← Chapters

ဖယ်ထုတ်ခြင်း၊ အရှေ့ဘက်အဆုံး၏နေထွက်ရာခန်းမဆောင်

Vol. 31 Ch. 596

ဖယ်ထုတ်ခြင်း၊ အရှေ့ဘက်အဆုံး၏နေထွက်ရာခန်းမဆောင်

Vol. 31 Ch. 596

ဖောက်! ဖောက်! ဖောက်!

ချက်ချင်းပင် မျက်နှာထားတင်းတင်းလူနှင့် သူ၏အပေါင်းအဖော်များ၏ ခန္ဓာကိုယ်များမှာ လေထဲတွင် ပေါက်ကွဲထွက်သွားသည်။

သူတို့၏အခြေတည်ဝိညာဉ်များကတော့ လွတ်မြောက်လုနီးနီးဖြစ်နေသည်။

မမျှော်လင့်စွာပင် ထိုအချိန်၌ ပတ္တမြားမီးတောက်အမျှင်တန်းများသည် သူတို့အပေါ်သို့ တစ်ချိန်တည်းဆင်းသက်သွားသည်။

တရှဲရှဲမြည်သံများ တရစပ် ထွက်ပေါ်ခဲ့သည်။

မျက်နှာထားတင်းတင်းလူနှင့် အခြားသူများ၏ အခြေတည်ဝိညာဉ်များသည် ချက်ချင်းလောင်ကျွမ်းသွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း အပြောင်းအလဲဖြစ်သွားကာ သူတို့အကုန်အသတ်ခံလိုက်ရသည်။

ဤမြင်ကွင်းသည် အဝေးတွင် တစ်ယောက်နောက်တစ်ယောက်လိုက်နေကြသည့် လူအုပ်စုကို အံ့အားသင့်သွားစေခဲ့သည်။

နေထွက်ရာခန်းမဆောင်မှဟုထင်ရသည့် ကျင့်ကြံသူနှစ်ယောက်အပါအဝင်ဖြစ်သည်။

သူတို့သည် ကျန်းချန်ရွှမ်၏အဆုံးသတ်တွင် ဤကဲ့သို့ဖြစ်ရပ်အလှည့်အပြောင်းမျိုးကို မမျှော်လင့်ခဲ့ပေ။

နေသုံးစင်းဂိုဏ်း၊ ချူမျိုးနွယ်စု၊ အဝါရောင်မေပဲလ်မျိုးနွယ်စုနှင့် ဓားစက်ဝန်းဂိုဏ်းမှကျန်ရှိသောကျင့်ကြံသူများသည် အင်အားကြီးသောရန်သူတစ်ယောက်ကို ရင်ဆိုင်နေရသကဲ့သို့ တည်ငြိမ်သောမျက်နှာထားများဖြင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို ကြည့်လိုက်ကြသည်။

ဆန့်ကျင်ဘက်ပင် နေထွက်ရာခန်းမဆောင်မှကျင့်ကြံသူနှစ်ယောက်သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို သတိပေးလိုက်သည်။

“သူတို့ရဲ့ဝှက်ဖဲကိုသတိထား ။ သူတို့မှာ ဆဌမအဆင့်အဆောင်တွေ ဒါမှမဟုတ် သန့်စင်တဲ့ယန်ရတနာတွေတောင် ရှိနေနိုင်တယ်”

“သေစမ်း!”

သူတို့သည် ထိုသူနှစ်ယောက်၏ စကားများကိုကြားလိုက်သောအခါ နေသုံးစင်းဂိုဏ်းမှကျင့်ကြံသူများ၏မျက်နှာထားများ ပြောင်းလဲသွားခဲ့သည်။

ထိုအချိန်အတောအတွင်း ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏မျက်လုံးများ ဝင်းလက်သွားခဲ့သည်။

ထိုအချိန်တွင် သူတို့သည် ဤလူများနှင့် ရန်သူဖြစ်နှင့်ပြီးဖြစ်သောကြောင့် နောက်ဆုတ်စရာအကြောင်းမရှိတော့ပေ။

ထို့ကြောင့် ထို့နောက်တွင် လင်မယားနှစ်ယောက်သည် တုံ့ဆိုင်းမှုမရှိဘဲ တစ်ပြိုင်နက် တိုက်ခိုက်လိုက်ကြသည်။

ချက်ချင်းပင် ကောင်းကင်ကိုလွှမ်းမိုးသွားသည့် ဓားအလင်းတစ်ခုနှင့် ခရမ်းရောင်မိုးကြိုးသွားများဖြင့် ဝင်းလက်မှုတစ်ခုသည် ဝိညာဉ်တည်ဆောက်ခြင်းဂိုဏ်းများမှ ကျင့်ကြံသူများဆီသို့ ထုရိုက်လိုက်သည်။

ဂျိန်း!

၎င်းကိုမြင်ကာ ဝိညာဉ်တည်ဆောက်ခြင်းအင်အားစုလေးခုမှ ကျန်ရှိသောကျင့်ကြံသူများသည် ဆက်လက်တိုက်ခိုက်ခြင်းမရှိဘဲ အကုန်ထွက်ပြေးသွားကြသည်။

ဝိညာဉ်တည်ဆောက်ခြင်းအင်အားစုများမှ ထိုကျင့်ကြံသူများသည် သာမန်အခြေတည်ဝိညာဉ်ကျင့်ကြံသူများနှင့် ရင်ဆိုင်နိုင်ရုံသာဖြစ်နိုင်ပြီး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို ရင်ဆိုင်ရသည့်အခါ သူတို့သည် စဉ့်နီတုံးပေါ်မှငါးများအတိုင်း ဖြစ်နေပေတော့သည်။

ချက်ချင်းပင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သူတို့၏ပေါင်းစပ်တိုက်ခိုက်မှုများကို ချေမှုန်းပစ်လိုက်သည်။

မီးခိုးငွေ့နှစ်ခု ထွက်ပေါ်လာသည်။

ချက်ချင်းဆိုသလိုပင် ဝိညာဉ်တည်ဆောက်ခြင်းအင်အားစုလေးခုမှ ကျင့်ကြံသူနှစ်ယောက်၏ခန္ဓာကိုယ်သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏တိုက်ခိုက်မှုကြောင့် အမြစ်ဖြတ်ခံလိုက်ရသည်။

မကြာမီပင် သုံးယောက်သည် သူတို့၏ဓားအလင်းများ‌ကြောင့် နဖူးတွင်ထပ်မံထိုးဖောက်ခံလိုက်ရသည်။

ဤမြင်ကွင်းသည် ကျန်ရှိသောကျင့်ကြံသူများကို ကြောက်ရွံ့မှုဖြင့် တုန်လှုပ်သွားစေခဲ့သည်။

ဓားစက်ဝန်းဂိုဏ်းမှ အဖြူရောင်ဝတ်ရုံနှင့်ကျင့်ကြံသူများထဲမှ တစ်ဦးကအော်ပြောလိုက်သည်။

“ဝူထျန်းဖန် မင်းဘာလုပ်မလို့လဲ? မင်းရဲ့ဝှက်ဖဲကိုမသုံးခင် သူတို့တွေငါတို့အားလုံးကိုသတ်သွားအောင် ‌ထိုင်စောင့်မလို့လား?”

နေသုံးစင်းဂိုဏ်းမှဝူထျန်းဖန်သည် ဤစကားလုံးများကြောင့် မျက်နှာ‌ထားပြောင်းလဲသွားခဲ့သည်။

သူသည် တစ်စုံတစ်ခုကို လျှို့ဝှက်ပြင်ဆင်နေခဲ့သော်လည်း ဤအော်ပြောမှုကြောင့် ရန်သူများ သတိပြုမိသွားခဲ့သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ နှလုံးခုန်ရပ်လုမတတ်ဖြစ်သွားသည်။

သူတို့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။

ထို့နောက်တွင် ဂဠုန်အရိပ်တစ်ခုသည် ကျန်းချန်ရွှမ်၏နောက်သို့ လွှမ်းမိုးသွားကာ သူသည် အဖြူရောင်အလင်းတန်းအဖြစ်ပြောင်းလဲသွားခဲ့ပြီး လူများ မြင်နိုင်ရန်ခက်ခဲသည်အထိ လျင်မြန်စွာရွေ့လျားသွားသည်။

ဘွန်း!

‌ဝူထျန်းဖန်ဟုခေါ်သည့် နေသုံးစင်းဂိုဏ်းမှကျင့်ကြံသူ၏ခန္ဓာကိုယ်သည် ရုတ်တရက် ပေါက်ထွက်သွားသည်။

လူတိုင်းသည် ကျန်းချန်ရွှမ်၏ မှိန်ပျပျအရိပ်တစ်ခုကို မြင်လိုက်ကြသည်။

သူ၏အံ့ဩဖွယ်အရှိန်သည် ထိုသူတို့၏နတ်အာရုံဖြင့် သူ၏ပုံစံအစစ်အမှန်ကို မမြင်ရအောင်ပြုလုပ်နေသည်။

ဝှစ်-

ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် သူ၏လက်ထဲရှိ လိမ္မော်ရောင်အဆောင်ကို ဆုပ်ကိုင်လိုက်သည်။

၎င်းမှာ ဝူထျန်းဖန်၏ဝှက်ဖဲဖြစ်သည့် ဆဌမအဆင့်နေသုံးစင်းကောင်းကင်မီးတောက်အဆောင်ဖြစ်သည်။

၎င်းကို အသက်သွင်းလိုက်သည်နှင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အတွက် ကြီးမားသောဒုက္ခဖြစ်စေနိုင်သည်။

သို့သော်လည်း ယခုတွင် ၎င်းသည် တိုက်ပွဲ၏ဆုလာဒ်အနေဖြင့် သူတို့၏ပိုင်ဆိုင်မှုများထဲမှ တစ်ခုဖြစ်လာသည်။

ဝှစ်!

တစ်ချိန်တည်း၌ပင်

ဓားအလင်းတစ်ခုသည် ချူမျိုးနွယ်စုကျင့်ကြံသူများထဲမှ တစ်ယောက်၏ နဖူးကိုဖြတ်ကာ လျှပ်စီးအပေါက်တစ်ခုဖြင့် ချည်နှောင်လိုက်သည်။

၎င်းသည် နောက်ဆုံးကျင့်ကြံသူသုံးယောက်ကို အထိတ်တလန့်ဖြစ်စေခဲ့သည်။

သူတို့သည် ကြောက်ရွံ့မှုဖြင့် အော်ဟစ်လိုက်ကြသည်။

တုံ့ဆိုင်းခြင်းမရှိဘဲ သူတို့သည် လှည့်ကာထွက်ပြေးသွားကြသည်။

နေထွက်ရာခန်းမဆောင်မှ အမျိုးသားနှင့် အမျိုးသမီးက ၎င်းကိုမြင်သောအခါ တုံ့ဆိုင်းခြင်းမရှိဘဲ သူတို့ထဲမှတစ်ယောက်ကို ချက်ချင်းဖမ်းမိလိုက်သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို ရင်ဆိုင်နေသည့် ကျန်နှစ်ယောက်သည်လည်း အနိုင်ရရန် အခွင့်အလမ်းမရှိတော့ပေ။

ခနအတွင်းပင် သူတို့သည် လင်မယားနှစ်ယောက်၏လက်ထဲတွင် ကျဆုံးသွားသည်။

တစ်ဖက်တွင်လည်း နောက်ဆုံးတစ်ယောက်သည် နေထွက်ရာခန်းမဆောင်မှလူနှစ်ယောက်နှင့် ဆက်လက်တိုက်ခိုက်နေသည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကလည်း ကြည့်ရုံသာကြည့်‌မနေခဲ့ပေ။

နှစ်ဖက်စလုံးမှာရန်သူတွေဖြစ်သွားပြီဖြစ်သည့်အတွက် သူသည် သူတို့ကို လွှတ်မပေးနိုင်တော့ပေ။

ကျန်းချန်ရွှမ်သည် သူ၏လက်ကို သာမန်ကာလျှံကာ ဝှေ့ယမ်းလိုက်သည်။

ဝှစ်ကနဲ အသံတစ်ခု ထွက်သွားသည်။

ရွှေဗလာနယ်ဓားသည် ရုတ်တရက် ပုံရိပ်တစ်ခုအဖြစ်ပြောင်းသွားသည်။

နောက်ဆုံးကျင့်ကြံသူ မတုံ့ပြန်နိုင်သေးခင်မီတွင် ၎င်းသည် သူ၏ခေါင်းကို အခြေတည်ဝိညာဉ်နှင့်အတူ ဖောက်ထွက်သွားသည်။

ထို့ပြင် ဝိညာဉ်တည်ဆောက်ခြင်းအင်အားစုလေးခုမှ ဆယ်ယောက်မကသောအခြေတည်ဝိညာဉ်ကျင့်ကြံသူအားလုံး သေဆုံးသွားခဲ့သည်။

နေထွက်ရာခန်းမဆောင်မှ ကျင့်ကြံသူနှစ်ယောက်သည် သူတို့မျက်မြင်တွေ့လိုက်ရသည်မှာ ယုံကြည်ရန်ခက်ခဲသည့်အတိုင်း ငေးကြောင်ကြောင်ကြည့်နေခဲ့ကြသည်။

ဝိညာဉ်တည်ဆောက်ခြင်းအင်အားစုလေးခုမှ အခြေတည်ဝိညာဉ်စံသခင်များသည် ဤကဲ့သို့ပင် သေဆုံးသွားကြသည်။

“မင်းတို့ကိုယ်မင်းတို့မိတ်ဆက်ပေးလို့အဆင်ပြေမလား?”

***

All Chapters