နောက်ယောင်ခံလိုက်ခံရခြင်း
Vol. 97 Ch. 1353
လောင်ယန်းနှင့်အဖွဲ့သည် ရှီမာယူယူကို ဘာကြောင့်ခေါ်လာသလဲဆို သည်ကို ရှီကုန်းဆီမှနားလည်လိုက်ကြသည်။ သူတို့သည် သူမကို လျော့မတွက် ရဲကြပေ။
“တကယ်လား အဲလိုဆိုရင် မိတ်ဆွေလေးမှာ အကြံရှိရင် ပြောပါဦး” လောင်ယန်း ပြောလိုက်သည်။
“လောင်ယန်းက အရမ်းကိုလေးနက်နေပါပြီ၊ ကျွန်မသာတစ်ခုခုစဉ်းစား နိုင်ရင် ပြောမှာပေါ့” ရှီမာယူယူ ပြောလိုက်သည်။
သူ စိတ်ရင်းနှင့်ဖြစ်စေ ဟန်ဆောင်နေသည်ဖြစ်စေ သူ သူမကို အထင် သေးခြင်းမရှိသည်မှာ ရှားပါးသည်။
“ညီမလေး အခြေအနေကိုကြည့်ရအောင်” ရှီယူ ပြောလိုက်သည်။
မိသားစုသတ္တုတွင်းမှာ ထိုသို့ဖြစ်သွားလိမ့်မည်ဟု သူမ ထင်မထားပေ။ သူမ စိုးရိမ်မိသေးသည်။ သူမသာ မပြင်နိုင်ပါက မိသားစုက အဆုံးသတ်ကို ရောက်သွားမှာလား။
ရှီမာယူယူသည် သူမ၏ စိုးရိမ်မှုကို သတိထားမိသည်။ သူမ စာချုပ် ကြောင့် ထိုသို့ဖြစ်သွားသည်ကို စဉ်းစားမိသည်နှင့် အပြစ်မကင်းသလိုခံစားရ သည်။
“ငါကြည့်ကြည့်မယ်” သူမသည် သတ္တုတွင်း အပေါ်သို့ပျံသန်းသွားကာ လှည့်ပတ်ကြည့်လိုက်သည်။ ထို့နောက်တွင် ဝိညာဉ်အတားအဆီးဆီသို့ ဆင်း ကြည့်လိုက်သည်။
“မိသားစုခေါင်းဆောင် သူမ လုပ်နိုင်ပါ့မလား” လောင်ယန်းသည် ရှီမာယူယူ ထွက်သွားသည်အထိစောင့်ပြီး သူ၏ သံသယကိုပြောလေသည်။
ရှီကုန်းသည်လည်း သူမနှင့်ပတ်သတ်ပြီး ယုံကြည်ချက်မရှိလှပေ “ကျုပ်တို့ ဖြစ်နိုင်သမျှအကုန်လုံးကို ကြိုးစားကြည့်ရမှာပေါ့ သူမ အဖြေရှာရင် လည်းရှာနိုင်မှာလေ”
“သတ္တုတွင်းက အခြေအနေက အရမ်းကိုရှုပ်ထွေးနေတာ၊ လောင်ယန်း တောင်မှ ဘာမှမလုပ်နိုင်ဘူး၊ သူမလို အရုပ်ကလေးက ပြင်နိုင်ပါ့မလား” လောင်ယန်း အနောက်မှ သက်လတ်ပိုင်းအရွယ် အမျိုးသားက ပြောလေသည်။
“ငါ့မှာတကယ်အစီအစဉ်မရှိဘူး၊ လူတစ်ယောက်သာ လုပ်နိုင်ရင် မိသားစု အတွက် ကောင်းတာပေါ့” လောင်ယန်း ပြောလိုက်သည်။
“လောင်ယန်းက တကယ်ပဲ ရေရှည်ကိုကြည့်တတ်တယ်” သူ့နောက်မှ လူများသည် လေးစားမှုကို ပြသလေသည်။
လောင်ယန်းသည် သူတို့၏ စိတ်လှုပ်ရှားမှုကို မတုံ့ပြန်ပေ။ ထိုအစား စိုးရိမ်မှုနှင့် မျှော်လင့်ထားသည်များကိုသာ ပြောလေသည် “သူမ နည်းလမ်း စဉ်းစားနိုင်ပါ့မလားမသိဘူး၊ သူမသာ လုပ်နိုင်ရင် ကောင်းမှာပဲ ဒါနဲ့ မိသားစု ခေါင်းဆောင် တခြားမိသားစုတွေလည်း ဒီကိစ္စကိုကြုံရတာပဲလား သတင်းတွေ ရသေးလား”
“တခြားမိသားစုလည်း ဒီလိုအတူတူပဲဖြစ်တာပဲ၊ ဒါပေမဲ့ သူတို့က သတင်း ပေါက်မှာကိုတားထားကြတယ်၊ သူတို့ရဲ့ အခြေအနေအတိအကျတော့ မရှင်းလင်းဘူးပဲ၊ ကျုပ်တို့နဲ့တူမလားတော့ မသိဘူး၊ ဒါပေမဲ့ သဲလွန်စတွေ စု လိုက်ရင်တော့ တူလောက်တယ်”
“သတ္တုတွင်းတွေက ရုတ်တရက်ကြီး ဘာလို့ပြဿနာထဖြစ်တာလဲ တစ်ခုခုများဖြစ်လို့လား” လောင်ယန်းသည် ရုတ်တရက် ပြဿနာ၏ အရင်းအမြစ်ကို ဆုပ်ကိုင်လေသည်။
ရှီကုန်းသည် ရှီမာယူယူကို အဝေးမှကြည့်လိုက်သည်။ “နောက်မှ အကြောင်းအရင်းအတိအကျကို စစ်ဆေးကြတာပေါ့၊ အခုအရေးအကြီးဆုံးက သတ္တုတွင်းကို ပြန်ပြင်ဖို့ပဲ”
“အဖေ ညီမလေးလုပ်နိုင်ပါ့မလား” ရှီယူသည် အနည်းငယ်စိုးရိမ်နေမိ သည်။ ရှီမာယူယူ အဆင်ပြေမည်ဟု သူမ ခံစားရသော်လည်း မိသားစုတွင်းမှ သူတို့၏ ဝိညာဉ်ရှာဖွေသူများပင်လျှင် ဘာမှမတတ်နိုင်ခဲ့ပေ။ သူမကို ယုံကြည် ချက်အပြည့်မရှိလှပေ။
“သူမ အဆင်ပြေပါလိမ့်မယ်၊ သူမက သူ့ရဲ့ကလေးပဲလေ” ဝူမန် ရေရွတ် လေသည်။
ရှီမာယူယူသည် နှစ်နာရီကြာအောင် စစ်ဆေးလေသည်။ သူမသည် အခြေအနေကို နားလည်ပြီးနောက်တွင် ပြန်လာလေသည်။
“ဘယ်လိုလဲ ညီမလေး နည်းလမ်းရှိလား” ရှီယူသည် စိတ်မရှည်စွာဖြင့် မေးလေသည်။
“အခြေအနေကိုတော့ ရှင်းရှင်းလင်းလင်းနားလည်သွားပြီ၊ တကယ်ပဲ ကျွန်မထင်ထားတာထက် ဆိုးနေတယ်၊ ဒါပေမဲ့ အဖြေမရှိတာတော့မဟုတ်ဘူး” ရှီမာယူယူ ပြန်ဖြေလိုက်သည်။
“အဲတော့ မင်းမှာနည်းလမ်းရှိလား”
“အရမ်းတော့မသေချာဘူး၊ ဒါပေမဲ့ ကျွန်မမှာ သူငယ်ချင်းတစ်ယောက်ရှိ တယ်၊ သူသာ ဒီမှာရှိရင် အဆင်ပြေသွားမှာ” ရှီမာယူယူသည် ဝိုးတိုးဝါးတား ပြောလေသည်။
“သူကဘယ်မှာလဲ မြန်မြန်ပဲသူ့ကိုဖိတ်လိုက်လေ” နည်းလမ်းရှိသည်ဟု အားလုံးကြားသည်နှင့် အနည်းငယ်စိတ်လှုပ်ရှားသွားကြလေသည်။
“သူက ကျွန်မနဲ့အတူ တစ္ဆေမြို့တော်ကိုလာခဲ့ပါတယ်၊ ဒါပေမဲ့ အထူး အခြေအနေကြောင့် သူ့ကိုပုန်းခိုင်းထားရတယ်”
“ဒါဆိုရင် ချက်ချင်းပဲ သူ့ကိုလူလွှတ်ပြီးရှာခိုင်းလိုက်မယ်”
“ကျွန်မ သူငယ်ချင်းပုန်းနေတဲ့နေရာက လျှို့ဝှက်ချက်ပါ၊ ကျွန်မ မသွား ရင် သူထွက်လာနိုင်မှာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “အဲတော့ ကျွန်မကို ပြန်ပို့ပေးပါ”
“ဪ အဲလိုလား”
ရှီကုန်းနှင့် တခြားသူများသည် သံသယဝင်သော်လည်း စစ်ဆေးမေးမြန်း ရန် အချိန်မရှိပေ။ သူမ ထိုသို့ပြောလာမှတော့ လိုက်လုပ်ရတော့မှာပေါ့။
“မင်းကိုပြန်ပို့ပေးမယ်” ရှီကုန်းပြောပြီးသည်နှင့် လေဟာပြင် ဝင်ပေါက် ဖွင့်ပြီး သူမကိုခေါ်သွားလိုက်သည်။
ပြန်လာပြီးနောက်တွင် ရှီမာယူယူ တစ်ယောက်တည်းထွက်လာခဲ့လိုက် သည်။ သူမသည် လူသူပြတ်လပ်သည့်နေရာသို့လာပြီး လောကအသေးမှ မိုဒိဆန်းကိုခေါ်ထုတ်လိုက်သည်။
ရှီကုန်းသည် အစပိုင်းတွင် သူမနှင့်အတူသွားရန် လူလွှတ်ပေးသော်လည်း သူမ ငြင်းဆန်လိုက်သည်။ လောကအသေးရှိကြောင်း တခြားသူများ သိသွား ပါက ပြဿနာပိုများလာမည်ကို သူမ စိုးရိမ်မိသည်။
သူမ အဆင်မပြေဖြစ်သွားမည်ဟု ရှီကုန်းနားလည်လိုက်သဖြင့် သူ သည်းခံလိုက်သည်။
သို့သော် ရှီမာယူယူ ရှီမိသားစုအိမ်တော်မှ ထွက်သွားသည်နှင့် လူနှစ် ယောက် တိတ်တဆိတ်လိုက်သွားသည်ကို သူ သတိမထားမိလိုက်ပေ။
ရှီမာယူယူသည် အဝေးတစ်နေရာသို့ လျှောက်သွားလိုက်သည်။ သူမ နောက်မှ တိုးတိတ်စွာလိုက်လာသော လူနှစ်ယောက်သည် ပီတိဖြစ်သွားကြ လေသည်။ သူတို့သည် သူမကို လူသူမရှိသောနေရာသို့ ခေါ်သွားရန် စဉ်းစားနေ ခြင်းဖြစ်သည်။ သူတို့ဘာမှမလုပ်ရခင်မှာပင် သူမသည် သူတို့ဆန္ဒအတိုင်းသွား လိမ့်မည်ဟု မထင်ထားကြပေ။
ရှီမိသားစုအိမ်တော်မှ ထွက်လာပြီးနောက် ခဏအတွင်းမှာပင် နောက် ယောင်ခံလိုက်ခံရကြောင်းကို ရှီမာယူယူ သိသွဦးသည်။ သူမနောက်လိုက်ချင် သည့်သူများအတွက် ဖြစ်နိုင်ချေတစ်ခုသာရှိသည်။
သူမ နှုတ်ခမ်းထောင့်တွင် အပြုံးသဲ့သဲ့ဖြစ်သွာသည်။ သူတို့က သူမနဲ့ ကစားချင်မှတော့ သူမကလည်း ကစားပေးရမှာပေါ့။
လူနှစ်ယောက်သည် ရှီမာယူယူနောက်သို့ ခေါင်သည့်နေရာရောက်သည် အထိလိုက်လာကြသည်။ ဝေးလံခေါင်ခိုက်သည့်နေရာသို့ ရောက်လေလေ သူမ လမ်းလျှောက်သည်မှာ မြန်လာလေလေကို တွေ့လိုက်ရသည်။ သူမ သူတို့ကို သတိထားမိသွားမည်ကို သူတို့ စိုးရိမ်မိကြသည်။ သူတို့သည် အနီးကပ်မလိုက် ကြတော့ပေ။
“ဒီမိန်းကလေးက ဒီလောက်ခေါင်တဲ့နေရာကို ဘာလာလုပ်တာလဲ ငါတို့ကိုများ သတိထားမိသွားတာလား”
“ငါတို့နှစ်ယောက်လုံးက စံတင်အလယ်အလတ်အဆင့်ပဲ၊ သူမက ဧကရာဇ်အဆင့်နိမ့်ပဲရှိသေးတာ၊ ဘယ်လိုလုပ် ငါတို့ကိုသိသွားမှာလဲ”
“အဲဒါအဓိပ္ပာယ်ရှိတယ်”
“သူတို့ ဒီကိုဘာအတွက်ကြောင့်လာလာ၊ ငါတို့ကိစ္စလုပ်ဖို့အတွက် အဆင်ပြေနေပြီလေ၊ ရှီမိသားစု မသိအောင် သူမကို ဖမ်းရမယ်၊ ရှီမိသားစု သခင်မလေးနဲ့အတူရှိနေမှာကို စိုးရိမ်နေခဲ့တာ၊ ဒါပေမဲ့ သူမ တစ်ယောက်တည်း ထွက်လာတာပဲ”
“အာ သူမ မရှိတော့ဘူး”
သူတို့ စကားပြောရင်းနှင့် ရှီမာယူယူ တောင်ကြားသို့ဝင်သွားသည့်နောက် ကိုလိုက်လာခဲ့ကြသည်။ ကွေ့ပတ်ပြီးနောက်တွင် သူမ ရုတ်တရက် ပျောက် သွားသည်ကို တွေ့လိုက်ရတော့သည်။
“သူမ ဒီနားမှာပဲရှိရမယ် လှည့်ပတ်ကြည့်ရအောင်”
သူတို့သည် ရှားပါးလှသော အခွင့်အရေးကိုဆုပ်ကိုင်ပြီး သူမကို ဖမ်းခေါ် သွားရမည်။
“ငါ့ကိုရှာနေကြတာလား” ရှီမာယူယူ၏ အသံသည် သူတို့အပေါ်မှထွက် လာကြသည်။ သူတို့ နှစ်ယောက်ကြည့်လိုက်ကြသည်။ ရှီမာယူယူသည် နံရံ အမြင့်တစ်ခုတွင် တွယ်ကပ်ရင်း ပြုံးကာ အောက်သို့ငုံ့ကြည့်နေသည်။
သူမ ပြုံးနေသည်မှာ ထိုလူနှစ်ယောက်ကို အေးစိမ့်သွားစေသည်။
သူမသည် သူတို့နှင့် နီးကပ်လွန်းသည်။ သူမ၏ ရောင်ဝါကိုပင်လျှင် သူတို့ မခံစားမိသည်။ ဒါဘာအဓိပ္ပာယ်လဲ။
“သရဲတစ်ကောင်ကို တွေ့သလိုမျိုးကြည့်ဖို့မလိုပါဘူး” ရှီမာယူယူသည် သူမ မျက်နှာကိုပွတ်လိုက်သည်။ သူမက ကြည့်ကောင်းပါတယ်။
“မင်း ဘာလို့ အဲဒီကိုရောက်နေတာလဲ”
“ဒါပေါ့ ရှင်တို့ကိုစောင့်နေတာ” ရှီမာယူယူ ပြန်ဖြေလိုက်သည် “မင်းတို့ နှစ်ယောက်က ငါ့နောက်ကို ဒီလောက်အကြာကြီးလိုက်လာတာ၊ မင်းတို့ မော သွားရင် နှမြောစရာကြီးလေ အဲဒါကြောင့် မင်းတို့ဘာလုပ်ချင်တာလဲလို့ မေးဖို့ ဒီမှာစောင့်နေတာ”
ထိုလူနှစ်ယောက်၏ မျက်နှာမှာ ဖြူဖျော့သွားလေသည်။ သူမက သူတို့ကို သတိထားမိနေကာ ကြာပြီလား။ သူမ ဘယ်တုန်းက သိသွားတာလဲ။ သူမ အင်အားနဲ့ဆိုရင် သူတို့ကို ဘယ်လိုလုပ်ရှာတွေ့နိုင်မှာလဲ။
သို့သော် သူတို့ မည်မျှပင် အံ့ဩစေကာမူ အရင်က မုန်တိုင်းကြီးများကို တွေ့ကြုံဖူးသဖြင့် အလျင်အမြန်ပင် စိတ်ငြိမ်သွားကြလေသည်။
“ဟင်း မင်း သိထားမှတော့ ငါတို့ ဘာမှပြောစရာမလိုတော့တာပေါ့၊ မင်း ငါတို့နဲ့ ကျိုးကျိုးနွံနွံနဲ့ လိုက်မလား အရိုက်ခံပြီးမှ လိုက်မလား”
ရှီမာယူယူ ရယ်မောလိုက်သည် “မင်းတို့က ကျန်းမိသားစုကမလား၊ ငါက မင်းတို့နဲ့ အတူပြန်လိုက်ဖို့ အစီအစဉ်မရှိဘူး၊ မင်းတို့က ဒီရောက်နေမှတော့ စကားပြောဖို့ နေကြပေါ့၊ ကျန်းမိသားစုဘာလိုချင်တာလဲဆိုတာ ပြောပါဦး”
***