← Chapters

မီအာအား အတွေးပြောင်းခြင်း

Vol. 98 Ch. 1362

မီအာအား အတွေးပြောင်းခြင်း

Vol. 98 Ch. 1362

ထိုအခိုက်အတန့်တွင် တိတ်တဆိတ် ဒေါသထွက်သွားလေသည်။ နောက်မှပင် ရှီကုန်းသည် လက်ဝှေ့လမ်းပြကာ အမိန့်ပေးလိုက်သည် “သိပြီ သွားနိုင်ပြီ”

“ဟုတ်ကဲ့ပါ မိသားစုခေါင်းဆောင်”

ထိုနေရာသည် ရှီမိသားစု၏ ပိုင်ဆိုင်သည့်နေရာဖြစ်သည်ကို ရှီမာယူယူ ရုတ်တရက် နားလည်သွားသည်။ မဟုတ်လျှင် ထိုအစောင့်နှစ်ယောက်သည် သည်နေရာထိလာမည်မဟုတ်ပေ။

“အဖေ စုန်းမအိုကြီးက ဘာလို့အတူလာစေချင်တာလဲ၊ ညီမလေးက သွားဖို့လိုသေးတယ်လေ၊ တားမြစ်ဧရိယာထဲက မိအာနဲ့ပတ်သတ်ပြီး တစ်ခုခု သိသွားတာလား” ရှီယူသည် စိုးရိမ်တကြီး မေးလေသည်။

“အဲလိုတော့ မဖြစ်နိုင်ဘူး၊ အဲလိုဆိုရင် ဖိတ်တာထက် လူလွှတ်ပြီး ဖမ်းခိုင်းမှာပဲ” ရှီကုန်း ပြောလိုက်သည်။

“သူမကို ကျေးဇူးတင်စကားပြောမလို့လား”

“ပြောဖို့ခက်တယ်”

“ဘယ်လိုပဲဖြစ်ဖြစ် ညီမလေးက ထွက်သွားတော့မှာ သူမလည်း သွားချင် မှာမဟုတ်ဘူး”

“မဟုတ်ဘူး သူမ မသွားရင် မြို့ဝန်ရဲ့သံသယက ပိုကြီးလာမယ်၊ သူမက သံသယများတဲ့သူပဲ၊ သူမ ယူယူကို သံသယဝင်သွားရင် ယူယူထွက်သွားဖို့ ခက် သွားလိမ့််မယ်” ဝူမန် ပြောလိုက်သည်။

“အဲလိုဆိုရင် မြို့ဝန်ကိုသွားတွေ့ကြတာပေါ့” ရှီမာယူယူ ပြောလိုက်သည် “သူမ သံသယဝင်သွားရင် အဖေ့ကို ကယ်ဖို့ခက်သွားလိမ့်မယ်”

“ဒါပေမဲ့ သူမက နင့်ကိုဆန့်ကျင်ရင် ဘယ်လိုလုပ်မလဲ” ရှီယူသည် စိုးရိမ် စွာဖြင့် ပြောလေသည်။

“မလုပ်လောက်ပါဘူး၊ သူမသာ ငါ့ကိုဆန့်ကျင်ရင် ထွက်သွားဖို့ နည်းလမ်း ရှိတယ်” ရှီမာယူယူသည် ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

“ကောင်းပြီ သွားကြမယ်” ရှီကုန်း ပြောလိုက်သည်။

“သူတို့ကို အရင်ပို့လိုက်ဦးမယ်”

ရှီမာယူယူသည် မူစစ်တို့ကိုပါ ခေါ်မသွားချင်ပေ။ သူမ ထွက်သွားချိန် သူတို့တွင် တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ။ သူမ ပြန်သွားပြီး လောကအသေး ထဲတွင် ထည့်ထားချင်သည်။

“ကိုယ် မင်းနဲ့လိုက်မယ်” ဝူလင်းယူသည် သူမအတွေးကိုနားလည်သဖြင့် သူမလက်ကိုဆွဲလိုက်သည်။

ဝေ့မင်တျဲ့သည် အသက် တစ်ထောင်သာရှိသေးသော်လည်း စံတင် အဆင့် ရောက်နေသည်မျာ နှစ်ပေါင်းများစွာရှိပြီဖြစ်သည်။ လွန်ခဲ့သည့် အနှစ် ၅၀က ပြဿနာရှာခဲ့သည့် ရှီမာလျူရွှမ်ကြောင့်သာ မဟုတ်လျှင် သူမအားသည် ပို၍မြင့်နိုင်သည်။ သူမမှာ အပြင်ပိုင်းအကူအညီ မီအာရှိမယ်လို့ ဘယ်သူထင် ထားမှာလဲ။

သူသည် ဝေ့မင်တျဲကိုမတွေ့ဖူးသော်လည်း မည်မျှအန္တရာယ်များသည် အမျိုးသမီးဖြစ်သည်ကို သိလိုက်သည်။ အင်အားချင်းယှဉ်လျှင်လည်း ကွာခြား မှုများသည်။ အကယ်၍ တစ်ခုခုဖြစ်ပါက သူမ သူ့ကိုထွက်ခိုင်းမည်ဆိုလျှင် တောင် မဖြစ်နိုင်ပေ။

ထို့ကြောင့် သူ သူမဘေးတွင် နေပေးရမည်။

“ဟုတ်ပါပြီ” ရှီမာယူယူသည် ဝူလင်းယူရှိနေလျှင် စိတ်အေးရသည်။ တစ်ခုခုဖြစ်လျှင် သူမသည် သူ့အပေါ်တွင် မှီခိုနိုင်သည်။

ထို့ကြောင့် သူမသည် မူစစ်နှင့် ဒိဝူတို့ကို ခြံအနောက်သို့ခေါ်သွားလိုက် သည်။ မည်သူမှမရှိသည်နှင့် လောကအသေးဖွင့်ပြီး သူတို့ကိုပို့လိုက်ကာ သူမ နှင့် ဝူလင်းယူသာ နေခဲ့လေသည်။

သူတို့နှစ်ယောက်သည် ရှီကုန်းတို့ကို သွားတွေ့လိုက်ကြသည်။ ရှီကုန်းနှင့် ဝူမန်တို့သည် ပြင်ဆင်ပြီးကြလေပြီ။

ထို့နောက်တွင် ဝူမန်နှင့် ရှီကုန်းတို့သည် ရထားလုံးပေါ်သို့ တက်လိုက်ကြ သည်။ ရှီမာယူယူနှင့် ဝူလင်းယူတို့သည် အနောက်မှ ရထားလုံးပေါ်သို့ တက် လိုက်ကြသည်။ ရထားလုံးနှစ်စင်းသည် မြို့ဝန်၏ အိမ်တော်ဆီသို့ မောင်းနှင် သွားကြလေသည်။

ရထားလုံးအတွင်းတွင် ရှီမာယူယူသည် လက်တွဲထားရင်း ဝူလင်းယူ ပခုံးကိုမှီထားသည်။

“လင်းယူ အဲစုန်းမအိုကြီးနဲ့ တိုက်ခိုက်ရမယ်ဆိုရင် မထိခိုက်ဘဲနေမလား”

“မင်းက ခုနလေးတင် ယုံကြည်ချက်ရှိနေတာပဲ၊ အခုမှဘာလို့အဲမေးခွန်း ကို မေးရတာလဲ” ဝူလင်းယူ စနောက်လိုက်သည်။

“ညီမ အစ်ကို့အားကိုမယုံဘူး အစ်ကိုလှုပ်ရှားလိုက်တာနဲ့ ကမ္ဘာကြီးကို လှုပ်ခတ်သွားမှာ သေချာတယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ အစ်ကို့ရဲ့ ခန္ဓာကိုယ်အခြေအနေနဲ့ လှုပ်ရှားနိုင်လား”

“မစိုးရိမ်ပါနဲ့ ကိုယ်မင်းကို သေချာပေါက် ကာကွယ်မှာပါ” ဝူလင်းယူသည် သူမ နဖူးကိုနမ်းလိုက်သည်။

“အဲတစ်ယောက်က အစ်ကို့နောက်ကို လိုက်သေးလား” ရှီမာယူယူ ပြော လိုက်သည်။

အဲတစ်ယောက်ဆိုသည်မှာ ပညာရှိစံအိမ်တော်မှ အဘိုးကြီးကို တစ်ကိုက် တည်းဝါးလိုက်သူဖြစ်သည်။ သူ့အားမှာ မနည်းလှပေ။ သူသာ ထိုနေရာတွင်ရှိ ပါက တစ်ခုခုဖြစ်လာလျှင် ဝူလင်းယူ လှုပ်ရှားရန်မလိုပေ။ မည်သို့ပင်ဖြစ်စေ ကာမူ သူတို့သည် အပြင်တွင်မဟုတ်သဖြင့် သိမ်းထားရန်မလိုပေ။

“မင်း ငါ့လုပ်နိုင်စွမ်းကိုယုံသင့်တယ်” ဝူလင်းယူသည် နောက်လက်တစ် ဖက်ဖြင့် သူနမ်းလိုက်သော နေရာကိုပွတ်သတ်လိုက်သည်။

ရှီမာယူယူ သူ့ကိုကြည့်လိုက်သည်။ သူမက သူ့ကိုစိုးရိမ်ရမှာမဟုတ်ဘူး လား။

ဒါပေမဲ့ သူ အဲလိုပြောမှတော့ ပြဿနာမရှိဘူးဆိုတဲ့ သဘောပဲ။

သားရဲဆွဲရထားလုံးသည် သူတို့ကို မြို့ဝန်အိမ်တော်သို့ ခေါ်သွားပေးလေ သည်။ အိမ်တော်သည် တစ္ဆေမြို့တော်အလယ်ရှိ ကျယ်ဝန်းသော နေရာတွင် ဆောက်လုပ်ထားသည်။ သူမသည် တားမြစ်ဧရိယာနှင့် ဝေးကွာနေသည်ဖြစ်ရာ ကျင့်ကြံရန်အတွက် မီအာကို မည်သို့အသုံးပြုသလဲဆိုသည်ကို ထူးဆန်းသည် ဟု ရှီမာယူယူ ခံစားရသည်။

အချိန်တိုင်း သွားသွားလာလာလုပ်ရတာက ပိုပြီးပြဿနာရှုပ်တယ် မဟုတ်ဘူးလား။

“သခင် ဒီနေရာက တားမြစ်ဧရိယာနဲ့ဝေးတဲ့ပုံပေါက်ပေမဲ့ ကြားထဲမှာ ဆက်ထားတဲ့ လိုဏ်ခေါင်းရှိတယ်၊ မြို့ဝန်က လိုဏ်ခေါင်းကိုဖြတ်ပြီး လျှို့ဝှက် အခန်းထဲဝင်လိုက်ရုံပဲ၊ လျှို့ဝှက်အခနး်က ငါ့စွမ်းအားတွေကို သူတို့ကျင့်ကြံမှု မှာ သုံးဖို့စုပ်ယူပေးတယ်” မီအာ ရှင်းပြလေသည်။

သူတို့ဆိုသည်မှာ မည်သူကိုရည်ညွှန်းသည်ကို ရှီမာယူယူ သိသည်။ အဲဒါကြောင့် မြို့ဝန်တွေက နှစ်ပေါင်းတစ်ထောင်ကျော်ကို ပြောင်းသွားပြီး သူက နေ့စဉ်နဲ့အမျှ အမြတ်ထုတ်ခံနေရတယ်ပေါ့။

အဲဒါကြောင့် သူက လွတ်လပ်မှုကို အဲလောက်တောင့်တတာပေါ့… သူမ ရုတ်တရက် သနားသွားသည်။

“မီအာ ငါတို့ထွက်သွားရင် မင်း ဘယ်နေရာကိုသွားချင်ချင် ငါ မင်းကို မကန့်သက်ဘူး”

မီအာ ပျော်သွားလိမ့်မည်ဟု သူမ ထင်ထားသည်။ ထိုကောင်လေး၏ တုံ့ပြန်မှုကို သူမ မမျှော်လင့်ထားပေ “ငါ့ကို မလိုချင်တော့ဘူးလား”

“ဟင်” ရှီမာယူယူ မှင်တက်သွားသည်။

“သခင့်ရဲ့ တခြားစာချုပ်သားရဲတွေက ထွက်သွားတာမဟုတ်ဘူး ဒါပေမဲ့ ငါ့ကိုတော့ ထွက်သွားခိုင်းတယ် ငါ့ကိုမလိုချင်တော့ဘူးလား” မီအာသည် နာကျင်သွားလေသည်။ သူမက သူ့ကိုမကြိုက်ဘူးလား။

“ဘာတွေစဉ်းစားနေတာလဲ” သူ၏ နာကျင်နေသောပုံစံကြောင့် ရှီမာယူယူသည် ငိုရမည်လား ရယ်ရမည်လားကို မသိတော့ပေ။ “မင်းကို မလို ချင်တာမဟုတ်ဘူး၊ ငါ့ဘေးမှာမနေဘဲနဲ့ မင်းဘာသာ ထွက်ပြီးခရီးတွေသွားလို့ ရတယ်၊ ငါလုပ်စရာတွေရှိတဲ့အချိန် ငါ့ဘေးမှာရှိနေရင် အကန့်အသတ်နဲ့ဖြစ်နေ မှာလေ၊ မင်း လျောက်သွားမကြည့်ချင်ဘူးလား”

“အဲတော့ သခင်က ငါ့ကိုမလိုချင်တာမဟုတ်ဘူးပေါ့” မီအာ စိတ် သက်သာရာရသွားသည် “သခင့်ရဲ့ကိစ္စတွေ ဖြေရှင်းပြီးသွားရင် ထွက်သွား မလား ဆိုတာကို စဉ်းစားလိုက်ပါမယ်”

ရှီမာယူယူ၏ နှုတ်ခမ်းမှာ ကွေးတက်သွားသည်။ ဒီကောင်က မဆိုးဘူးပဲ။ လွတ်လပ်မှုကိုပဲ လိုချင်နေတာပဲရှိတာ။

မီအာသည် သူမ၏ အတိတ်မှအကြောင်းများကို တခြားသော ဝိညာဉ် သားရဲများဆီမှ ကြားခဲ့သည်။ သူ နားမလည်သော်လည်း သူမ၏ ဘဝကို စိတ်ဝင်စားသွားသည်။

သူတို့စကားအရ သူသာ အပြင်လောကကိုသွားချင်ပါက ရှီမာယူယူ နောက်ကိုလိုက်ရုံပင်။ တစ်ယောက်တည်းဖြစ်သည်ထက်ပင် ပို၍ဆန်းကြယ် အံ့ဩဖို့ကောင်းသည်။

သူသည် အပြင်လောကကို တစ်ခါမှမတွေ့မြင်ဖူးပေ။ သူတို့ ပြောစကား အရ သူမဘေးတွင် ရှိနေသည်မှာ ကောင်းသောကိစ္စပင်ဖြစ်သည်။ သူသည် သူမ နောက်သို့ အချိန်တစ်ခုထိ လိုက်မည်။ မကောင်းလျှင်လည်း ထွက်သွားရန် နောက်မကျပေ။

ရှီမာယူယူသည် သတ္တုတွင်းကိစ္စနှင့် အလုပ်ရှုပ်နေသဖြင့် ဝိညာဉ်သားရဲ များအကြားမှ ဆက်သွယ်မှုကို အာရုံမစိုက်မိပေ။ သူတို့ မီအာကို အောင်မြင်စွာ လှည့်စားနိုင်သွားသည်ကို သူမ မသိလိုက်ပေ။ ထို့ကြောင့် သူ၏ နာကျင်မှု ကြောင့် သူမ အံ့ဩမိသည်။

သားရဲရထားလုံး၏ အရှိန်မှာ မြန်လွန်းသည်။ မကြာမီတွင် သူတို့သည် မြို့ဝန် အိမ်တော်ဝင်ပေါက်ရှေ့သို့ ရောက်သွားသည်။

ရှီမာယူယူနှင့် ဝူလင်းယူတို့သည် သားရဲရထားလုံးမှ ဆင်းလိုက်ကြသည်။ ထိုနေရာတွင် သူတို့၏ ရထားလုံးတင်ရှိခြင်းမဟုတ်ကြောင်း သိလိုက်ရသည်။ တခြားရထားလုံးများလည်း ဖြတ်သွားကြသည်။ ကြည့်ရသည်မှာ ဝေ့မင်တျဲ သည် သူတို့ကိုတင် ဖိတ်ကြားထားသည် မဟုတ်ပုံပင်။

ဝူမန်နှင့် ရှီကုန်းတို့လည်း ဆင်းလိုက်ကြသည်။ ရထားမောင်းနှင်သူသည် ရထားလုံးကို ရပ်နားသည့်နေရာသို့ မောင်းနှင်သွားလိုက်သည်။

“ဟင်း” အေးစက်သော နှာမှုတ်သံသည် ရှီမာယူယူထံသို့ တိုက်ရိုက် ရောက်လာသည်။ ဝူလင်းယူသည် ပြန်တိုက်ခိုက်မည်အလုပ်တွင် ဝူမန်သည် လက်ထဲမှ ယပ်တောင်အနီဖြင့် ယမ်းပြီးတားလိုက်သည်။

သူမသည် ယပ်တောင်ခတ်ရင်း သူတို့အနောက် သားရဲရထားလုံးမှ ဆင်း လာသော ကျန်းဟောက်ကို ဂရုမထားသလိုကြည့်လိုက်သည်။ သူမ တီးတိုး ပြောလိုက်သည် “ကျန်းဟောက် ဘာလဲ မြို့ဝန်အိမ်တော် ဝင်ပေါက်မှာ လူသတ်ချင်လို့လား”

***

All Chapters