← Chapters

အရှေ့ဘက်အဆုံးကျင့်စဉ်လောက၏တိုင်းပြည်၊ အစီအစဉ်များကို ပြုပြင်မွမ်းမံခြင်း

Vol. 31 Ch. 590

အရှေ့ဘက်အဆုံးကျင့်စဉ်လောက၏တိုင်းပြည်၊ အစီအစဉ်များကို ပြုပြင်မွမ်းမံခြင်း

Vol. 31 Ch. 590

အခြားတစ်ဖက်တွင်လည်း...

ထိုနေရာမှထွက်လာခဲ့ကြသော ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် စိတ်မကြည်မသာဖြစ်နေကြသည်။

ရှန်းရူယန်က သတိပေးလိုက်သည်။

“ကြည့်ရတာတော့ အရှေ့ဘက်အဆုံးကကျင့်ကြံသူတွေက ကျွန်မတို့ထင်တာထက် ပိုဆိုးနေပုံပဲ”

ကျန်းချန်ရွှမ်က သဘောတူညီမှုဖြင့် ခေါင်းညိတ်လိုက်သည်။

“ဒီလိုဆိုရင်တော့ ကိုယ်တို့အစီအစဉ်တွေကို ပြန်လည်စီစစ်ရတော့မယ်။ အထူးသဖြင့် လျှိုဝှက်နေဝင်ချိန်နယ်မြေကို ဝင်ရောက်တဲ့လမ်းကြောင်းကိုပေါ့။

ဖြစ်နိုင်ရင်တော့ မင်းရော ကိုယ်ရော ကိုယ်တို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ထုတ်မပြတာအကောင်းဆုံးပဲ”

“ကောင်းပြီလေ ယောက်ျား၊ ရှင်ဆိုလိုချင်တာက...?”

ရှန်းရူယန်သည် နှလုံးခုန်ရပ်လုမတတ်ဖြစ်သွားသည်။

သူမသည် ကျန်းချန်ရွှမ်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

“ကိုယ့်အထင်တော့ စီနီယာရုန်ဟန်ကျီးရှန်းရဲ့ ထောက်ခံစာစောင်က သိပ်အသုံးမဝင်လောက်ဘူး။ အဲ့ဒါက ဆန့်ကျင်ဘက်ရလဒ်တွေဖြစ်လာနိုင်တယ်။

ကိုယ်တို့ရဲ့ အထောက်ထားတွေကိုလည်း မလိုအပ်ဘဲ ထုတ်ပြရလိမ့်မယ်”

၎င်းမှာ သူတို့သည် ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းကို ထောက်ခံစာစောင်ရေးပေးရန်တောင်းဆိုခဲ့ခြင်းမှာ မှားယွင်းနေခြင်းမဟုတ်ပေ။

အရှေ့ဘက်အဆုံးမှသူတို့၏ နားလည်နိုင်မှုများက အလွန်အမင်းကန့်သတ်ထားခြင်းသာဖြစ်သည်။

သူတို့သည် စာစောင်ကိုမဆင်မခြင်အသုံးပြုပြီး သူတို့၏ အချက်အလက်အစစ်အမှန်များကို ပြသလိုက်ပါက အချို့ပုဂ္ဂိုလ်များအတွက် ပစ်မှတ်များဖြစ်လာနိုင်သည်။

လင်မယားနှစ်ယောက်သည် ထိုလူများ မလုပ်နိုင်လောက်သည့်အရာမရှိဘူးဟု ယုံကြည်နေသည်။

ယခုလေးတင်ဖြစ်ပျက်သွားသည်များအရ ထိုလူများသည် ရိုသေကျိုးနွံမှုဆိုသည်ကို မေ့လျော့နေကြဟန်တူသည်။

အထူးသဖြင့် ဝိညာဉ်တည်ဆောက်ခြင်းဂိုဏ်းမှ ကျင့်ကြံသူများဖြစ်သည်။

သူတို့သည် သင်၏နောက်တွင် ဝိညာဉ်တည်ဆောက်ခြင်းကောင်းကင်သခင်တစ်ယောက်ရှိသောကြောင့်နှင့်တော့ ကြောက်ရွံ့ကြမည်မဟုတ်ပေ။

အများဆုံးအနေဖြင့် လူမြင်သူမြင် ပစ်မှတ်မထားရုံသာရှိမည်။

ဒါပေမယ့်လည်း နောက်ကွယ်မှာ ဒီလူတွေဘာလုပ်မယ်ဆိုတာကို ဘယ်သူကများသိမှာလဲ?

“ဒါဆိုရင်‌ ယောက်ျား၊ ရှင်ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ...?”

ကျန်းချန်ရွှမ်သည် ခနမျှတွေးတောကာ ပြောလိုက်သည်။

“ပထမဆုံးတော့ ကိုယ်တို့ ကိုယ့်ဟာကိုဖုံးကွယ်ထားကြပြီးတော့ အရှေ့ဘက်အဆုံးကျင့်စဉ်လောကကိုပိုပြီးအသေးစိတ်နားလည်နိုင်အောင်လုပ်ရမယ်။ ကိုယ်တို့အဆင်သင့်ဖြစ်တာနဲ့ လျှို့ဝှက်နေဝင်ချိန်နယ်မြေကို ခိုးဝင်ဖို့ကြိုးစားမယ်။ ဝိညာဉ်တည်ဆောက်ခြင်းကောင်းကင်သခင်တစ်ယောက်လာရောက်ခဲ့ရင်တောင် သူတို့အလယ်ဆင့် မဟုတ်သေးသရွေ့ ကိုယ်တို့မထိခိုက်ဘဲ လွတ်မြောက်နိုင်သေးတယ်”

ကျန်းချန်ရွှမ်သည် အဆိုးဆုံးဖြစ်နိုင်ချေကိုပါ ထည့်သွင်းစဉ်းစားထားမှန်း သိသာပေသည်။

ရှန်းရူယန်တွင် မည်သို့မျှ ကန့်ကွက်ချက်မရှိပေ။

မကြာမီတွင် လင်မယားနှစ်ယောက်သည် သူတို့၏အသွင်အပြင်များကို ပြောင်းလဲလိုက်ကာ သူတို့၏ကျင့်စဉ်ကို အခြေတည်ဝိညာဉ်အစောပိုင်းအဆင့်သို့ နှိမ့်ချလိုက်သည်။

သာမန်အခြေတည်ဝိညာဉ်ကျင့်ကြံသူများနှင့် နောက်ဆုံးအဆင့်‌အခြေတည်ဝိညာဉ်ကျင့်ကြံသူများဆိုလျှ‌င်တောင် သူတို့၏ ဖုံးကွယ်ထားမှုကို ရှာတွေ့ရန်ခက်ခဲပေလိမ့်မည်။

....

လအနည်းငယ်ကြာပြီးနောက်..

အရှေ့ဘက်အဆုံး၊ ပိုင်ဟောင်တိုင်းပြည်၏ တိမ်ပင်လယ်အရက်ဆိုင်တွင်...

ယခုတွင်ဟန်ဆောင်ဖုံးကွယ်ထားကြသည်ဘ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အရက်‌ဆိုင်၏ အပေါ်ထပ်သို့ ရောက်ရှိလာကြသည်။

ထိုနေရာတွင်...

မုတ်ဆိတ်မွေးများနှင့်လူကြီးက သူတို့ကိုနွေးထွေးစွာ ကြိုဆိုလိုက်သည်။

“မင်းတို့က တာအိုရောင်းရင်းကျန်းချွမ်နဲ့ နတ်သမီး ရှန်းယန်ဖြစ်ရမယ် ဟုတ်ရဲ့လား?”

ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က သူတို့၏နာမည်အစစ်များကို ဆက်လက်အသုံးမပြုခဲ့ပေ။

ထိုအစား ကျန်းချွမ်နှင့် ရှန်းယန်တို့အဖြစ် ပြောင်းလဲလိုက်ကြသည်။

လအတော်ကြာကြာအတွင်းကျကျလေ့လာမှုများပြုလုပ်ပြီးနောက် သူတို့သည် အရှေ့ဘက်အဆုံးရှိ ပရမ်းပတာဖြစ်မှုများသည် သူတို့တွေးထားသည်ထက် ပိုမိုဆိုးရွားနေကြောင်း သိရှိခဲ့ကြသည်။

ဝိညာဉ်တည်ဆောက်ခြင်းအင်အားစုများအနည်းငယ်လွှမ်းမိုးနေခဲ့ပြီး ကျင့်စဉ်ရင်းမြစ်အတော်များများကို လက်ဝါးကြီးအုပ်ထားခဲ့သည်။

ကျန်ရှိသောအခြေတည်ဝိညာဉ်ဂိုဏ်းများနှင့် မျိုးနွယ်စုများမှာလည်း ထိုအင်အားစုများ၏ လက်အောက်ခံအများစုဖြစ်နေကြသည်။

ရွှေအမြု‌တေ၊ ကျီဖုအဆင့်နှင့် အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူများအတွက်တော့ ပြောနေစရာပင်မလိုတော့ချေ။

သူတို့တွင် လွတ်လပ်ခွင့် သို့မဟုတ် ကိုယ်ပိုင်လုပ်ပိုင်ခွင့်များ မရကြတော့ပေ။

သင်၏တာအိုတွဲဖက်ကို သူတို့၏အဆောင်တွင် အလုပ်အကျွေးပြုရန် တောင်းဆိုလာလျှင်တောင် လုံးဝငြင်းဆိုခွင့်မရှိတော့ပေ။

သင်သည် ၎င်းကို ကျိုးကျိုးနွံနွံသည်းခံရုံသာ ရှိသည်။

ထိုအချိန်တွင် လင်မယားနှစ်ယောက်သည် မုတ်ဆိတ်မွှေးနှင့်လူကို ကြည့်လိုက်ကြသည်။

ကျန်းချန်ရွှမ်က ပြောလိုက်သည်။

“ဆိုင်ရှင်ကြီးယန် ကျွန်တော်တို့လိုချင်တာရအောင် ခင်ဗျားကူညီပေးမလား?”

ဆိုင်ရှင်ယန်ဟုခေါ်သည့် မုတ်ဆိတ်မွှေးနှင့်လူက ရယ်မောလိုက်သည်။

“ငါ့အနားမှာဆိုရင် ထောက်ခံစာစောင်လေးတစ်ခုရထားတာမျိုးကတော့ ဘာပြဿနာမှမရှိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့...”

သူသည် သူ၏စကားကိုမပြီးဆုံးစေဘဲ တစ်စုံတစ်ခုအရိပ်အမြွက်ပေးလိုက်သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်က တစ်ယောက်ကိုတစ်ယောက်ကြည့လိုက်ကြသည်။

ထို့နောက်တွင် ရှန်းရူယန်က သိမ်းဆည်းခြင်းလက်စွပ်တစ်ခုကို ဆိုင်ရှင်ယန်သို့ သာမန်ကာလျှံကာပစ်ပေးလိုက်သည်။

ဆိုင်ရှင်ယန်ကလည်း ဟိတ်ဟန်လုပ်မနေတော့ပေ။

သူသည် လက်စွပ်ထဲရှိ အဆင့်မြင့်ဝိညာဉ်ကျောက်တုံးများကိုစစ်ဆေးလိုက်ပြီး သူ၏မျက်နှာသည် ကျေနပ်မှုတစ်ခုဖြင့် ဝင်းလက်သွားသည်။

“မင်းတို့နဲ့စီးပွားရေးလုပ်ရတာ ဝမ်းမြောက်စရာပဲ။ ဒီမှာ မင်းတို့ရဲ့ ထောက်ခံစာစောင်တွေ။ ဒါတွေနဲ့ဆိုရင် မင်းတို့လျှို့ဝှက်နေဝင်ချိန်‌နယ်မြေကို ဝင်သွားလို့ရတယ်။

အဲ့ဒီအချိန်ကျရင် ဒီလျှို့ဝှက်နေဝင်ချိန်နယ်မြေကိုဝင်ဖို့ ဒီထောက်ခံစာ‌နှစ်စောင်ကို ထုတ်လိုက်ရုံပဲ”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ဆိုင်ရှင်ယန်ဆီမှ ထောက်ခံစာများကို ယူလိုက်ကြသည်။

သူတို့သည် ၎င်းကို သူတို့၏မျက်နှာထားများ မှောင်မိုက်မသွားခင်အထိ တစ်ချက်ကြည့်မိလိုက်သည်။

ကျန်းချန်ရွှမ်သည် ဆိုင်ရှင်ယန်ကို ရုတ်တရက်ကြည့်ကာ စိတ်ပျက်ဖွယ်အသံဖြင့် ပြောလိုက်သည်။

“ဆိုင်ရှင်ယန် ကျုပ်တို့လိုချင်တာ ဒါမဟုတ်ဘူးထင်တယ်။

အရင်က ခင်ဗျား ကျုပ်တို့ကို အဆင့်တစ်ထောက်ခံစာနှစ်စောင်ရအောင် ကူညီပေးမယ်ဆိုပြီး ကတိပေးထားတာလေ..."

***

All Chapters