ကျီယန်မီးတောက်က အပြင်းအထန် ထိခိုက်ထားတယ်၊ နတ်ဆိုးကပ်ဘေးတိုက်ပွဲ၏အဆုံးသတ်များ(၂)
Vol. 31 Ch. 584
ကမ္ဘာလောကအတွင်းရှိ နတ်ဆိုးချီများပင်လျှင် စတင်ပါးလျလာပြီး ပျောက်ကွယ်တော့မည့် လက္ခဏာများပြသနေသည်။၎င်းသည် လူသားမျိုးနွယ်အတွက် နတ်ဆိုးကပ်ဘေး၏အဆုံးသတ်ကို သတ်မှတ်သည်။ ထိုအခြေအနေကြောင့် ကျန်းချန်ရွှမ်နှင့် အခြားသူများကို စိတ်သက်သာမှုဖြင့် သက်ပြင်းချစေခဲ့သည်။
သူတို့သည် လာမည့်နှစ်၁၂၀၀အတွင်း ထိုကဲ့သို့ကပ်ဘေးတစ်ခုထပ်မံ ဖြစ်ပွားတော့မည်မဟုတ်ကြောင်း အခိုင်အမာပြောနိုင်သည်။
ဘုံကိုးခုနယ်မြေဆီသို့ကြည့်ကာ သူတို့သည် ခံ့ညားဖွယ်ပုံရိပ်လေးခုကို မြင်လိုက်ကြသည်။
ထိုသူတို့မှာ ကောင်းကင်သခင်ကျီယန်မီးတောက်၊ ကောင်းကင်သခင်ရုန်ဟန်ကျီးရှမ်း၊ ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်နှင့် ကောင်းကင်သခင်ရွှမ်းယန်တို့ ဖြစ်ကြသည်။
သို့သော်လည်း ကောင်းကင်သခင်ကျီယန်မီးတောက်၏ အဖြူရောင်ဆံပင်နှင့် သူ့ဆီမှ ပျက်စီးယိုယွင်းစွာထုတ်လွှတ်နေသည့် အော်ရာတို့၏မြင်ကွင်းသည် လူတိုင်းကို နက်နက်ရှိုင်းရှိုင်းဝမ်းနည်းသွားစေသည်။
၎င်းမှာ သူသည် တိုက်ပွဲအတွင်း စိုးရိမ်ဖွယ်ဒဏ်ရာတစ်ခု ကြုံတွေ့ခဲ့ရခြင်း၏ သက်သေဖြစ်သည်။
ရလဒ်အနေဖြင့် သူ့တွင် သက်တမ်းများများစားစားမကျန်တော့ပေ။
“ဆရာ ဆရာက...”
စံသခင်ဖုန်းယွင်နှင့် ကျီယန်နေနန်းတော်မှ ကျင့်ကြံသူများ ချက်ချင်းပျံသန်းလာကြသည်။ သူတို့သည် ကောင်းကင်သခင်ကျီယန်မီးတောက်ကို စိုးရိမ်တကြီး ကြည့်လိုက်ကြသည်။
သို့သော်လည်း ကောင်းကင်သခင်ကျီယန်မီးတောက်က ပြုံးကာ သူတို့အား ခေါင်းခါပြလိုက်သည်။
“အဆင်ပြေတယ် ငါအဆင်ပြေပါတယ်”
စကားပြောနေစဉ်တွင် သူသည် ကျန်းချန်ရွှမ်ကို အပြုံးတစ်ခုဖြင့်ကြည့်လိုက်ကာ အားရကျေနပ်မှုဖြင့် ပြောဆိုလိုက်သည်။
“လူငယ်လေးကျန်း အဲ့ဒီနေ့က မင်းနဲ့ပက်သက်ပြီး ငါမှန်ခဲ့တယ်။ မင်းကငါတို့အားလုံးကို စိတ်မပျက်စေဘူးပဲ”
သူစကားပြော၍ပြီးဆုံးသွားသည်နှင့် ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်း၊ ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်နှင့် ကောင်းကင်သခင်ရွှမ်းယန်တို့သည် ကျန်းချန်ရွှမ်ကို လှည့်ကြည့်လိုက်ကြသည်။ သူတို့အားလုံးသည် သူ့အား အလွန်တည်ငြိမ်လေးနက်သည့်အမူအယာတစ်ခုဖြင့် ခေါင်းညိတ်ပြလိုက်ကြသည်။
အသေအချာပင်...
သူတို့သုံးယောက်သည်လည်း ကောင်းကင်သခင်ကျီယန်မီးတောက် မှန်ကန်ကြောင်း သိလိုက်ကြသည်။ ကျန်းချန်ရွှမ်သည် သူတို့၏ယုံကြည်မှုနှင့်ထိုက်တန်ကြောင်း ကိုယ်တိုင်သက်သေပြခဲ့သည်။
လူသားမျိုးနွယ်က ဤနတ်ဆိုးကပ်ဘေးကို အနိုင်ရသည့်အကြောင်းရင်းမှာ ကျန်းချန်ရွှမ်ကြောင့် အပြည့်အဝဖြစ်သည်ဟုပြောလျှင် ချဲ့ကားပြောဆိုနေမှုတစ်ခု မဟုတ်ပေ။
သူသာ အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူတစ်ရာကျော်ကို သတ်ဖြတ်ရန် အားလုံးကိုဦးမဆောင်ခဲ့ပါက၊ သူသာ များစွာသော အဓိကအစီအရင်သော့ချက်တွေကို မကိုင်တွယ်ခဲ့ပါက၊ လူသားမျိုးနွယ်သည် ဤနတ်ဆိုးကပ်ဘေးကို အနိုင်ယူရန်မှာ မဖြစ်နိုင်ပေ။
“စီနီယာကျီယန်မီးတောက်၊ စီနီယာက ကျွန်တော့်ကို အထင်ကြီးနေတာပဲ”
ကျန်းချန်ရွှမ်က သူ၏ခေါင်းကိုခါလိုက်သည်။
“ကျွန်တော်တို့ ဒီနတ်ဆိုးကပ်ဘေးကို နိုင်ရတဲ့အဓိကအကြောင်းရင်းက စီနီယာတို့ရဲ့ ကိုယ်ကျိူးမငဲ့တဲ့ စွန့်လွှတ်မှုတွေကြောင့်ပါ။ စီနီယာတို့သာ ကျွန်တော်တို့အားလုံးအတွက် ဝိညာဉ်တည်ဆောက်ခြင်းနတ်ဆိုးအရှင်တွေကို မတားဆီးပေးခဲ့ရင် ကျွန်တော်တို့ ဘယ်လောက်ပဲ လုပ်နိုင်စွမ်းရှိနေပါစေ တစ်စုံတစ်ခုပြုလုပ်ဖို့ မဖြစ်နိုင်တော့ဘူး”
ကျန်းချန်ရွှမ်သည် ဤတိုက်ပဲတွင် သူ၏အခန်းကဏ္ဍကို အပြည့်အဝနားလည်သဘောပေါက်သော်လည်း အောင်နိုင်မှုသည် ကောင်းကင်သခင်လေးယောက်အပေါ်တွင် မူတည်နေသေးကြောင်းလည်းသိရှိသည်။
နတ်ဆိုးအရှင်ခုနစ်ယောက်ကို ကူညီတားဆီးပေးခဲ့သူမှာ သူတို့ဖြစ်သည်။
သူတို့တွင်သာလျှင် သူတို့၏အစီအစဉ်ကို အကောင်အထည်ဖော်နိုင်မည့် အလားအလာရှိပေသည်။ ထိုမှသာလျှင် လူသားမျိုးနွယ်၏အကူအညီက အားသာလာပေလိမ့်မည်။ ထိုအချိန်တွင်မှ လူသားမျိုးနွယ်အနိုင်ရမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အောင်နိုင်သွားခဲ့သော်လည်း ဆုံးရှုံးမှုများမှာ ကြောက်ခမန်းလိလိဖြစ်သည်။
ပထမဆုံးအနေဖြင့် ကောင်းကင်သခင်ကျီယန်မီးတောက်၏ ထိခိုက်မှုဖြစ်သည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သူ၏သက်တမ်းစွမ်းအားမှာ လျင်မြန်စွာလောင်ကျွမ်းနေသည်ကို အသေအချာခံစားမိခဲ့ကြသည်။ ဤနှုန်းနှင့်ဆိုလျှင် သူနောက်ထပ်နှစ်၁၀၀ရှင်သန်ဖို့ပင် အလားအလာမရှိတော့ချေ။ ၎င်းသည် မြောက်ဘက်နယ်စပ်ရှိ လူသားမျိုးနွယ်၏ စွမ်းအားစုစုပေါင်းတွင် ရှည်ကြာသောအချိန်ကာလတစ်ခုအထိ အရေးပါသောဆုတ်ယုတ်မှုတစ်ခုဖြစ်သည်ဟု ဆိုလိုနေသည်။
သူတို့တွင် ဝိညာဉ်တည်ဆောက်ခြင်းကောင်းကင်သခင်သုံးယောက်ရှိသေးသော်လည်း ကောင်းကင်သခင်ရွှမ်းယန်မှာ အသစ်စက်စက်ဖြစ်နေပြီး ကောင်းကင်သခင်ကျီယန်မီးတောက်နှင့် တူညီသောအဆင့်တွင်မရှိချေ။
သူ့တွင် အနာဂတ်၌ များစွာသောအလားအလာများ ရှိနေသေးလျှင်တောင် လက်ရှိစွမ်းအားအရဆိုလျှင် ကျော်လွှား၍မရနိုင်သော ကွာခြားချက်တစ်ခု ရှိသေးသည်။
ထို့ပြင် တိုက်ပွဲတွင် ထိခိုက်လာသည်မှာ ကောင်းကင်သခင်ကျီယန်မီးတောက် တစ်ယောက်တည်းမဟုတ်ပေ။ ကောင်းကင်သခင်လေးယောက်စလုံးသည် မတူညီသောပမာဏများဖြင့် ထိခိုက်ခဲ့ကြသည်။ သို့သော်လည်း သူတို့နှင့်ယှဉ်လျှင် ကောင်းကင်သခင်ကျီယန်မီးတောက်မှာ အပြင်းထန်ဆုံးဖြစ်သည်။
နောက်တစ်ယောက်မှာ ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းဖြစ်သည်။
ယခင်က အဆုံးအဖြတ်ပေးသည့်အချိန်တစ်ခုတွင် သူသည် သူ၏ကိုယ်ပိုင်မူလရတနာစင်စစ်ကို လနတ်ဆိုးကို သတ်ဖြတ်ရန် စွန့်လွှတ်ခဲ့ရသည်။
သူကဲ့သို့ ကောင်းကင်သခင်တစ်ယောက်အနေဖြင့် ကိုယ်ပိုင်မူလရတနာစင်စစ်ကို ဖျက်စီးခြင်းသည် နက်နက်ရှိုင်းရှိုင်းအကျိုးသက်ရောက်ကာ အကြီးအကျယ်ထိခိုက်ပျက်စီးစေသည့် ဆောင်ရွက်ချက်တစ်ခု ဖြစ်သည်။
နောက်ထပ်ရာစုနှစ်အနည်းငယ်တွင် ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းသည် သူ၏စွမ်းအားအပြည့်ကို ဆက်လက်အသုံးမချနိုင်တော့ဘဲ သူ၏တိုက်ပွဲစွမ်းအားအထွတ်ထိပ်ကိုလည်း ထုတ်လွှတ်နိုင်တော့မည်မဟုတ်ကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။
နောက်ထပ်ရာစုနှစ်အနည်းငယ်အတွင်းရှိ လူသားမျိုးနွယ်၏ အခြေအနေသည် အမှန်တကယ်ပင် ယုံကြည်စိတ်မချနိုင်တော့ပေ။
ဤကာလအတွင်း ဝိညာဉ်တည်ဆောက်ခြင်း ကောင်းကင်သခင်အသစ်တစ်ယောက်ပေါ်မလာနိုင်သရွေ့ဖြစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ် ကိစ္စတစ်ခုက ဘယ်လိုလုပ်အဲ့လောက်လွယ်ကူမှာလဲ?
ကျန်းချန်ရွှမ်နှင့် သူ၏တာအိုတွဲဖက် ရှန်းရူယန်ပင်လျှင် ခိုင်ခိုင်မာမာယုံကြည်ချက်မရှိပေ။
ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် အနှစ်သာရကိုးပါးသေမျိုးလောကမှ ထွက်ခွာတော့မည့် နတ်ဆိုးကျင့်ကြံသူကိုကြည့်ကာ ကောင်းကင်သခင်လေးယောက်ကို ပြောလိုက်သည်။
“စီနီယာတို့၊ ကျွန်တော်တို့လူသားမျိုးနွယ်က ဒီနတ်ဆိုးကပ်ဘေးကို အနိုင်ရသွားပြီ ဆိုပေမယ့်လည်း ဘယ်လိုပဲဖြစ်ဖြစ် တဝဲလည်လည်လုပ်နေကြတဲ့ အဝေးက နတ်ဆိုးကျင့်ကြံသူအကြွင်းအကျန်တွေလည်း ကျန်ရှိနေတုန်းပဲ။ သူတို့ကို သွားရောက်အမြစ်ဖြတ်ဖို့နဲ့ ဒီတိုက်ပွဲရဲ့ နောက်ဆုံးအဆုံးသတ်ကို ပြုလုပ်ဖို့ ကျွန်တော်တို့ကို ခွင့်ပြုပါ”
ကျန်းချန်ရွှမ်၏ စကားများကိုကြားကာ ကောင်းကင်သခင်လေးယောက်က ပြုံးလျက် ခေါင်းညိတ်လိုက်ကြသည်။
“သွားလေ၊ ဂရုစိုက်ဖို့တော့သတိရဦး”
“ဟုတ်ကဲ့”
ကျန်းချန်ရွှမ်နှင့် အခြားသူများသည် အမိန့်ကို လက်ခံလိုက်သည်။
........
ထိုအချိန်တွင်
ကျ်းနချန်ရွှမ်၊ ရှန်းရူယန်၊ စုချင်းချန်နှင့် အခြားသူများသည် အခြေတည်ဝိညာဉ်ကျင့်ကြံသူ အုပ်စုတစ်ခုနှင့် ကျန်ရှိသော နတ်ဆိုးကျင့်ကြံသူကို ရှင်းလင်းရန် စစ်တပ်တစ်ခုကို ဦးဆောင်ခဲ့ကြသည်။
ဤအမြစ်ဖြတ်သုတ်သင်မှုသည် နှစ်ပေါင်းအတော်ကြာ ကြာမြင့်ခဲ့သည်။
ကျန်းချန်ရွှမ်နှင့် အခြားသူများသည် သူတို့ရှာတွေ့သမျှ ကျန်ရှိသော နတ်ဆိုးကျင့်ကြံသူအားလုံးကို အဆုံးသတ်ပြီးနောက် နတ်ဆိုးကပ်ဘေးတိုက်ပွဲသည် တရားဝင် အဆုံးသတ်သို့ ရောက်ရှိလာခဲ့သည်။
ထိုအချိန်တွင် လူတိုင်းသည် လျှို့ဝှက်ဆန်းကြယ်သောအော်ရာတစ်ခုကို သူတို့အပေါ်၌ ခံစားမိလိုက်သည်။
သူတို့တော်တော်များများတွင် ဤထူးဆန်းသောအော်ရာ၏ အကျိုးသက်ရောက်မှုသည် သူတို့၏ကျင့်စဉ်၌ ကျော်ဖြတ်မှုတစ်ခုရှိပြီး ဖြစ်သည်။
ဥပမာအားဖြင့် နှင်းပန်းပွင့်စံသခင်၊ ကြယ်ပင်လယ်စံသခင်၊ စံသခင်ကျယ်ပြောခြင်းမြစ်နှင့် အခြေတည်ဝိညာဉ်အလယ်ဆင့်မှ အခြေတည်ဝိညာဉ်နောက်ဆုံးအဆင့်သို့ တက်လှမ်းလာခဲ့သည့် တောင်ဘက်ပင်လယ်မှ သေမျိုးနှစ်ယောက်ပါဝင်သည်။
ထန်ပိုင်ရှန်းကဲ့သို့ အခြေတည်ဝိညာဉ်အစောပိုင်းအဆင့်ပင်လျှင် အခြေတည်ဝိညာဉ်အလယ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
ထို့ပြင် လူတိုင်း၏အခြေခံအုတ်မြစ်များသည် နှိုင်းယှဉ်၍မရအောင် တည်ငြိမ်ခိုင်မာသွားသည်။
ထို့အပြင် ၎င်းမှာ အစသာရှိသေးသည်။
အနာဂတ်တွင် သူတို့ကျင့်ကြံလိုက်သည်နှင့် ဤအော်ရာသည် ကြီးမားသောကဏ္ဍတစ်ခုမှ ပါဝင်လာနိုင်သည်။
၎င်းမှာ တိုတောင်းသောအချိန်တစ်ခုသာ ရှိသေးသည်ဟု ဆိုလျှင် ချီးကျူးပြောဆိုမှုတစ်ခုမဟုတ်ပေ။
သို့သော်လည်း ချီသန့်စင်ခြင်းမှ အခြေတည်အဆင့်သို့ ကျော်ဖြတ်မှုတစ်ခုပြုလုပ်ခဲ့သည့် မရေတွက်နိုင်သော ကျင့်ကြံသူများရှိကြသည်။
ဝိညာဉ်တည်ဆောက်ခြင်းကောင်းကင်သခင်များပင်လျှင် ကြီးမားသောအကျိုးကျေးဇူးများ ရရှိခဲ့သည်။
မူလယန်သန့်စင်ခြင်းရတနာစင်စစ်ကို ကိုယ်တိုင်ဖျက်စီးမှုကြောင့် ကြုံတွေ့ခဲ့ရသည့် ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်း၏ ဒဏ်ရာများသည်လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာသည်။
ကောင်းကင်သခင်ရွှမ်းယန်တို့နှင့် ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်တို့သည်လည်း အဆင့်ကျော်ဖြတ်မှုကို ပြုလုပ်နိုင်မည့် အခွင့်အအခွင့်အရေးတစ်ခုကို အာရုံခံမိလိုက်ကြသည်။
ကောင်းကင်သခင်ကျီယန်မီးတောက်၏ ဒဏ်ရာများသာ တိုးတက်ကောင်းမွန်လာမှုမရှိခြင်း ဖြစ်သည်။
သို့သော်လည်း သူ၏အဆီအနှစ်နှင့် ဝိညာဉ်ချီတို့သည် သူ၏သက်တမ်းတစ်လျှောက်လုံးတွင်အထွတ်ထိပ်၌ ကျန်ရှိနေပေသည်။
၎င်းတို့သည် သူသေဆုံးသွားသည့်နေ့မှသာလျှင် ပျောက်ကွယ်သွားမည်ဖြစ်သည်။
.......
ကျန်းနိုင်ငံ၊ မှော်ဝင်တိုင်တောင်၏ ရွှမ်းမင်တောင်ထွတ်တွင်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ကျင့်ကြံနေသည့်ဂူအိမ်၏တံခါးသည် ဖြည်းဖြည်းချင်းပွင့်လာသည်။
ထိုအချိန်တွင်၊ နတ်ဆိုးကပ်ဘေးအဆုံးသတ်မှစတင်လျှင် နှစ်အတော်ကြာကုန်လွန်သွားပြီဖြစ်သည်။
ဤနှစ်များအတွင်း၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် နောက်ထပ်အဆင့်ကျော်ဖြတ်မှုတစ်ခုပြုလုပ်ကာ အခြေတည်ဝိညာဉ်အဌမအဆင့်သို့ ရောက်ရှိသွားကြသည်။
ထပ်ပေါင်းအနေဖြင့် သူတို့သည် ဤတိုက်ပွဲမှရရှိခဲ့သည့် ဆုလာဒ်များနှင့် သူတို့၏ကိုယ်ပိုင် စုဆောင်းမှုများကို များပြားသောကျင့်စဥ်ရင်းမြစ်အများကို အောင်မြင်စွာသန့်စင်နိုင်ရန် အသုံးပြုခဲ့သည်။
ထိုအထဲတွင် မည်သည့်ရွှေအမြုတေကျင့်ကြံသူကိုမဆို သည်းကြီးမဲကြီးတိုက်ခိုက်စေရမည့် အခြေတည်ဝိညာဉ်ကျင့်စဉ်ဆေးပြားများနှင့် အခြေတည်ဝိညာဉ်ငွေ့ရည်ဖွဲ့ဆေးပြားများ ပါဝင်သည်။
ထို့ပြင် ထူးခြားသောအကျိုးသက်ရောက်မှုများနှင့် ပဉ္စမအဆင့်ရတနာစင်စစ်အတော်များများလည်းရှိသည်။
“ဂုဏ်ပြုပါတယ် ဆရာ၊ ဆရာ့ရဲ့ကျင့်စဉ်က ထပ်ပြီးတော့ အဆင့်တက်သွားပြန်ပြီ။ ဆရာ ဝိညာဉ်တည်ဆောက်ခြင်းအတွက် ခြေတစ်လှမ်းနီးလာပြန်ပြီ”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ဂူအိမ်မှထွက်လာသည်နှင့်တစ်ပြိုင်နက် အပြင်ဘက်တွင်စောင့်ကြပ်နေသည့် ကျန်းအန်းရန်က ချက်ချင်းပြုံးကာ ခေါင်းညိတ်ပြလိုက်သည်...
***