← Chapters

တစ္ဆေမြို့တော်၏ အန္တရာယ်

Vol. 98 Ch. 1359

တစ္ဆေမြို့တော်၏ အန္တရာယ်

Vol. 98 Ch. 1359

ဝူမန်ပြောပြသော သူမဖခင်အကြောင်းကို ကြားပြီးနောက်တွင် ရှီမာယူယူ ၏ မျက်နှာမှာ မည်းနက်သွားတော့သည်။

“အဘွားကြီး ဘယ်လိုလုပ်ငါ့အဖေကို အသားယူရဲတာလဲ၊ သေစမ်း ငါ့ လက်ထဲမရောက်စေနဲ့ မဟုတ်ရင် ပန်းလေးက ဘာလို့နာမည်ကြီးလဲဆိုတာကို ပေးသိလိုက်မယ်” သူမသည် စိတ်ထဲမှ ကျိန်ဆဲမိသည်။

“နောက်ကိုဘာဖြစ်သွားလဲ” ရှီယူ၏ မျက်လုံးများ ပြူးကျယ်သွားလေ သည်။ နတ်ဆိုးမအိုကြီး လူရှေ့တွင် လက်ထပ်ခွင့်တောင်းခဲ့သည်ကို သူမ မသိခဲ့ ပေ။

လွန်ခဲ့တဲ့ အနှစ် ၅၀တုန်းက သူမဘာတွေလုပ်နေခဲ့တာလဲ။ ကြည့်ရတာ မြို့ဝန်ရဲ့မွေးနေ့ပွဲမတိုင်ခင် နှစ်ရက်မှာ သူမ တံခါးပိတ်ကျင့်ကြံသွားခဲ့ပုံပဲ။ သူမ ထွက်လာပြီး ရှီမာလျူရွှမ်အကြောင်းမေးတော့ အဲနာမည်ကို ထပ်မပြောဖို့ သတိ ပေးတာကိုပဲ ခံလိုက်ရတော့တယ်။

မွေးနေ့ဂုဏ်ပြုပွဲကိုလွတ်သွားသည်နှင့် ထိုအရာများအားလုံး လွတ်သွား လိမ့်မည်ဟု သူမ ထင်မထားပေ။

“ပြီးတော့…”

ဝူမန် ထိုစကားများကို ပြောလိုက်သည်နှင့် ရှီမာလျူရွှမ်၏ မျက်နှာမှာ မည်းနက်သွားတော့သည်။ နောက်တစ်နေ့တွင် ထွက်သွားတော့မည်ဟု သူမကို ပြောခဲ့ပြီးပြီ။ ဒီလိုစကားတွေကို အားလုံးရှေ့မှာ တကယ်ပဲပြောလိုက်တာဆို တော့ သူ့ကို နေဖို့ဖိအားပေးနေတာလား။

နှမြောစရာပဲ သူက ဘယ်တုန်းကမှ ဖိအားပေးတာကို ခံတာမဟုတ်ဘူး။

သူ့မျက်လုံးရှေ့တင်ပဲ ဇနီးဖြစ်သူကို ခေါ်သွားခံရတာကို မြင်ရတာနဲ့တင် နာကျင်နေပြီလေ။ အခု ဘယ်လိုလုပ် နောက်မိန်းမတစ်ယောက်ကို လက်ခံဖို့ ဖြစ်နိုင်မှာလဲ။

“မြို့ဝန် ပြောပြီးပါပြီ ကျွန်တော်က လက်ထပ်ထားပြီး ကလေးလည်းရှိပါ တယ်၊ ဒါကများလွန်းတယ် လက်မခံနိုင်ပါဘူး”

ခန်းမထဲတွင် လှုပ်လှုပ်ရွရွများစတင်ဖြစ်သည်။ အားလုံးသည် ရှီမာလျူရွှမ်ကို ငတုံးတစ်ယောက်လို ကြည့်ကြသည်။

ဝေ့မင်တျဲသည် တစ္ဆေမြို့တော်တွင် အလှပဆုံးနှင့် စွမ်းအားအရှိဆုံးလူ ဖြစ်သည်။ သူမသည် မြို့ဝန်တစ်ယောက်လည်းဖြစ်ရာ ယောက်ျားတိုင်း၏ အိပ်မက်မှာ သူမနှင့် လက်ထပ်ရန်ဖြစ်သည်။ သူမသည် အုပ်ချုပ်ခွင့် ကျောက်စိမ်းတံဆိပ်ကိုပင် ထုတ်ပေးခဲ့သည်။ သူ လက်ခံလိုက်သည်နှင့် တစ္ဆေ မြို့တော်၏ မြို့ဝန်ဖြစ်လာနိုင်သည်။

သို့သော် သူသည် တွေဝေခြင်းမရှိ ငြင်းဆန်ခဲ့သည်။ သူ အလှလေးနှင့် အာဏာကို ငြင်းဆန်ခြင်းသည် လူများကို အသည်းယားစေပြီး မုန်းတီးမှုကို ဖြစ် စေသည်။

သူ ပြတ်သားစွာ ငြင်းဆန်လိုက်သောအခါ ဝေ့မင်တျဲ၏ မျက်နှာသည် နီရဲ သွားလေသည်။ သို့သော် သူ့ကို သဘောကျရန် မည်သူမှ သူမကိုစေခိုင်းခြင်းမရှိ ခဲ့ပေ။

“လျူရွှမ်၊ ဒါပြောဖို့ ရုတ်တရက်ဖြစ်လွန်းတာသိပါတယ်၊ ဒါပေမဲ့ ဒီစကား တွေက ကျွန်မရင်ထဲကလာတာပါ၊ ဒီလောက်မြန်မြန်ကြီးမငြင်းလိုက်ပါနဲ့ စဉ်းစားပေးပါဦး”

“ကျွန်တော်က နေဖို့ရည်ရွယ်ချက်မရှိလို့ စဉ်းစားနေဖို့မလိုပါဘူး ကြင်နာ ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မြို့ဝန်” ရှီမာလျူရွှမ်သည် ခိုင်မာစွာ ပြော လေသည်။

“လျူရွှမ်” ဝေ့မင်တျဲသည် ထပ်မံငြင်းဆန်ခံလိုက်ရသည့်အတွက် ပို၍ ဒေါသထွက်လာသည်။

“မြို့ဝန်၊ နောက်နေ့မနက်ကို ထွက်သွားတော့မယ်လို့ ကျွန်တော် ပြောပြီး ပါပြီ” ရှီမာလျူရွှမ် ပြောလိုက်သည်။

“မဟုတ်ဘူး ကျွန်မ ခွင့်မပြုဘူး” ဝေ့မင်တျဲ ဒေါသထွက်လေသည်။

“ထွက်သွားတာက ကျွန်တော့်လွတ်လပ်ခွင့်ပါ မြို့ဝန်ရဲ့ခွင့်ပြုချက်ကိုလို မယ်လို့ မထင်ပါဘူး” ရှီမာလျူရွှမ်သည် အေးစက်စွာ ပြောလေသည်။

“ဟား ဒါက တစ္ဆေမြို့တော်ပဲ ဒါကငါ့နေရာပဲ၊ ကျွန်မကို ဆန့်ကျင်ပြီး တော့ လွတ်လပ်မယ်လို့ထင်နေတာလား” ဝေ့မင်တျဲဆက်ပြောလေသည် “အစောင့်တွေ လျူရွှမ်ကို စောင့်ရှောက်ထားလိုက်ကြ”

အစောင့်နှစ်ယောက် ရောက်လာပြီး ပြောလေသည် “သခင်ကြီးရှီမာ ကျေးဇူးပြုပြီးတော့”

ရှီမာလျူရွှမ်သည် ထိုပုံစံကိုမြင်သည်နှင့် တွေးမိသည်မှာ သူတို့က သူ့ကို ပိတ်ထားဖို့ စီစဉ်နေကြတာလား။

သူသည် အေးစက်သောအပြုံးပြုံးပြီး စကားမပြောခင်တွင် ပင်မခုံ အောက်ခြေတွင် ထိုင်နေသော ဝူမန် ပြောလိုက်သည် “မြို့ဝန် ဒီနေ့က မြို့ဝန်ရဲ့ မွေးနေ့ပါ၊ အဖျက်ဆီးမခံပါနဲ့ သခင်ကြီးရှီမာက ရုတ်တရက်ကြီးဖြစ်သွားလို့ အစာမကြေလိုက်တာပါ၊ ဒီအတွက်ကြောင့်နဲ့ မိတ်ဆွေဆုံးရှုံးသွားနိုင်တယ်”

ရှီမာလျူရွှမ်သည် ပြောလိုသည့်စကားကို မပြောခင်တွင် သူမ ကြားဖြတ် ပြောလေသည်။

ဝူမန်ပြောသည်မှာ နည်းလမ်းကျသည်ကို ဝေ့မင်တျဲသိသည်။ သူမ လိုချင် သည်မှာ ရှီမာလျူရွှမ်ကိုဖြစ်ပြီး သူတို့၏ ဆက်ဆံရေးကို တင်းမာလိုခြင်းမရှိပေ။

သူမသည် မျက်ခုံးများကိုပွတ်ပြီး တခြားသူများကို လက်ဝှေ့ယမ်းကာ ပြောလိုက်သည် “ငါ ပင်ပန်းနေပြီ ဒီနေ့တော့ နားလိုက်ရအောင်”

အားလုံးသည် တစ်ယောက်နှင့် တစ်ယောက်ကြည့်ကြလေသည်။ သူမ သည် ဒေါသကိုချုပ်တည်းနေသည်ဖြစ်ရာ မည်သူမှ သူမကို မထိရဲကြဘဲ ခပ် မြန်မြန်ပင် လူစုခွဲလိုက်ကြသည်။

ဝူမန်နှင့် မောင့်ရှားတို့ထွက်သွားချိန်တွင် ဝေ့မင်တျဲနှင့် ရှီမာလျူရွှမ်တို့ နှစ်ယောက်သာ ကျန်ခဲ့လေသည်။ ထို့နောက်ပိုင်း ဘာဖြစ်သလဲဆိုသည်ကို မည်သူမှ မသိကြပေ။ နောက်တစ်နေ့မနက်တွင် မြို့ဝန်သည် လူလွှတ်ပြီး ရှီမာလျူရွှမ်ကို ရှာခိုင်းခဲ့သည်ကိုသာ သိတော့သည်။

နောက်ပိုင်း မြို့အဝင်ဂိတ်တွင် ရှီမာလျူရွှမ်နှင့် မြို့ဝန်အိမ်တော်မှ လူ များစတင်တိုက်ခိုက်ကြသည်။ တစ်ယောက်သည် အဆင့်တူ လူဆယ်ယောက် ကို အနိုင်ရခဲ့သည်။

သို့သော် ဝေ့မင်တျဲရောက်လာပြီး ဆည်းဆာတောင်ဘက်ရှိရာသို့ သူ့နောက်ကို လိုက်ခဲ့သည်။

ထို့နောက်တွင် သူသည် သူ့ကိုယ်သူ ဆည်းဆာတောင်တွင် ပိတ်လှောင် ထားပြီး ဝေ့မင်တျဲသည် ဆည်းဆာတောင်အပြင်ဘက်တွင် စောင့်နေလေ သည်။

ဝူမန်သည် ဝေ့မင်တျဲကိုသွားရှာရင်းနှင့် အခွင့်အရေးယူကာ တောင်တွင် ပိတ်မိနေသော ရှီမာလျူရွှမ်ကို တိတ်တဆိတ်တွေ့ခဲ့သည်။ သို့သော် ဝေ့မင်တျဲ သည် သံသယများလွန်းသဖြင့် ခဏသာတွေ့လိုက်ရသည်။

“အဲတော့ အဖေက အခုဆည်းဆာတောင်မှာ ပိတ်မိနေတယ်ပေါ့” ရှီမာယူယူသည် ဝူမန်ပြောပြသည်များကို နားထောင်ပြီးနောက် စိတ်မကောင်း ဖြစ်မိသည်။

“ဟုတ်တယ်”

“အဲတော့ သူတကယ်ပဲ အဲဒီကိုရောက်သွားတာပဲ”

“ဆည်းဆာတောင်အကြောင်း မင်းသိလား” ဝူမန်သည် သည်တစ်ကြိမ် တွင် သိချင်သွားသည်။ ဆည်းဆာတောင်အကြောင်းသိသူမှာ နည်းပါးသည်။ တစ္ဆေမြို့တော်ကလူများပင် ထိုအကြောင်းကို မသိကြပေ။

“သိပါတယ်” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ မူလျန်ကျယ်က ဆည်းဆာတောင်ကို သွားတာမဟုတ်ဘူးလား။ သူ့ကိုတွေးလိုက်သည်နှင့် သူမ တုံ့ဆိုင်းသွားကာ မေးလိုက်သည် “အဒေါ်မန်၊ လွန်ခဲ့တဲ့ ၇နှစ်တုန်းက ဆည်းဆာ တောင်ကိုသွားခဲ့တဲ့လူကို သိလား”

“လွန်ခဲ့တဲ့ ၇နှစ်… မူလျန်ကျယ်ကို ပြောနေတာလား” ဝူမန် မေးခွန်း ထုတ်လိုက်သည်။

“ဟုတ်ပါတယ် သူ တကယ်ပဲ ဆည်းဆာတောင်ကိုသွားခဲ့တာလား”

“အင်း ဒါပေမဲ့ သူ့ကို မြို့ဝန်သိသွားပြီးတော့…”

ရှီမာယူယူ၏ ရင်များ ဒိန်းကနဲဖြစ်သွားသည် “အဲတော့ သူတကယ်ပဲ… အခု မူစစ်ကိုဘာလုပ်ကြမလဲ”

“မင်းက ဆည်းဆာတောင်အကြောင်းကို အဲဒီကနေကြားခဲ့တာကိုး” ဝူမန် ဆက်ပြောလေသည် “မူလျန်ကျယ် သေသွားပြီဆိုတာကိုတော့ အတည်ပြုနိုင် တယ်၊ မြို့ဝန်က သူ့ကိုသတ်လိုက်တာကို ငါ့မျက်လုံးနဲ့မြင်လိုက်တယ်၊ မူစစ်ရှိ တာကို မြို့ဝန်ကို ပေးမသိတာကောင်းမယ်”

“ကျွန်မ နားလည်ပါပြီ” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။

မူလျန်ကျယ် သူမဖခင်ကို သွားကယ်မည်ဟု မြို့ဝန်သိသည်နှင့် သေချာ ပေါက် ဒေါသထွက်ခဲ့မည်။ မူစစ်အကြေင်းသိလျှင် သူ့ကို ဒေါသပုံချမည်ဖြစ် သည်။

“ကောင်းပြီ ငါသိသလောက် မင်းကိုပြောပြပြီးပြီ….”

“အဒေါ်မန် ဆည်းဆာတောင်က ဘယ်လိုထွက်လာတာလဲ၊ အဖေက ဘာလို့ အဲဒီမှာအဲလောက်အကြာကြီး ပိတ်မိနေတာလဲ၊ အဲအကြောင်းကို ဘာလို့ ဘယ်သူမှမသိကြတာလဲ နေရာအတိအကျကရော ဘယ်မှာလဲ”

ဝူမန်သည် သူမကို စိုက်ကြည့်လိုက်သည်။ ရှီမာယူယူသည် သူမကို ခေါင်းမာမာဖြင့် ကြည့်နေသည်ကို မြင်ပြီးနောက် ဆက်ရှင်းပြလေသည် “ဆည်းဆာတောင်က ရှေးအကျဆုံးသတ္တုတွင်းပဲ မင်းအဖေက မြို့ဝန်နဲ့ အတင်း ခွဲကွာချင်လို့ သူ့ကိုယ်သူ ပိတ်ထားတာပဲ”

“အဲဒီက အင်အားတွေက ဘယ်လောက် အားကောင်းလဲ မီအာထက် အားကောင်းလား” ရှီယူ မေးလိုက်သည်။

မီအာ ပေါက်ကွဲစဉ်က မည်မျှအားကောင်းကြောင်းကို ဝူမန် မှတ်မိသည် “အတူတူလောက်ပဲဖြစ်မယ်၊ ပြီးတော့ အဲဒါကပိုပြီးရှုပ်ထွေးတဲ့ သတ္တုတွင်းပဲ”

“အမှန်ပဲ” ရှီယူ ခေါင်းညိတ်လေသည်။

“သူတို့ ပြိုင်ပြီးရင်တော့ ဘယ်သူကအားပိုကောင်းလဲဆိုတာ သိရမှာပါ” ရှီမာယူယူ ဆက်ပြောလေသည် “အဲဒီသတ္တုတွင်းက တစ္ဆေမြို့တော်ရဲ့ လုံခြုံရေး ကိုဘေးသင့်စေမလား”

“မင်းဘယ်လိုလုပ်သိတာလဲ”

“ဝေ့မင်တျဲ တိုက်ခိုက်တဲ့နေ့တုန်းက သူမက အရမ်းအားကောင်းတယ်ဆို တာကို သတိထားမိလိုက်တယ်၊ သာမန်အားသာဆိုရင် ဒီလောက်နှစ်တွေကြာ နေပြီ သူမ မဖြေရှင်းနိုင်ဘူးလို့ မထင်ဘူး၊ အဲဒီကအားက အရမ်းအရေးကြီးလို့ ဖြစ်မယ်၊ အဲဒါကြောင့် သူမ မထိရဲတာပဲ ဟုတ်တယ်မလား”

***

All Chapters