← Chapters

မြို့ဝန်၏ ဖိတ်ကြားမှု

Vol. 98 Ch. 1361

မြို့ဝန်၏ ဖိတ်ကြားမှု

Vol. 98 Ch. 1361

အခုချိန် သူမအဖေကိုသွားရှာပြီး တွေ့ပါက ပြဿနာမဖြစ်စေရန် ချက်ချင်းပင် ထွက်သွားရမည်။

သို့သော် ထိုမတိုင်ခင်တွင် မူစစ်၏ ကိစ္စကို ဖြေရှင်းရမည်။ မူစစ်သာ သူမ နှင့်သွားလိုပါက အသည်းကွဲတောင်ကြားတွင် သူ၏ ကိုယ်ပိုင်နာမည်တစ်ခု တည်ဆောက်၍ရသည်။ သူသာ ထွက်မသွားလိုပါက ရှီယူကို အပ်ထားခဲ့ပြီး အပူအပင်ကင်းသော ဘဝကို ပေးခဲ့မည်။

ထို့ကြောင့် သူ့ကိုအမှန်တရားအတိုင်းပြောရန် လိုပြီး ဆုံးဖြတ်ချက်ချခိုင်း ရမည်။

“မူစစ် မင်းဝမ်းနည်းနေမယ်ဆိုတာ သိပါတယ် ဒါပေမဲ့ အခုတော့ အမှန် ကိုပဲပြောရလိမ့်မယ်” သူမသည် မူစစ်ကိုပခုံးပုတ်လိုက်သည် “ငါ ငါ့အဖေရဲ့ နေရာကိုသိပြီ၊ ပြီးတော့ သူ့ကိုရှာဖို့ထွက်သွားတော့မှာ၊ သူ့ကိုရှာတွေ့တာနဲ့ ဒီက နေချက်ချင်းထွက်သွားပြီး ပြန်မလာတော့ဘူး၊ အဲဒါကြောင့် ငါနဲ့လိုက်ချင်လား နေခဲ့ချင်လား”

သူမက ထွက်သွားတော့မှာလား။ မူစစ်သည် သူမကို ငေးငိုင်စွာကြည့် လိုက်သည်။ သူ့အဖေလည်းမရှိတော့ဘူး။ အခုသူမလည်း ထွက်သွားတော့မှာ လား။

“မင်း ငါနဲ့လိုက်ချင်ရင် မင်းကိုသေချာပေါက် ဂရုစိုက်ပေးမယ်၊ နေခဲ့ချင် ရင်လည်း ရှီယူ့ကို အပ်ခဲ့ပေးမှာ” ရှီမာယူယူ ဆက်ပြောလေသည် “မဟုတ်ရင် တခြားလုပ်ချင်တာရှိလား၊ မင်းလိုချင်ရင် တကယ်ဖြစ်လာတောင် ငါ ကြိုးစား ပေးမယ်”

သူ မကြာခင် ဆုံးဖြတ်ချက်ချရတော့မည်ဟု မူစစ်ထင်မထားပေ။ သူမ သူ့ကိုထားသွားတော့မည်ဟု တွေးလိုက်သည့်အချိန်တွင် နာကျင်မှုကို သူ ခံစား ရလေသည်။

သူ စကားမပြောသဖြင့် စဉ်းစားနေသည်ဟု ရှီမာယူယူတွေးလိုက်သည်။ “ငါ ထွက်မသွားခင် အချိန်ခဏရပါတယ်၊ အရင်ဆုံးစဉ်းစားလိုက်ဦး၊ ငါ မိုဒိဆန်း ကိုခေါ်ပြီး မိသားစုခေါင်းဆောင်ကို သွားနှုတ်ဆက်လိုက်ဦးမယ်၊ မင်း ငါနဲ့လိုက် ချင်ရင် အပြင်မှာစောင့်နေ၊ မင်းကို ငါ မမြင်ရင်တော့ သူတို့ကိုမေးလိုက်…”

“မဟုတ်ဘူး ကျွန်တော် ယူယူနဲ့ လိုက်မယ်” မူစစ် စကားဖြတ်ပြောလေ သည် “ကျွန်တော် ယူယူနဲ့အတူထွက်သွားမယ်”

“ပြန်စဉ်းစားဖို့ လိုမှာလား”

မူစစ်သည် ခေါင်းယမ်းလိုက်သည် “ကျွန်တော် ဒီမှာနေတာက အဖေ့ကို စောင့်နေတာပဲ၊ သူက ဒီမှာမရှိတော့ဘူး အဲတော့ ဒီမှာနေရတာက အဓိပ္ပာယ် မရှိတော့ဘူး”

“အင်း တကယ်တော့ မင်းကို ငါနဲ့အတူခေါ်သွားချင်တာ၊ မင်းအဖေကို ဝေ့မင်တျဲက သတ်လိုက်ပြီလို့ အဒေါ်မန်ပြောတယ်၊ သူမသာ မင်းရှိတာကို သိ သွားရင် မင်းကို လာနှောင့်ယှက်မှာပဲ၊ ဒီကနေထွက်သွားတာ အကောင်းဆုံးပဲ” ရှီမာယူယူ ပြောလိုက်သည် “မင်း ဆုံးဖြတ်ပြီးမှတော့ ရှီမိသားစုခေါင်းဆောင်ကို ငါနဲ့အတူ သွားနှုတ်ဆက်ကြတာပေါ့”

“ဟုတ်ကဲ့”

တခြားတစ်ယောက်သာ အတူထွက်သွားရန်ပြောလာပါက သူ လိုက်မည် မဟုတ်ပေ။ သို့သော် ထိုလူသည် သူမ ဖြစ်နေသဖြင့် သူ လောင်းကြေးထပ်ရန် ဆန္ဒရှိသည်။

ရှီမာယူယူသည် သူတို့ကိုခေါ်ကာ ရှီကုန်း၏ စာဖတ်ခန်းသို့သွားလိုက် သည်။ ဝူမန် သူ့ကိုပြောပြီးသားဖြစ်နိုင်သည်။ သူတို့ ခြံဝန်းသို့ရောက်သည့် အချိန်တွင် အစောင့်သည် သူတို့ကိုမတားဘဲ တခြားအစောင့်တစ်ယောက်သည် သတင်းပို့လေသည်။

အစောင့်သည် လျင်မြန်စွာပင် ပြန်ရောက်လာပြီး သူတို့ကိုဝင်ရန် ဟန်ပန် လုပ်ပြလေသည်။

“ရှီမိသားစုခေါင်းဆောင်ကို နှုတ်ဆက်ပါတယ်”

ရှီကုန်းသည် လက်ကိုဝှေ့ယမ်းလိုက်သည် “မင်းထွက်သွားတော့မယ် ဆိုတာ ကြားပြီးပြီ”

“ဟုတ်ပါတယ်” ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “ဒီရက်တွေမှာ အိမ်တော်ကို ဒုက္ခတွေပေးမိတဲ့အတွက် တောင်းပန်ပါတယ်”

“သတ္တုတွင်းကလွဲပြီး ဘာမှတော့မရှိပါဘူး၊ မင်းမရှိတာနဲ့ ဘာမှ အများကြီး ပြောင်းလဲသွားမှာမဟုတ်ပါဘူး၊ ပြီးတော့ သတ္တုတွင်းကိစ္စအတွက် မင်း ငါတို့ကိုပြန်ပေးပြီးပြီပဲ” ရှီကုန်းပြောလိုက်သည် “မင်းထွက်သွားမယ်ဆိုရင် ဂရုစိုက်ပါ၊ ကျန်းမိသားစုအပြင်ကို တခြားမိသားစုတွေကလည်း မဖော်ရွေကြ ဘူး၊ အထူးသဖြင့် သူမနဲ့မတွေ့စေနဲ့”

သူ မည်သူကိုညွှန်ပြသည်ကို အားလုံးသိကြသည်။

“ဂရုစိုက်ပါမယ် ကျေးဇူးတင်ပါတယ် ရှီမိသားစုခေါင်းဆောင်” ရှီမာယူယူ သည် ရှီကုန်းကို လက်အုပ်ချီလိုက်သည် “ဒါနဲ့ ကျန်းမိသားစုက ထပ်ပြီးပြဿနာ ရှာပြန်ပြီလို့ ကြားပါတယ်၊ ကျွန်မကြောင့်သာမဟုတ်ရင် သူတို့ ဒီလောက် အစောကြီး လှုပ်ရှားမှာမဟုတ်ဘူး၊ ကျွန်မရဲ့ ဝမ်းနည်းကြောင်းကိုပြဖို့အတွက် ရှီမိသားစုခေါင်းဆောင်ကို လက်ဆောင်လေး ပေးချင်ပါတယ်”

သူမ လေဟာပြင်အခန်းဖွင့်နေသည်ကို ရှီကုန်းစောင့်ကြည့်နေသည်။ သူ လက်ခံပြီး သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။ အထဲတွင် အမည်းရောင် သံမဏိ လုံးတချို့ရှိနေသည်။ ထိုအရာသည် ဝိညာဉ်စွမ်းအင်ရှိသော ဝိညာဉ်လက်နက် မဟုတ်ပေ။ မည်သည့်အတွက် သုံးသည်ကို သူ မသေချာပေ။

“ဒါဘာလဲ”

“ဒါက မိုးကြိုးသွားကျည်ပါ၊ ဒါကို ဝိညာဉ်စွမ်းအင်တချို့ထည့်လိုက်တာနဲ့ ပေါက်ကွဲစေနိုင်ပါတယ်” ရှီမာယူယူ ရှင်းပြလိုက်သည်။

ရှီကုန်း တောင့်တလိုက်သည်နှင့် မိုးကြိုးသွားကျည်သည် လက်ထဲတွင် ပေါ်လာသည်။ သူ့နှုတ်ခမ်းမှာတွန့်သွားပြီး သံမဏိလုံးလေးကို စစ်ဆေးလိုက် သည်။

“ဒါက ကျင့်ကြံသူတွေအတွက် အသုံးဝင်လား”

“ဧကရာဇ်အဆင့်အောက် နိမ့်တဲ့သူ ဝိညာဉ်စွမ်းအင်ထည့်လိုက်ရင် ဧကရာဇ်အဆင့်မြင့်တဲ့ စွမ်းအားကိုထုတ်ပေးနိုင်ပါတယ်၊ ဝိညာဉ်စွမ်းအား နည်းနည်းပဲလိုပါတယ်” ရှီမာယူယူ ထပ်ပေါင်းပြောလိုက်သည် “အဲလိုပါပဲ”

“ဟုတ်လား” ရှီကုန်းနှင့် တခြားသူများသည် ဝိညာဉ်သခင်များ ပြုလုပ် သည့် အားပိုမြှင့်ပေးသည့် ဝိညာဉ်ကိရိယာများစွာကို မြင်ဖူးသော်လည်း ထိုပစ္စည်းကို မြင်ဖူးသည်မှာတော့ ပထမဆုံးဖြစ်သည်။

“ရှီမိသားစုခေါင်းဆောင်သာ စိတ်ဝင်စားရင် စမ်းသပ်ကြည့်ဖို့ နေရာရှာလို့ ရပါတယ်”

“ကောင်းပါပြီ”

ရှီကုန်းသည် လေဟာပြင်ဝင်ပေါက်ဖွင့်ပြီး အခန်းထဲမှ လူများကို ခေါ်သွား လိုက်သည်။ သူတို့ထွက်လိုက်ချိန်တွင် မြို့အပြင်ဘက်မှ စွန့်ပစ်နေရာတစ်ခုသို့ ရောက်သွားသည်။

“ကျွန်မက ဧကရာဇ်အဆင့်နိမ့်ဆိုတော့ ကျွန်မပြပေးမယ်”

ရှီမာယူယူသည် သံမဏိလုံးလေး တစ်လုံးထုတ်လိုက်သည်။ သူမသည် ဝိညာဉ်စွမ်းအင်ထည့်ပြီး အဝေးရှိတောင်ဆီသို့ ပစ်လိုက်သည်။

“ဘုန်း..”

တောင်သည် ကြေမွသွားကာ ကျောက်များသည် ပြန့်ကျဲကုန်သည်။ ကံကောင်းစွာပင် သူတို့သည် အဝေးတွင်ရှိနေသည်။ မဟုတ်လျှင် လာထိနိုင် သည်။

ရှီကုန်းနှင့် တခြားသူများသည် စွမ်းအားကို မျက်မြင်တွေ့လိုက်ရသည်။ သူတို့မျက်လုံးများတွင် ပျော်ရွှင်မှုများ ပြည့်နှက်သွားသည်။

ရှီမာယူယူသည် ဝိညာဉ်စွမ်းအား အနည်းငယ်ကိုသာထည့်လိုက်သည်ကို သူတို့အားလုံး ရှင်းလင်းစွာမြင်လိုက်ရသည်။ သို့‌သော် အားကောင်းကောင်းဖြင့် ပေါက်ကွဲခဲ့သည်။ တိုက်ခိုက်ရေးအတွက် အသုံးပြုမည်ဆိုပါက အုပ်စုလိုက် သတ်ရန် သင့်တော်သည်။

သူမ အရင်ပြောခဲ့သလိုပင် ဝိညာဉ်စွမ်းအား သက်ရောက်မှုသည် တခြား အဆင့်အလိုက် ကွာသွားမည်။ ပိုအားကောင်းသည့်လူသာ လုပ်လိုက်ပါက…

အဓိကအားဖြင့် ထိုအရာသည် ဝိညာဉ်စွမ်းအား အများအပြားမလိုပေ။ အကယ်၍ တိုက်ခိုက်ရန် ဝိညာဉ်စွမ်းအားကို သုံးပြီး ထိုပစ္စည်းကိုအသက်သွင်း လိုက်ပါက အနည်းဆုံး မိုးကြိုးကျည် တစ်ဒါဇင်ကို အသက်သွင်းနိုင်သည်။ ပေါင်းလိုက်လျှင် ထိုအားသည် ပို၍ပင် သန်မာနိုင်သည်။

အရေးအကြီးဆုံးမှာ ရှီမာယူယူသည် သူ့ကို ထိုပစ္စည်းလေးများ အပုံလိုက် ပေးထားခဲ့သည်။ တစ်ခု နှစ်ခုမဟုတ်ဘဲ အပုံလိုက်ဖြစ်သည်။

သူတို့သုံးမည့် စွမ်းအားကိုစဉ်းစားကြည့်ပြီး ရှီကုန်းသည် ရှီမာယူယူကို ဝမ်းမြောက်ဝမ်းသာကြည့်လိုက်သည်။

သူမကို ကြင်နာစွာ ဆက်ဆံရသည်မှာ ရှီယူကြောင့်ဖြစ်သည်။ သူမသည် တစ်စုံတရာကိုပြန်ပေးလိမ့်မည်ဟု သူတို့ ထင်မထားကြပေ။ မထင်မှတ်စွာပင် သူမသည် ထိုလက်ဆောင်ကောင်းကို ပေးခဲ့သည်။

အကယ်၍ ကျန်းမိသားစုနှင့် တိုက်ခိုက်ရမည်ဆိုပါက သေချာပေါက် တိုက်ပွဲဖြစ်လာနိုင်သည်။ သူတို့သာ ထိုအရာကိုသုံးပါက ကျန်းမိသားစုကို သူတို့ အဘွားအိမ်ရောက်သည်အထိ မှုတ်ထုတ်နိုင်သည်။

“ဒီပစ္စည်းက ကောင်းလိုက်တာ ယူယူ လက်ဆောင်အတွက်ကျေးဇူးပါ၊ ငါ ကြိုက်တယ်” ရှီကုန်း ပြုံးကာ သူမ ပခုံးကိုပုတ်လိုက်သည်။ သူ့ကို အပေါက်ဖြစ် သွားစေမည့် စူးရှသော အကြည့်တစ်စုံကို ခံစားမိလေသည်။

သူသည် ဝူလင်းယူကို ကြည့်လိုက်သည်။ ထိုလူသည် သူမ၏ ချစ်သူဖြစ် သည်ဟု သူကြားခဲ့သည်။ ကြည့်ရတာ သူက ပိုင်ဆိုင်လိုစိတ်ရှိတဲ့သူဖြစ်နိုင် တယ်။

“ရှီမိသားစုခေါင်းဆောင် ကျွန်မတို့ ဒီရောက်နေမှတော့ ပြန်မလိုက်တော့ ဘူး” ရှီမာယူယူ ပြောလိုက်သည် “အခုပဲ လမ်းခွဲကြတာပေါ့”

“ကောင်းပါပြီ မင်းတို့…”

ရှီကုန်း ဂရုစိုက်ပါဟု မပြောခင်တွင် လေဟာပြင် လှိုင်းဂယက်ထသွား သည်ကို သတိထားမိလိုက်သည်။ မကြာခင်တွင် အစောင့်နှစ်ယောက် လျှောက် လာကြသည်။

“တာဝန်ခံ မိသားစုခေါင်းဆောင် မြို့ဝန်က ဖိတ်ကြားပါတယ်” အစောင့် သည် သူတို့ကို အရိုအသေပြုလေသည်။

“မြို့ဝန်က ငါတို့ကိုရှာတာလား၊ ဘာမှမပြောဘူးလား” ရှီကုန်း မေးလိုက် သည်။

“မပြောပါဘူး သခင်မလေးရှီချင်ကိုပါ တစ်ခါတည်းခေါ်ခဲ့ဖို့ အထူးတလည် မှာလိုက်ပါတယ်”

ရှီချင်း၊ အဲဒါက ရှီမာယူယူ သာမန်ကာလျှံကာ သုံးလိုက်တဲ့ နာမည်ပဲ မလား။

အားလုံး မျက်မှောင်ကြုတ်သွားကြသည်။ ဝေ့မင်တျဲသည် ရှီမာယူယူကိုပါ ခေါ်လာရန် အထူးတည်မှာကြားလိုက်သည်။ သူတို့ တစ်ခုခုများ တွေ့သွားလို့ လား။

***

All Chapters