← Chapters

စစ်ပြီးအရေးကိစ္စများ၊ စုချင်းချန်၏လာ‌ရောက်လည်ပတ်မှု(၃)

Vol. 31 Ch. 587

စစ်ပြီးအရေးကိစ္စများ၊ စုချင်းချန်၏လာ‌ရောက်လည်ပတ်မှု(၃)

Vol. 31 Ch. 587

စုချင်းချန်က ခေါင်းညိတ်လိုက်သည်။

“ရှင်တို့ရဲ့ကျေးဇူးတင်မှုတွေကို ကျွန်မဆရာကို ပြောပြလိုက်ပါ့မယ်” သူမကပြောလိုက်သည်။

ထို့နောက်တွင် သူမ၏အမူအယာမှာ ပိုမိုလေးနက်သွားကာ ဆက်၍ပြောလေသည်။

“ဒါပေမယ့်လည်း ရှင်တို့ကို ကျွန်မသတိပေးချင်သေးတာတစ်ခုရှိတယ်။ အရှေ့ဘက်အ‌ဆုံးက ဝိညာဉ်တည်ဆောက်ခြင်းအင်အားစုတွေက မြောက်ဘက်နယ်စပ်ကသူတွေလိုမျိုး မစည်းလုံးကြဘူး။ ဆန့်ကျင်ဘက်အနေနဲ့ သူတို့ရဲ့ဆက်ဆံရေးက အတော်လေးကိုဆိုးရွားတယ်။

ပြီးတော့ သူတို့ဘက်ကလူတွေက မြောက်ဘက်နယ်စပ်က ကျင့်ကြံသူတွေကို အထင်သေးကြတယ်။ ရှင်တို့သွားမယ်ဆိုရင် သူတို့ကြားထဲက ဘယ်ကိစ္စကိုမှ မပါဝင်ဖို့ အမှတ်ရကြပါ။

ရှင်တို့ရဲ့ကိစ္စကိုပဲလုပ်ကြပေါ့”

ဤသတိပေးမှုကိုကြားကာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က တည်ငြိမ်လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

“မင်းရဲ့သတိပေးမှုအတွက် ကျေးဇူးတင်ပါတယ် နတ်သမီးစူး။ အရှေ့ဘက်အဆုံးကိုသွားတဲ့ခရီးမှာ ငါတို့အလိုရှိတာကိုပဲ လိုချင်တာပါ။

အဲ့ဒါကလွဲပြီးတော့ ငါတို့ဘာဒုက္ခမှမရှာဘူး”

ထို့ပြင်၊ သူတို့၌ အရှေ့ဘက်အဆုံး၏အခြေအနေအပေါ် လေးနက်သောနားလည်မှုတစ်ခုရှိကြသည်။

သူတို့သည် ၎င်းမှာ ဗဟိုလွင်ပြင်ပြီးလျှင် အနှစ်သာရကိုးပါးလောက၏ ဒုတိယအင်အားအကြီးဆုံးတိုက်ဖြစ်ကြောင်း သိရှိကြသည်။

ကျင့်ကြံသူများ၏ စုစုပေါင်းစွမ်းအားသည် မြောက်ဘက်နယ်စပ်ထက် လွန်စွာသာလွန်‌နေပေသည်။

ဝိညာဉ်တည်ဆောက်ခြင်းကောင်းကင်သခင်အရေအတွက် အပါအဝင်ဖြစ်သည်။

၎င်းမှာ သူတို့ဆီကထက် အဆပေါင်းများစွာ သာလွန်နေပေသည်။ ၎င်းမှာ အရှေ့ဘက်အဆုံးရှိ ကျင့်ကြံသူများသည် အလွန်အထက်စီးဆန်ကြ‌သောကြောင့်လည်း ဖြစ်သည်။

ဗဟိုလွင်ပြင်မှကျင့်ကြံသူများမှလွဲ၍ သူတို့သည် အခြားတိုက်များမှ အဆင့်တူကျင့်ကြံသူများကို အလေးအနက်မထားလှပေ။

ထို့ကြောင့်၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ဤခရီးတွင်ကျင့်ကြံသူများနှင့် ဆက်သွယ်မှုမလုပ်လိုကြပေ။

လိုအပ်လာပါက သူတို့သည် လျှို့ဝှက်နေဝင်ချိန်နယ်မြေသို့ ဖုံးကွယ်ဝင်ရောက်ရန်ပင် တွေးတောခဲ့ကြသည်။

ထို့‌နောက်တွင်...

စုချင်းချန်သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သူတို့သိရှိရန်လိုအပ်လောက်မည့် အသေးစိတ်အချက်အလက်များကို ပြောကြားခဲ့သည်။

အချိန်ကျလာသောအခါ သူမသည် မတ်တပ်ရပ်ကာ နှုတ်ဆက်လိုက်တော့သည်။

စုချင်းချန်ထွက်ခွာသွားပြီးသိပ်မကြာမီ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ကျောက်စိမ်းရေဓားစင်မြင့်ရှိသည့် အရပ်ဆီသို့ ရုတ်တရက်ကြည့်လိုက်ကြသည်။

ထိုနေရာတွင်၊ ကျယ်ပြန့်ပြီး အားကောင်းသောအော်ရာတစ်ခု ဖြည်းဖြည်းချင်းမြင့်တက်နေသည်။ ၎င်းသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို ချက်ချင်း သဘောပေါက်သွားစေသည်။

အချိန်အတော်ကြာတံခါးပိတ်ကျင့်ကြံနေခဲ့ပြီး အခြေတည်ဝိညာဉ်သို့တက်လှမ်းရန်ကြိုးစားနေခဲ့သည့် အကြီးအကဲချုပ် ကုယွဲ့ဖန်းသည် အောင်မြင်သွားပြီး ထွက်ခွာ‌လာတော့လောက်မည်ဖြစ်သည်။

ထိုအချိန်တွင်

ကျန်းအန်းရန်၊ ထန်ပိုင်ရှန်းနှင့် ကျန်းမျိုးနွယ်စု၏ အခြားရွှေအမြုတေကျင့်ကြံသူများသည်လည်း ကျောက်စိမ်းရေဓားစင်မြင့်မှ ရုတ်ရုတ်သဲသဲဖြစ်မှုတစ်ခုကို အာရုံခံမိလိုက်သည်။

ကျန်းမျိုးနွယ်စု၏ အခြားဂိုဏ်းများနှင့် မျိုးနွယ်စုများအပါအဝင် သူတို့အားလုံး၏အာရုံသည် ကျောက်စိမ်းရေဓားစင်မြင့်ဆီသို့ ရောက်ရှိသွားသည်။

ခနကြာပြီးနောက် ကျောက်စိမ်းရေဓားစင်မြင့်တစ်ခုလုံး စုဝေးပြီးသားဖြစ်သွားသည်။

ဖြစ်နိုင်ချေရှိသည့်မည်သည့်မတော်တဆမှုမျိုးကိုမဆိုရှောင်ရှားရန် ဟောင်တုန်းပိုင်ပင်လျှင် ဂိုဏ်းအားလုံး၏ ရွှေအမြုတေအကြီးအကဲများကို စုရုံးလိုက်ကာ ကုယွဲ့ဖန်းကိုကာကွယ်ရန် ပြင်ဆင်လိုက်သည်။

တစ်ချိန်တည်း၌ပင်...

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။

ကျန်းချန်ရွှမ်က ပြောလိုက်သည်။

“မိန်းမ၊ အန်းရန်နဲ့ တခြားသူတွေကို တစ်ချက်လောက်ကြည့်ဖို့ ခေါ်သွားရအောင်။ ဘယ်လိုပဲဖြစ်နေပါစေ တာအိုရောင်းရင်းကုက ငါတို့ရဲ့ မိတ်ဆွေပဲလေ။ သူက ငါတို့ကို အတိတ်တုန်းက တော်တော်ကူညီထားခဲ့တာ။

ဒီတစ်ကြိမ်မှာ သူက အခြေတည်ဝိညာဉ်ကို တက်လှမ်းတော့မှာ။ ဘယ်လိုမတော်တဆမှုမျိုးကိုမဆို ရှောင်ရှားဖို့ သွားပြီးကူညီကြရအောင်”

ကျန်းချန်ရွှမ်၏စကားများကိုကြားကာ ရှန်းရူယန်ကလည်း သဘောတူညီမှုဖြင့် ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီလေ။ အန်းရန်နဲ့ တခြားသူတွေကို ခေါ်သွားကြမယ်”

ထပ်မံတုံ့ဆိုင်းခြင်းမရှိဘဲ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ကျန်းအန်းရန်၊ အကြီးအကဲချုပ်၊ ထန်ပိုင်ရှန်းနှင့် ကျန်းရန်ထောင်တို့နှင့်အတူ ကျောက်စိမ်းရေဓားစင်မြင့်ဆီသို့ ပျံသန်းသွားခဲ့ကြသည်...

***

All Chapters