← Chapters

စစ်ပြီးအရေးကိစ္စများ၊ စုချင်းချန်၏လာ‌ရောက်လည်ပတ်မှု(၂)

Vol. 31 Ch. 586

စစ်ပြီးအရေးကိစ္စများ၊ စုချင်းချန်၏လာ‌ရောက်လည်ပတ်မှု(၂)

Vol. 31 Ch. 586

အဆင့်တက်လှမ်းမှုတွင် ကျရှုံးခြင်းမှာ သဘာဝပင်ဖြစ်သည်။

ရှန်းပိုင်ဖေးအတွက်မူ သူ၏အစောပိုင်းနှစ်များ၏ များစွာသောသဘောထားကွဲလွဲမှုများသည် အတွင်းဒဏ်ရာများကို ဖြစ်ပေါ်စေကာ သူ၏ရုပ်ပိုင်းဆိုင်ရာအခြေအနေကို ထိခိုက်စေခဲ့သည်။

သူ၏အသက်၊ စိတ်ခွန်အား၊ စိတ်အခြေအနေနှင့် သူ၏ဝိညာဉ်စွမ်းအင်၏ စွမ်းအားတို့သည် အောင်မြင်သောအဆင့်ကျော်ဖြတ်မှုတစ်ခုအတွက် လိုအပ်သည့် အထွတ်ထိပ်အခြေအနေတစ်ခုသို့ ရောက်ရှိရန် သူ့အားခက်ခဲစေခဲ့သည်။ သက်တမ်းတိုးချဲ့ခြင်းသက်စောင့်ဆေးများနှင့် ဆိုလျှင်တောင် ချို့တဲ့မှုအနည်းငယ်ကို အစားထိုးရန် ခက်ခဲနေပေသည်။

အမှန်ပင်၊ အရေးအကြီးဆုံးအကြောင်းရင်းမှာ မည်သို့ပင်ဖြစ်နေ‌ပါစေ အခွင့်အရေးအားနည်းမှုသာဖြစ်သည်။

သူနှင့်စာလျှင် ရှန်းယွမ်လုံသည် ယခင်က ပိုမိုဆိုးရွားသည့်အခြေအနေတွင် ရှိခဲ့ကြောင်း ဂရုပြုနိုင်သည်။ သို့သော်လည်း အဆုံးတွင် သူသည် အမြုတေတည်ဆောက်ခြင်းကို အောင်မြင်ခဲ့သည်။

ဒါကဘာကိုဆိုလိုတာလဲ?

ရှန်းယွမ်လုံ၏ကံနှင့် အခွင့်အရေးများသည် ရှန်းပိုင်ဖေး၏ ချို့ယွင်းချက်များကို အစားထိုးနေခြင်းထက် များစွာသာလွန်နေကြောင်း ထင်ရှားစေခဲ့သည်။ ကံကြမ္မာနှင့် အခွင့်အရေးတို့၏ နားလည်ရခက်ခဲသောသဘာဝသည် နောက်ဆုံးအဆင့်မတိုင်ခင်ထိ ရလဒ်များကို ကြိုတင်မခန့်မှန်းနိုင်အောင် ပြုလုပ်ခဲ့သည်။ ၎င်းမှာ ကံတရား၏ ပြဿနာသာဖြစ်သည်။

အခြားအမျိုးမျိုးသောကိစ္စရပ်များကို ဆွေးနွေးပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ရက်အနည်းငယ်ကြာပြီးသည့်နောက်တွင် ရှန်းရူရွှမ်နှင့် ရှန်းပိုင်ဖေးတို့ကိုတွေ့ဆုံရန် ရှန်းမျိုးနွယ်စုသို့ သွားရောက်လည်ပတ်ခဲ့သည်။

.....

ထို့နောက်တွင်

သူတို့သည် ကန်းယန်ဂိုဏ်းသို့ ကိုယ်တိုင်သွားကာ ကျန်းပိုင်လုံဆီသို့ အခြေတည်ဝိညာဉ်ကျင့်စဉ်ဆေးပြားနှင့် အခြေတည်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းဆေးပြားတို့ကို ပေးအပ်ခဲ့သည်။

ထိုအချိန်တွင် ကျန်းပိုင်လုံ၏ကျင့်စဉ်သည် အခြေတည်ဝိညာဉ်နဝမအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ သို့သော်လည်း သူ၏အဆိုအရ သူ့တွင် အခြေတည်ဝိညာဉ်သို့တက်လှမ်ရန် ယုံကြည်ချက်သိပ်မရှိလှပေ။ အခြေတည်ဝိညာဉ်ကျင့်စဉ်ဆေးပြားနှင့် အခြေတည်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းဆေးပြားကဲ့သို့ ရတနာများသည် သူ၏လက်ထဲတွင် အချည်းနှီးသာဖြစ်လိမ့်မည်။

သို့သော်လည်း ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ကျေးဇူးတင်သည့်အနေဖြင့် သူ့အား ရတနာများကို ပေးအပ်လိုနေသည်။

ကျန်းပိုင်လုံသည် တစ်ချိန်က သူတို့အားကာကွယ်ပေးခဲ့ဖူးသည့် ကိစ္စမှလွဲ၍ အခြားအကြောင်းရင်းမရှိပေ။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ကျန်းမျိုးနွယ်စုသို့ ပြန်လာသောအခါ မျိုးနွယ်စုခေါင်းဆောင်ကျန်းရန်ယီသည် ချက်ချင်း‌လာရောက်ကာ သူတို့နှစ်ယောက်နှင့် ပြုလုပ်ရမည့်ကိစ္စအားလုံးကို အစီရင်ခံခဲ့သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က သဘောတူစွာ ခေါင်းညိတ်လိုက်သည်။

“ကောင်းကောင်းဆက်လုပ်ထား၊ မင်းတစ်ခုခုမသေချာတာမျိုးရှိလို့ရှိရင် ငါတို့ကိုပြောလို့ရတယ်”

ရုတ်တရက် လင်မယားနှစ်ယောက်သည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်ကာ သူတို့၏အကြည့်များကို ကောင်းကင်ဆီသို့ လွှဲပြောင်းလိုက်သည်။

ထိုနေရာတွင်၊ တင့်တယ်သောပုံရိပ်တစ်ခုသည် သူတို့၏နေရာသို့ လျင်မြန်စွာ ချဉ်းကပ်လာသည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ထိုလာရောက်သူကို သတိပြုမိသွားကာ နှစ်‌ယောက်စလုံး ပြုံးလိုက်ကြသည်။

ရှန်းရူယန်က မှတ်ချက်ပြုလိုက်သည်။

“ယောက်ျား ကျွန်မတို့စောင့်နေခဲ့ရတဲ့အအရာကို နောက်ဆုံးတော့ရသွားပြီနဲ့တူတယ်”

“ဟုတ်တယ်”

ကျန်းချန်ရွှမ်ကလည်း ပြုံးကာ ခေါင်းညိတ်လိုက်သည်။

“သွားကြစို့၊ အထင်ကြီးရတဲ့ဧည့်သည်တစ်ယောက် လာရောက်တာမျိုးကရှားတယ်။ အရင်ဆုံးသွားပြီး သူ့ကိုကြိုဆိုလိုက်ရအောင်”

ကိစ္စအချို့အား ကျန်းရန်ယီအား ညွှန်ကြားပြီးသည့်နောက်တွင် သူနှင့် ရှန်းရူယန်တို့သည် ဧည့်သည်ကို တွေ့ဆုံရန် ထွက်လာခဲ့ကြသည်။

လာရောက်လည်ပတ်သူမှာ နတ်ဆိုးကပ်ဘေးတိုက်ပွဲအတွင်း သူတို့၏ရဲဘော်ရဲဘက်ဖြစ်ပြီး ယခုမူရုန်ဟန်နန်းတော်၏ မဟာအကြီးအကဲတစ်ယောက်ဖြစ်ကာ ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်း၏ အနီးကပ်ဆုံးတပည့်တစ်ယောက်လည်းဖြစ်သည့် စုချင်းချန်ဖြစ်သည်။

စုချင်းချန်သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ရောက်လာသည်ကိုမြင်သည်နှင့် သူမ၏ပျံသန်းမှုကိုအရှိန်လျှော့ကာ အပြုံးတစ်ခုနှင့် အရိုအသေပေးမှုတစ်ခုဖြင့် သူတို့ကို နှုတ်ဆက်လိုက်သည်။

“တာအိုရောင်းရင်းကျန်း တာအိုရောင်းရင်းရှန်း၊ မတွေ့ရတာတောင်ကြာပြီ။ ရှင်တို့အဆင်ပြေကြလား?”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ပြန်လည်အရိုအသေပြုကာ ပြုံးလိုက်ကြသည်။

“နတ်သမီးစူးရဲ့ကောင်းမွန်သောဆုတောင်းတွေအတွက် ကျေးဇူးတင်ပါတယ်။ ငါတို့အဆင်ပြေပါတယ်။ မင်း ငါတို့အိမ်ကို ဘာလို့ ခနလောက်မလိုက်ခဲ့တာလဲ?”

၎င်းကိုကြားကာ စုချင်းချန်က မငြင်းဆိုခဲ့ပေ။ သူမသည် ချက်ချင်း ပြုံးကာ ခေါင်းညိတ်လိုက်သည်။

“ဒါဆိုရင်လည်း ကျွန်မဟိတ်ဟန်တွေလုပ်မနေတော့ပါဘူး။ ရှင်တို့နှစ်ယောက်ကို နှောင့်ယှက်မိတာ အားနာပါတယ်”

စကားပြောရင်း သူတို့သုံးယောက်သည် တစ်ချိန်တည်း ဆင်းသက်လာကြသည်။

ထို့နောက်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏လမ်းပြမှုအောက်၌ သူတို့၏ ဧည့်ဆောင်ခန်းမသို့ ရောက်ရှိခဲ့ကြသည်။

ကျန်းမျိုးနွယ်စုတပည့်တစ်ယောက်က ဝိညာဉ်လက္ဘက်ရည်ကိုချကာ ထွက်ခွာသွားပြီးနောက် စုချင်းချန်သည် စာတစ်စောင်ကိုထုတ်ယူလိုက်ကာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ဆီသို့ ပေးလိုက်သည်။

“ဒါက ကျွန်မရဲ့ဆရာကိုယ်တိုင်ရေးပေးထားတဲ့ ထောက်ခံစာစောင်ပဲ။ ဒီစာနဲ့ဆိုရင် ရှင်တို့ အရှေ့ဘက်ဆုံးက လျှို့ဝှက်နေဝင်ချိန်ဂိုဏ်းကို တိုက်ရိုက်ဝင်ရောက်လို့ရပြီးတော့ နယ်မြေကနေထွက်ခွာခါနီးမှာလိုအပ်တဲ့ ရှင်တို့ရရှိမှုတွေရဲ့၃၀%ကျော်ကျော်ကိုလည်း ပေးစရာမလိုတော့ဘူး”

နတ်ဆိုးကပ်ဘေးစစ်ပွဲမတိုင်ကတည်းက ကျန်းချန်ရွှမ်သည် မင်ကျန်းဂိုဏ်း၏ဖေ့တောက်ချီဆီမှ ကမ္ဘာမြေသစ်သားလင်ကျီမှို၏တည်နေရာသတင်းကို လဲလှယ်ခဲ့သည်။

၎င်းသည် ‌အရှေ့ဘက်အဆုံး၏ လျှို့ဝှက်နေဝင်ချိန်နယ်မြေတွင် ရှိသည်။

အရှေ့ဘက်အဆုံးမှ အမျိုးမျိုးသောဝိညာဉ်အင်အားစုများ ကိုင်တွယ်စီမံလျက်ရှိသော ဤနယ်မြေသည် နှစ်၃၀၀နေလျှင် တစ်ခါသာဖွင့်လှစ်ပြီး ပြင်ပလူများသည် ဝင်ရောက်ရန် တန်ဖိုးအမြောက်အမြား ပေးဆောင်ရသည်။

ထို့ပြင် သူတို့တွင်ထောက်ခံစာတစ်စောင်မရှိသရွေ့ မထွက်ခွာမီတွင် စုဆောင်းရရှိမှုများ၏ ၃၀%ကျော်ကျော်ကို လွှဲပေးရန်လိုအပ်သည်။

နတ်ဆိုးကပ်ဘေးတိုက်ပွဲပြီးသည့်နောက်တွင် စုချင်းချန်သည် ကျန်းချန်ရွှမ်နှင့် အခြားသူများ လိုအပ်လောက်မည့်အရာတစ်ခုကို အမှတ်ရသွားသည်။ ထို့ကြောင့် သူမသည် သူမ၏ဆရာကောင်းကင်သခင်ရုန်ဟန်ကျီးရှန်း ကူညီနိုင်လောက်မည့်အကြောင်း ကတိပြုရန် ပဏမခြေလှမ်းယူခဲ့သည်။

ယခုမူ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အတွက် သူမ၏ကတိကိုဖြည့်ဆည်းရမည့်အချိန်ရောက်လာပြီ ဖြစ်သည်။

ထောက်ခံစာစောင်ကိုကြည့်ကာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ပျော်ရွှင်သွားကြသည်။ ကျန်းချန်ရွှမ်သည် ချက်ချင်း ထောက်ခံစာစောင်ကိုယူလိုက်ကာ ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။

“ဒီဥစ္စာအတွက် စီနီယာရုန်ဟန်ကျီးရှန်းကို အကူအညီတောင်းပေးလို့ ကျေဇူးတင်ပါတယ် နတ်သမီးစူး။ နောက်မှ ကျွန်တော်တို့အတွက် စီနီယာရုန်ဟန်ကျီးရှန်းကိုကျေးဇူးတင်ဖို့ နတ်သမီးစူးဆီ လာလည်ပါ့မယ်”

“ဟားဟား တာအိုရောင်းရင်းကျန်း၊ ရှင်အရမ်းယဉ်ကျေးလွနနေပါပြီ...”

***

All Chapters