← Chapters

ကျီယန်မီးတောက်က အပြင်းအထန် ထိခိုက်ထားတယ်၊ နတ်ဆိုးကပ်ဘေးတိုက်ပွဲ၏အဆုံးသတ်များ

Vol. 31 Ch. 583

ကျီယန်မီးတောက်က အပြင်းအထန် ထိခိုက်ထားတယ်၊ နတ်ဆိုးကပ်ဘေးတိုက်ပွဲ၏အဆုံးသတ်များ

Vol. 31 Ch. 583

ဘုံကိုးခုနယ်မြေမှ အလွန်ကြောက်မက်ဖွယ်ကောင်းသောအသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ဤနယ်မြေထဲရှိ လေထုမှာ ခနမျှ တည်ငြိမ်နေဟန်တူသည်။

သို့သော်လည်း မကြာမီပင် ရုန်ဟန်ကျီးရှန်း၊ အဆုံးမဲ့ပင်လယ်နှင့် ရွှမ်းယန်တို့သည် ကျီယန်မီးတောက်ကောင်းကင်သခင်ဆင့်ခေါ်ထားသည့် ကျီယန်မီးတောက်ကောင်းကင်နန်းတော်သည် မရေမတွက်နိုင်သော အစက်အပျောက်များအဖြစ် ကြေမွသွားပြီး ကောင်းကင်တွင် ပျောက်ကွယ်သွားသည်ကို မျက်မြင်တွေ့လိုက်ကြသည်။

ဤတိုက်ခိုက်မှုမှတစ်ဆင့် ကျီယန်ကိုယ်တိုင်ပင်လျှင် အပြင်းအထန်ထိခိုက်သွားပြီး သူ၏ခန္ဓာကိုယ်သည် ထက်ခြမ်းခြမ်းခံရမလိုဖြစ်သွားသည်။

“တာအိုရောင်းရင်း ကျီယန်!”

ကောင်းကင်သခင်ရွှမ်းယန်နှင့် အခြားသူများ၏ အမူအယာများမှာ သိသိသာသာပြောင်းလဲသွားသည်။

သူတို့သည် တိုက်ခိုက်မှု၏ကျန်ရှိသောစွမ်းအားတွင် ထိုကဲ့သို့ အန္တရာယ်မျိုးခိုအောင်းနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့မိပေ။

ကောင်းကင်သခင်ကျီယန်မီးတောက်က ကောင်းကင်သခင်ရွှမ်းယန်ကိုကူညီချင်သည်မှာ အံ့ဩစရာမရှိတော့ပေ။

သူသည် ကောင်းကင်သခင်ရွှမ်းယန်ကို သူ၏တာအိုအခြေခံကို ၎င်းကြောင့် မဆုံးရှုံးစေလိုပေ။

ချောင်းဆိုးသံ...

“ငါ...ငါအဆင်ပြေတယ်”

ကောင်းကင်သခင်ကျီယန်မီးတောက်သည် အပြင်းအထန်ချောင်းဆိုးလိုက်ပြီး ချောင်းသံတစ်ခုစီတွင် သွေးများအန်ထွက်လာသည်။

အခြားသူများ အလွန်အမင်းစိုးရိမ်သွားကြသည်။

ကောင်းကင်သခင်ကျီယန်မီးတောက်၏ဒဏ်ရာမှာ သူ၏အခြေခံကို ထိခိုက်မိသွားပြီဖြစ်ကြောင်း သူတို့ထက် ဘယ်သူမှပိုကောင်းကောင်းမသိပေ။

သူ၏သက်တမ်းသည် ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းကဲ့သို့ သိသိသာသာလျှော့ချခံရလောက်ပြီး ဖြစ်သည်။

မဟုတ်ပါကလည်း ထိုထက်ပိုနိုင်သည်။

“သွားကြစို့၊ မဟာတိုက်ပွဲကြီးကပြီးသွားပြီဆိုတော့ ငါတို့လည်းပျော်ရွှင်နေသင့်ပြီ။ ဒါငါတို့ ပထမဆုံး အောင်နိုင်သူတွေအနေနဲ့ နတ်ဆိုးကပ်ဘေးကို အဆုံးသတ်ခြင်းပဲ”

ကောင်းကင်သခင်ကျီယန်မီးတောက်က သူတို့သုံးယောက်ကိုပြုံးပြလိုက်သည်။

သို့သော်လည်း ထိုအချိန်တွင် သူ၏မူလအနက်ရောင်ဆံပင်မှာ နှင်းအဖြူရောင်ကဲ့သို့ ချက်ချင်း ပြောင်းလဲသွားသည်။

၎င်းသည် ကောင်းကင်သခင်ရွှမ်းယန်နှင့် ကျန်နှစ်ယောက်၏မျက်နှာထားကို ထပ်မံပြောင်းလဲစေခဲ့ပြန်သည်။

ကောင်းကင်သခင်ရွှမ်းယန်သည် ကောင်းကင်သခင်ကျီယန်မီးတောက်၏လက်ကိုဆွဲယူလိုက်ကာ သူ၏မျက်နှာထားမှာ တင်းမာသွားသည်။

ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းနှင့် ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်တို့က သူ့အား သိချင်ဇောနှင့် ကြည့်လိုက်ကြသည်။

ကောင်းကင်သခင်ရွှမ်းယန်သည် အသက်ပြင်းပြင်းတစ်ချက်ရှူကာ ပြောလိုက်သည်။

“ကောင်းကင်သခင်ကျီယန်မီးတောက်၊ ခင်ဗျားခုနဟာရဲ့ ရလဒ်ကိုကြိုသိနေခဲ့တာမလား? ကျွန်တော် ရွှမ်းယန်က ဒီကြင်နာမှုကို နှလုံးသားထဲကနေအမှတ်ရနေပါ့မယ်။ အနာဂတ်မှာ ခင်ဗျား ဒါမှမဟုတ် ကျီယန်နေနန်းတော်ကတစ်ခုခု လိုအပ်တဲ့အခါကျရင် ကျွန်တော်သေချာပေါက် အကောင်းဆုံးကြုးစားမယ်”

ထိုအအချိန်တွင် သူသည် ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“တာအိုရောင်းရင်းကျီယန်မီးတောက်က ကျွန်တော့်ကို တိုက်ခိုက်မှုကနေ ကာကွယ်ဖို့အတွက် အခြေခံဒဏ်ရာရမှုတွေကို ရင်ဆိုင်ခဲ့ရတယ်။ ပြီးတော့အခု သူ့ရဲ့သက်တမ်းက နှစ်၁၀၀အောက်လျော့နည်းသွားပြီ”

“ဘာရယ်?”

၎င်းကိုကြားကာ ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းနှင့် အဆုံးမဲ့ပင်လယ်တို့ သိသိသာသာ တုန်လှုပ်သွားကြသည်။

‌သူတို့၏ယခင်သံသယများမှာ ထိုသို့ဖြစ်နေသော်လည်း ရွှမ်းယန်ထံမှ အတည်ပြုမှုကို ကြားလိုက်ရခြင်းသည် ပူပန်မှုတစ်ခုကို ယူဆောင်လာပေးသေးသည်။

မည်သို့ပင်ဖြစ်နေပါစေ ကောင်းကင်သခင်ကျီယန်မီးတောက်သည် သူတို့နှင့်အတူ နတ်ဆိုးကပ်ဘေးနှစ်ခုကို ရင်ဆိုင်လာရသည့် ‌ရဲဘော်ရဲဘက်ဖြစ်သည်။

ဤတစ်ကြိမ်အပါအဝင်ဆိုလျှင် သုံးကြိမ်ရှိပြီဖြစ်သည်။

သူတို့ကြားရှိ သံယောဇဉ်သည် အများနားလည်နိုင်ခြင်း သို့မဟုတ် စိတ်ကူးယဉ်နိုင်ခြင်းထက်ပိုပေသည်။

ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်က ပြောလိုက်သည်။

“ငါ့မှာ မင်းရဲ့သက်တမ်းကို နှစ်၅၀၀တိုးမြှင့်ပေးနိုင်နဲ့ သစ်သီးကောင်းနှစ်လုံးရှိတယ်။ ငါအဲ့ဒါတွေကို မင်းကိုပေးမယ်”

ကောင်းကင်သခင်ကျီယန်မီးတောက်က ပြုံးကာ လက်ခါလိုက်သည်။

“မင်းအဲ့ဒါတွေကို တာအိုရောင်းရင်းရုန်ဟန်ကျီးရှန်းကို ပေးလို့ရတယ်။ သူကသူ့သက်တမ်းရဲ့ အရေးပါတဲ့ပမာဏတစ်ခုကို ဒီတိုက်ပွဲမှာ ဆုံးရှုံးသွားတာ။ ငါ့အတွက်က မလိုပါဘူး။ မင်းဖို့မင်းပဲ သိမ်းထားလိုက် ငါ့အတွက်မဖြုန်းတီးပစ်နဲ့”

“မင်းဘာကိုဆိုလိုတာလဲ?”

အဆုံးမဲ့ပင်လယ်က မေးလိုက်သည်။

ရုန်ဟန်ကျီးရှန်းနှင့် ရွှမ်းယန်ထျန်ကျွင်းတို့၏ အမူအယာများမှာ တည်ငြိမ်လေးနက်သွားကြသည်။

ကောင်းကင်သခင်ကျီယန်မီးတောက်က အေးဆေးစွာ ပြောလိုက်သည်။

“ငါကဒီတစ်ကြိမ်အလှည့်ရဲ့ နိယာမအရ ဒဏ်ရာရသွားတာ။ ငါ့ရဲ့ခန္ဓာကိုယ်ထဲက အမည်ဗေဒစွမ်းအားတွေကို မဖယ်ထုတ်နိုင်ဘဲနဲ့တော့ ငါ့ရဲ့သက်တမ်းကိုမြှင့်တင်နိုင်မယ့် ဝိညာဉ်ပစ္စည်းတွေ ဘယ်လောက်ပဲရှိရှိ အသုံးဝင်မှာမဟုတ်ဘူး”

“နိယာမကြောင့်ဒဏ်ရာရသွားတာ?”

ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်နှင့် အခြားသူများ၏စိတ်နှလုံးများ တင်းကျပ်သွားခဲ့သည်။

သူတို့သည် ကောင်းကင်သခင်ကျီယန်မီးတောက်၏ဒဏ်ရာများမှာ နိယာမများနှင့် ဆက်စပ်နေလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။

အဟုတ်ပင်။

ယခုအဖြူရောင်ကျောက်စိမ်းလက်ဖဝါးပုံရိပ်၏ စွမ်းအားနှင့်ဆိုလျှင် ၎င်းတွင် နိယာမအားအချို့ ပါဝင်သည်မှာ ပုံမှန်ပင်ဖြစ်သည်။

မည်သို့ပင်‌ဖြစ်စေ ဤအခြေအနေတွင်...

ကောင်းကင်သခင်ကျီယန်မီးတောက်ပြောကြားသည်မှာ အမှန်ပင်ဖြစ်သည်။

သူ၏ခန္ဓာကိုယ်ထဲရှိ အမည်ဗေဒစွမ်းအားများကို မဖယ်ရှားနိုင်ပါက ဝိညာဉ်ပစ္စည်းမည်မျှပင် စားသုံးပါစေ အချည်းနှီးသာဖြစ်လိမ့်မည်။

သို့သော်လည်း အနှစ်သာရကိုးပါး၏ လက်ရှိကျင့်ကြံရေးလောကတွင် နိယာမ၏စွမ်းအားများကို ဖယ်ရှားနိုင်သည့်သူ မရှိသေးပေ။

အကြောင်းမှာ ကျင့်ကြံသူတစ်ယောက်အတွက် ထိုကဲ့သို့စွမ်းရည်မျိုးကို ပိုင်ဆိုင်နိုင်ရန်ပြီးပြည့်စုံသည့်နိယာမများကို နားလည်သဘောပေါက်နိုင်ဖို့အတွက် သူ၏ကျင့်စဥ်သည် ဗလာနယ်ပြန်အဆင့်သို့ ရောက်ရှိရန် လိုအပ်သည်။

အခြားနည်းလမ်းမရှိပေ။

ထိုအချိန်တွင် ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်း၊ ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်နှင့် ကောင်းကင်သခင်ရွှမ်းယန်တို့သည် မသက်မသာအမူအယာများ ဖြစ်သွားခဲ့ကြသည်။

သို့သော်လည်း ကောင်းကင်သခင်ကျီယန်မီးတောက်မှာ ဂရုစိုက်ဟန်ပင်မပေါ်ချေ။

သူသည် ပြုံးလျက်ပင်ရှိကာ ပြောလိုက်သည်။

“မင်းတို့ရဲ့ နှစ်ပေါင်းများစွာကျင့်စဉ်တွေပြီးတဲ့နောက်မှာ ဘဝရဲ့မမြဲခြင်းဆိုတာကို မဖြတ်သန်းဖူးဘူးလား? သွားရအောင် အငယ်တွေကိုစောင့်နေရအောင်မလုပ်ကြနဲ့။ ငါတို့ နောက်ဆက်တွဲတွေနဲ့ အများကြီးကိုင်တွယ်ဖြေရှင်းဖို့ ရှိတယ်”

ထိုစကားလုံးများနှင့်အတူ ကောင်းကင်သခင်ကျီယန်မီးတောက်သည် နိုဗာရေပြင်ဆီသို့ ပထမဆုံး ဆင်းသက်သွားခဲ့သည်။

ကျန်သုံးယောက်သည် အကြည့်ချင်းဖလှယ်လိုက်ကာ ဘုံကိုးခုနယ်မြေကို ထွက်ခွာလျက် နောက်မှ လိုက်လာခဲ့ကြသည်။

....

ထိုအချိန်တွင် နိုဗာရေပြင်၌

ကျောက်စိမ်းလက်ဖဝါးပုံရိပ်၏ ပျောက်ကွယ်သွားမှုနှင့်အတူ ပင်လယ်ကွေ့အနီးနားတွင် ထွက််ပေါ်လာသည့် နက်မှောင်သော မီး‌တောက်များသည် လုံးဝပျောက်ကွယ်သွားပေသည်။

ထို့ပြင် အနက်ရောင်အက်ကွဲကြောင်းများပြနေသည့် အခြားနယ်မြေများမှာလည်း ပုံမှန်ပြန်ဖြစ်သွားပြီး ဝရုန်းသုန်းကားဖြစ်ရပ်များ၏ အဆုံးသတ်ကို ပြသနေသည်...

***

All Chapters