နေခဲ့မလား ငါနဲ့လိုက်မလား
Vol. 98 Ch. 1360
ဝူမန်သည် ရှီမာယူယူကို ကြည့်လိုက်သည်။ သူမသည် ထက်မြက်လိမ့် မည်ဟု ထင်မထားပေ။
“အမှန်ပဲ” သူမသည် ယပ်တောင်အနီကိုဖွင့်ပြီး အသာအယာခတ်နေ သည်။ သူမသည် အတိတ်မှ လက်ရှိကို ပြန်ရောက်လာသည်။ “တစ္ဆေမြို့တော် က လေထဲမှာပေါလောပေါ်နေတဲ့ မြို့ပဲ၊ အောက်ကနေ တစ်ခုခုနဲ့ဆွဲထားရင် မြေကြီးက လေပေါ်မှာပေါ်နိုင်တယ်လို့ တည်ဆောက်သူတွေ သိလိုက်ကြတယ် အဲဒါကြောင့် သူတို့က စွမ်းအားနောက်လိုက်ပြီး စစ်ဆေးခဲ့ကြတယ်၊ နောက်ဆုံး မှာတော့ ဆည်းဆာတောင်ဘက် တစ်လျှောက်လုံး လိုက်ခဲ့ကြတယ်”
“အဖေက ဆည်းဆာတောင်ဘက်ကို မတော်တဆရောက်သွားမယ်လို့ ထင်မထားဘူး၊ အန္တရာယ်များပေမဲ့ အဲဒါက သူ့ကိုမျှော်လင့်ချက် နည်းနည်းပေး ခဲ့တာပဲ” ရှီမာယူယူ ဆက်ပြောလေသည် “အဒေါ်မန် ဆည်းဆာတောင်ကို ဘယ်လိုသွားရမလဲဆိုတာ ပြောပြနိုင်မလား”
“မင်း ဆည်းဆာတောင်ကို သွားမလို့လား”
“ဟုတ်ပါတယ်”
“ဆည်းဆာတောင်က ဘယ်လောက်တောင် အန္တရာယ်များလဲသိရဲ့လား”
“ကျွန်မ မမြင်ဖူးပေမဲ့ တွေးကြည့်လို့ရပါတယ်၊ ဒါပေမဲ့ ကျွန်မ မသွားရင် အဖေက… အဲဒါကြောင့် ဘယ်လောက်ပဲ အန္တရာယ်များများ ကျွန်မသွားရမယ်”
ဝူမန် သက်ပြင်းချလိုက်သည် အဖေရော သမီးပါ ခေါင်းမာကြတာပဲ။ အတန်ကြာပြီးနောက်တွင် သူမ ပြောလသည် “မင်းကို မတားနိုင်မှတော့ ပြော ပြလိုက်မယ်၊ မြို့ဝန်က မြို့ထဲမှာရှိနေတော့ အဲဒီကိုသွားရင် မင်း သူမနဲ့ မတွေ့ နိုင်ဘူး”
ရှီမာယူယူသည် ပျော်သွားကာ မတ်တတ်ရပ်ပြီး ဝူမန်အား အရိုအသေပေး ရင်းနှင့် ပျော်ရွှင်စွာ ပြောလိုက်သည် “ကျေးဇူးတင်ပါတယ် အဒေါ်မန်”
“ငါ့ကို ကျေးဇူးတင်နဲ့ မင်းအဖေကိုကယ်ပြီးတာနဲ့ ဖြစ်နိုင်သလောက် မြန်မြန်ထွက်သွားပြီး မင်းကမ္ဘာကိုသာ ပြန်တော့၊ ဒီကိုဘယ်တော့မှပြန်မလာနဲ့” ဝူမန် တိုက်တွန်းလိုက်သည်။
“ကျွန်မ နားလည်ပါတယ်” ရှီမာယူယူသည် တည်တံ့စွာဖြင့် ခေါင်းညိတ် လိုက်သည်။
ဖခင်ဖြစ်သူသည် ဆည်းဆာတောင်မှ အားကိုငှားယူထားသဖြင့် ကြာရှည် စွာ တောင့်ခံနိုင်ခြင်းဖြစ်သည်။ သူတို့ ထိုနေရာမှထွက်သည်နှင့် နောက်မှ အလိုက်ခံရပြီး ဝေ့မင်တျဲသတ်ခြင်းကို ခံရနိုင်သည်။ သူတို့တွင် ခုခံရန် အားမရှိပေ။
ပြီးနောက်တွင် ဝူမန်သည် ဆည်းဆာတောင်သို့ သွားသည့်လမ်းကို သူမ ကို ပြောပြလိုက်သည်။ ဆည်းဆာတောင်ကို ကာကွယ်ရန် သူမသည် ထင် ယောင်ထင်မှားတည်ဆောက်မှု ဆောက်လုပ်ပြီး ထင်ယောင်ထင်မှား တည်ဆောက်မှုကို ဖြတ်ပြီး ထိုအနားသို့သွားရမည်ဖြစ်သည်။
“ကျေးဇူးတင်ပါတယ် အဒေါ်မန်” ရှီမာယူယူသည် ဝူမန်ကို ထပ်မံ အရိုအသေပေးလိုက်သည် “အဒေါ်နားသင့်ပါပြီ ကျွန်မတို့ထပ်ပြီးမနှောင့်ယှက် တော့ပါဘူး”
သူမ ဖခင်၏ တည်နေရာကိုသိပြီးနောက်တွင် ဖခင်ကိုကယ်ရန်အတွက် စိတ်အားထက်သန်နေပြီဖြစ်သည်။
“ဆည်းဆာတောင်က အရမ်းကြီးတယ်၊ ဘယ်မှာလဲဆိုတာ ပြောလိုက် ပေမဲ့ သူအခု ဘယ်မှာလဲဆိုတာ ငါမသိဘူး၊ အဲဒီကိုသွားရင် မြို့ဝန် ခဏနဲ့ ရောက်လာနိုင်လို့ ခပ်သွက်သွက်လုပ်ရမယ်၊ ငါ အတတ်နိုင်ဆုံး သူမကို ဆွဲထား မယ်၊ ဒါပေမဲ့ ဘယ်လောက်ကြာကြာဆွဲထားနိုင်မလဲဆိုတာ ငါ မသိဘူး”
“အဒေါ်မန် အဲဒီစုန်းမအိုကြီးက ဒီလောက်ကြောက်ဖို့ကောင်းတာ၊ အဒေါ် က သူမကို တမင်ဆွဲထားတယ်ဆိုတာ သိရင် အပြစ်ပေးမှာလား” ရှီယူသည် စိုးရိမ်တကြီးမေးလေသည်။
ဝူမန်သည် တိုးညင်းစွာ ရယ်မောလိုက်သည် “ငါက အဲလောက်သိသာ အောင်လုပ်ပါ့မလား”
“ဒါဆိုရင် ဘာလုပ်မလို့လဲ” ရှီမာယူယူ မေးလိုက်သည်။
သူမအဖေကို ကယ်ရန် ဝူမန်၏အသက်ကို လက်လျော့ရမည်ဆိုပါက အဖေနှင့် သမီး နှစ်ယောက်လုံး ပျော်နိုင်မည်မဟုတ်ပေ။
ဝူမန်သည် အစကမပြောချင်သော်လည်း ရှီမာယူယူ၏ အကြည့်ကိုမြင်ပြီး နောက် လေးနက်စွာပြုံးလိုက်သည်။
“အဲဒါက သေချာပေါက် သူမကို ဒုက္ခရောက်စေမှာပဲ ဟုတ်ပြီ မင်းတို့ကို ပြောရင်လည်း အကျိုးမယုတ်ပါဘူး ကျန်းဟောက်နဲ့ ငါနဲ့ကြားက ပဋိပက္ခက ပိုကြီးသွားတယ်ဟုတ်ဘူးလား၊ ဒီလိုဖြစ်ပြီးနေမှတော့ ဒီအတိုင်းသာပေါက်ကွဲခံ လိုက်တော့မယ်၊ တာဝန်ခံနှစ်ယောက် ရန်ဖြစ်ကြရင် သူမက ဒီပစ်ထားမှာ မဟုတ်ဘူးလေ” ဝူမန် ဆက်ပြောလေသည် “မင်းက ဘာမှအပြစ်ခံစားမနေနဲ့ အရင်ကတည်းက ကျန်းဟောက်နဲ့က ဒီလိုဖြစ်နေပြီ၊ အခုသာ မပေါက်ကွဲရင် အနှေးနဲ့အမြန်ဖြစ်လာမှာပဲ ငါက အရှေ့ကိုတိုးလိုက်တာပဲရှိတာ”
သူမ အပြစ်မခံစားရစေရန် ဝူမန် ထိုသို့ပြောသည်ကို ရှီမာယူယူသိသည်။ သို့သော် စိတ်ထဲတွင်တော့ ထည့်ထားလိုက်သည်။
ဝူမန်ဆီမှ သူမ ဖခင်အတွက် မျှတမှုနှင့် စိတ်အားထက်သန်မှုကို ခံစားရ သည်။ အဖေ့ဆီတွင် အမေရှိပြီးသားဖြစ်ကာ မေတ္တာပြန်မရနိုင်သည်မှာတော့ နှမြောဖို့ကောင်းသည်။ သူမသည် တစ်သက်တာ အကြွေးတင်သွားရမည်ဖြစ် သည်။
သူမသည် ကျေးဇူးတင်ကြောင်းပြရန် ဝူမန်ကို အရိုအသေပေးလိုက် သည်။
ဝူမန်သည် ထက်မြက်သော အမျိုးသမီးဖြစ်သည်။ သူမ၏ မျက်လုံးများ အရောင်ကင်းမဲ့သွားသည်ကို ကြည့်ပြီး သူမ ဆိုလိုချင်သည်ကို နားလည်သွား သည်။
ရှီယူသည် သူမကိုအလိုလိုက်ဆုံးသော အဒေါ်မန် မပျော်မရွှင်ဖြစ်နေ သည်ကို ကြည့်ပြီး မခံမရပ်နိုင်ဖြစ်ကာ သက်ပြင်းချလိုက်သည်။
လူတစ်ယောက်ကို ချစ်တာ ခါးသီးနေလို့မဖြစ်ဘူးမလား။ သူကရော၊ သူက သူမရဲ့ စစ်မှန်တဲ့လူဟုတ်ရဲ့လား။
ထိုအချိန်တွင် အစေခံလျှောက်ဝင်လာပြီး ပြောလေသည် “သခင် သခင်ဇီ ရောက်လာပါတယ်၊ သူက သခင်မလေးယူအာနဲ့ သခင်မလေးယူယူတို့ကို ရှာ တယ်လို့ပြောပါတယ်”
“ငါတို့ကိုရှာတာလား တစ်ခုခုများဖြစ်လို့လား” ရှီယူသည် မတ်တတ်ရပ် ပြီးမေးလေသည်။
“သူဘာမှမပြောပါဘူး ဒါပေမဲ့ စိုးရိမ်နေတဲ့ပုံပဲ” အစေခံပြန်ဖြေလေသည်။
“ငါတို့ ထွက်လာတာမှ ခဏရှိသေးတယ်၊ အစ်ကိုကြီးက ရောက်လာပဲ တစ်ခုခုများဖြစ်လို့လား” ရှီယူသည် ပြောရင်းနှင့် ထွက်သွားရာ ရှီမာယူယူနှင့် ဝူမန်တို့လည်း ထွက်လာကြသည်။
ရှီဇီသည် ခြံဝန်းထဲတွင် စိတ်မရှည်စွာစောင့်နေသည်။ သူတို့ကို မြင်ပြီး နောက်ွင် သက်ပြင်းချရုံသာတတ်နိုင်လေသည်။
“အစ်ကိုကြီး ဘာလို့ဒီရောက်လာတာလဲ တစ်ခုခုဖြစ်လို့လား” ရှီယူ ရောက်လာပြီး မေးလိုက်သည်။
“ကျန်းမျိုးနွယ်က မင်းတို့ကိုဖမ်းဖို့ လူလွှတ်တယ်လို့ သတင်းရလို့ မင်းတို့ ကိုလာကြည့်တာ”
ရှီဇီသည် စိတ်သက်သာရာရသွားသည်။ သူတို့အဆင်ပြေရင် တော်ပြီ။
“ကျန်းမျိုးနွယ်က ဒီကိုဘယ်လိုတောင် လာရဲတာလဲ၊ သူတို့က တောင်းဆို နေတာပဲ” ရှီယူသည် ထိုအရာများကို မတောင်းဆိုဖူးသဖြင့် ကျန်းမျိုးနွယ် ဖြစ် ပါစေ လီမျိုးနွယ်ဖြစ်ပါစေ ဂရုစိုက်မည်မဟုတ်ပေ။ သို့သော် ရှီမာယူယူ အကြောင်းသိသွားပြီး သည်နေရာထိလာပြီး ရှုပ်ရဲသည်ကို သူမ ဒေါသထွက် သည်။
“ကျန်းမျိုးနွယ်ဝင်တွေ ဒီကိုရောက်လာပြန်ပြီလား၊ သူတို့က တကယ်ပဲ လက်မလျော့ဘူးပဲ” ရှီမာယူယူ ပြောလိုက်သည်။
“ရောက်လာပြန်ပြီဟုတ်လား ညီမလေး အဲဒါကိုသိထားလား”
“အင်း အရင်တစ်ခေါက်က ငါ လူဆိုးဒိဆန်းကိုသွားရှာတော့ စံတင် အဆင့်နှစ်ယောက် နောက်ကလိုက်လာတယ်၊ အဲနှစ်ယောက်ကို ရှင်းပေးလိုက် တယ်၊ သူတို့တွေ ထပ်ပြီးလူလွှတ်မယ်လို့ထင်မထားဘူး” ရှီမာယူယူ ပြောလိုက် သည်။
“ကျန်းဟောက်က ဘယ်လိုများ ငါ့နေရာအထိလာရဲတာလဲ၊ ကြည့်ရတာ တစ်ယောက်နဲ့တစ်ယောက် စုတ်ဖြဲဖို့ကို ဆုံးဖြတ်ထားတဲ့ပုံပဲ” ဝူမန် နှာမှုတ် လေသည်။
သူတို့ တစ်ယောက်နှင့်တစ်ယောက် ဖြဲရန် အခွင့်အရေးမရမည်ကို သူမ စိုးရိမ်မိသည်။ အခု ကျန်းဟောက်က သူကိုယ်တိုင် တံခါးရှေ့ရောက်လာပြီလေ။
“ကောင်းပြီ မင်းတို့ကိုပြန်လိုက်ပို့မယ် မင်းအဖေနဲ့လည်း ဆွေးနွေးဖို့လို သေးတယ်” သူမသည် အားလုံးကိုပြောလိုက်သည်။
ထိုဆွေးနွေးမည့် အကြောင်းကို ရှီမာယူယူနှင့် ရှီယူတို့ ခန့်မှန်းမိကြသည်။ ကျန်းမျိုးနွယ်ကို ရှင်းမည့်ကိစ္စနှင့် ပတ်သတ်မည်ဟု သူတို့ မှန်းမိသည်။ ယူယူသည် အခုချက်ချင်းပင် သွားလိုက်ချင်သော်လည်း လေးစားသမှုနှင့် သူတို့ ကို ပြန်ပြီးအသိပေးရဦးမည်ဖြစ်သည်။
ပြီးနောက်တွင် မိုဒိဆန်းနှင့် ကျန်လူများသည် ရှီအိမ်တော်တွင်ရှိနေဆဲ ဖြစ်သည်။ သူမ သူတို့ကိုထိုနေရာတွင် ထားပြီးသွားလိုက်၍ မရပေ။
လူတစ်စုသည် ရှီမျိုးနွယ်သို့ပြန်ကြလေသည်။ ဝူမန်သည် ရှီကုန်းကို သွားရှာလေသည်။ ရှီမာယူယူသည် မိုဒိဆန်းတို့ကို ပြောရန်ပြင်ဆင်ပြီး ရှီကုန်း ကို အသိပေးပြီးသည်နှင့် ဆည်းဆာတောင်ကို ချက်ချင်းပင်သွားရမည်။
သူမ ခြံဝန်းသို့ရောက်သည့်အချိန်တွင် မိုဒိဆန်းနိုးနေပြီဖြစ်သည်။ ထို ဝိုင် နည်းနည်းလောက်သည် သူ့အတွက် အရာမထင်ကာ သူမ၏ အမူးပြေဆေးနှင့် ပေါင်းလိုက်သောအခါ နိုးလာချိန်တွင် အရက်နာကျခြင်းမရှိပေ။
ရှီမာယူယူသည် မူစစ်ကိုမြင်လိုက်ချိန်တွင် ရင်များနာကျင်မိသည်။ သူ့ အဖေကို ဒီလောက်ကြာအောင် စောင့်ပြီးမှ သေသွားခဲ့တာ နှစ်တွေကြာနေပြီလို့ သူမ သူ့ကိုဘယ်လိုပြောမှာလဲ။
မူစစ်သည် ရှီမာယူယူ ပြန်လာသည်ကို မြင်လိုက်သည်နှင့် သူ၏ အေးစက် သောမျက်လုံးများသည် တောက်ပသွားကာ ပြောလိုက်သည် “ယူယူ ပြန်လာပြီ လား၊ သတင်းတွေရခဲ့လား”
ရှီမာယူယူ လျှောက်သွားပြီး သူမထက် ခေါင်းတစ်လုံးစာ အရပ်မြင့်သော ဆယ်ကျော်သက် ကောင်လေးကိုကြည့်ပြီး ပြောလိုက်သည် “မူစစ် မင်း အဖေ မရှိတော့ဘူး၊ ဒီမှာပဲ နေခဲ့မလား ငါနဲ့လိုက်မလား”
မူစစ်၏ ခန္ဓာကိုယ်မှာ အေးခဲသွားပြီး ရှီမာယူယူကို မယုံနိုင်စွာဖြင့် ကြည့် လေသည်။
“အဖေက…”
ရှီမာယူယူ ခေါင်းညိတ်သည်ကို မြင်သည်နှင့် သူ၏ ခေါင်းမာသော မျက်လုံးများသည် စိုစွတ်လာသည်။
“အဒေါ်မန်က သေချာနေတယ် သူမ မျက်လုံးနဲ့ ကိုယ်တိုင်မြင်ခဲ့တာလို့ ပြောတယ်” ထိုစကားမှာ ရက်စက်သည်ကို ရှီမာယူယူသိသည်။ သို့သော် သူ့ကို အမှန်အတိုင်းပြောရမည်။
***