ရှီယူ၏ အတွေး
Vol. 97 Ch. 1356
သူမနှင့် မိုဒိဆန်းသာ တကယ့်အကြောင်းအရင်းအမှန်ကိုသိကြကာ မည်သူ့ကိုမှ ပြောမည်မဟုတ်ပေ။ ထို့ကြောင့်ပင် သူ၏ တစ်ကိုယ်ကောင်းမဆန် မှုကို ရှီမျိုးနွယ်များသည် ချီးကျူးကြလေသည်။
“အကြီးအကဲယန်း၊ ကျုပ် ခင်ဗျားကို နည်းလမ်းပြောပြပြီး ဆွေးနွေးကြ တာပေါ့၊ အလုပ်ဖြစ်ရင် အသင်းဖွဲ့ပြီး စကြမယ်လေ” မိုဒိဆန်းသည် ခက်ထန် သော မျက်နှာပေးဖြင့်ပြောရာ သူသည် လေးနက်သည့်လူအတိုင်းပင်။
ရှီမာယူယူပင်လျှင် သူ၏ သရုပ်ဆောင်မှုတွင် လှည့်စားခံရတော့မလိုပင်။ သူမသည် မည်သူမှမကြည့်ခင်တွင် သူ့ကို နှုတ်ခမ်းတွန့်ပြလိုက်သည်။
သူက တကယ်ပဲ ဘယ်လိုသရုပ်ဆောင်ရမလဲဆိုတာ သိတာပဲ။
မိုဒိဆန်းသည် သူမကို မျက်ခုံးပင့်ပြလိုက်သည်။ သူလည်း လေးနက်တဲ့ အချိန်တွေလည်းရှိတာပေါ့။
ရှီမာယူယူသည် သူ့ကို မျက်လုံးလှိမ့်ပြလိုက်သည်။ ဒီလူကတော့ စပြီး သရုပ်ဆောင်ကတည်းက တကယ်အစစ်လိုကိုလုပ်နေတာ။
သူမအနောက်မှ အကြီးအကဲယန်းသည် သူမ၏ ထူးဆန်းသော လှုပ်ရှားမှု များကို မမြင်ဘဲ မိုဒိဆန်းပြောသည်ကို ကြားပြီးနောက် စိတ်လှုပ်ရှားစွာ ပြော လေသည် “ရတာပေါ့ ရတာပေါ့ သခင်မိုဒိဆန်း သင်ပေးတာကို မျှော်လင့်နေပါ မယ်”
“သွားပြီး စကားပြောကြတာပေါ့” မိုဒိဆန်း ပြောလိုက်သည်။
“ကျေးဇူးပြုပြီး”
လူတစ်စုသည် သတ္တုတွင်းအပေါ်သို့ ပျံသန်းသွားလိုက်သည်။ မိုဒိဆန်းနှင့် အကြီးအကဲယန်းတို့သည် အရှေ့တွင်ရှိကာ အားလုံးနေရာယူပြီးသည်နှင့် မိုဒိဆန်းသည် မည်သည့်နေရာကို မည်သို့လုပ်ရမည်ကို ပြောကြားလေသည်။
အစပိုင်းတွင် သူ ဆိုလိုသည်ကို တခြားသူများ မသိသော်လည်း အစက် များကို ဆက်ပြီးနောက်တွင် သူလုပ်နေသည့်အရာကို ရုတ်တရက် နားလည် သွားကြသည်။
“အိုး သိပြီ၊ လွတ်နေတဲ့နေရာတွေကို စွမ်းအားနဲ့ ပိတ်လိုက်ရင် အကုန်လုံး က သူတို့ နေရာကိုပြန်ရောက်သွားမယ်” အကြီးအကဲယန်းသည် လက်ခုတ် တီးရင်း ပျော်ရွှင်စွာ ပြောလေသည်။
“အဲဒါကိုဆိုလိုတာပဲ” မိုဒိဆန်းသည် အကြီးအကဲယန်းကို လက်အုပ်ချီ ကာပြောလိုက်သည် “ကျန်တာကိုတော့ အကြီးအကဲယန်းကိုပဲ ဒုက္ခပေးရတော့ မယ်”
“ဒါပေါ့ဗျာ သခင်မို၊ ဒါက အစကတည်းက ရှီမျိုးနွယ်ကိစ္စပဲ၊ ကျုပ် မျိုးနွယ် ခေါင်းဆောင်ကို သတင်းပို့ပြီး လူလွှတ်ပြီး စမ်းကြည့်ခိုင်းလိုက်ပါမယ်”
“ဟုတ်ပါပြီ”
အကြီးအကဲယန်းသည် တခြားသူများနှင့် ပျော်ရွှင်စွာထွက်သွားလေ သည်။ ရှီမာယူယူနှင့် မိုဒိဆန်းတို့သည် ကျန်သည့်ကိစ္စများကို ကိုင်တွယ်ရန် မလိုတော့သဖြင့် ဘေးမှသာ ရပ်ကြည့်ကြလေသည်။
အားလုံးထွက်သွားပြီးနောက်တွင် ရှီမာယူယူသည် မိုဒိဆန်းကိုကြည့်ပြီး စနောက်လေသည် “မင်းမှာ ဒီလိုမျိုးလေးနက်တဲ့ ပုံစံရှိမယ်လို့ထင်မထားဘူး”
“ငါက ဘယ်တုန်းက မလေးနက်ဖူးလို့လဲ”
“မင်းက ဘယ်တုန်းကလေးနက်ဖူးလို့လဲ” ရှီမာယူယူသည် သူ့ကို မျက်လုံး လှိမ့်ပြလိုက်သည်။
“ညီမလေး အလုပ်ဖြစ်လား” ရှီယူသည် မိုဒိဆန်းကို ခိုးကြည့်လိုက်သည်။ သူမ အကြည့်မှာ ထူးခြားနေသည်။
“အဆင်ပြေမှာပါ” ရှီမာယူယူ ဆက်ပြောလေသည်။ “အရင်က ဒါကို တွေး ဖူးတယ် ဒါပေမဲ့ဘယ်နေရာက ဝင်ပြီး ဘယ်လိုထွက်ရမလဲဆိုတာ မသိလို့၊ ငါက လူဆိုးဒိဆန်းလောက် အသေးစိတ်မစစ်ဆေးနိုင်လို့ သူ့ကိုအကူအညီတောင်း လိုက်တာပဲ”
“ဟုတ်လား” ရှီယူသည် ပြုံးပြီး ထပ်မမေးတော့ပေ။ သူမ၏ အကြည့် သည် တစ်ချက်တစ်ချက် မိုဒိဆန်းအပေါ်သို့ရောက်သွားလေသည်။
အကြီးအကဲယန်းသည် ရှီကုန်းကိုသွားပြောရာ လျင်မြန်စွာပင် မျိုးနွယ် သည် တာဝန်ကျလူများကို လွှတ်လိုက်သည်။ ဧကရာဇ်အဆင့်အထက်ရှိသော လူပေါင်းထောင်ချီမည်ဟု ရှီမာယူယူ ခန့်မှန်းမိသည်။
ထိုမျှသန်မာသော လူများစွာကို သာမန်ကာလျှံကာစုစည်းနိုင်သည်မှာ ရှီမျိုးနွယ်၏ စွမ်းအားသည် ခန့်မှန်း၍မရနိုင်ဟု ဆိုလိုနေသည်။
မိုဒိဆန်းသည် ထိုလူများကို နေရာချရန် အကြီးအကဲယန်းကို ကူညီပေးပြီး နောက် ရှီမာယူယူနှင့်ဝူလင်းယူတို့ဘေးသွားကာ စောင့်ကြည့်နေလိုက်သည်။ ရှီမျိုးနွယ်အဖွဲ့ဝင်များပါမက ဝူမန်ပါ ထိုနေရာတွင်ရောက်နေသည်။ ရှီယူတွင် စွမ်းအားမလုံလောက်သဖြင့် ဘေးမှသာ ကြည့်နေနိုင်သည်။
“ရှီယူ မင်းအဒေါ်မန်နဲ့ ရင်းနှီးလား” ရှီမာယူယူ မေးလိုက်သည်။
“အင်း အဒေါ်မန်က ငါ့အဖေနဲ့ ငယ်ငယ်ကတည်းက အတူကြီးလာတာ” ရှီယူ ဆက်ပြောလေသည် “အဒေါ်မန်က မိဘမဲ့လေ၊ သူမမှာ မျိုးနွယ်မရှိဘူး အဲဒါကြောင့် ငါတို့မျိုးနွယ်က သူမရဲ့မျိုးနွယ်ပဲ”
အဲလိုမျိုးကိုး။ အဲဒါကြောင့် တစ်ခုခုဖြစ်တဲ့အချိန်တိုင်းကို ရှီကုန်းက ဝူမန် ကိုရှာတာကိုး။
“ပြောရင်းနဲ့ ကျန်းမျိုးနွယ်က ဘာလို့ထိခိုက်မှုမရှိရတာလဲ၊ ငါ သိ သလောက်ဆိုရင် ကျန်းမျိုးနွယ်ရဲ့ သတ္တုတွင်းက ကန့်သတ်ဧရိယာနဲ့ အနီးဆုံးပဲ လေ၊ အများဆုံးထိခိုက်ရမှာပဲကို” ရှီယူသည် နားမလည်ပေ။
“သတ္တုတွင်းကို ထိသွားစေနိုင်တယ်ဆိုတာ မီအာတောင်မသိတာ ငါတို့က အကြောင်းအရင်းကို သေချာပေါက် ဘယ်သိမလဲ” ရှီမာယူယူ ဆက်ပြောလေ သည် “ဒီကကိစ္စတွေ မြန်မြန်ပဲဖြေရှင်းပြီးဖို့ မျှော်လင့်တယ်၊ အဲဒါမှ ငါ့အဖေကို သွားရှာလို့ရမှာ”
“အင်း ဒါပြီးတာနဲ့ မင်းကို အဒေါ်မန်ဆီခေါ်သွားပေးမယ်” ရှီယူ တုံ့ပြန် လေသည်။
“ကောင်းပြီ ကျေးဇူးပါ” ရှီမာယူယူသည် ဝမ်းပန်းတသာပြောလိုက်သည်။
“ဟုတ်ပါပြီ ငါတို့ကြားမှာ ယဉ်ကျေးနေဖို့မလိုပါဘူး” ရှီယူသည် လက်ကို ဆန့်တန်းကာ သူမ ပခုံးကိုဖက်လိုက်သည် “ညီမလေး ငါမေးကိုမေးစရာရှိတယ်”
“မေးလေ”
“အဲဒီ… မင်း မိုဒိဆန်းနဲ့ရင်းနှီးလား” ရှီယူသည် တွေဝေပုံပေါက်နေရာ ရှီမာယူယူ၏ အကြည့်ကိုဆွဲဆောင်စေသည်။
“သူ့ကို သဘောကျလို့လား” ရှီမာယူယူသည် အံ့ဩသွားလေသည်။ သူမ ကို ရက်ပေါင်းများစွာသိလာရာ သူမ၏ ရှက်ရွံ့တတ်ပုံကို မမြင်ဖူးပေ။
“အဲလိုတော့မဟုတ်ပါဘူး” ရှီယူ ငြင်းဆန်လေသည် “နည်းနည်းလောက် ခံစားချက်ကောင်းလို့ပါ”
ရှီယူသည် မိုဒိဆန်းကို ပထမဆုံးတွေ့သည်နှင့် ကောင်းမွန်သော ခံစား ချက်ဖြစ်ပေါ်လိမ့်မည်ဟု ရှီမာယူယူ ထင်မထားပေ။ ဒါက ဒဏ္ဍာရီလာ မြင်မြင် ချင်းအချစ်လား။
“ငါ လူဆိုးဒိဆန်းကိုသိလာတာ ကြာပြီ” ရှီမာယူယူ ဆက်ပြောလေသည် “သူက ရမ်းကားပြီး ထူးဆန်းတဲ့အကျင့်လည်းရှိတယ်၊ လူတွေက သူ့ကိုကြောက် လို့ပဲ လေးစားရတာ၊ သူက သူငယ်ချင်းကောင်းတော့ ဟုတ်တယ်၊ သူက ဆက်ဆံရေးတွေမှာ ကောင်းလားတော့ ငါမသိဘူး၊ သူတို့ကိုယ်တိုင်ပဲသိမှာ”
“သူ့ဝါသနာက ဘာတွေလဲ”
“အရင်တုန်းကတော့ သူက သောက်စားရတာကိုကြိုက်တယ်၊ ဒါပေမဲ့ သောက်ပြီးတော့ အမှားတစ်ခုလုပ်မိတာနဲ့ အဲကတည်းက မသောက်တော့ဘူး၊ ဒါပေမဲ့ အခုတော့ သူနဲ့အနေဝေးနေတော့ ငါ တကယ်မသိတော့ဘူး”
ရှီယူသည် မိုဒိဆန်းကို အမှန်တကယ် ကြွေသွားလိမ့်မည်ဟု ရှီမာယူယူ ထင်မထားသဖြင့် အာရုံသိပ်မစိုက်ထားခဲ့ပေ။
ရှီယူသည် မိုဒိဆန်းအကြောင်းထပ်မေးချင်သော်လည်း ဝူလင်းယူ ဘေးတွင်ရှိနေသည်ကို မြင်သောအခါ အနည်းငယ်ရှက်ရွံ့လာသဖြင့် သူတို့ နှစ်ယောက်တည်းရှိသည့် အချိန်မှမေးရန် ဆုံးဖြတ်လိုက်သည်။
ပြီးနောက် ရှီမျိုးနွယ်ဝင်များသည် နေရာတကျရှိကာ အကြီးအကဲယန်း၏ စီမံမှုအောက်တွင် အတိုင်အဖောက်ညီသော လုပ်ဆောင်မှုများနှင့် ဝိညာဉ် အတားအဆီးအတွင်းသို့ ဝိညာဉ်စွမ်းအင်ထည့်ကာ လမ်းကြောင်းကို အားဖိရန် ကြိုးစားနေကြသည်။ သူမ အာရုံသည် သူတို့ဆီသို့ရောက်သွားသည်။
“ဒါဘယ်လောက်ကြာမှာလဲ” ဝူလင်းယူ မေးခွန်းမေးသည်မှာ ရှားပါး သည်။
“မြန်ရင်တော့ သုံးရက်ကနေ ငါးရက်ပဲ နှေးရင်တော့ ဆယ်ရက်ကျော်မှာ၊ လူဆိုးဒိဆန်းနဲ့ အကြီးအကဲယန်းတို့ရဲ့ အတိုင်အဖောက်ညီတဲ့အပေါ်မှာမူတည် တယ်” ရှီမာယူယူ ပြောလိုက်သည်။
သူမသည် ရှုပ်ထွေးသောအခြေအနေကို မြင်ခဲ့သည်။ သို့သော် နည်းလမ်း ကိုတော့ မိုဒိဆန်းမှ စီမံသည်။
သူမ ခန့်မှန်းသည့်အတိုင်းပင် သုံးရက်ကြာပြီးနောက်တွင် သတ္တုတွင်း သည် တည်ငြိမ်လာကာ ငါးရက်နောက်ပိုင်းတွင် ပို၍ငြိမ်လာသည်။
“ဒါပြီးပြီလား” ရှီယူသည် သိချင်စိတ်ဖြင့် မေးလိုက်သည်။
“အင်း လမ်းကြောင်းကတော့ ပြန်ကောင်းသွားပြီ၊ ဒါပေမဲ့ ပျက်စီး ထားတော့ အရင်လို ပြန်ကောင်းဖို့ မဖြစ်နိုင်ဘူး” ရှီမာယူယူ ပြောလိုက်သည်။
“ဒီလောက်ဆိုရင်ကို ကောင်းနေပါပြီ မိုဒိဆန်းက တော်လိုက်တာ” မိုဒိဆန်းကို ကြည့်သည့် ရှီယူ၏အကြည့်များသည် မီးတောက်များဖြင့် တောက် နေသည်။ ထိုရက်များတွင် သူ အကြီးအကဲယန်းနှင့် တခြားသူများကို အမိန့်ပေး ပုံကို သူမ မြင်ပြီးနောက် ထိုလေးနက်သောပုံစံသည် ဆွဲဆောင်မှုရှိသည်ဟု ခံစားရသည်။
သူတို့ ပြီးမှပင် အားလုံး ပင်ပန်းမှုကိုခံစားမိတော့သည်။ ရှီကုန်းသည် နောက်ပိုင်းကိစ္စများကို ရှင်းရန် လူတချို့ထားခဲ့ပြီး အားလုံးကို ပြန်ခေါ်သွား လေသည်။
သတ္တုတွင်း ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်နှင့် ပျက်ကွက်မှုများမှာ ပျောက်ကွယ်သွားလေသည်။
ရှီမျိုးနွယ်သို့ပြန်သည်နှင့် တခြားသူများသည် နားရန်သွားကြကာ အုပ်ချုပ်မှုပိုင်းသည် စာဖတ်ခန်းသို့သွားကြလေသည်။ ဝူမန်ထွက်သွားသည်ကို မြင်သောအခါ ရှီမာယူယူသည် ရှီယူ၏ အင်္ကျီကို ဆွဲလိုက်သည်။
“မစိုးရိမ်ပါနဲ့ သူမဆီကို ဒီနေ့ညခေါ်သွားပေးမယ်” ရှီယူ ပြောလိုက်သည်။
ပြီးခဲ့သည့်ရက်များတွင် ဝူမန် ပင်ပန်းသွားမည်ဟု ရှီမာယူယူတွေးမိပြီး ခေါင်းညိတ်ပြလိုက်သည်။
***