← Chapters

ကုယွဲ့ဖန်းအခြေတည်ဝိညာဉ်သို့တက်လှမ်းခြင်း၊ အရှေ့ဘက်အဆုံးသို့ ရောက်ရှိခြင်း(၂)

Vol. 31 Ch. 589

ကုယွဲ့ဖန်းအခြေတည်ဝိညာဉ်သို့တက်လှမ်းခြင်း၊ အရှေ့ဘက်အဆုံးသို့ ရောက်ရှိခြင်း(၂)

Vol. 31 Ch. 589

တစ်နည်းအားဖြင့် သူတို့သည် ဤအခွင့်အရေးကိုဆုံးရှုံးသွားပါက လျှို့ဝှက်နေဝင်ချိန်နယ်မြေသို့ဝင်ရောက်ရန် နောက်ထပ်နှစ်၃၀၀ ထပ်စောင့်ရမည်ဖြစ်သည်။

ကျန်းရန်ယီ၊ ကျန်းအန်းရန်နှင့် အခြားသူများကလည်း နားလည်ကြောင်းဖော်ပြလိုက်ကြသည်။

တစ်ချိန်တည်း၌ပင် သူတို့သည် ကျန်းချန်ရွှမ်အား မျိုးနွယ်စုအားကောင်းမွန်စွာစီမံမည့်အကြောင်းနှင့် မျိုးနွယ်စု သို့မဟုတ် ကျန်းတိုင်းပြည်တွင် မည်သည့်ကိစ္စမှမဖြစ်စေရကြောင်း ကတိပေးခဲ့သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကလည်း သူတို့အား အတော်လေးယုံကြည်သည်။

နောက်ပိုင်းတွင် လင်မယားနှစ်ယောက်သည် အချိန်သိပ်မဆွဲလိုက်တော့ပေ။

သုံးရက်ကြာပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် မည်သူ့ကိုမှအသိမပေးဘဲ ကျန်းတိုင်းပြည်မှ တိတ်တဆိတ်ထွက်ခွာခဲ့ကြသည်။

.....

ဆယ်ရက်ကျော်ကျော်ကြာပြီးသောအခါ...

သူတို့သည် မြောက်ဘက်နယ်စပ်မှ အရှေ့ဘက်အဆုံးသို့ ဦးဆောင်နေသည့် ကြီးမားသောကြက်ခြေခတ်တိုက်နေရာကူးပြောင်းခြင်းအစီအရင်ဆီသို့ ရောက်ရှိခဲ့ကြသည်။

အစီအရင်ကို ရုန်ဟန်နန်းတော်နှင့် ပင်လယ်နက်စင်မြင့်မှ အခြေတည်ဝိညာဉ်ကျင့်ကြံသူများစောင့်ကြပ်ထားပြီး စုစုပေါင်းလေးယောက်ရှိသည်။

သူတို့သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို ဧည့်သည်‌တော်များစောင့်ဆိုင်းသည့်နေရာသို့ ဖော်ရွေပျူငှာစွာ ဖိတ်ခေါ်ခဲ့ကြသည်။

ပုံမှန်အားဖြင့် အရှေ့ဘက်အဆုံးသို့ နေရာကူးပြောင်းခြင်းအစီအရင်သည် နောက်ထပ်ဆယ်နှစ်အတွင်း အသက်ဝင်ဦးမည်မဟုတ်သော်လည်း သူတို့သည် စုချင်းချန်နှင့် အခြားသူများထံမှ ကြိုတင်အသိပေးချက်တစ်ခုကို ရရှိခဲ့သည်။

ထို့ကြောင့်

ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် စောင့်ဆိုင်းသည့်နေရာ၌ ကြာကြာမစောင့်လိုက်ရပေ။

.....

တစ်ရက်ကြာပြီးသည့်နောက်တွင်..

လင်မယားနှစ်ယောက်သည် အရှေ့ဘက်အဆုံးသို့ဦးတည်နေသည့် အလွန်အမင်းကြီးမားသော နေရာကူးပြောင်းခြင်းအစီအရင်ပြားပေါ်သို့ တက်ရောက်ခဲ့သည်။

သူတို့ထပ်မံကြည့်ရှုလိုက်သောအခါ ဝီကနဲအသံတစ်ခုဖြင့် အလွန်လေးလံသောမူးဝေမှုတစ်ခုကို ခံစားလိုက်ရပြီး ကြီးမားပြီး စိမ်းသက်နေသည့် နေရာကူးပြောင်းခြင်းအစီအရင်တစ်ခု၏ရှေ့တွင် ရောက်ရှိနေကြကြောင်း သိလိုက်ကြသည်။

ထိုအချိန်တွင် သူတို့နှစ်ယောက်သည် သူတို့ကိုယ်သူတို့ ဖုံးကွယ်လိုက်ကြသည်။

သူတို့၏ကျင့်စဉ်ကိုလည်း အခြေတည်ဝိညာဉ်အလယ်ဆင့်သို့ ချုပ်ထိန်းထားလိုက်သည်။

အနီးနားမှ အံ့အားသင့်ဖွယ်အသံတစ်ခု ထွက်ပေါ်လာသည်။

လှည့်ကြည့်လိုက်သောအခါ သူတို့သည် အမျိုးမျိုးသောဂိုဏ်းနှင့် မျိုးနွယ်စုများအတိုင်း ဝတ်ဆင်ထားသောအခြေတည်ဝိညာဉ်ကျင့်ကြံသူခုနစ်ယောက် သို့မဟုတ် ရှစ်ယောက်သည် သူတို့အား စူးစမ်းစွာစိုက်ကြည့်နေသည်ကို တွေ့လိုက်ကြသည်။

သူ၏ဝတ်ရုံအနားကွပ်တွင် အဝါရောင်မေပယ်သစ်ရွက်ပုံစံဖြင့် အဝါရောင်ဝတ်ရုံနှင့် သတ်လတ်ပိုင်းအမျိုးသားက အံ့အားသင့်စွာပြောလိုက်သည်။

“ဒီတစ်ကြိမ်ကော မြောက်ဘက်နယ်စပ်ကလူတွေ ရှိသေးတာလား? နှစ်ယောက်ထဲလား?”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ဤလူမှာ အရှေ့ဘက်အဆုံး၏အင်အားကြီးမားသောဂိုဏ်းတစ်ခုဖြစ်သည့် မေပယ်ဂိုဏ်းမှ အခြေတည်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း သိရှိသွားသည်။

ဤဂိုဏ်းမှာ အတော်လေးအင်အားကြီးမားသည်ဟု ပြောရမည်။

သူတို့သည် မြောက်ဘက်နယ်စပ်မှ စိတ်ကူးပင်မယဉ်နိုင်လောက်သည့် အင်အားတစ်ခုဖြစ်သည့် ဝိညာဉ်တည်ဆောက်ခြင်းကောင်းကင်သခင်နှစ်ယောက်နှင့် အခြေတည်ဝိညာဉ်ကျင့်ကြံသူသုံးဆယ်ကျော်ကျော်ကို ကြွားဝါခဲ့သည်။

အရှေ့ဘက်အဆုံးမှကျင့်ကြံသူများက မြောက်ဘက်နယ်စပ်မှကျင့်ကြံသူများကို အထင်သေးနေသည်မှာ အံ့ဩစရာမရှိတော့ပေ။

နှစ်ဖက်ကြားရှိ အင်အားကွာခြားမှုမှာ သေးငယ်လှသည်မဟုတ်ပေ။

“ဟေး မင်းတို့က မြောက်ဘက်နယ်စပ်က ဘယ်ဂိုဏ်းကလဲ?

ငါတို့အရှေ့ဘက်အဆုံးကို ဘာလို့လာတာလဲ?”

အနားသတ်တွင် သေးငယ်သောဓားတစ်ချောင်းနှင့် အဖြူရောင်ဝတ်ရုံဖြင့်အမျိုးသားက ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို တည်ငြိမ်စွာမေးလိုက်သည်။

သူ၏ဝတ်စုံအရ သူသည် အရှေ့ဘက်အဆုံး၏အဝိညာဉ်တည်ဆောက်ခြင်းဂိုဏ်းတစ်ခုဖြစ်သည့် ဓားစက်ဝန်းဂိုဏ်းမှဖြစ်သည်။

ဂိုဏ်းထဲတွင် ဝိညာဉ်တည်ဆောက်ခြင်းကောင်းကင်သခင်နှစ်ယောက်နှင့် အခြေတည်ဝိညာဉ်ကျင့်ကြံသူသုံးဆယ်‌ကျော်ကျော်ရှိသည်။

လူတိုင်းသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား ပွဲကောင်းတစ်ခုကြည့်နေရသည့်အတိုင်း စိတ်ဝင်စားမှုဖြင့် ကြည့်နေခဲ့ကြသည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အရှေ့ဘက်အဆုံးသို့ ရောက်ရှိသည်နှင့် အနှောင့်အယှက်ဖြစ်ဖွယ်အရာတစ်ခုကို ကြုံတွေ့ရလိမ့်မည်ဟု မမျှော်လင့်မိခဲ့ကြပေ။

သူတို့ရဲ့ အရှေ့ဘက်အဆုံးကို လာရတဲ့ရည်ရွယ်ချက်နဲ့ မူလဇစ်မြစ်က ဒီလူတွေနဲ့ ဘာဆိုင်လို့လဲ?

“ကျွန်မတို့ ဒီမှာရှိနေရတာက ရှင်တို့နဲ့ ဘာမှမဆိုင်ဘူး မဟုတ်ဘူးလား?”

ရှန်းရူယန်က မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။

“ရှင်တို့က ဒီမှာနေရာကူးပြောင်းခြင်းအစီအရင်ကို စောင့်ကြပ်ဖို့ တာဝန်ရှိတာ မှန်ပေမယ့် ဒါက ရှင်တို့မှာ ကျွန်မတို့ကို စီစစ်မေးမြန်းပိုင်ခွင့်ရှိတယ်လို့ မဆိုလိုဘူးလေ”

ဤစကားလုံးများသည် အဖြူရောင်ဝတ်ရုံဖြင့်လူ၏ မျက်နှာထားကို ချက်ချင်း မှောင်မိုက်သွားစေခဲ့သည်။

အသေအချာပင် အခြားတစ်ဖက်သည် သူကဲ့သို့ ဝိညာဉ်တည်ဆောက်ခြင်းဂိုဏ်းတစ်ခုမှ ကျင့်ကြံသူတစ်ယောက်ကို အလွန်ရိုင်းပြလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

သူသည် သူ၏စတင်မေးမြန်းကာ ရန်စမှုကို ထည့်သွင်းစဉ်းစားခြင်းမပြုခဲ့ကာ ကျန်းချန်ရွှမ်နှင့် သူ့အမျိုးသီး၏ ဂုဏ်သိက္ခာကို စော်ကားမှုကြောင့် သူတို့၏ တဲ့တိုးတုံ့ပြန်ချက်ကို တွေ့မြင်လိုက်ရသည်။

သူ၏အမြင်တွင် ဤစုံတွဲသည် သူ့အား ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်နေခြင်းဖြစ်သည်။

သူသည် ထေ့ငေါ့ကာ ပြောင်ပြောင်တင်းတင်းပြောလိုက်သည်။

“ဒါပေါ့ မေးမြန်းခွင့်ရှိတာပေါ့။ ငါ မင်းတို့ကို နတ်ဆိုးကျင့်ကြံသူတွေရဲ့အကြွင်းအကျန်တွေလို့ သံသယရှိတယ်။ မင်းတို့အတွက် ဘာကကောင်းလဲဆိုတာသိရင် အစစ်ဆေးခံဖို့ ငါနဲ့အတူ ငါ့ရဲ့ဓားစက်ဝန်းဂိုဏ်းကို လိုက်ခဲ့၊ မဟုတ်ရင်တော့...”

ထိုအခြေအနေတွင် အဖြူရောင်ဝတ်ရုံအမျိုးသားနှင့် အဖြူရောင်ဝတ်ရုံကို ဝတ်ထားသော်လည်း မျက်ခုံးများကြားတွင် သေးငယ်သောဓားအမှတ်တစ်ခုရှိသည့် အမျိုးသားတို့သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ရှေ့၌ မတ်မတ်ရပ်နေခဲ့ကြသည်။

“မင်းတို့အပေါ် ရိုင်းပြတာကို အပြစ်မတင်ကြနဲ့”

၎င်းကိုမြင်သော်လည်း အဝါရောင်ဝတ်ရုံအမျိုးသားနှင့် အခြားသူများသာ ဝင်ရောက်စွတ်ဖက်ရန် အသေအချာပင်ရည်ရွယ်ချက်မရှိကြပေ။

သူ၏ရှေ့ရှိမြင်ကွင်းမှာ စိတ်ဝင်စားဖွယ်ဖြစ်နေသကဲ့သို့ပင် ဖြစ်သည်။

ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏မျက်နှာထားများမှာလည်း နောက်ဆုံးတွင် မှောင်မိုက်သွားသည်။

အရှေ့ဘက်အဆုံးသို့မလာမီတွင် သူတို့သည် အရှေ့ဘက်အဆုံးရှိ အခြေတည်ဝိညာဉ်ဂိုဏ်းများ၏ ကျင့်ကြံသူများအားလုံးမှာ ‌မာနထောင်လွှားကြမှန်းသို့သော်လည်း အခြားနေရာမှ ကျင့်ကြံသူများကပါ ထိုကဲ့သို့ဖြစ်နေမည်ဟု မထင်ခဲ့ပေ။

မည်သို့ပင်ဖြစ်‌စေ သူတို့သည် ဤလူများ၏ စိတ်ကြီးဝင်မှုမှာ သူတို့၏မျှော်မှန်းချက်ထက် ပိုလွန်နေလိမ့်မည်ဟု မျှော်လင့်မထားခဲ့မိပေ။

ဘာပြောဖို့ရှိဦးမှာလဲ?

ကျန်းချန်ရွှမ်သည် စကားလုံးနှစ်လုံးသာ အေးဆေးစွာ လွှတ်လိုက်သည်။

“ပျောက်သွားကြစမ်း!”

“မင်းဘာပြောလိုက်တာ?”

အဖြူရောင်ဝတ်ရုံအမျိုးသားနှင့် မျက်ခုံးများကြားတွင် သေးငယ်သောဓားအမှတ်တစ်ခုရှိသည့် အမျိုးသားတို့၏မျက်နှာထားများမှာ အလွန်အမင်း အေးစက်သွားခဲ့သည်။

သို့သော်လည်း သူတို့စုံစမ်းမမေးမြန်းမီ

ကျန်းချန်ရွှမ်က စတင်တိုက်ခိုက်လိုက်သည်။

အဖြူရောင်ဝတ်ရုံလူနှင့် အခြားလူကို ညင်သာစွာခုတ်ပိုင်းလိုက်သည်နှင့် သူ၏ လက်ညှိုးနှင့် လက်ခလယ်လက်ချောင်းများသည် ဓားများသဖွယ်ဖြစ်သွားသည်။

ဝှစ်!

ချက်ချင်းပင် ကျန်းချန်ရွှမ်၏ လက်ထိပ်များဆီမှ အလွန်တောက်ပသောဓားအလင်းတစ်ခု ရုတ်တရက် ပေါက်ထွက်လာသည်။

အဖြူရောင်ဝတ်ရုံအမျိုးသားနှင့် အခြားအမျိုးသားတို့မှာ တုံ့ပြန်ချိန်ပင်မရလိုက်ပေ။

တရစပ်ကျယ်လောင်သောမြည်သံများကိုပင် ကြားနိုင်ပေသည်။

သူတို့၏ခန္ဓာကိုယ်များသည် ဓားအလင်းများကြောင့် ပျံသန်းပို့လွှတ်ခြင်း ခံလိုက်ရသည်။

သူတို့ဖြတ်သွားလိုက်သည့်နေရာတိုင်းတွင် မီးခိုးများနှင့် ဖုန်မှုန့်များ အဆက်မပြတ်ထွက်ပေါ်လာသည်။

အဝါရောက်ဝတ်ရုံလူနှင့် အခြားလူများ ကြက်သေသေသွားခဲ့ကြသည်။

သူတို့သည် ကျန်းချန်ရွှမ်မှာ ဤကဲ့သို့ခွန်အားမျိုးကို ပိုင်ဆိုင်နေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

လက်ဗလာထိုးနှက်ချက်တစ်ခုနှင့်ပင် သူငည် ဓားစက်ဝန်းဂိုဏ်းမှ အလယ်ဆင့်အခြေတည်ဝိညာဥ်ကျင့်ကြံသူနှစ်ယောက်ကို အနိုင်ယူလိုက်သည်။

သူက တကယ်ပဲ မြောက်ဘက်နယ်စပ်က ကျင့်ကြံသူတစ်ယောက်လား?

မြောက်ဘက်နယ်စပ်မှာ ဘယ်တုန်းက ဒီလိုမျိုး စွမ်းအားကောင်းတဲ့ ကျင့်ကြံသူတစ်ယောက်ရှိသွားတာလဲ?

“ငါမင်းကိုသတ်ပစ်မယ်!”

ရုတ်တရက်

အဝေးရှိ ဖုန်မှုန့်များဆီမှ ပြင်းထန်သောအော်သံတစ်ခု ထွက်ပေါ်လာသည်။

ချက်ချင်းဆိုသလိုပင် ချွန်မြသောဓားများကဲ့သို့ ပုံရိပ်နှစ်ခုသည် နေရာကူးပြောင်းခြင်းအစီအရင်ဆီသို့ ရုတ်တရက် အရှိန်မြှင့်လိုက်ကြသည်။

သူတို့နီးကပ်လာသောအခါ အဝါရောင်ဝတ်ရုံအမျိုးသာနှင့် အခြားသူများ ရုတ်တရက် သဘောပေါက်သွားခဲ့သည်။

ခုနလေးတင်ပင် သူတို့အနီးနား၌ ရှိနေခဲ့ကြသည့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို မမြင်တွေ့ကြရတော့ပေ။

၎င်းမှာ သေးငယ်သည့်ကိစ္စတစ်ခု မဟုတ်ပေ။

ဤနေရာရှိလူတိုင်းသည် အခြေတည်ဝိညာဉ်အလယ်ဆင့်သို့ ရောက်ရှိပြီးမှန်းသိကြသည်။

ပုံမှန်အားဖြင့် မဂာာကျင့်ကြံသူတစ်ယောက်ဆိုလျှင်တောင် သူတို့အား မသိရှိစေဘဲ တိတ်တဆိတ်ထွက်ခွာသွားရန်မှာ ခက်ခဲလှသည်။

သို့သော်လည်း ယခုတွင် မယုံနိုင်စရာအရာတစ်ခု ဖြစ်ပျက်သွားခဲ့သည်။

ဒါကဘာကိုဆိုလိုတာလဲ?

၎င်းမှာ ယခုလူနှစ်ယောက်သည် အနည်းဆုံး အခြေတည်ဝိညာဉ်နောက်ဆုံးအဆင့်သို့ ရောက်ရှိပြီးကြောင်း ဆိုလိုနေသည်။

လူတိုင်းတွင် ဝိညာဉ်တည်ဆောက်ခြင်းဂိုဏ်းနောက်ခံများရှိသော်လည်း ပုံမှန်အခြေအနေမျိုးတွင် သူတို့သည် သာမန်အခြေတည်ဝိညာဉ်ကျင့်ကြံသူအချို့ကို အလေးအနက်ထားနေမည်မဟုတ်ပေ။

သို့သော်လည်း သူတို့သည် မဟာကျင့်ကြံသူများကိုတော့ လေးစားမှုထားဆဲဖြစ်သည်။

ယခုလေးတင် မဟာအခြေတည်ဝိညာဉ်ကျင့်ကြံသူနှစ်ယောက်ရှေ့တွင် သူတို့ပြုလုပ်သွားခဲ့သည့်အရာကို တွေးမိကာ အဝေါရောင်ဝတ်ရုံလူနှင့် အခြားသူများသည် မထိန်းချုပ်နိုင်ဘဲ ပင့်သက်ရှိုက်လိုက်ကြသည်။

ကံမကောင်းပါက သူတို့သည် အခြားတစ်ဖက်ထံမှ အသတ်ခံလိုက်ရနိုင်သည်။

အနာဂတ်တွင် သူတို့၏ဂိုဏ်းက သူတို့အတွက် ပြန်လည်လက်စားချေပေးနိုင်သော်လည်း ၎င်းသည် သေဆုံးပြီးသားသူတို့အတွက် အချည်းနှီးပင်ဖြစ်နေလိမ့်မည်။

ဘုရားသခင်ကိုကျေးဇူးတင်ပါတယ်။

ဘုရားသခင်ကိုကျေးဇူးတင်ပါတယ်။

ထိုစုံတွဲသည် သတိရှိသောလူများ ဖြစ်ဟန်တူသည်။

တစ်နည်းအားဖြင့် အဖြူရောင်ဝတ်ရုံလူနှင့် အခြားတစ်ယောက်တို့ ဒဏ်ရာရသွားရုံသာမဟုတ်ကြပေ။

သူတို့၏ အသက်ကိုဆုံးရှုံးလုနီးနီးဖြစ်နေသည်...

***

All Chapters