အရှေ့ဘက်အဆုံးကျင့်စဉ်လောက၏တိုင်းပြည်၊ အစီအစဉ်များကို ပြုပြင်မွမ်းမံခြင်း(၂)
Vol. 31 Ch. 591
"ကျုပ်တို့က အဆင့်တစ်ထောက်ခံစာအတွက် ပေးထားရတာလေ။
အခုကျတော့ကော? ခင်ဗျားက ကျုပ်တို့ကို အဆင့်သုံး ထောက်ခံစာတစ်စောင်ပဲပေးတယ်။
ဘာတွေဖြစ်နေလဲဆိုတာ အသေအချာပြောပြလို့မရဘူးလား?”
လျှို့ဝှက်နေဝင်ချိန်နယ်မြေသို့ ဝင်ခွင့်အတွက် ထောက်ခံစာစောင်တွင် အဆင့်လေးဆင့်ရှိသည်။
တစ်၊ နှစ်၊ သုံး၊ လေး...
အဆင့်တစ်မှာ အကောင်းဆုံးဖြစ်ကာ အဆင့်လေးမှာ အဆိုးဆုံးဖြစ်သည်။
ယခင်စာသည် ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းမှ သူတို့အတွက် ရေးပေးလိုက်သည့်ထောက်ခံစာနှင့် ပုံစံချင်းဆင်တူနေပေသည်။
အဆင့်နှစ်ထောက်ခံစာစောင်သည် သိသိသာသာကိုနိမ့်ကျနေပေသည်။
လျှို့ဝှက်နယ်မြေမှ ထွက်ခွာပြီးသည့်နောက်တွင် တစ်ယောက်ချင်းစီသည် သူတို့ရရှိမှု၏ ၃၀%ကိုလွှဲပေးရန်လိုအပ်သည်။
အဆင့်သုံးအတွက် ၄၀%ဖြစ်ပြီး အဆင့်လေးအတွက် ၅၀%ဖြစ်သည်။
ဆိုင်ရှင်ယန်မူလပေးထားသည့်ဈေးနှုန်းအဆင့်အရ အဆင့်တစ်ထောက်ခံစာစောင်၏ဈေးနှုန်းသည် အဆင့်သုံးထောက်ခံစာစောင်၏ဈေးနှုန်းထက် ဆယ်ဆမက ပိုများပေသည်။
ကျန်းချန်ရွှမ်၏အမေးကိုကြားသော်လည်း ဆိုင်ရှင်ယန်၏မျက်နှာမှာ ငြီးငွေ့ဖွယ်ဖြစ်ကာ တူညီသောအပြုံးနှင့်ပင်ဖြစ်နေသည်။
သူသည် သူ၏လက်များကို တောင်းပန်သည့်သဘောဖြင့် စိတ်မဝင်စားစွာဆန့်ထုတ်ကာ ပြောလိုက်သည်။
“ငါမင်းတို့နှစ်ယောက်လုံးကို တောင်းပန်ပါတယ်။ အဆင့်တစ်ထောက်ခံစာစောင်တွေကို သိပ်မကြာသေးခင်ကပဲ တစ်စုံတစ်ယောက်ကယူသွားတယ်။ ဒီအဆင့်သုံးစာစောင်က ငါ့အကောင်းဆုံးတတ်နိုင်စွမ်းနဲ့ မင်းတို့အတွက် စီစဉ်ပေးထားတ”
“ဟမ် ဒီတော့ရှင့်ကို ကျွန်မတို့ကကျေးဇူးတင်သင့်တယ်လို့ ဆိုလိုတာလား?”
ရှန်းရူယန်က ထေ့ငေါ့လိုက်သည်။
သို့သော်လည်း ဆိုင်ရှင်ယန်က ပြုံးမြဲပြုံးလျက်ရှိကာ သူ၏ခေါင်းကိုခါလိုက်သည်။
“ဒီလိုလုပ်ဖို့မလိုပါဘူး။ အမှန်အတိုင်းပြောရရင် ကိစ္စတွေကဒီလိုဖြစ်သွားတဲ့အတွက် ငါလည်းနည်းနည်းတော့ရှက်မိပါတယ်။ ဒီလိုဆိုရင်ရော?
အနာဂတ်မှာ အခွင့်အရေးတစ်ခုရှိလာရင် ငါမင်းတို့ကို တစ်နည်းနည်းနဲ့ လျော်ကြေးပေးဖို့ ကြိုးစားပါ့မယ်။ ဘယ်လိုသဘောရလဲ?”
ဆိုင်ရှင်ယန်သည် မည်သည့်လူစားမျိုးမှန်းနှင့် တိမ်ပင်လယ်အရက်ဆိုင်၏ စီးပွားရေးကျင့်ဝတ်ကိုသာ မသိခဲ့ပါက သူ၏သဘောရိုးတောင်းပန်မှုကို အမှန်ပင် ယုံကြည်သွားမိပေလိမ့်မည်။
“ဘာလျော်ကြေးမှမလိုပါဘူး”
ကျန်းချန်ရွှမ်၏ လေသံမှာ စိတ်ဝင်စားမှုရှိမနေပေ။
“ကျုပ်တို့က ခင်ဗျားကို ကျုပ်တို့ပေးထားတဲ့ ထိပ်တန်းအဆင့်အပိုဝိညာဉ်ကျောက်တုံးတွေကို ပြန်ပေးဖို့ပဲမျှော်လင့်တယ်”
ကျန်းချန်ရွှမ်၏ စကားများကိုကြားကာ ဆိုင်ရှင်ယန်၏အပြုံးသည် နောက်ဆုံးတွင် စတင်ပျောက်ကွယ်လာသည်။
သူ၏မျက်နှာထားသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို အထက်စီးမှ ကြည့်လိုက်ချိန်တွင် စိတ်မဝင်စားစွာဖြစ်နေခဲ့ကာ ပြောလိုက်သည်။
“ငါမင်းတို့ကို အခုလေးတင်ရှင်းပြပြီး လေးစားသမှုပြပြီးပြီ။ အခု မင်းတို့ရဲ့ကံကောင်းမှုကို တွန်းမထုတ်ဖို့ပဲ မျှော်လင့်တယ်။ မဟုတ်ရင်တော့ အကျိုးဆက်တွေက မင်းတို့တတ်နိုင်မယ့်အရာမျိုးမဟုတ်ဘူးလို့ပဲ ငါယုံကြည်တယ်”
သူ၏စကားလုံးများသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ မျက်နှာများကို ချက်ချင်းဖြူဖပ်ဖြူရော်ဖြစ်သွားစေခဲ့သည်။
သူတို့သည် အကြည့်ချင်းဖလှယ်ကာ အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ကြပြီး ဆိုင်ရှင်ယန်ကို လေးလံစွာ ခေါင်းညိတ်ပြလိုက်ကြသည်။
“ကောင်းတယ် သိပ်ကောင်းတယ်။ ငါတို့လုပ်ရမယ့်ဟာကိုပြောပြီးပြီ။ နှုတ်ဆက်ပါတယ်!”
သို့နှင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် တိမ်ပင်လယ်အရက်ဆိုင်ကို ပြန်လှည့်မကြည့်ဘဲ ထွက်ခွာခဲ့ကြသည်။
သူတို့ထွက်ခွာသွားသည်ကိုမြင်ကာ ဆိုင်ရှင်ယန်၏နောက်တွင် ပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ပုံရိပ်ကပြောလိုက်သည်။
“အရှင် ကျွန်တော်သူတို့နောက်ကလိုက်သွားပြီး အဲ့ဒီနှစ်ယောက်ကို စောင့်ရှောက်လိုက်ရမလား?”
ဆိုင်ရှင်ယန်၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ထပ်မံပေါ်ပေါက်လာပြန်သည်။
သူသည် သူ၏ခေါင်းကိုခါကာ ပြောလိုက်သည်။
“မလိုပါဘူး။ ဒီလိုမျိုးသိုးကောင်းတွေရှာရတာ ရှားတယ်။ သူတို့က အနာဂတ်မှာ ငါ့အတွက်ပိုများတဲ့ အကျိုးအမြတ်တွေ ယူလာပေးလိမ့်မယ်လို့မျှော်လင့်ထားတယ်”
အခြားတစ်ဖက်တွင်လည်း ....
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် တိမ်ပင်လယ်အရက်ဆိုင်မှထွက်ခွာလာခဲ့ပြီး သူတို့၏ယခင်က အမျက်ထွက်နေသောအမူအယာများလည်း ပျောက်ကွယ်သွားသည်။
ရှန်းရူယန်က ပြောလိုက်သည်။
“ယောက်ျား ကျွန်မတို့ အခု လျှို့ဝှက်နေဝင်ချိန်နယ်မြေကို ဦးတည်သွားကြတော့မလား?”
ကျန်းချန်ရွှမ်က ခေါင်းညိတ်လိုက်သည်။
“ဟုတ်ပြီလေ အဲ့ဒီကိုပဲ ဦးတည်သွားကြတာပေါ့။ ကိုယ်တို့အရှိန်နဲ့ဆိုရင် လျှို့ဝှက်နေဝင်ချိန်နယ်မြေကိုရောက်တာနဲ့ အဲ့ဒါဖွင့်မယ့်အချိန်လည်း ရောက်လောက်ပြီ”
“ဟုတ်တယ်”
ရှန်းရူယန်ကလည်းခေါင်းညိတ်လိုက်သည်။
“ဒါပေမယ့်လည်း တကယ်ကျတော့ အဲ့ဒီတိမ်ပင်လယ်အရက်ဆိုင်ကလူတွေက ဒီလိုအရာမျိုးတွေကိုလုပ်ကြတယ်။ ကျွန်မတို့ရဲ့ အဆင့်တစ်ထောက်ခံစာစောင်အတွက် ပိုက်ဆံယူသွားပေမယ့်လည်း ကျွန်မတို့ကိုပြန်ပေးတာကတော့ အဆင့်သုံးကြီး။
ကျွန်မတို့ကို အရူးလုပ်သွားသလိုပဲ”
“ဟား ဒါကအစကတည်းက ကိုယ်တို့မျှော်လင့်ထားသလိုပဲ မဟုတ်ဘူးလား?”
ကျန်းချန်ရွှမ်က ရယ်လိုက်သည်။
“သူတို့သဘာဝအရဆို ကိုယ်တို့ဆီကနေ အကျိုးအမြတ်ရမဲ့အလွှာတစ်ခုကို ခြစ်ထုတ်ပစ်ဖို့ ဘယ်လိုလုပ်မကြိုးစားဘဲနေကြမှာလဲ?”
“ဆိုတော့ ကျွန်မတို့ ဒီလိုပဲ အဖြစ်ခံတော့မလို့လား?”
ကျန်းချန်ရွှမ်၏မျက်လုံးများ ရုတ်တရက် နက်မှောင်သွားသည်။
သူသည် ဖြည်းညင်းစွာပြောလိုက်သည်။
“သူတို့ကိုယ်တို့ဆီကဘာပဲယူယူ ပြန်ရောက်လာမှာပဲအဲ့ဒီဝိညာဉ်ကျောက်တုံးတွေက တိမ်ပင်လယ်အရက်ဆိုင်ရဲ့ လက်ထဲမှာ ယာယီပဲရှိမှာ။ အချိန်တန်ရင် ကိုယ်တို့အဲ့ဒါတွေကို ပြန်ယူမယ်”
စကားပြောနေရင်း လင်မယားနှစ်ယောက်သည် လျှို့ဝှက်နေဝင်ချိန်နယ်မြေသို့ အလျင်အမြန်သွားခဲ့ကြသည်။
...
နှစ်လကြာပြီးနောက်
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ အနက်ရောင်လွင်ပြင်ကျယ်ဆီသို့ ရောက်ရှိသောအခါ ၎င်းမှာ ကျင့်ကြံသူများဖြင့်ပြည့်နှက်နေပြီဖြစ်ကြောင်း တွေ့ရှိခဲ့ကြသည်။
အခြေတည်ဝိညာဉ်စံသခင်တစ်ရာအောက်မနည်းနိုင်သည့်အပြင် သူတို့တော်တော်များများမှာ အခြေတည်ဝိညာဉ်နောက်ဆုံးအဆင့်များဖြစ်ကြသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အနားပတ်လည်ကိုကြည့်ကာ အခြေတည်ဝိညာဉ်ကျင့်ကြံသူများသည် အလွန်ရိုသေကျိုးနွံသည့် အမူအယာဖြင့် ဝိညာဉ်တည်ဆောက်ခြင်းဂိုဏ်းများ၏အခြေတည်ဝိညာဉ်ကျင့်ကြံသူများရှေ့တွင် စုဝေးနေကြောင်း သိရှိခဲ့ကြသည်။
၎င်းကို မြောက်ဘက်နယ်စပ်တွင် စိတ်ကူးယဉ်ကြည့်လို့တောင်မရနိုင်ပေ။
သူတို့နှင့် အဆင့်တူသော အခြေတည်ဝိညာဉ်စံသခင်များသည် ထိုကဲ့သို့ နိမ့်ကျသောကိုယ်နေဟန်ထားမျိုးကိုပြသနေကြပြီး အချို့မှာ ခခယယပင်လုပ်နေကြသည်။
သို့သော်လည်း အရှေ့ဘက်အဆုံးတွင် ၎င်းမှာ အတော်လေးပုံမှန်ဖြစ်နေပုံပေါ်သည်။
ထိုဝိညာဉ်တည်ဆောက်ခြင်းဂိုဏ်းကြီးများမှ ကျင့်ကြံသူများသည် သူတို့နှင့်အဆင့်အတန်းတူများ၏ ခယဝပ်တွားခြင်းကို အတော်လေးကျေနပ်နေကြဟန်တူသည်။
နောက်ဆုံးတွင် အရှေ့ဘက်အဆုံးရှိဝိညာဉ်တည်ဆောက်ခြင်းဂိုဏ်းကြီးများထဲမှတစ်ခုဖြစ်သည့် နေသုံးစင်းဂိုဏ်း၏အဝတ်အစားနှင့် လူတစ်ယောက်ဦးဆောင်ကာ ကြီးမားသောသင်္ဘောပျံတစ်ခုသည် အဝေးကောင်းကင်တွင် ထွက်ပေါ်လာသည်။
ထိုဂိုဏ်းတွင် ဝိညာဉ်တည်ဆောက်ခြင်းကောင်းကင်သခင်လေးယောက်နှင့် အခြေတည်ဝိညာဉ်ကျင့်ကြံသူအယောက်ငါးဆယ်မက ပါဝင်သည်။
ထိုသူများထဲတွင် အကျော်ကြားဆုံးမှာ ဝိညာဉ်တည်ဆောက်ခြင်းအစွန်းဖျားကို ရောက်ရှိမှုကြောင့် သတင်းထွက်နေသည့် စံသခင်တစ်ယောက်ဖြစ်သော မိုးကြိုးနိယာမဖြစ်သည်။
၎င်းသည်သူ့အား အရှေ့ဘက်အဆုံး၏ ဩဇာအကောင်းဆုံးပုံရိပ်များထဲမှ တစ်ခုအဖြစ်ပြုလုပ်နေပြီး နေသုံးစင်းဂိုဏ်းတွင် ဝိညာဉ်တည်ဆောက်ခြင်းသို့ တက်လှမ်းသွားနိုင်ချေအရှိဆုံးလူလည်းဖြစ်သည်။
“နှုတ်ဆက်ပါတယ်၊ စံသခင်မိုးကြိုးနိယာမ!”
မိုးကြိုးနိယာမ၏သင်္ဘောပျံသည် လူအုပ်၏အပေါ်သို့ ရောက်လုနီးနီးဖြစ်သောအခါ အတော်များများသည် ချက်ချင်းဦးညွှတ်ကာ သူ့အပေါ်ရှိ သူတို့၏လေးစားသမှုကို ပြသလိုက်ကြသည်။
ဤမြင်ကွင်းသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ ရှုထောင့်ကို ပြန်လည်ဆန်းသစ်လာစေသည်။
မိုးကြိုးနိယာမ၏အားကောင်းသောစွမ်းရည်၊ အဆင့်မြင့်ကျင့်စဉ်နှင့် ထူးခြားသောအဆင့်အတန်းရှိစေကာမူရှိစေကာမူ သူသည် အခြေတည်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်သာ ဖြစ်သည်။
သဘောတရားအရဆိုလျှင် လူတိုင်း၏အဆင့်တန်းမှာ အကြမ်းဖျင်းညီမျှပြီး အပြန်အလှန်အကျိုးပြုမှုများမှာလည်း ယေဘုယျအားဖြင့် ဖော်ရွေသောအခြေခံရှိကြသည်။
သို့သော်လည်း သူတို့မြင်တွေ့ခဲ့ရသည်မှာတော့ ထိုကဲ့သို့မဟုတ်ပေ။
၎င်းသည် အစေခံများနှင့် သူတို့၏ဆရာသခင်များကြားရှိ ဆက်ဆံရေးနှင့် ပိုတူနေပေသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က စိတ်ထဲကသက်ပြင်းချလိုက်စဉ်တွင် စံသခင်မိုးကြိုးနိယာမသည် သင်္ဘောပျံဆီမှ ဆင်းသက်လာပြီဖြစ်သည်။
သူသည် လူတိုင်းအပေါ်တွင် လွင့်မျောနေကာ စိတ်မဝင်စားစွာ ပြောလိုက်သည်။
“အားလုံးပဲ။ လျှို့ဝှက်နေဝင်ချိန်နယ်မြေရဲ့ ဖွင့်လှစ်မှုကို ငါကိုယ်တိုင်နဲ့ ချူးမျိုးနွယ်စုက ချုးကွမ်းလီက အတူတကွ ကြီးကြပ်ကွပ်ကဲမယ်”
ချူးမျိုးနွယ်စုသည် ဝိညာဉ်တည်ဆောက်ခြင်းကောင်းကင်သခင်သုံးယောက်နှင့် အခြေတည်ဝိညာဉ်ကျင့်ကြံသူလေးဆယ်ကျော်ကျော်ဖြင့် အရှေ့ဘက်အဆုံး၏ နောက်ထပ်အင်အားကြီးမားသောဝိညာဉ်တည်ဆောက်ခြင်းဂိုဏ်းတစ်ခုဖြစ်သည်။
ချုးကွမ်းလီကမူ သူသည်လည်း မိုးကြိုးဥပဒေကဲ့သို့ပင် ဝိညာဉ်တည်ဆောက်ခြင်း၏ ခြေလှမ်းတစ်ဝက်တွင်ဖြစ်သည်။
သူစကားပြော၍ပြီးသွားသည်နှင့် ကြီးမားသောသင်္ဘောပျံသည် အဝေးရှိ ကောင်းကင်အဆုံးအပေါ်သို့ ရွက်လွှင့်သွားကြသည်။
သင်္ဘောပျံသည် လူတိုင်း၏အထက်၌ ရပ်တန့်သွားချိန်တွင် အပြာရောင်ဝတ်ရုံနှင့် လူငယ်တစ်ယောက်သည် မိုးကြိုးနိယာမ၏ရှေ့သို့ ရောက်ရှိလာသည်။
“ဟီးဟီး တော်တော်တောင်ကြာသွားပြီ။ တာအိုရောင်းရင်းမိုးကြိုးနိယာမ ခင်ဗျားကအရင်ထက်တောင် ပိုပြီးအထင်ကြီးဖို့ ကောင်းလာတယ်”
သူသည် အခြားကျင့်ကြံသူများကိုပင် မမြင်သည့်အတိုင်း ဖြစ်နေသည်။
သူသည် မိုးကြိုးနိယာမနှင့် တိုက်ရိုက်စကားပြောနေခဲ့သည်။
မိုးကြိုးနိယာမသည် တုန်လှုပ်ခြင်းမရှိဘဲ ညနေမတိုင်ခင်ထိ ချုးကွမ်းလီနှင့် နာရီအတော်ကြာ စကားပြောနေခဲ့သည်။
နောက်ဆုံးတွင် နှစ်ယောက်လုံးသည် အချင်းချင်းပြုံးပြလိုက်ကြကာ သူတို့၏အာရုံများကို လူအုပ်ဆီသို့ လွှဲပြောင်းလိုက်ကြသည်။
***