← Chapters

မပြောနိုင်ဘူး

Vol. 97 Ch. 1357

မပြောနိုင်ဘူး

Vol. 97 Ch. 1357

ထိုညတွင် ရှီကုန်းသည် ရှီမာယူယူနှင့်မိုဒိဆန်းတို့ကို ကျေးဇူးတင်သည့် အနေနှင့် ညစာစားပွဲစီမံလိုက်ရာ ဝူမန်နှင့် စကားပြောရန် အခွင့်အရေးလွတ် သွားလေသည်။

ဝူမန်တက်ရောက်မည်ဟု သူတို့ထင်ထားခဲ့ကြသည်။ သို့သော် ဝူမန်သည် အလွန်အလုပ်များကာ အပြီးသတ်ရမည့်အလုပ်များစွာရှိသဖြင့် တက်ရောက် မည်မဟုတ်ကြောင်းကို ရှီကုန်းပြောလေသည်။

လူအများအပြားသည် မိုဒိဆန်းကို ဂုဏ်ပြုရန်ရောက်လာကြ သောကြောင့် ပွဲပြီးချိန်တွင် သူ အတော်မူးနေပြီဖြစ်သည်။

ဝူလင်းယူသည် သူ့ကိုတွဲကာ ရှီမာယူယူ၏ ခြံဝန်းဆီသို့ခေါ်သွားပြီး တွေ့ကရာအခန်းထဲသို့ ပစ်ထည့်လိုက်သည်။

“အစ်ကိုက ကြမ်းလိုက်တာ” ရှီမာယူယူသည် လက်ပိုက်ပြီး တံခါးကိုမှီ ရင်း သူအိပ်ရာပေါ်သို့ပစ်တင်လိုက်သည်ကို မြင်သောအခါ တိုးညင်းစွာ ရယ် မော လိုက်သည်။

“သူ့ကို ကြမ်းပေါ်ပစ်မချတာတင် တော်လောက်ပြီ” ဝူလင်းယူသည် တခြားသူများနှင့် ပတ်သတ်ရသည်ကိုပင် မနှစ်သက်ပေ။ သူသာ ယူယူ၏ သူငယ်ချင်းမဟုတ်ပါက သူမသာ အကူအညီတောင်းထားသည့်သူမဟုတ်ပါက ရှောင်သွားမည်ဖြစ်သည်။

ရှီယူသည် ရှီမာယူယူ၏ အနောက်မှထွက်လာကာ အိမ်ထဲမှ ယောက်ျား လေးနှစ်ယောက်ကို မြင်သောအခါ မေးလိုက်သည် “မိုဒိဆန်း အဆင်ပြေလား”

“သူ အဆင်ပြေပါတယ် မူးရုံတင်မူးနေတာ၊ အမူးပြေဆေးသောက်ပြီး ကောင်းကောင်းအိပ်လိုက်ရင် သက်သာသွားလိမ့်မယ်” ရှီမာယူယူ ပြောလိုက် သည်။

“အိုး” ရှီယူသည် အိပ်ရာပေါ်မှလူကိုကြည့်လိုက်သည်။ ထိုသည်မှာ မူးနေသည့်လူကို စိုးရိမ်ပေးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

“မင်းရော ဘယ်လိုလဲ” ရှီမာယူယူ မေးလိုက်သည်။

“ဘာလဲ” ရှီယူသည် သတိပြန်ဝင်လာသည်။ သူမ အဆင်ပြေရဲ့လားဟု မေးသည်ကို ပြန်တွေးမိမှပင် တုံ့ပြန်လေသည် “အဆင်ပြေတာပေါ့၊ ငါ မင်းရဲ့ အသီးဝိုင်ပဲသောက်ထားတာ အဲဒါကမမူးဘူးလေ”

“အဆင်ပြေရင် တာဝန်ခံဝူမန်ကိုသွားရှာရအောင်” ရှီမာယူယူ ပြော လိုက်သည်။

“ကောင်းပြီလေ မင်းစိတ်ပူနေမယ်ဆိုတာ ငါ သိတယ် အခုပဲ အဒေါ်မန်ရဲ့ အိမ်ကိုသွားကြတာပေါ့” ရှီယူ ဆက်ပြောလေသည် “ဒါမေပဲ့ ဒီမှာမိုဒိဆန်းကို တကယ်ပဲ ထားသွားလို့ဖြစ်ရဲ့လား”

“ပြဿနာမရှိဘူး ဒိဝူနဲ့ မူစစ်တို့ကို စောင့်ကြည့်ခိုင်းလိုက်မယ်” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ ဒါမင်းအိမ်ပဲကို ဘာတွေစိုးရိမ်နေတာလဲ။”

“ဟုတ်တယ် ဒါဆိုလည်း သွားကြတာ‌ပေါ့” ရှီယူသည် ရှီမာယူယူ၏ စနောက်မှုကြောင့် ရှက်ကာ ပြုံးလေသည်။

ဝူမန်၏ တရားဝင်အိမ်တော်မှာ ရှီမျိုးနွယ်နှင့် မဝေးလှပေ။ သူတို့သည် တစ်နာရီကျော်လမ်းလျှောက်လိုက်သည်နှင့် ရောက်သွားလေသည်။

အစောင့်သည် ရှီယူကိုမြင်သည်နှင့် အရိုအသေပေးနှုတ်ဆက်ပြီး သတင်း ပို့ခြင်းမရှိဘဲ သူတို့ကိုခေါ်သွားလိုက်သည်။

သူတို့ အိမ်တော်ထဲသို့ သိပ်မဝင်လိုက်ရခင်တွင် စာသင်သားတစ်ဦး သူတို့ ဆီသို့ လျှောက်လာသည်ကို မြင်လိုက်ရသည်။ သူတို့ကိုမြင်သည်နှင့် သူ လာပြီး နှုတ်ဆက်ပြီး ပြောလိုက်သည် “သခင်မလေးယူအာ ဘာကိစ္စများရှိလို့လဲ”

“အဒေါ်မန်ကိုလာရှာတာ သူမအထဲမှာရှိလား” ရှီယူ မေးလိုက်သည်။

“သခင်က နားနေပါတဘ်၊ ဒါပေမဲ့ သခင်မလေးက မိန်းကလေး တစ်ယောက်နဲ့လာရှာနိုင်တယ်လို့ပြောပါတယ်၊ သူမက အခန်းထဲမှာ သခင်မလေးကိုစောင့်နေပါတယ်”

သူမ ရှီမာယူယူနဲ့ ရောက်လာမှာကို ဘယ်လိုများသိတာပါလိမ့်။

“သိပါပြီ ငါ ညီမလေးနဲ့သွားလိုက်တော့မယ် မင်းကိုယ့်အလုပ်ကိုယ် သွားလုပ်လိုက်ပါ”

“ကောင်းပါပြီ”

ရှီယူသည် ရှီမာယူယူနှင့် ဝူလင်းယူကိုခေါ်ပြီး ဝူမန်၏ ခြံဝန်းသို့ခေါ်သွား လိုက်သည်။ သူမသည် အကြိမ်ပေါင်းများစွာ လာနေကျဖြစ်သဖြင့် သူမအတွက် ပန်းခြံထဲလမ်းလျှောက်နေသကဲ့သို့ပင်။

အစပိုင်းတွင် ယောက်ျားလေးတစ်ယောက်ကို ဝူမန်၏ ခြံဝန်းသို့ ခေါ်သွား ပြီး ဝူလင်းယူကို အပြင်ဘက်တွင် စောင့်ခိုင်းချင်မိသည်။ သို့သော် ထိုလူ၏ အကျင့်ကို တွေ့ပြီးနောက်တွင် ထိုသို့မလုပ်တော့ပေ။

မိန်းကလေးအစေခံနှစ်ယောက်သည် ဝူမန်၏ ခြံဝန်းအပြင်တွင် စောင့် ကြည့်နေကြသည်။ သူတို့ကိုမြင်သောအခါ “ယောက်ျားလေးတွေ ဝင်လို့မရဘူး”

“လင်းယူ အပြင်မှာစောင့်ပါလား” ရှီမာယူယူသည် ဝူလင်းယူကို ပြော လိုက်သည် “ညီမတို့ သိပ်မကြာပါဘူး”

“ဟုတ်ပြီလေ”

ဝူလင်းယူ အလွယ်တကူ လက်ခံလိမ့်မည်ဟု ရှီယူ မထင်ထားပေ။ သူသည် ရေအိမ်သွားသည်မှလွဲပြီး ရှီမာယူယူနောက်သို့ အရိပ်ကဲ့သို့ လိုက်နေ ခြင်းဖြစ်သည်။

“သခင်လေး ဧည့်ခန်းကိုလာပြီး လက်ဖက်ရည်သုံးဆောင်ပါဦး” အစေခံ တစ်ယောက် ပြောလိုက်သည်။

“ရပါတယ် ကျွန်တော် ဒီမှာပဲစောင့်ပါမယ်” ဝူလင်းယူ ပြောလိုက်သည်။

“ဒါလည်း လိုက်တာပဲမဟုတ်ဘူးလား” သူ ပြောင်းလဲမည်မဟုတ်ဆိုသည် ကို ရှီယူ သိသည်။ အကြောင်းမှာ သူသည် ရှီမာယူယူ၏ စကားကိုသာ နားထောင်သည်။ ထိုသည်မှာ အမျိုးသမီးတစ်ဦး၏ ခြံဝန်းဖြစ်၍သာပင်… မဟုတ်လျှင် သူ လိုက်ဝင်မည်ဖြစ်သည်။

“သခင်မလေးယူအာ လိုက်ခဲ့ပေးပါ”

အစေခံများသည် သူတို့ကိုခြံဝန်းသို့ခေါ်သွားရာ ရှီမာယူယူဝင်လိုက်သည် နှင့် ဝူမန်သည် အနီရောင်ကို တကယ်ပင် ကြိုက်နှစ်သက်ကြောင်းကို သတိထား မိလိုက်သည်။ ခြံဝန်းထဲမှ ပန်းများမှာ အနီဖြစ်ကာ အခန်းထဲမှပန်းများသည် အနီရင့်ရောင်များဖြစ်သည် အခန်းထဲမှ အိမ်ထောင်ပရိဘောဂများပင် အနီ ရောင်များဖြင့် အလှဆင်ထားသည်။

အစေခံသည် သူတို့ကို ခြံဝန်းထဲမှ ခန်းမအသေးဆီသို့ ခေါ်သွားပေးပြီး ပြောလိုက်သည် “နှစ်ယောက်လုံး ဒီမှာစောင့်ပေးပါ သခင်က မကြာခင်လာပါ လိမ့်မယ်”

သူမသည် ပြောပြီးသည်နှင့် ထွက်သွားလေသည်။

သူမ ထွက်သွားပြီးမကြာမီတွင် ဝူမန်ဝင်လာသည်။ ရှီယူနှင့် ရှီမာယူယူတို့ သည် အမြန်ပင် မတ်တတ်ရပ်လိုက်ကြသည်။

“အဒေါ်မန်”

“တာဝန်ခံဝူ”

ဝူမန်သည် ပင်မနေရာတွင် ထိုင်ပြီးပြောလိုက်သည် “ယူအာလိုပဲ အဒေါ်မန်လို့ခေါ်ဖို့ တားမြစ်ဧရိယာမှာရှိတုန်းက ပြောလိုက်တယ်လေ”

“ဟုတ်ကဲ့ပါ အဒေါ်မန်” ရှီမာယူယူ တုံ့ပြန်လိုက်သည်။

“အဒေါ်မန်၊ သမီးတို့ မေးစရာရှိလို့လာတာပါ” ရှီယူ ပြောလိုက်သည်။

“ငါ မှန်းမိပြီးသားပါ” ဝူမန် သက်ပြင်းချလိုက်သည် “အဲနေ့က သူက ကလေးအမေကိုရှာမယ်လို့ ငါ့ကို ပြောခဲ့တယ်၊ ၁၀ နှစ်ကျော်ကြာပြီးတော့ သူ့ ကလေးကို မျက်စိရှေ့တင် တွေ့ရလိမ့်မယ်လို့ ထင်မထားဘူး”

“ဆိုလိုတာက… ကျွန်မအဖေလား” ရှီမာယူယူ မေးလိုက်သည်။

“ဟုတ်တယ် မင်းအဖေ ရှီမာလျူရွှမ်ပဲ” ဝူမန်သည် ယပ်ခတ်လေသည် “မင်း နာမည်ကိုကြားတဲ့အချိန်ကတည်းက ငါမှန်းမိပြီးသားပါ မင်းက ဒီမှာ မင်း အဖေကိုလာရှာတာပဲ”

“ကျွန်မအဖေ ဘယ်မှာလဲဆိုတာ အဒေါ်မန်ပြောနိုင်မလား” ရှီမာယူယူ စိတ်မရှည်စွာ မေးလိုက်သည်။

“မင်းအဖေဘယ်မှာရှိလဲဆိုတာ ငါ သိတယ် ဒါပေမဲ့ မင်းကိုမပြောပြနိုင် ဘူး”

“ဘာလို့လဲ” ရှီမာယူယူသည် မရှင်းလင်းပေ။ ဝူမန်သည် သူမဖခင်နာမည် ကိုပြောလိုက်သည့်အချိန်တွင် ခံစားချက်များပါနေသည်ကို သူမ ခံစားမိသည်။ အဲဒါဆိုရင် သူမ အဖေကိုဘာလို့မကယ်တာလဲ။

“အဲဒီနေရာက အရမ်းအန္တရာယ်များတယ် မင်းကိုပြောပြလိုက်ရင် အန္တရာယ်ကြားကကို မင်းသွားပြီး သူ့ကိုကယ်မှာပဲ၊ ပြီးတော့ မင်း အဲဒီကိုသွား ရင် အသက်ရှင်ဖို့ လမ်းနည်းနည်းတောင် ရှိမှာမဟုတ်ဘူး၊ အဲဒါကြောင့် မင်းကို ပြောပြလည်း အသုံးဝင်မှာမဟုတ်ဘူး” ဝူမန် ပြောလိုက်သည်။

“ဒါပေမဲ့ ကျွန်မအဖေကိုကယ်ဖို့ ဒီကိုလာတာလေ၊ ဘယ်လောက် အန္တရာယ်များများ ကျွန်မသွားရမယ် ကျွန်မအဖေကို ကယ်ရမယ်” ရှီမာယူယူ သည် တွေဝေခြင်းမရှိပြောလေသည် “အဒေါ်မန်၊ ကျွန်မအဖေ ဘယ်မှာလဲဆို တာပြောပေးပါ”

“မင်းအဖေရှိတဲ့နေရာကို ငါရောက်ပြီးသွားပြီ” ဝူမန်သည် သူမ တောင်းဆို ချက်ကို မတုံ့ပြန်ပေ။ ထိုအစား သူမ အတိတ်ကို ပြန်ပြောပြလေသည် “ငါ သူ့ကို မြင်တော့ သူ့မျက်လုံးနဲ့အချက်ပြပြီးတင်းခံနေတယ်၊ ငါ သူ့ကိုကယ်ချင်ပေမဲ့ သူက ဆန္ဒမရှိဘူး၊ ငါ့ကို ဆွဲမချချင်ဘူးလို့ပြောပြီး သူ့ကိုကတိတစ်ခုပေးခိုင်း တယ်”

“အဒေါ်မန် ဘာကတိပေးလိုက်တာလဲ” ရှီယူ မေးလိုက်သည်။

“သူပြောတာက တစ်ရက်ကျရင် လူတစ်ယောက်က ဒီကိုလာပြီး သူ့ကို ရှာမှာပဲ၊ သူ့ဇနီးမဟုတ်ရင် သူ့သမီးဖြစ်လိမ့်မယ်တဲ့ ဘယ်သူပဲဖြစ်ဖြစ်၊ မင်းတို့ အဲဒီနားကိုမသွားရအောင်လို့ တားစေချင်တာ၊ ပြီးတော့ သူဘယ်မှာလဲဆိုတာ ကို မပြောခိုင်းဘူး”

ရှီမာယူယူ၏ ရင်များခုန်သွားသည်။ သူမ၏ ဖခင်သည် ရှိနေသည့်နေရာ ကို တခြားသူများကို မပြောခိုင်းသည်မှာ ထိုနေရာသည် အလွန်အန္တရာယ်များ နေသည်ကို ပြသနေသည်။ သူမသည် ထိုကွဲအက်နေသော အသက် ကျောက်စိမ်းကိုတွေးမိသည်နှင့် စိတ်မကောင်းဖြစ်မိသည်။

အဖေက သူတို့ကိုအန္တရာယ်ကြားထဲမရောက်စေချင်လို့ မရှာခိုင်းဘူး။ ဒါပေမဲ့ သူမကတော့ သူမအဖေကို ထပ်ပြီးမခံစားစေချင်တော့ဘူးလေ။

“အဖေ…” သူမသည် ဖခင်အကြောင်းကိုတွေးလိုက်သည်နှင့် အားနာမိ သည်။ သူမဖခင်ရှိရာနေရာကို ပြောရန်ရည်ရွယ်ချက်မရှိသည့် ဝူမန်ကိုကြည့်ပြီး သူမ မတ်တတ်ရပ်ကာ ဝူမန်ဆီသို့လျှောက်သွားပြီး လက်ကိုဆန့်တန်းကာ လက်ဖဝါးကိုဖြန့်ပြလိုက်သည်….

***

All Chapters