လျှို့ဝှက်နယ်မြေသို့ဝင်ရောက်ခြင်း၊ ဝိညာဉ်ဝါးမျိုခြင်းပိုးတောင်မာ(၃)
Vol. 31 Ch. 593
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။
ဤတစ်ကြိမ်တွင် သူတို့သည် ဤနေရာ၌ ဆက်လက်ကြာကြာမနေခဲ့ပေ။
သူတို့အပေါ်ရှိ ထောက်ခံစာစောင်လောင်ကျွမ်းသွားသည်နှင့် သူတို့၏ခန္ဓာကိုယ်ပေါ်တွင် အားကောင်းသော စုပ်အားတစ်ခုကို ခံစားလိုက်ရသည်။
သူတို့သည် ထိုစွမ်းအားကို ခုခံရန်မကြိုးစားခဲ့ကြပေ။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သူတို့၏အမြင်အာရုံများ ဝေဝါးလာသည်ကို ခံစားမိခဲ့ကြသည်။
ထို့နောက်တွင် သူတို့ထပ်မံကြည့်ရှုလိုက်သောအခါ၌ သူတို့သည် ကြီးမားသောချိုင့်ဝှမ်းတစ်ခုထဲတွင် ရောက်ရှိနေပေသည်။
ဝှစ်-
ချက်ချင်းဆိုသလိုပင် သူတို့သည် သူတို့၏ အနောက်မှရောက်လာနေသည့် အားကောင်းသောလေပြင်းတစ်ခုကို ချက်ချင်းခံစားမိလိုက်ကြသည်။
သူတို့၏ပုံရိပ်များ မှိတ်တုတ်မှိတ်တုတ်ဖြစ်ကာ ပျောက်ကွယ်သွားသည်။
သူတို့နှစ်ယောက်သည် မီတာထောင်ချီအဝေးတွင် ချက်ချင်းထွက်ပေါ်လာသည်။
ထိုအချိန်တွင် သူတို့သည် သူတို့အားတိုက်ခိုက်ရန် ကြိုးစားနေသည့်အရာမှာ ပေကျံချွဲကျိနေကာ အဝါညိုအစက်ပျောက်များဖြင့် ဖုံးလွှမ်းထားသည့် ကြီးမားသောမြေနဂါးတစ်ကောင်ဖြစ်ကြောင်း အသေအချာတွေ့မြင်လိုက်ရသည်။
တစ်နည်းအားဖြင့် ၎င်းသည် နတ်ဆိုးတစ်ကောင်ဖြစ်လာခဲ့သည့် တီကောင်တစ်ကောင်ဖြစ်သည်။
သို့သော်လည်း ၎င်း၏အရွယ်အစားသည် သာမန်တီကောင်နတ်ဆိုးတစ်ကောင်ထက် အဆပေါင်းများစွာ ပိုမိုကြီးမားပေသည်။
၎င်းသည် အထပ်၃၀နီးနီးမြင့်မားသည်။
ခရက်-
ကြီးမားသောတီကောင်က သူတို့အား ထပ်မံတိုက်ခိုက်သည်ကိုမြင်သောအခါ ရှန်းရူယန်သည် လက်တံဆိပ်တစ်ခုပြုလုပ်ကာ မိုးကြိုးမီးတောက်တစ်ခုကို ဖန်တီးပြလိုက်သည်။
ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာသည်။
မိုးကြိုးနှင့် မီးများသည် ကြီးမားသောတီကောင်ဆီပစ်ချလိုက်ကာ ၎င်းကို မီးတောက်များဖြင့် လွှမ်းမိုးသွားခဲ့သည်။
ခနအတွင်းပင် အလွန်ကြီးမားသောတီကောင်သည် ပြာများအဖြစ် ပြောင်းလဲခံလိုက်ရသည်။
ရွှမ်း-
သူတို့၏ပွက်လောရိုက်မှုသည် ချိုင့်ဝှမ်းထဲရှိ တစ်စုံတစ်ခုအား နှောင့်ယှက်လိုက်ဟန်တူသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ နားထဲတွင် ၎င်းမှာ တွားသွားအင်းဆက်များ၏ သိပ်သည်းသောအသံများဖြစ်သည်။
သူတို့လှည့်ကြည့်လိုက်သည်။
လင်မယားနှစ်ယောက်သည် ချက်ချင်းမျက်မှောင်ကြုံ့သွားခဲ့ကြသည်။
ချို့င့်ဝှမ်း၏အတွင်းခေါင်းထဲမှ ပေါ်ထွက်လာသည်များမှာ မရေမတွက်နိုင်သည့် မီးခိုးညိုရောင်အင်းဆက်များဖြစ်သည်။
၎င်းတို့သည် အရွယ်အစားအားဖြင့် လူ့ဦီးခေါင်းတစ်လုံးခန့်ရှိပြီး မာကျောသောအခွံများဖြင့် ချွန်ထက်သောပါးစပ်ပိုင်းများဖြင့် ဖြစ်သည်။
သူတို့သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်ဆီသို့ ငါးမန်းများမှ သွေးဆီသို့ ချဉ်းကပ်နေသည့်အတိုင်း စုပြုံအုံခဲလာကြသည်။
ဘွန်း!
အင်းဆက်အကောင်အများအပြားစုရုံးလာသည်နှင့် ကျန်းချန်ရွှမ်သည် သူ၏လက်ကိုမြှောက်ကာ သူတို့၏အရပ်ဆီသို့ ဖိချလိုက်သည်။
ချက်ချင်းပင် ပေထောင်ချီရှည်လျားသည့်ကြီးမားသောလက်ဖဝါးတစ်ခုသည် အင်းဆက်များပေါ်သို့ ချက်ချင်းဖိချလိုက်သည်။
သို့သော်လည်း သူတို့အံ့အားသင့်သွားခဲ့ရခြင်းမှာ အင်းဆက်များသည် တိုက်ခိုက်မှုကို မရှောင်လွှဲခဲ့သောကြောင့် ဖြစ်သည်။
ထိုအစား ၎င်းတို့သည် စိတ်အားထက်သန်စွာ အသံမြည်လျက် ကြီးမားသောလက်ဖဝါးဆီသို့ အပြေးအလွှားသွားခဲ့ကြသည်။
ကျွိ ကျွိ
ချက်ချင်းပင် ကျန်းချန်ရွှမ်ဖိချထားသည့် လက်ဖဝါးသည် သိပ်သည်းသောအင်းဆက်အုပ်များဖြင့် လွှမ်းမိုးခံလိုက်ရသည်။
ကောင်းကင်တွင် မရေမတွက်နိုင်သောအင်းဆက်များ ပြုလုပ်ထားသည့် ကြီးမားသောလက်ဖဝါးပုံစံတစ်ခု ထွက်ပေါ်လာသည်။
သို့သော်လည်း အချိန်ကုန်လွန်သွားသည်နှင့် ထိုပုံစံမှာ လျင်မြန်စွာကျုံ့ဝင်သွားသည်။
သူတို့သည် ကျန်းချန်ရွှမ်၏ လက်ဖဝါးကို အငမ်းမရဝါးမျိုနေကြသည်။
“အဲ့ဒါဝိညာဉ်ဝါးမျိုခြင်း ပိုတောင်မာပဲ!”
ရုတ်တရက် ရှန်းရူယန်က ဤပိုးကောင်များကို သဘောပေါက်သွားဟန်တူသည်။
သူမသည် မည်သို့မျှမတတ်နိုင်ဘဲ အံ့အားသင့်စွာပြောဆိုလိုက်သည်။
၎င်းသည် ကျန်းချန်ရွှမ်အား ရှုပ်ထွေးသွားစေခဲ့သည်။
သိသိသာသာပင် သူသည် ရှန်းရူယန်ပြောဆိုနေသည့် ဝိညာဉ်ဝါးမျိုခြင်းပိုးတောင်မှာဆိုသည်မှာ ဘာကိုဆိုလိုမှန်းမသိချေ။
ရှန်းရူယန်က ထပ်မံပြောဆိုလိုက်သည်။
“ဝိညာဉ်ဝါးမျိုခြင်းပိုးတောင်မာက အမျိုးအစားသုံးဆယ့်ခြောက်ခုထဲမှာ နှစ်ဆယ့်သုံးနေရာကရှိနေတဲ့ ကောင်းကင်နဲ့ကမ္ဘာမြေရဲ့ ထူးခြားဆန်းပြားတဲ့အင်းဆက်တွေထဲကတစ်ခုပဲ။
သူတို့တွေက ဝိညာဉ်ချီရှိတဲ့ဘယ်ဟာကိုမဆို စားသုံးပြီးတော့ အံ့ဩဖို့ကောင်းအောင်သန်မာတဲ့ခုခံမှုတွေရှိတယ်။
ပြောကြတာတော့ ပဉ္စမအဆင့်ဝိညာဉ်ဝါးမျိုခြင်းပိုးတောင်မာအရေအတွက်အချို့သာရှိမယ်ဆိုရင် ဝိညာဉ်တည်ဆောက်ခြင်းကောင်းကင်သခင်တွေတောင်မှ သူတို့ကိုတားဆီးဖို့ သင့်တော်တဲ့ နည်းလမ်းမရှိဘူးဆိုရင် သူတို့ရဲ့အစာအဖြစ် ပြောင်းသွားနိုင်တယ်တဲ့”
ဤပြောဆိုမှုသည် ကျန်းချန်ရွှမ်အား မျက်လုံးကျဉ်းသွားစေခဲ့သည်။
သူသည် ဤသတ္တဝါများမှာ အတော်လေးကြောက်ဖို့ကောင်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူတို့သည် တိကျသည့် အတိုင်းအတာနှင့် ပမာဏတစ်ခုကို ရောက်သွားခဲ့လျှင် ဝိညာဉ်တည်ဆောက်ခြင်းကောင်းကင်သခင်ပင်လျှင် သူတို့၏ဖမ်းဆုပ်မှုမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
သူတို့ကိုသာ ဤနေရာတွင် ထပ်မံပွားများခွင့်ပြုလိုက်မည်ဆိုလျှင် ...
သူတို့၏အရေအတွက်သည် ကြောက်မက်ဖွယ်အဆင့်တစ်ခုသို့ ရောက်ရှိသွားပါက သူသည် ဤလျှို့ဝှက်နေဝင်ချိန်နယ်မြေမှ အမှန်တကယ် အသက်ရှင်လျက်ထွက်သားနိုင်မည်ဟုတ်မဟုတ်ကို သေချာမသိနိုင်တော့ပေ။
ကျွိ ကျွိ
ယခုတွင် သူဖိချထားသည့် လက်ဖဝါးမှာ ပိုးကောင်များထံမှ လုံးဝဝါးမျိုခံလိုက်ရသည်။
သူသည် သူ၏လက်ဖဝါးကို ဝါးမျိုထာသည့် ပိုးကောင်အရေအတွက်မှာ ယခင်ကထက် ပိုမိုများပြားလာသည်ကို အသေအချာမြင်လိုက်ရသည်။
ထို့ပြင်ယခု၌ သူတို့၏အာရုံသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ဆီသို့ ရောက်ရှိသွားပြီး သူတို့ဆီ ထပ်မံစုဝေးသွားရန် တုံ့ဆိုင်းမနေခဲ့ကြပေ။
“ယောက်ျား ရှင့်ရဲ့ သန့်စင်သောယန်မီးစင်စစ်နှင့် နေစင်စစ်မီးတောကိုသုံး!
ဒီဝိညာဉ်ဝါးမျိုခြင်းပိုးကောင်တွေက ယင်စွမ်းရည်ရဲ့ဟာတွေပဲ။ သူတို့အကြောက်ဆုံးက သန့်စင်တဲ့ယန်နဲ့ ကောင်းကင်မီးတောက်တွေပဲ”
ရှန်းရူယန်က သူ့ကို ရုတ်တရက် အသိပေးလိုက်သည်။
သူမ၏စကားများကိုကြားသောအခါ ကျန်းချန်ရွှမ်က တုံ့ဆိုင်းမနေတော့ပေ။
သူ၏လက်ဖဝါးများ၏ ဆန့်ထွက်လာမှုဖြင့် ရွှေအရိပ်အယောက်များဖြင့် သန့်စင်သောယန်မီးဘောလုံးနှစ်ခုသည် ဝါးမျိုနေသာဝိညာဉ်ဝါးမျိုခြင်းပိုးကောင်များဆီသို့ ပစ်လွှတ်ခဲ့ကြသည်။
တစ်ချိန်တည်း၌ပင်...
သူသည် သူ၏မူလရတနာတစ်ခုဖြစ်သည့် အဆုံးမရှိနေမင်းလောင်ကျွမ်းမီးဖိုကို ထုတ်ယူလိုက်သည်။
ဂျိုင်းခနဲအသံတစ်ခု ထွက်လာသည်။
မီးဖို၏မြင့်မားသောသိပ်သည်းမှုပွင့်ထွက်သွားသည်နှင့် မီးတောက်စင်စစ်များ၏ ကြီးမားသောစီးကြောင်းများ လျှံကျလာသည်။
ချီ! ချီ! ချီ! ချီ!
ချက်ချင်းပင် သူတို့ဆီသို့ အပြေးအလွှားလာနေသည့် ဝိညာဉ်ဝါးမျိုခြင်းပိုးကောင်များသည် သန့်စင်သောမီးစင်စစ်နှင့် နေစင်စစ်မီးတောက်ကြောင့် ပြာချခံလိုက်ရသည်။
ထို့ပြင် ဤမီးတောက်နှစ်ခုတွင် ၎င်းတို့၏ကိုယ်ပိုင်အသိဝိညာဉ်များ ရှိကြဟန်တူသည်။
ရှေ့တန်းရှိပိုးကောင်များ၏ လုံးဝလောင်ကျွမ်းမှုပြီးသည့်နောက်တွင် ၎င်းတို့သည် နှစ်ခုကွဲထွက်သွားပြီး ထို့နောက်တွင် လေးခုနှင့် နောက်ဆုံးတွင်ရှစ်ခုအဖြစ် ကွဲထွက်သွားကြသည်။
မျက်စိတစ်မှိတ်အတွင်းပင် ၎င်းတို့သည် မီးတောက်ဘောလုံးများအဖြစ် ကွဲထွက်သွားကာ ကျန်ရှိနေသော ပိုးကောင်များဆီသို့ လိမ့်သွားကြသည်။
ကျွိ ကျွိ-
ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား အကြောက်အရွံ့မရှိတိုက်ခိုက်နေသည့် ဝိညာဉ်ဝါးမျိုခြင်းပိုးကောင်များသည် အလွန်အမင်းကြောက်မက်ဖွယ်တစ်စုံတစ်ခုကို ကြုံတွေ့လိုက်ရသကဲ့သို့ အရပ်မျက်နှာအားလုံးသို့ ချက်ချင်းပျံသန်းသွားခဲ့သည်။
၎င်းကိုမြင်သော်လည်း ကျန်းချန်ရွှမ်သည် သူတို့အား အလွတ်ပေးရန် ရည်ရွယ်ချက်မရှိပေ။
သူသည် သန့်စင်သောမီးစင်စစ်နှင့်နေစင်စစ်မီးတောက်ကို ဆက်လက်ထိန်းချုပ်ထားကာ ဝိညာဉ်ဝါးမျိုခြင်းပိုးကောင်များအား ရှင်းလင်းပစ်လိုက်သည်။
ခနကြာပြီးနောက်...
မြေကြီးသည် ပြာများနှင့် အမှုန့်များဖြင့် ဖုံးလွှမ်းသွားသည်။
“ဘယ်လိုလဲ မိန်းမ? ကိုယ်တို့ သွားပြီး တစ်ချက်ကြည့်လိုက်ကြမလား?”
သူ၏ရှေ့ရှိမြင်ကွင်းကိုကြည့်ကာ ကျန်းချန်ရွှမ်သည် ရှန်းရူယန်ဆီလှည့်ပြီး မေးလိုပ်သည်။
ရှန်းရူယန်သည် ခနမျှ တွေးဆပြီးနောက် ခေါင်းညိတ်လိုက်သည်။
“ကျွန်မတို့ကြည့်လို့ရတယ်။ ကျွန်မမှတ်မိတာသာသေချာတယ်ဆိုလို့ရှိရင် ဝိညာဉ်ဝါးမျိုခြင်းပိုးကောင်ဘုရင် နေထိုင်တဲ့အနီးနားမှာ အရမ်းရှားပါးတဲ့ဝိညာဉ်ရတနာတွေလည်း များများစားစားရှိတတ်တယ်။
အဲ့ဒီကိုသွားပြီး ကျွန်မတို့အကျိုးရှိတာတစ်ခုခုတွေ့နိုင်မလားဆိုတာ သွားကြည့်ရအောင်”
အဆုံးတွင် ထွက်ပေါ်လာခဲ့သည့် ဝိညာဉ်ဝါးမျိုခြင်းပိုးကောင်များမှာ အဆင့်နိမ့်များဖြစ်နေခဲ့သည်။
သာမန်အခြေတည်ဝိညာဉ်ကျင့်ကြံသူများအတွက် သတိထားရန်လိုသော်လည်း ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အတွက် သူတို့၏လက်ရှိကျင့်စဉ်နှင့်ဆိုလျှင် များများစားစား စိုးရိမ်စရာမရှိလှပေ။
လင်မယားနှစ်ယောက်သည် ကြီးမားသောမြေအောက်လှိုဏ်ဂူဆီသို့ ဦးတည်လိုက်ကြပြီး ဝိညာဉ်ဝါးမျိုခြင်းပိုးကောင်များ ထွက်ပေါ်လာခဲ့သည့်လမ်းကြောင်းနောက်ကို လိုက်ခဲ့ကြသည်။
လှိုဏ်ဂူအတွင်းတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သိပ်သည်းသောဝိညာဉ်ချီတစ်ခုကို ခံစားမိခဲ့သည်။
အပြင်ဘက်နှင့်ယှဉ်လျှင် ဝိညာဉ်ချီ၏စုစည်းမှုမှုအနည်းဆုံး၄၀% ပိုမိုများပြားပေသည်။
သူတို့ပိုမိုနက်သည့်နေရာသို့ ဝင်ရောက်လာသည်နှင့် စုစည်းမှုမှာ ဆက်လက်မြင့်တက်လာကာ ဝိညာဉ်ဝါးမျိုခြင်းပိုးကောင်ဘုရင် နေထိုင်ရာဆီသို့ ဦးတည်ညွှန်ပြနေဟန်ရှိသည်။
ရွှီး...
လင်မယားနှစ်ယောက်သည် မြေအောက်သို့ ပိုမိုနက်နက်ဝင်ရောက်သွားသည်နှင့် တွားသွားနေကြသောအင်းဆက်များ၏အသံများမှာ အရပ်မျက်နှာအားလုံးမှ ထွက်ပေါ်လာသည်။
အပေါ်ကိုကြည့်လိုက်သောအခါ ပိုမိုချွန်ထက်သောပါးစပ်ပိုင်းများ၊ ပိုမိုခိုင်ခံ့သောအခွံများနှင့် ကောက်ရိတ်ဓားတစ်ခုကဲ့သို့ ခြေဆံလက်ဆံများဖြင့် ပိုမိုကြီးမားသည့်ဝိညာဉ်ဝါးမျိုခြင်းပိုးကောင်များကို သူတို့ မြင်တွေ့လိုက်ကြသည်။
ရက်စက်ကြမ်းတမ်းသောအော်ဟစ်သံများကိုထုတ်လွှတ်လျက် သူတို့သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်ဆီသို့ လိမ့်တက်လာကြသည်။
ဘွန်း!
ချက်ချင်းပင် သန့်စင်သောမီးစင်စစ်နှ့င် နေစင်စစ်မီးတောက်မှာ ပေါက်ကွဲသွားပြီး လောင်ကျွမ်းထားသောကိုယ်ထည်များ၏အသံဖြင့် လှိုဏ်ဂူအား ပြည့်နှက်သွားစေခဲ့သည်။
ပိုးကောင်များသည် အထိတ်တလန့်ဖြစ်မှုဖြင့် အော်ဟစ်ပြီးသည့်နောက်တွင် ဆုတ်ခွာရန်ကြိုးစားခဲ့ကြသည်။
သို့သော်လည်း ထိုအချိန်တွင် ထူးဆန်းသောအားတစ်ခုသည် သူတို့၏အပေါ်သို့ ရောက်ရှိလာဟန်တူကာ သူတို့၏ကြောက်ရွံ့မှုများကို တခနချင်းတွင်းပင် ကျော်လွှားသွားစေခဲ့ပြီး သေဆုံးနိုင်ချေရှိသော်လည်း မီးတောက်များကို ဖြတ် ကျော်ပြီး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်ကို ဆက်လက်တိုက်ခိုက်ရန် လွှမ်းမိုးစေ့ဆော်ခဲ့သည်။
အဲ့ဒါ ဝိညာဉ်ဝါးမျိုခြင်းပိုးကောင်ဘုရင်ပဲဖြစ်ရမယ်!
ထိုအချိန်တွင် လင်မယားနှစ်ယောက်၌ တူညီသောအတွေးတစ်ခုရှိခဲ့သည်။
ဝိညာဉ်ဝါးမျိုခြင်းပိုးကောင်ဘုရင်ကသာလျှင် သူတို့၏ကြောက်ရွံ့မှုများကို ယာယီကျော်လွှားပြီးဆက်လက်တိုက်ခိုက်စေကာ သန့်စင်သောယန်ကိုမွေးရာပါကြောက်ရွံ့နေကြသည့် ဤပိုးကောင်များကို ပြုလုပ်နိုင်သည်...
***