သူ့ကိုလွမ်းတဲ့ခံစားချက်
Vol. 97 Ch. 1354
ရှီမာယူယူ သူတို့သရုပ်မှန်ကို ခန့်မှန်းနိုင်သည်ကို မြင်ရာ ထိုနှစ်ယောက် သည် မငြင်းဆန်ပေ။ သူတို့သည် သူမကို လက်ညှိုးထိုးလိုက်သည် “မင်းက ငါတို့ မိသားစုသခင်လေးကိုသတ်ခဲ့တယ်၊ မောင့်မိသားစုသခင်မလေးနဲ့ ဖန်း မိသားစုအစောင့်တွေကို သတ်ပြီး ဖန်းမိသားစုသခင်လေးကို ဖမ်းခဲ့တယ်၊ မင်း ငါတို့နဲ့ လိမ်လိမ်မာမာလိုက်ခဲ့တာ ကောင်းမယ်”
“အိုး အဲလူတွေကို ငါသတ်တယ်လို့ ဘယ်သူပြောတာလဲ မင်းတို့မှာ သက်သေရှိလား” ရှီမာယူယူသည် မျက်ခုံးပင့်လိုက်သည်။
“ငါတို့မှာ မျက်မြင်သက်သေရှိတယ်”
“မျက်မြင်သက်သေဟုတ်လား”
“ဟုတ်တယ် မင်းနဲ့ မူစစ်တို့ ဝန်ခံခဲ့တယ်လို့ ယန်းဇီ ပြောခဲ့တယ်၊ မင်း လိမ်လိမ်မာမာနဲ့ အဖမ်းခံသင့်တယ်”
ယန်းဇီဆိုသည့် နာမည်ကိုကြားလိုက်ရသည်ကို ရှီမာယူယူ မအံ့ဩတော့ ပေ။ ထိုစဉ်က သူနှင့် ပြောဆိုဆက်ဆံခဲ့သူမှာ ကျန်းဖန်နှင့် ယန်းဇီသာ ရှိသည်။
အဲဒီယန်းဇီက မူလျန်ကျယ်ထားခဲ့တဲ့ ရတနာမြေပုံကြောင့် မူစစ်ကို ကြင်နာပြနေတာလေ။ အခု သူမက မူစစ်ကိုခေါ်သွားပြီဆိုတော့ စိတ်မပူတာက မှ ထူးဆန်းနေဦးမယ်။
မီအာ၏ ကိစ္စနှင့်ပတ်သတ်ပြီး သူမနှင့် ကျန်းမိသားစုတို့ အဆင်မပြေဖြစ် သည်ကို သူ မြင်ပြီးနောက် သူမကို အပုပ်ချချင်သည့်သဘောရှိသည်။
ကျန်းမိသားစုသည် သတ်ရန်အတွက် ဆင်ခြေလိုနေရာ တစ်ခုတွေ့သွား ခြင်းဖြစ်သည်။ ကျန်းမိသားစုအတွက်တော့ အိပ်ချင်နေတာကို တစ်ယောက်က ခေါင်းအုံးပေးလိုက်သလိုမျိုးပဲ။ သူမကို ဖမ်းဖို့အတွက် ချက်ချင်းကိုလူလွှတ် လိုက်တယ်လေ။
သူတို့သည် ဖမ်းဆီးရန်အတွက် စံတင်အလယ်အလတ်အဆင့် နှစ် ယောက်ကိုလွှတ်လိုက်သည်။ ထိုအရာမှာ ဧကရာဇ်အဆင့်ကို ဝင်ခါစ လူ တစ်ယောက် အတွက်တော့ ပြဿနာကြီးဖြစ်သည်။ မြောက်ပိုင်းမြို့ကသာ ထို အရာကိုလုပ်နိုင်ခြင်းဖြစ်သည်။
အဲလူနှစ်ယောက်နဲ့ မလောက်တာတော့ နှမြောစရာပဲ။
“မီအာ ဒီနှစ်ယောက်ကို မင်းကိုအပ်လိုက်ပြီ” ရှီမာယူယူ ပြောလိုက်သည်။
မီအာဆိုသည့်သူကို သူတို့ ရှုပ်ထွေးသွားသည်။ သူမ လက်မှ မီးခိုးမည်း များ လှိမ့်တက်လာသည်ကို မြင်လိုက်ရသည်။ မီးခိုးမည်းသည် လျင်မြန်စွာပင် ပျံ့နှံ့လာကာ မကြာခင်တွင် လမ်းများကို လွှမ်းမိုးသွားလေသည်။
“ဒါ ဒါက…”
သူတို့ မီအာကိုမြင်လိုက်သည်နှင့် သွေးများပြောင်းပြန်စီးသွားပြီး ခန္ဓာ ကိုယ်မှာလည်း အေးစက်သွားလေသည်။
သူတို့သည် ပြီးခဲ့သည့် ရက်ပိုင်းက အဖြစ်အပျက်ကို မျက်မြင်တွေ့ခဲ့ရ သည်။ သူတို့သည် မီအာကိုမြင်ခဲ့ကာ ထိုအရာသည် သူမ၏ စာချုပ်သားရဲဖြစ် သွားလိမ့်မည်ဟု ထင်မထားမိကြပေ။
ကျန်းဟူသည် သူတို့ထက်ပင် သန်မာသည်။ သူပင်လျှင် ထိုအရာရှေ့တွင် မည်သည့် ခုခံမှုမှမလုပ်နိုင်လိုက်ပေ…
“မီအာ မြန်မြန်လေး မင်းကိုတွေ့သွားရင် ပြဿနာတက်လိမ့်မယ်” ရှီမာယူယူ လှုံ့ဆော်လိုက်သည်။
စုန်းမအိုကြီးသည် မြို့ထဲတွင်ရှိနေသေးသည်။ သူမသာ သိသွားပါက ထွက်ပြေးနိုင်မည်မဟုတ်ပေ။
မီအာနားလည်သည်။ သူသည် ထိုလူနှစ်ယောက်ကို မြူခိုးမည်းဖြင့် ဖုံးလွှမ်းလိုက်သည်။ အသံရှုသံနှစ်ခုသည် တဖြည်းဖြည်းနစ်ဝင်သွားလေသည်။
သူ ရှီမာယူယူ၏ လက်သို့ပြန်လာချိန်တွင် အရိုးပုံနှစ်ခုသာကျန်တော့လေ သည်။
“ကျွတ် ကျွတ် မင်းက တော်တော်လေးဖြစ်ထွန်းတာပဲ” ရှီမာယူယူ ဩဘာပေးလေသည်။
“ဒါပေါ့” မီအာသည် ရွှင်လန်းစွာဖြင့် ပြန်ဖြေလေသည် “ဒါက ငါ့အနေနဲ့ အလွယ်လေးပဲ၊ သူတို့ ဘယ်လောက်အားကောင်းကောင်း အလွယ်လေးရှင်းနိုင် တယ်၊ မဟုတ်ရင်…”
မီအာ ဆက်မပြောသော်လည်း သူ၏ဆိုလိုချက်ကို ရှီမာယူယူ နားလည် သည်။
သူမသာ ဖိအားပေးပြီး စာချုပ်မတည်ထောင်ခိုင်းလျှင် သူသည် လေလွင့် သည့်ဘဝနှင့် နေသွားဦးမည်။ ကမ္ဘာပေါ်တွင် နံပါတ် တစ် ဖြစ်မည်ကိုမဆိုထား နှင့် အနည်းဆုံးတော့ ကမ္ဘာကြီးကို လှည်းကျင်းသွားနိုင်မည်။
သို့သော် လှပသော စိတ်ကူးများအားလုံးမှာ ဖျက်ဆီးခံလိုက်ရသည်။ ကမ္ဘာကြီးကို လှည်းကျင်းမည့်အစီအစဉ်မှာ ပျက်သွားပြီး သူမ၏ စာချုပ်သားရဲ ဖြစ်သွားရသည်။
သူမသည် သူ၏အတွေးများကို လျစ်လျူရှုလိုက်သည်။ သူမသည် အနီးအနားကို စောင့်ကြည့်ရန် နီရဲပျားတချို့ကိုလွှတ်လိုက်သည်။ ပြီးနောက် တွင် လောကအသေးဖွင့်ကာ ဝင်လိုက်သည်။
သူမ ဝင်လုက်သည်နှင့် ချက်ချင်းပင် ဝန်းရံခံလိုက်ရသည်။
“အစ်မယူယူ နောက်ဆုံးတော့ ရောက်လာပြီ အဆင်ပြေလား” လက်ထောက်လေး စမေးလေသည်။
ဟွမ်ရင်ရင်သည် သူမအား ဖက်ပြီး ငေါက်ငမ်းလေသည် “ကလေး ငါတို့ ကို ဝင်ခိုင်းပြီးတော့ ဘာလို့ထုတ်မပေးတာလဲ၊ ဒီအဘွားက ဘယ်လောက် တောင်စိုးရိမ်နေလဲ သိရဲ့လား”
“ဟုတ်တယ် ဟုတ်တယ် အစ်မယူယူ အတူထွက်ရအောင်”
“ဒီကောင်မလေးတော့” ရှီမာရှုံ့သည် မျက်နှာကြီးတင်းနေသော်လည်း သူ၏ မျက်လုံးများသည် အလွန်ပင် ပူပန်လျက်ရှိသည်။
“ဟုတ်ပါပြီ အဘွား သမီးကို ဒီလိုမျိုးဆက်ဖက်ထားရင် မွန်းတော့မယ်” ရှီမာယူယူသည် ဟွမ်ရင်ရင်၏ ကျောကိုပုတ်ပြီး ချွဲရင်းပြောလိုက်သည်။
“အခု ငါ့ကိုဘယ်လိုခေါ်လိုက်တယ်” ဟွမ်ရင်ရင်သည် သူမကိုလွှတ်ပြီး အံ့ဩသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
“အဘွား” ဟွမ်ရင်ရင် မည်သို့ဖြစ်သွားသည်ကို ရှီမာယူယူ မသိပေ။
“ဟားဟား အဘွား… ရှုံ့ ရှင်ကြားလိုက်လား သူမက ကျွန်မကို အဘွားလို့ ခေါ်လိုက်တယ်” ဟွမ်ရင်ရင်သည် ပျော်ရွှင်စွာဖြင့် အော်လေသည်။
“ငါကြားပါတယ်ဟ ကလေးလိုမျိုးကြီး ပျော်မနေနဲ့” ရှီမာရှုံ့ ပြောလိုက် သည်။
“ဘာဖြစ်လို့လဲ” ရှီမာယူယူသည် သူတို့နှစ်ယောက်ကို နားမလည်စွာဖြင့် ကြည့်လိုက်သည်။
“ကလေး အရင်က ငါ့ကိုဘယ်သူမှ အဘွားလို့မခေါ်ဘူး ငါ့ကို အဘွားလို့ ဘယ်လောက်ခေါ်စေချင်လဲ မသိတော့ဘူး” ဟွမ်ရင်ရင်သည် သူမကို ပျော်ရွှင် စွာဖြင့် ဖက်လိုက်သည်။
အာ…
ရှီမာယူယူသည် သူမကို ကြည့်လိုက်သည်။ ထိုသို့ခေါ်လိုက်ခြင်းသည် သူမကို ယခုလိုပျော်သွားစေမည်ဟု သူမ ထင်မထားပေ။
“အဘွားကြိုက်ရင် အခုကစပြီး အဲလိုပဲခေါ်မယ်လေ”
“ရတာပေါ့” ဟွမ်ရင်ရင်သည် ပျော်ပျော်ကြီး ပြုံးလိုက်သည်။ သူမအတွက် ပျော်စရာတစ်ခုခုတွေ့လာသည်ဟု တခြားသူများထင်လောက်စရာပင်။
“ပြီးတော့ အဘိုး” ရှီမာရှုံ့သည် ထပ်ပေါင်းပြောလေသည်။
“ဟုတ်ကဲ့ပါ အဘိုး” ရှီမာယူယူ သူ့ကိုခေါ်လိုက်သည်။ သူမ ကြည့်လိုက် သည်။ လူအုပ်ထဲတွင် ဝူလင်းယူကို သူမ မတွေ့မိပေ။ “လင်းယူရော အိပ်သွား ပြန်ပြီလား”
“ဟုတ်တယ် သူ လွန်ခဲ့တဲ့ နှစ်ရက်ကပဲအိပ်သွားတယ်” ဟွမ်ရင်ရင် ပြန် ဖြေလိုက်သည်။
“သူ့ကိုသွားတွေ့လိုက်ဦးမယ်” ရှီမာယူယူသည် ဝူလင်းယူ၏အခြေအနေ ကိုသိပြီးနောက် စိတ်မရှည်စွာဖြင့် ပြေးသွားလိုက်သည်။
ဟွမ်ရင်ရင်သည် သူမ၏ နောက်ကျောကိုကြည့်ပြီး ခေါင်းကို မတတ်သာ စွာ ခါယမ်းလိုက်သည် “အရွယ်ရောက်နေတဲ့ မိန်းကလေးကို အိမ်မှာထားလို့ မဖြစ်တော့ဘူး”
“သူတို့ တစ်ယောက်နဲ့တစ်ယောက်ချစ်မှတော့ စိုးရိမ်တာက သဘာဝပဲ လေ” လက်ထောက်လေး သွားဖြဲလေသည်။
ရှီမာယူယူသည် ဝူလင်းယူ၏ အခန်းထဲသို့လာလိုက်သည်။ သူမသည် အိပ်ရာပေါ်တွင် အိပ်နေသောလူကိုကြည့်လိုက်သည်။ သူမသည် လက်ဆန့် ထုတ်ကာ ချောမောလှသော မျက်နှာကိုထိတွေ့လိုက်သည်။ ထို့နောက်တွင် သူ၏ လက်ကောက်ဝတ်ကို ကိုင်ပြီး သွေးခုန်နှုန်းကိုစမ်းလိုက်သည်။
“အစ်ကို့ ကျန်းမာရေးက ဒီလောက်ဆိုးနေတာကို ညီမနဲ့ ဒီကိုလိုက်လာ ချင်သေးတယ်၊ ညီမကို ဘာပြောစေချင်တာလဲ”
သူမသည် ကိုယ်ကိုင်းပြီး သူ့နှုတ်ခမ်းပေါ်သို့ အနမ်းပေးလိုက်ရာ ကော့ညွှတ်နေသော မျက်တောင်များ ပွင့်လာသည်ကို မြင်လိုက်ရသည်။
“ခိုးနမ်းနေတယ်” နှစ်ရက်ကြာအိပ်ပြီးနောက် အသံမှာ အနည်းငယ် ကွဲအက်နေကာ အလွန်ပင် ဆွဲဆောင်မှုရှိလေသည်။
သူသည် သူမခန္ဓာကိုယ်ကို သိမ်းကြုံးဖက်ပြီး မထနိုင်အောင်လုပ်လိုက် သည်။
ထိုအချိန်တွင် သူ နိုးသွားကာ လူမိသွားလိမ့်မည်ဟု ရှီမာယူယူ ထင်မထား ပေ။ သို့သော် သူမ မရှက်ပေ။ သူမသည် သူ့အပေါ်သို့မှီလိုက်သည်။ “ဘာလို့များ စောစောနိုးလာတာလဲ”
“အင်း အိပ်နေဖို့အချိန်မဟုတ်ဘူးလေ ကိုယ် အားပြန်သွင်းနေတာ၊ မင်း အကူအညီလိုရင် ကူနိုင်သေးတယ်” ဝူလင်းယူ ပြောလိုက်သည် “အင်း ကိုယ် နေကောင်းသွားပြီ ကိုယ့်ကို ဆုမပေးချင်ဘူးလား”
“အစ်ကိုက ကျန်းမာရေးတောင်မကောင်းသေးတာကို ညီမနဲ့လိုက်လာ သေးတယ်၊ ညီမ အပြစ်မပေးတာကိုက ကောင်းလှပြီ၊ ဆုတောင်တောင်းရဲသေး တယ်” ရှီမာယူယူသည် သူ၏ နှာခေါင်းကိုဆိတ်လိုက်သည်။
“ကောင်းပြီ မင်းလေးက ကိုယ့်ကိုငြင်းမှတော့ ကိုယ့်ဘာသာယူရတော့မှာ ပေါ့” ဝူယင်းယူသည် လှည့်လိုက်ကာ သူအပေါ် သူမအောက်ရောက်သွားပြီး နေရာပြောင်းပြန်ဖြစ်သွားလေသည်။
မည်သည့်စကားမှ မပြောဘဲ ပြင်းရှသော အနမ်းများပေးလိုက်သည်။ သူသည် သူမ၏ ချိုမြိန်မှုကို အရသာခံစားချင်ပြီး သူမကို လွမ်းကြောင်းပြောချင် သည်။
ရှီမာယူယူသည်လည်း သူ့ကိုလွမ်းသောကြောင့် ခံစားချက်ဖြင့် တုံ့ပြန် လိုက်သည်။ သူ၏ အနမ်း သူ၏အရသာကိုလွမ်းမိသည်။
အချိန်အတန်ကြာပြီးနောက်တွင် လူနှစ်ယောက် ခွဲလိုက်ကြသည်။ သူတို့ ၏ အနမ်းများနှင့် အသက်ရှုမဝခြင်းကြောင့် မျက်နှာများနီရဲနေကြသည်။
“ဆိုးလိုက်တဲ့ နတ်ဆိုးမလေး” သူသည် သူမ၏ ပါးပြင်ကိုနမ်းလိုက်သည်။ ထို့နောက်တွင် မေးလိုက်သည် “ဒီတစ်ခါရော ဘာလို့လာတာလဲ”
***