင် သတ္တုတွင်းကအခြေအနေက မထိန်းနိုင်တဲ့အဆင့် မှာပဲရှိသေးတယ်၊ ဒီလက်အောက်ငယ်သားက မပြည့်စုံလို့ သူတို့နေရာကို ပြန် မထားနိုင်ရုံအပြင် ဝိညာဉ်အတားအဆီးကိုပါ ဖျက်မိတော့မလိုဖြစ်သွားတယ်” မီးခိုးရောင်မုတ်ဆိတ်နှင့် အဘိုးကြီးတစ်ဦးသည် အားနာသလိုပြောလေသည်။
“လောင်ယန်း ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့၊ ဒီမတော်တဆမှုက ရုတ်တရက်ဖြစ်ဿွားတာ၊ အရင်က တစ်ခါမှဖြစ်ဖူးတာမဟုတ်ဘူး၊ ကျရှုံးတာ က အကျိုးအကြောင်းသင့်ပါတယ်၊ လောင်ယန်းတို့ ကြိုးစားပြီး ဖြစ်နိုင် သလောက်မြန်မြန် ဒီပြဿနာကို ဖြေရှင်းဖို့မျှော်လင့်ပါတယ် မဟုတ်ရင် ပြဿနာတွေပိုဖြစ်လာနိုင်တယ်” ရှီကုန်း ပြောလိုက်သည်။
“ကျုပ်အကောင်းဆုံးကြိုးစားပါမယ်” လောင်ယန်း ပြန်ဖြေလိုက်သည်။
“ယူယူ ဒါက ငါတို့မိသားစုရဲ့ ဝိညာဉ်ရှာဖွေသူတွေပဲ” ရှီကုန်း မိတ်ဆက် ပေးလေသည် “အကြံပြုချင်တာ ဒါမှမဟုတ် မှတ်ချက်ပေးချင်တာရှိရင် သူတို့ ကို ပြောလို့ရပါတယ်”
ရှီကုန်းသည် လိမ္မာပါးနပ်စွာပြောလိုက်ခြင်းဖြစ်သည်။ မိသားစုထဲမှ အကြီးအကဲများကို မျက်နှာသာပေးသည်က အကောင်းဆုံးဖြစ်သည်။ ရှီမာယူယူ မည်သည့်အရာကိုမှ မစဉ်းစားမိလျှင်လည်း သူမအတွက် ရှက်စရာ မဟုတ်ပေ။
“ဟုတ်ကဲ့ပါ” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။
“မိသားစုခေါင်းဆောင် ဒါကဘယ်သူပါလိမ့်” လောင်ယန်းသည် ရှီကုန်း ရှီမာယူယူကို ယဉ်ကျေးနေသည်ကို မြင်လိုက်ရသည်။ သူသည် သူမ၏ သရုပ်မှန်ကို သိချင်သွားသည်။
“ယူယူကလည်း ဝိညာဉ်ရှာဖွေသူပဲ၊ သူမမှာ အရမ်းအားကောင်တဲ့ စီနီယာ ရှိလို့ အတူလိုက်ပြီး အဖြေရှာတဲ့နေရာမှာ အကူအညီဖြစ်မလားလို့ ခေါ်လာ ကြည့်တာ” ရှီကုန်း ရှင်းပြလိုက်သည်။
***