← Chapters

ပိတ်ဆို့မှု၊ မထိုက်တန်သောကပ်ဘေး

Vol. 31 Ch. 594

ပိတ်ဆို့မှု၊ မထိုက်တန်သောကပ်ဘေး

Vol. 31 Ch. 594

ဘွန်း!

ထိုအချိန်တွင် အနားပတ်လည်ရှိ သန့်စင်သောယန်နှင့်နေမီးတောက်များသည် စတင်ကာ တိုး၍တိုး၍စွမ်းအားပြင်းထန်လာသည်။

များစွာသောဝိညာဉ်ဝါးမျိုခြင်းပိုးကောင်များသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သို့ မချဉ်းကပ်နိုင်သေးခင်တွင် ပြာများအဖြစ်ပြောင်းလဲသွားကြသည်။

အနီးနားတွင်မရှိသော ပိုးကောင်အချို့ပင်လျှင် လင်မယားနှစ်ယောက်ကြောင့် ချက်ချင်းလက်ငင်းအားအင်ကုန်ခမ်းသွားကြသည်။

ယခုသေဆုံးသွားကြသည့်ပိုးကောင်အရေအတွက်သည် အစောက သူတို့အပြင်ဘက်တွင် ကြုံတွေ့ခဲ့ရသည့် ပိုးကောင်အရေအတွက်ထက် များစွာသာလွန်ကြောင်း ထင်ရှားမြင်သာသည်။

သို့သော်လည်း ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သူတို့နှင့်အဆုံးမရှိဆက်လက်တိုက်ခိုက်နေရန် ရည်ရွယ်ချက်မရှိပေ။

ရှန်းရူယန်သည် မိုးကြိုးဆင်းကောင်းကင်ဘုံတိဆိပ်တော်ကိုဆင့်ခေါ်ရန် သူမ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

ဂျိန်း!

ချက်ချင်းပင် မိုးကြိုးသွားများသည် မိုးကြိုဆင်းကောင်းကင်ဘုံတံဆိပ်တော်ဆီမှ သွန်ကျလာလေသည်။

ကျန်းချန်ရွှမ်၏ သန့်စင်သောယန်နှင့်နေမီးတောက်များနှင့်အတူ ခနအတွင်းတွင် မီတာထောင်ချီအတွင်း အသက်ရှိနေသောဝိညာဉ်ဝါးမျိုခြင်းပိုးကောင်များ မရှိကြတော့ပေ။

လင်မယားနှစ်ယောက်သည် ပိုးကောင်အသစ်များကို ဆန့်ကျင်ရင်ဆိုင်ရန် ဆက်လက်လုပ်ဆောင်နေသည်။

နောက်ဆုံးတွင်...

အချိန်တချို့ကုန်လွန်သွားပြီးနောက် သူတို့၏မြင်ကွင်းမှာ စတင်ပွင့်လာသည်။

သူတို့သည် ထုထည်ကြီးမားသောကျောက်စက်ပန်းဆွဲများနောက်တွင် ဧရာမဝိညာဥ်ဝါးမျိုခြင်းပိုးကောင်ဘုရင်ကို မြင်တွေ့လိုက်ကြသည်။

ပိုးကောင်ဘုရင်သည် ၎င်း၏နဖူးတွင် ရောစပ်ထားသောမျက်လုံးများ၊ အောက်ဘက်တွင် ခြေဆံလက်ဆံအတွဲခုနစ်ခု သို့မဟုတ် ရှစ်ခုနှင့် ၎င်း၏ကျောကုန်းတွင် စိန်တစ်လုံးနှင့်ဆင်တူသည့် မာကျောသောအခွံတစ်ခုဖြင့် ငွေဖြူရောင်ဖြစ်သည်။

၎င်းသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ ရှေ့သို့ ရောက်ရှိလာသည်။

သို့သော်လည်း ထိုအချိန်တွင် သူတို့၏အာရုံသည် ဝိညာဉ်ဝါးမျိုခြင်းပိုးကောင်ဘုရင်အပေါ်တွင် မရှိဘဲ ၎င်း၏နောက်ရှိ မြူများဖုံးလွှမ်းထားသောမျက်နှာပြင်နှင့် ကြီးမားသောရေကန်တစ်ခုပေါ်တွင် ရှိနေသည်။

“ဒါပဲလား? ထောင်စုနှစ်ပိုင်းဝိညာဉ်ဝါးမျိုခြင်းကျောက်ဖရုံချောင်း!”

သူတို့နှစ်ယောက်စလုံး ထိုမြင်ကွင်းတွင် ပင့်သက်ရှိုက်လိုက်ကြသည်။

၎င်းသည် ကျင့်ကြံသူများအတွက် တန်ဖိုးအရှိဆုံးဝိညာဉ်ရတနာများထဲမှ တစ်ခုဖြစ်သည်။

၎င်းသည် တစ်ဦးတစ်ယောက်၏ ဓမ္မစွမ်းအားမှ မသန့်စင်မှုများကို စင်ကြယ်ပေးရုံနှင့် ကျင့်စဉ်အဆင့်များကို တိုးမြင့်စေရုံသာမကဘဲ အရေးအကြီးဆုံးမှာ ဝိညာဉ်တည်ဆောက်ခြင်းအတိဒုက္ခ၏ အတွင်းနတ်ဆိုးများကိုလည်း တိုက်ထုတ်ပေးနိုင်သည်။

ဆိုလိုသည်မှာ ၎င်းသည် ဝိညာဉ်တည်ဆောက်ခြင်းသို့ သူတို့၏အနာဂတ်တက်လှမ်းမှုများအတွက် အံ့ဩဖွယ်အကျိုးရှိပေသည်။

ထို့ပြင် ၎င်းတို့မှာ များစွာရှိနေသည်။

၎င်းကိုပွင့်ပွင့်လင်းလင်းထားရှိရန် ဤနေရာ၏သတင်းများသာပေါက်ကြားသွားပါက ၎င်းသည် သေချာပေါက် အရှေ့ဘက်အဆုံး၏ ဝိညာဉ်တည်ဆောက်ခြင်းအင်အားစုများကြားထဲတွင် ပြင်းထန်သောတိုက်ပွဲတစ်ခုကို အစပြုသလိုဖြစ်နေလိမ့်မည်။

ယခုတွင် သူတို့ရင်ဆိုင်ရမည့် တစ်ခုတည်းသောကိစ္စရပ်မှာ သူတို့ရှေ့ရှိ ဝိညာဉ်ဝါးမျိုခြင်းပိုးကောင်ဘုရင်ဖြစ်သည်။

ကျွိ-

သာမန်အဆင့်တူများထက် များစွာပိုမိုကြီးမားသောဝိညာဉ်ဝါးမျိုခြင်းပိုးကောင်ဘုရင်သည် ရုတ်တရက် ၎င်း၏ ကံကြမ္မာကို အာရုံခံမိလိုက်သည်နှင့်ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ရှေ့တွင် ရုတ်တရက် မှောက်လဲလျက် နှိမ့်ချသောကိုယ်နေဟန်ထားတစ်ခုကို ပြသနေသည်။

၎င်းသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့နှစ်ယောက်စလုံးကို အံ့အားသင့်သွားစေခဲ့သည်။

သူတို့၏အသိပညာဗဟုသုတများအရ ကောင်းကင်နှင့်ကမ္ဘာမြေ၏အခြားသက်ရှိများကဲ့သို့ပင် ဝိညာဉ်ဝါးမျိုခြင်းပိုးကောင်တွင် ထူးခြားသောစွမ်းရည်များနှင့် ပါရမီများရှိပေသည်။

သို့သော်လည်း ဉာဏ်ပညာနှင့် အသနားခံရန်နားလည်တတ်မှုများမှာ ရှားပါးပေသည်။

အနည်းဆုံးတော့ သူတို့နားလည်သလောက်တွင် ဝိညာဉ်ဝါးမျိုခြင်းပိုးကောင်ဘုရင်သည် ထိုကဲ့သို့ အမူအကျင့်မျိုးမပိုင်ဆိုင်ချေ။

သို့သော်လည်း ဤနေရာတွင် ၎င်းသည် အာရုံခံစားနိုင်မှုကဏ္ဌအချို့ကိုပြသနေသည်။

အပြည့်အဝမဖွံ့ဖြိုးသေးသော်လည်း ဝိညာဉ်ဝါးမျိုခြင်းပိုးကောင်ဘုရင်သည် ဉာဏ်ပညာကြီးမားလာမှုလက္ခဏာအချို့ကို ပြသနေသည်။

ကျွိ-

ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏စိတ်ထွဲင် အတွေးတစ်ခုတစ်ပြိုင်နက်တည်း ဝင်ရောက်သွားကာ တိုးတက်လာသောအံ့အားသင့်မှုဖြင့် သူတို့အချင်းချင်းကြည့်မိစေလိုက်သည်။

နောက်ဆုံးတွင် ကျန်းချန်ရွှမ်က ပြောလိုက်သည်။

“မင်းကငါတို့ကို မင်းရဲ့ဆရာသခင်တွေအဖြစ် အသိအမှတ်ပြုချင်တာလား?”

ကျွိ ကျွိ-

‌ဝိညာဉ်ဝါးမျိုခြင်းကောင်းကင်ဘုရင်က ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်သည်။

ထို့နောက်တွင် ဝိညာဉ်ဝါးမျိုခြင်းပိုးကောင်ဘုရင်ထံမှ အလင်းရောင်အမျှင်တန်းနှစ်ခု ထွက်ပေါ်လာသည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ဝိညာဥ်ဝါးမျိုခြင်းပိုး‌ကောင်ဘုရင်၏ ဆရာသခင်များ အမှန်တကယ်ဖြစ်လာရန် ဤမူလဝိညာဉ်အမျှင်တန်းကို လက်ခံပြီး သူတို့၏ကိုယ်ပိုင်ကန့်သန်ချက်များကို ၎င်းအပေါ်တွင် ထည့်သွင်းရန်သာလိုအပ်သည်။

လင်မယားနှစ်ယောက်သည် ဤကမ်းလှမ်းမှုကို မငြင်းဆိုခဲ့ပေ။

ဝိညာဉ်ဝါးမျိုခြင်းပိုးကောင်ဘုရင်က အညံ့ခံရန် ဆန္ဒရှိနေသောကြောင့် သူတို့သည် အလိုလိုပင် ၎င်း၏အသက်ကို ချမ်းသာပေးရန် စိတ်မခုခဲ့ပေ။

မကြာမီတွင် သူတို့သည် ၎င်း၏မူလဝိညာဉ်ကိုလက်ခံလိုက်ကာ ကန့်သတ်ချက်အသီးသီးကို ၎င်းအပေါ်တွင် ထားရှိလိုက်သည်။

ထိုအချိန်တွင် နှစ်ယောက်စလုံးသည် ဝိညာဉ်ဝါးမျိုခြင်းပိုးကောင်ဘုရင်၏ သေခြင်းနှင့်ရှင်ခြင်းသည် သူတို့၏စိတ်ကူးထဲတွင် ရှိနေကြောင်း အသေအချာခံစားမိလိုက်သည်။

ကျွိ ကျွိ...

ထို့နောက်တွင် ဝိညာဉ်ဝါးမျိုခြင်းပိုးကောင်ဘုရင်သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို အော်ခေါ်လိုက်ကာ ရေကန်နောက်ရှိ ဝိညာဉ်ကျောက်ဖရုံချောင်းရှိသည့် နယ်မြေသို့ တွားသွားရန်လှည့်လိုက်သည်။

၎င်းကိုမြင်ကာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က နောက်မှလိုက်လာလိုက်သည်။

ခနတာလမ်းလျှောက်ပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သူတို့၏ဝိညာဉ်ထဲသို့ စိမ့်ဝင်ပျံ့နှံ့ကာ ဝိညာဉ်များကို လန်းဆန်းစေသည့် အလွန်လတ်ဆတ်သောအထိအတွေ့တစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်သည်။

သူတို့၏ရှေ့တွင် ငွေဖြူရောင်ပန်းသုံးပွင့် ပေါက်ရောက်နေသည်။

ဝိညာဉ်ဝါးမျိုခြင်းပိုးကောင်ဘုရင်သည် ဤငွေဖြူရောင်ပန်းသုံးပွင့်ဘေးတွင် ရပ်ကာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို အဆက်မပြတ်အော်ခေါ်လိုက်သည်။

“ပြီးတော့ ဒါက?”

သူတို့၏သူငယ်အိမ်များ တင်းကျပ်သွားသည်။

ထို့နောက်တွင် သူတို့၏မျက်နှာပေါ်၌ ပျော်ရွှင်မှုတစ်ခု အလိုလိုပေါ်ပေါက်လာသည်။

“ဒါကဗလာနယ်ကြည်လင်ကြွေပန်းပဲ!”

ဗလာနယ်ကြည်လင်ကြွေပန်းဟုခေါ်သည့်အရာသည် မူလဝိညာဉ်ကို အားကောင်းစေနိုင်စွမ်းရှိသည့် ဝိညာဉ်ပစ္စည်းတစ်ခုဖြစ်သည်။

၎င်းသည် တစ်ဦးတစ်ယောက်၏ အသိဉာဏ်ကိုဖွင့်လှစ်ရန်နှင့် သဘောပေါက်နားလည်နိုင်စွမ်းကိုတိုးမြှင့်စေရန်လည်း ကူညီပေးနိုင်သည်။

ဝိညာဉ်ဝါးမျိုခြင်း‌ပိုးကောင်ဘုရင်တွင် အခြားပိုးကောင်ဘုရင်များနှင့်ယှဉ်လျှင် မတူညီသည့် အသိဉာဏ်တစ်ခုရှိရခြင်းမှာ ဤဗလာနယ်ကြည်လင်ကြွေပန်းနှင့် ဆက်စပ်နေနိုင်သည်။

သို့သော်လည်း ဤကဲ့သို့ဝိညာဉ်ပစ္စည်းမျိုးသည် တစ်သက်တွင်တစ်ခါသာ စားသုံးနိုင်သည်။

၎င်းကို ဒုတိယအကြိမ်စားသုံးခြင်းသည် လုံးဝအကျိုးမရှိဖြစ်စေလိမ့်မည်။

သို့ဖြစ်သော်ငြားလည်း ၎င်းသည် အဖိုးတန်သည့် ရတနာတစ်ခုဖြစ်သည်။

ကြာကြာတုံ့ဆိုင်းခြင်းမရှိဘဲ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ဗလာနယ်ကြည်လင်ကြွေပန်းသုံးပွင့်ကို ယူဆောင်လိုက်သည်။

ထို့နောက်တွင် သူတို့သည် ဝိညာဉ်ကျောက်ဖရုံချောင်းကို စုစည်းရန်လည်း ဆွေးနွေးခဲ့ကြသည်...

***

All Chapters