သူတို့ဘာသာပေးလုပ်ခြင်း
Vol. 97 Ch. 1355
ရှီမာယူယူသည် ဝူလင်းယူကို လှဲခိုင်းလိုက်သည်။ သူမသည် သူ၏ ရင်ခွင် တွင်မှီပြီး ပခုံးပေါ်သို့ သူမခေါင်းတင်လိုက်သည်။ “အပြင်မှာ ကိစ္စတစ်ခုဖြစ်လို့ မိုဒိဆန်းကို အကူအညီတောင်းဖို့လာတာ”
“သူ့အကူအညီလိုတာဘာလဲ” သူမ လည်ပင်းအောက်တွင်ရောက် နေသော ဝူလင်းယူ၏ လက်သည် သူမမျက်နှာအားဆိတ်ကာ မပျော်ရွှင် ကြောင်းပြလေသည်။
“သတ္တုတွင်းမှာ တစ်ခုခုမှားနေတာရှိတယ်” ရှီမာယူယူသည် အခြေအနေ ကိုရှင်းပြလေသည်။ “အစုတ်အပြတ် မိုဒိဆန်းကို ကူညီစေချင်တာ”
“ဟင်း” ဝူလင်းယူသည် မပျော်ရွှင်ပေ။ သူသည် အရာအားလုံးတွင် တော်သော်လည်း ဝိညာဉ်ရှာဖွေမှုအရည်အချင်းမှာတော့ မကောင်းလှပေ။ မဟုတ်လျှင် သူမသည် မိုဒိဆန်းကိုသွားရှာရန်မလိုတော့ပေ။
“မစိုးရိမ်ပါနဲ့ တစ်ခုခုရှိရင် အစ်ကို့ကို အပြင်ထုတ်ပြီး ကူညီခိုင်းမှာပါ” ရှီမာယူယူ ပြောလိုက်သည်။
“ကိုယ် မင်းနဲ့လိုက်ခဲ့မယ်” ဝူလင်းယူ တောင်းဆိုလေသည်။
“ဘာထွက်လုပ်မှာလဲ” ရှီမာယူယူသည် သူ့ကိုကြည့်လိုက်သည် “အစ်ကို့ ခန္ဓာကိုယ်က မတည်ငြိမ်သေးတာ၊ အပြင်ထွက်ရင် အရမ်းအန္တရာယ်များတယ်”
“ကိုယ့် ယောက္ခထီးကို ကယ်တဲ့အထိ တောင့်ခံနိုင်ပါတယ်” ဝူလင်းယူ ဆန့်ကျင်လေသည်။
ရှီမာယူယူသည်လည်း ငြင်းဆန်ချင်သည်။ သို့သော် စဉ်းစားကြည့်ရာ ထိုလူကြီးသည် သူမ၏ လုံခြုံမှုကို စိတ်ပူနေခြင်းဖြစ်သည်။ သူ၏ အခြေအနေ မှာ မတည်ငြိမ်သေးသော်လည်း ဘာမှမလုပ်သရွေ့ အဆင်ပြေနိုင်သည်။
“ဟုတ်ပြီလေ ဒါပေမဲ့ အပြင်ထွက်ရင် ဘာမှမလုပ်ပါဘူးလို့ ကတိပေးရ မယ်၊ မဟုတ်ရင် အထဲကိုပြန်သွင်းပစ်မှာ” သူမ ခြိမ်းခြောက်လိုက်သည်။
“ကောင်းပါပြီဗျာ”
သူတို့နှစ်ယောက်သည် အခန်းထဲတွင် ခဏကြာအောင်နေပြီးနောက်တွင် မိုဒိဆန်းနှင့် တခြားသူများကိုရှာရန် သွားလိုက်ကြသည်။
အပြင်မှ အခြေအနေကို မိုဒိဆန်းကိုပြောပြလိုက်ချိန်တွင် အကူအညီပေး ရန် သဘောတူလိုက်လေသည်။ ဟွမ်ရင်ရင်သည်လည်း အပြင်ထွက်ချင်သည်။ သို့သော် လူများနေပြီဟု နေရာတွင်ပင် ရှီမာယူယူ၏ အငြင်းခံလိုက်ရလေ သည်။
သူမ ဖခင်၏ နေရာကို မသိသေးပေ။ သူတို့ ထွက်သွားလျှင်လည်း အသုံး မဝင်ပေ။ မဟုတ်လျှင် သူတို့၏ ရောင်ဝါကြောင့် တခြားသူများ၏ အာရုံစိုက်မှု ခံရရုံသာရှိလေသည်။
ဟွမ်ရင်ရင်သည် ရှီမာယူယူကို ပြန်လည်ငြင်းခုံမနေဘဲ သဘောတူလိုက် သည်။ သို့သော် သူမ ဖခင်၏ နေရာကိုသိပါက ကယ်ဆယ်ရာတွင် သူတို့ကိုပါ ပါဝင်ခိုင်းမည်ဟု ကတိပေးလိုက်ရသည်။
ရှီမာယူယူသည် နီရဲပျားများနှင့်ဆက်သွယ်ပြီး စစ်ဆေးကြည့်လိုက်သည်။ တောင်ကြားတွင် မည်သူမှမရှိသည်မှာ သေချာသည်နှင့် လောကအသေးဖွင့် ကာ ထွက်ခဲ့လိုက်သည်။
သူမသည် နီရဲပျားများကို သိမ်းပြီး မိုဒိဆန်းနှင့်ဝူလင်းယူကိုခေါ်ကာ ရှီမိသားစုအိမ်တော်သို့ လမ်းလျှောက်ပြန်လာလိုက်သည်။
ဝူလင်းယူထွက်မလာခင်တွင် သူ၏ ရောင်ဝါကို အမှောင်အရည်အချင်းသို့ ပြောင်းလဲလိုက်သည်။ မိုဒိဆန်းလည်း မည်သည့်ရတနာကို အသုံးပြုလိုက်သည် ကိုတော့ မသိပေ၊ သူ၏ရောင်ဝါသည်လည်း အမှောင်စွမ်းအင်အဖြစ်ပြောင်း သွားလေသည်။
သူတို့သုံးယောက်သည် ရှီမိသားစုသို့ ရောက်သွားလေသည်။ အစောင့် သည် သူမ လာသည်ကိုမြင်သောအခါ မြန်ဆန်သောကြောင့် တီးတိုးပြောကြ လေသည်။ ဒီလူတွေက ဒီနားမှာပဲ ပုန်းနေကြတာလား။
သို့သော် သူမ ပြန်လာသဖြင့် သူ၏ နားမလည်မှုကို မဖော်ပြပေ။ ထို အစား သူသည် သူတို့ကိုအရိုအသေပေးလေသည် “သခင်မလေး သခင်လေး ပြန်လာရင် စာဖတ်ခန်းကိုလာရှာပါလို့ မိသားစုခေါင်းဆောင်မှာထားပါတယ်”
“စာဖတ်ခန်းလား” ရှီမာယူယူသည် ခြံအနောက်မှ စာဖတ်ခန်းသို့သွားခဲ့ သည်ကို တွေးမိသည်။ အရှေ့ဝင်ပေါက်မှ မည်သို့သွားရမည်ကို သူမ မသိပေ။ သူမသည် အစောင့်ကို ကြည့်လိုက်သည် “စာဖတ်ခန်းကိုဘယ်လိုသွားရမှာလဲ၊ လမ်းမရှာတတ်ဘူး ကျွန်မကို ပြပေးနိုင်မလား”
“ဟုတ်ကဲ့ပါ သခင်မလေး ကျွန်တော်နဲ့လိုက်ခဲ့ပါ”
“အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်”
အစောင့်သည် ရှီမာယူယူကို စာဖတ်ခန်းသို့ခေါ်သွားလေသည်။ ရှီကုန်း သည် အနက်ဝတ်လူနှစ်ယောက်နှင့် စကားပြောနေသည်။ ရှီမာယူယူ ဝင်လာ သည်ကို သူ အာရုံခံမိလေသည်။ ကံကောင်းစွာပင် သူသည် လက်ရှိကိစ္စများကို နားလည်သဖြင့် သူတို့ကိုထွက်သွားရန် လက်ဝှေ့ယမ်းလိုက်သည်။
ရှီမာယူယူသည် ဝင်ပေါက်ကိုဖြတ်သွားသော နှစ်ယောက်နှင့် ပခုံးချင်း ပွတ်တိုက်သွားလေသည်။
“ယူယူ ဒီနှစ်ယောက်က မင်းရဲ့သူငယ်ချင်းတွေလား” ရှီကုန်းသည် နေရာ မှထကာ မိုဒိဆန်းတို့ကို လက်သီးဆုပ်နှုတ်ဆက်လေသည်။
“ဟုတ်ပါတယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည် “ဒါက မိုဒိဆန်းပါ၊ သူက ကျွန်မထက် ဝိညာဉ်ရှာတာပို ကျွမ်းကျင်ပါတယ် ဒါကကျွန်မစီနီယာအစ်ကို ဝူလင်းယူပါ”
“အကုန်လုံးရောက်မှတော့ ခပ်မြန်မြန်ပဲသွားကြတာပေါ့” ရှီကုန်းသည် စိုးရိမ်တကြီးပြောလေသည်။
“ဘာလို့လဲ အဲဒီမှာထပ်ပြီးဖြစ်ပြန်ပြီလား” သူ အရင်ကထက်ပိုပြီး စိတ်လှုပ်ရှားနေသည်ကို ရှီမာယူယူ သတိထားမိသည်။
“အဲဒီကအခြေအနေက အရင်အတိုင်းပါပဲ တခြားမိသားစုကိစ္စပါ” ရှီကုန်း ပြောလိုက်သည် “တခြားမိသားစုကလည်း ကျုပ်တို့လို အခြေအနေမျိုးပဲ ကြုံတွေ့နေရတယ်လို့ သတင်းရတယ်၊ ဒါပေမဲ့ တချို့ကမဆိုးဘူး ဥပမာဆိုရင် ကျန်းမိသားစုပေါ့၊ ကျုပ်တို့အခြေအနေက ဆိုးတယ်ဆိုတာကို သူတို့သိရင် တချို့ကိစ္စတွေကို သွားထိမှာကြောက်တယ်”
ကျန်းမိသားစုအား များများစားစားထိခိုက်မှုမရှိဟု ရှီမာယူယူ ကြားလိုက် သည်နှင့် တစ်စုံတစ်ခုကို တွေးမိသွားလေသည်။ သို့သော် ထိုမတိုင်ခင်တွင် လက်ထဲကကိစ္စကို အရင်ဖြေရှင်းရမည်။
“ဒါဆိုလည်း သွားကြတာပေါ့” သူမသည် ရှီကုန်းကို ပြောလိုက်သည်။
ရှီကုန်းသည် လေဟာပြင်ဝင်ပေါက်ဖွင့်ပြီး သူတို့ကိုခေါ်ဝင်သွားလိုက် သည်။
ဝူမန်၊ လောင်ယန်းနှင့် တခြားသူများသည် ရှီမာယူယူ ထိုမျှစောစီးစွာ ပြန်ရောက်လိမ့်မည်ဟု ထင်မထားကြပေ။ သူတို့ကို မြင်လိုက်ချိန်တွင် အားလုံး အံ့ဩကြလေသည်။
“ဒါပဲ” ရှီကုန်းသည် မိုဒိဆန်းကို ပြောလိုက်သည်။
“လူဆိုးပြီးဒိဆန်း အခြေအနေကိုကြည့်ဖို့ မင်းကိုခေါ်သွားပေးမယ်” ရှီမာယူယူ ပြောလိုက်သည် “ငါ နေရာတချို့ကို အမှတ်အသားလုပ်ထားတယ်”
“ကောင်းပြီ”
အထူးအာရုံစိုက်ရန် လိုသည့်နေရာများ၊ အခြေအနေကောင်းသည့်နေရာ များကို သူမ မှတ်သားထားခဲ့သည်။ ထိုမှ သူ စစ်ဆေးရန်လွယ်ကူမည်ဖြစ်သည်။
ဝူလင်းယူသည် သူတို့နှစ်ယောက်နောက်လိုက်သွားလေသည်။ သူသည် နေရာနှင့် မရင်းနှီးသော်လည်း ထိုလူများနှင့် မသိသောကြောင့် ရှီမာယူယူ နောက်လိုက်သွားချင်မိသည်။
“မိသားစုခေါင်းဆောင် ယူယူရှာလာတဲ့လူက မှီခိုလို့ရပါ့မလား”
“မှီခိုလို့ရဖို့ မျှော်လင့်ပါတယ်” ရှီကုန်း၏ အမူအရာသည် အလွန်ပင် တည်ငြိမ်နေလေသည်။
“ဘာဖြစ်လို့လဲ” ဝူမန်သည် သူ့ကိုကြည့်ပြီး တစ်စုံတရာဖြစ်ပေါ်နေ သည်ကို သိလိုက်သည်။
“တခြားမိသားစုတွေလည်း ဒီလိုပဲဖြစ်တယ်လို့ သတင်းရတယ်၊ ဒါပေမဲ့ ကျန်းမိသားစုက ထိခိုက်မှုအနည်းဆုံးတဲ့၊ ကျန်းမိသားစုက အခွင့်အရေးယူပြီး ငါတို့ကိုတိုက်ခိုက်မှာစိုးရိမ်မိတယ်” ရှီကုန်း ထုတ်ပြောလေသည်။
“ကျုပ်တို့က ဒီကစွမ်းအားကို အာရုံစိုက်နေကြာတာ၊ ဒီအချိန်ကို ကျန်းမိသားစုက တိုက်ခိုက်ရင် အထိအခိုက်များနိုင်တယ်” လောင်ယန်း ပြော လိုက်သည်။
“အခု မြို့ဝန်ပြန်လာပြီ ကျန်းဟောက်က မဆင်မခြင်မလှုပ်ရှားရဲပါဘူး” ဝူမန် ပြောလိုက်သည် “ဒါပေမဲ့ မြို့ဝန်ထွက်သွားတာနဲ့ ကျန်းဟောက် လှုပ်ရှား နိုင်တယ်၊ သူက လှုပ်ရှားဖို့အဆင်သင့်ဖြစ်နေပြီ”
“မြို့ဝန်ကထွက်သွားမှာလား”
“ငါမှန်းတာမှန်ရင် သူမ ပြန်ကောင်းလာတာနဲ့ ထွက်သွားလိမ့်မယ်” ဝူမန် ပြန်ဖြေလိုက်သည်။
“မဟုတ်ရင် အဲဒီကိုသွားမှာလား”
“ဟုတ်တယ်”
သူမ ထိုသို့ပြောပြီးသည်နှင့် ဝူမန်သည် စကားဆက်မပြောတော့ဘဲ ရှီမာယူယူနှင့် မိုဒိဆန်းတို့ကိုကြည့်လိုက်သည်။
ရှီမာယူယူ၏ လမ်းညွှန်မှုနှင့် မိုဒိဆန်း၏ စစ်ဆေးမှုအချိန်မှာ တိုသွား သည်။ သူတို့သည် အခြေအနေကို နားလည်ပြီးသည်နှင့် ပြန်လာလိုက်ကြ သည်။
“ယူယူ သခင်မို ဘယ်လိုနေလဲ”
“သတ္တုစွမ်းအင်သွားတဲ့လမ်းကြောင်းက လုံးဝကိုပျက်စီးလုနီးပါးဖြစ်နေပြီ ပြန်ပြင်ဖို့က မလွယ်ဘူး” မိုဒိဆန်း ပြောလိုက်သည်။
“အဲတော့ နည်းလမ်းရှိလား”
“ရှိတယ် နည်းနည်းတော့ အခက်အခဲရှိတယ်၊ လူအများကြီးရဲ့ အကူအညီ လိုတယ်”
နည်းလမ်းရှိသည်ဟု ဆိုသဖြင့် အားလုံးသည် စိတ်အေးသွားကြလေ သည်။
“သခင်မိုမှာ ဘာနည်းလမ်းရှိလဲ” လောင်ယန်းသည် မိုဒိဆန်းကို လက်အုပ်ချီလေသည်။
“ဒါကလောင်ယန်းလား ခင်ဗျားက ဝိညာဉ်ရှာဖွေသူဆိုတာကို ယူယူ ပြောတာ ကြားပါတယ်” မိုဒိဆန်း ပြန်ဖြေလိုက်သည် “ကျွန်တော်က ဒီက လူတွေနဲ့ မရင်းနှီးဘူး၊ ခဏနေရင် နည်းလမ်းကိုပြောပြပါမယ် လုပ်ငန်းလုပ်ဖို့ အတွက်ဆိုရင် လောင်ယန်းရဲ့အကူအညီလိုတယ်”
“ပြောပါ” လောင်ယန်းသည် အနည်းငယ်အံ့ဩသွားသည်။ လူအများစု သည် တန်ဖိုးရှိသည်များကို ဖုံးကွယ်တတ်ကြသည်။ သူက ဘယ်လိုလုပ် သူ ကိုယ်တိုင် ပြောရတာလဲ။
“ထုံစံအတိုင်းပဲ ကျွန်တော် ဒီနည်းလမ်းကိုပြောပြပြီးရင် ခင်ဗျား အလုပ် ဖြစ်မလားဆိုတာကို ဂရုတစိုက်ကြည့်ရမယ်၊ ခင်ဗျားတို့ မိသားစုကလူတွေက ခင်ဗျားစကားကို ပိုနားထောင်မှာပါ” မိုဒိဆန်း ပြောလိုက်သည်။
သူ ယဉ်ယဉ်ကျေးကျေး စကားပြောနေသည်ကို ရှီမာယူယူ စောင့်ကြည့် နေလိုက်သည်။ အမှန်တော့ မိုဒိဆန်းလှုပ်ရှားလိုက်သည်နှင့် သူ၏ သရုပ်မှန် သည် အမှောင်ဝိညာဉ်ရှာဖွေသူ မဟုတ်သည့်အကြောင်း ပေါ်သွားနိုင်သည်ကို သူမ သိသည်။
***