← Chapters

ဖယ်ထုတ်ခြင်း၊ အရှေ့ဘက်အဆုံး၏နေထွက်ရာခန်းမဆောင်(၂)

Vol. 31 Ch. 597

ဖယ်ထုတ်ခြင်း၊ အရှေ့ဘက်အဆုံး၏နေထွက်ရာခန်းမဆောင်(၂)

Vol. 31 Ch. 597

ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် တိုက်ပွဲမြေပြင်ကို ရှင်းလင်းပြီးကာ နေထွက်ရာခန်းမဆောင်မှကျင့်ကြံသူနှစ်ယောက်ဆီသို့ ချဉ်းကပ်လာခဲ့သည်။

နေထွက်ရာခန်းမဆောင်မှကျင့်ကြံသူများသည် သိသိသာသာထိတ်လန့်သွားကြသည်။

အမျိုးသားကျင့်ကြံသူ‌ကပြောဆိုလိုက်သည်။

“ခင်ဗျားတို့ နှစ်ယောက်စလုံးရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်က နေထွက်ရာခန်းမဆောင်က ‌နန်ကုန်းဟိုင်ဖြစ်ပြီးတော့ ဒါကတော့ကျွန်တော့်ညီမ နန်ကုန်းယောင်ပါ”

စကားပြောနေစဉ်တွင် နန်ကုန်းဟိုင်နှင့် နန်ကုန်းယောင်တို့နှစ်ယောက်စလုံးသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်ကို လေးစားစွာဦးညွှတ်လိုက်သည်။

ကျန်းချန်ရွှမ်က သူ၏လက်ကိုမြှောက်လိုက်သည်။

“ကျေးဇူးတင်ဖို့မလိုပါဘူး။ မင်းတို့မြင်တဲ့အတိုင်းပဲ ဒီလူတွေ ငါတို့ကို အရင်ဆုံးတိုက်ခိုက်ဖို့လုပ်ခဲ့တာ။ ဒါကြောင့်မဟုတ်ဘူးဆိုရင် ငါတို့ဒီကိစ္စမှာ ဝင်ပါခဲ့မှာမဟုတ်ဘူး”

ခနရပ်တန့်ပြီးနောက် ကျန်းချန်ရွှမ်က ဆက်လက်ပြောဆိုလိုက်သည်။

“ဒါပေမယ့်အခု ငါတို့တွေ ဝိညာဉ်တည်ဆောက်ခြင်းအင်အားစုကြီးလေးခုရဲ့အကြောင်းကို ပိုပြီးသိချင်တယ်။ အဓိကကတော့ သူတို့အခြေအနေနဲ့ ဘာလို့ သူတို့က နေထွက်ရာခန်းမဆောင်ကိုအခုလိုမျိုး လုပ်နေရတာလဲ?”

ကျန်းချန်ရွှမ်၏ အမေးကိုကြားကာ နန်ကုန်းဟိုင်နှင့် နန်ကုန်းယောင်တို့က ဆွံ့အ,မနေခဲ့ပေ။

“နေသုံးစင်းဂိုဏ်း၊ ချူမျိုးနွယ်စု၊ အဝါရောင်မေပဲလ်ဂိုဏ်းနဲ့ ဓားစက်ဝန်းဂိုဏ်းတွေက ယေဘုယျအားဖြင့်တော့ ငါတို့အရှေ့ဘက်အဆုံးရဲ့ ကျင့်စဉ်လောကတစ်ခုလုံးကို ချုပ်ကိုင်ထားတယ်။

သူတို့က အားအကောင်းဆုံးနေသုံးစင်းဂိုဏ်းနဲ့အတူတူ များစွာသောဂိုဏ်းနဲ့ မျိုးနွယ်စုတွေကို ထိန်းချုပ်ထားတယ်။

သူတို့မှာ ကောင်းကင်သခင်လေးယောက်နဲ့ အခြေတည်ဝိညာဉ်စံသခင်ငါးဆယ်ကျော်ကျော်ရှိတယ်။

ချူမျိုးနွယ်စုက ဒုတိယအားအကောင်းဆုံးဖြစ်ပြီး ကောင်းကင်သခင်သုံးယောက်နဲ့ အခြေတည်ဝိညာဉ်ကျင့်ကြံသူလေးဆယ်ကျော်ကျော်ရှိတယ်။

အဝါရောင်မေပဲလ်ဂိုဏ်းနဲ့ ဓားစက်ဝန်းဂိုဏ်းကလည်း အင်အားမှာ အတူတူလောက်ပဲ။

ကောင်းကင်သခင်နှစ်ယောက်နဲ့ အခြေတည်ဝိညာဉ်စံသခင်သုံးဆယ်ကျော်ကျော်ရှိတယ်။

ခပ်ဆင်ဆင်ပဲ မျိုးနွယ်စုနှစ်ခုလုံးက ပြထားတဲ့အင်အားတွေက အပေါ်ယံတင်ပဲ။

တကယ့်အတွင်းမှာ သူတို့ဘယ်လောက် အားကောင်းလဲဆိုတာတော့ ငါတို့လဲသေချာမသိဘူး။

ငါတို့အခြေအနေနဲ့ ကိုယ်ရေးအထောက်အထားနဲ့ဆို အနည်းဆုံးတော့ အဲ့ဒါနဲ့ပက်သက်ပြီး များများစားစားမသိလှဘူး”

သူသည် ဆက်လက်မပြောကြားမီ ခနမျှ ရပ်တန့်လိုက်သည်။

“သူတို့ နေထွက်ရာခန်းမဆောင်ကို ဘာလို့ရန်လိုနေလဲဆိုတာကတော့ ငါတို့တွေက သူတို့ရဲ့အဓိကအကျိုး‌အမြတ်တွေနဲ့ ဆက်စပ်နေတဲ့ အရှေ့ဘက်အဆုံးကျင့်ကြံရေးလောကရဲ့ တည်ရှိပြီးသားအမိန့်တချို့ကို ပြောင်းလဲပစ်ဖို့ကြိုးစားနေလို့ပဲ။

ဒါကြောင့် သူတို့မှာ လုပ်ပိုင်ခွင့်ရှိနေသရွေ့ ငါတို့ကို ဝိုင်းအုံပြီး သတ်ပစ်ဖို့ အခွင့်အရေးကို ဖမ်းဆုပ်လိုက်တာပဲ”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ သိသိသာသာအံ့အားသင့်သွားကြသည်။

သူတို့သည် နေထွက်ရာခန်းမဆောင်မှာ ဤကဲ့သို့အင်အားစုတစ်ခုဖြစ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

သို့မဟုတ် ၎င်းသည် အဖွဲ့အစည်းတစ်ခုအနေဖြင့် အတော်လေး ပိုမိုသင့်တော်သည်ဟု ပြောရမည်။

ထိုအချိန်တွင် နန်ကုန်းယောင်ဘေးရှိ နန်ကုန်းဟိုင်ကပြောလိုက်သည်။

“ခင်ဗျားတို့နှစ်ယောက်က ဒီအင်အားစုလေးခုထဲကလို့ ကျွန်တော်မထင်ဘူး ဟုတ်ရဲ့လား?

အခုခင်ဗျားတို့က သူတို့လူတွေကိုသတ်လိုက်တဲ့အတွက် သေချာပေါက် အလွတ်ပေးမှာမဟုတ်ဘူး။

ကျွန်တော်မမှားဘူးဆိုရင် လျှို့ဝှက်နေဝင်ချိန်နယ်မြေကို အပြေးလာနေတဲ့ ထိပ်တန်းအခြေတည်ဝိညာဉ်ကျင့်ကြံသူတွေရှိမှာပဲ။

ပြီးတော့ ဒီနယ်မြေပိတ်သွားတဲ့နေ့ကျရင် ဒီနယ်မြေကိုဝင်လာတဲ့လူတိုင်း ပြန်ထွက်ဖို့အချိန်မရတော့ဘူးလို့ ကျွန်တော်အာမခံနိုင်တယ်”

“အဲ့ဒီလိုလား?”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ မျက်မှောင်ကျုံ့လိုက်ကြသည်။

အမှန်အတိုင်းပြောရလျှင် ထိုကဲ့သို့သာဖြစ်နေပါက ၎င်းသည် အမှန်တကယ်ဒုက္ခရောက်စေလိမ့်မည်။

သို့သော်လည်း စဉ်းစားကြည့်ပါက မထူးဆန်းပေ။

သူတို့၏အင်အားစုလေးခုမှ များစွာသောလူများ တစ်ခေါက်တည်းနှင့် သေဆုံးသွားကြသည်။

၎င်းသည် သေချာပေါက် သူတို့၏အာရုံကို ဆွဲဆောင်လိမ့်မည်။

ဖြစ်နိုင်ချေအရှိဆုံးမှာ အင်အားစုလေးခုသည် နေထွက်ရာခန်းမဆောင်အပေါ် အပြစ်ပုံချပြီးလောက်ပြီဖြစ်သည်။

အကြောင်းမှာ အရှေ့ဘက်အဆုံး၏ ကျင့်ကြံရေးလောကတစ်ခုလုံးတွင် နေထွက်ရာခန်းမဆောင်သည်သာ ထိုကဲ့သို့အရာမျိုးကို ပြုလုပ်ရဲသည့် တစ်ခုတည်းသောဂိုဏ်းဖြစ်နေဟန်တူသောကြောင့် ဖြစ်သည်။

သံသယဖြစ်ဖွယ်များစွာရှိသော်လည်း ...

ဥပမာအနေနဲ့ နေထွက်ရာခန်းမဆောင်ကလူတွေက ဒါတွေအားလုံးကိုလုပ်ဖို့ ဘယ်လိုစီစဉ်နိုင်တာလဲ?

ထို့ပြင် တင်းကျပ်သောပြောဆိုမှုများကြားတွင် နေထွက်ရာခန်းမဆောင်၏ကျင့်ကြံသူများသည် အင်အားစုလေးခု၏ ကျင့်ကြံသူများထက် များစွာအားနည်းပေသည်။

ပြီးတော့ ဆဌမအဆင့်ဝှက်ဖဲတွေရှိတဲ့ အင်အားစုကလူတွေက ဘာလို့သေကုန်ကြတာလဲ?

နေထွက်ရာခန်းမဆောင်က တစ်ယောက်ယောက်မှာလည်း ဝှက်ဖဲတစ်ခုရှိနေတာများလား?

များစွာသောရှုပ်ထွေးမှုများ ရှိနေပေသည်။

သေချာသည့်တစ်ခုမှာ သူတို့က နေထွက်ရာခန်းမဆောင်ဟု ညွှန်ပြရသည့်ကိစ္စဖြစ်သည်။

အလားတူပင်။

ထိုအချိန်၌ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် နေထွက်ရာခန်းမဆောင်ကဲ့သို့ အင်အားစုတစ်ခုသည် ဝိညာဉ်တည်ဆောက်ခြင်းအင်အားစုလေးခု၏ ပူးပေါင်းမှုအောက်တွင် ရှင်သန်နိုင်ကြောင်း သဘောပေါက်သွားခဲ့သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သူတို့ကြားတွင် ဝိညာဉ်တည်ဆောက်ခြင်းကောင်းကင်သခင်တစ်ယောက်မရှိနိုင်ဘူးဟု ဘယ်တုန်းကမှ မထင်မိခဲ့ပေ။

အကြောင်းမှာ သူတို့ထဲတွင် ဝိညာဉ်တည်ဆောက်ခြင်းကောင်းကင်သခင်တစ်ယောက်သာမရှိပါက သူတို့ဘယ်နေရာတွင်ရှိနေသည်ကို ပြိုင်ဘက်၏ ကောင်းကင်တွက်ချက်မှုများဖြင့် ရှာတွေ့ပြီးသွားလောက်ပြီဖြစ်သည်။

သို့သော်လည်း ဝိညာဉ်တည်ဆောက်ခြင်းကောင်းကင်သခင်များကြားတွင်တော့ မတူညီသောအခြေအနေတစ်ခုရှိသည်။

ဝိညာဉ်တည်ဆောက်ခြင်းကောင်းကင်သခင်တစ်ယောပ်၏အင်အားနှင့်ဆိုလျှင် သူသည် သူ၏ကျင့်ကြံသူများအတွက် အတော်လေးသေးငယ်သည့်လွတ်လပ်သောနေရာတစ်ခုကို ဖွင့်လှစ်ပေးနိုင်သည်။

ဤနည်းအားဖြင့် သူတို့ဘယ်နေရာတွင်ရှိနေသည်ကို ရန်သူများခြေရာခံမိရန် စိတ်ပူစရာမလိုဘဲ ကျင့်ကြံသူများ လုံခြုံစွာကျင့်ကြံနိုင်ပေသည်။

ဤအတွေးများ သူ၏စိတ်ထဲသို့ဖြတ်ပြေးသွားစဉ် ကျန်းချန်ရွှမ်က ရုတ်တရက် ပြောလိုက်သည်။

“မင်းတို့မှာ ဒီလျှို့ဝှက်နေဝင်ချိန်နယ်မြေကနေ ထွက်ခွာနိုင်မယ့် တခြားနည်းလမ်းရှိသေးလား?”

ကျန်းချန်ရွှမ်၏အမေးကိုကြားကာ နန်ကုန်း‌ဟိုင်နှင့် နန်ကုန်းယောင်တို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။

နန်ကုန်းဟောင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ငါတို့မှာ လျှို့ဝှက်နေဝင်ချိန်နယ်မြေကနေ စောစောထွက်ခွာဖို့ နည်းလမ်းတစ်ခုတော့ရှိတယ်

ခင်ဗျားတို့လည်း စောစောထွက်ချင်တယ်ဆိုရင် အဲ့ဒီနယ်မြေကို လျှို့ဝှက်နယ်မြေမပိတ်မှီ ငါးရက်ကြိုရောက်နေဖို့လိုတယ်”

စကားပြောနေစဉ်တွင် နန်ကုန်း‌ဟိုင်သည် ကျန်းချန်ရွှမ်ကို မြေပုံတစ်ခုပေးလိုက်သည်။

ကျန်းချန်ရွှမ်သည် မြေပုံကိုယူကာ ရှန်းရူယန်နှင့်အတူ ကြည့်လိုက်သည်။

မြေပုံသည် သူတို့၏အရှိန်နှင့်ဆိုလျှင်တောင် ရောက်ရှိရန်ရက်အတော်ကြာမည့် လျှို့ဝှက်နယ်မြေ၏မြောက်ဘက်အကျဆုံးနေရာကို ညွှန်ပြနေသည်။

တစ်နည်းအားဖြင့် သူတို့သည် လျှို့ဝှက်နေဝင်ချိန်နယ်မြေကို နန်ကုန်းဟိုင်နှင့် စောစောစီးစီးထွက်ခွာလိုပါက စူးစမ်းရှာဖွေမှုကို ဆယ်ရက်အတွင်း အ‌ဆုံးသတ်ရမည်ဖြစ်သည်။

“ကောင်းပြီ”

ကျန်းချန်ရွှမ်သည် မြေပုံကို ဖယ်ထားလိုက်ကာ နန်ကုန်းဟိုင်နှင့် နန်ကုန်းယောင်ကို ပြောလိုက်သည်။

“ငါတို့မင်းတို့နဲ့ထွက်ခွာမယ်ဆိုလို့ရှိရင် ငါတို့အဲ့ဒီနေရာကိုကြိုရောက်နေဖို့လိုတယ်”

၎င်းကိုပြောကြားပြီးသောအခါ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ဆက်လက်အချိန်မဆွဲဘဲ ကြက်သွေးရောင်သစ်တောစိမ်းဆီသို့ ခရီးမဆက်မီ နန်ကုန်းဟိုင်နှင့် နန်ကုန်းယောင်တို့ကိုနှုတ်ဆက်ခဲ့သည်။

သူတို့၏ပျောက်ကွယ်သွားသောပုံရိပ်များကိုကြည့်ရင်း နန်ကုန်းယောင်သည် နန်ကုန်းဟိုင်ဘက်သို့လှည့်ကာ မေးလိုက်သည်။

“ကျွန်မတို့ရဲ့ အကြီးမားဆုံးလျှို့ဝှက်ချက်ကို သူတို့ကို ပြောပြလိုက်လို့ အဆင်ပြေပါ့မလား? အကယ်လို့များ သူတို့တွေ...”

“စိတ်မပူပါနဲ့”

နန်ကုန်းဟိုင်က အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။

“လောလောဆယ်တော့ သူတို့က ငါတို့နဲ့ တစ်လှေတည်းပဲ။ အနည်းဆုံးတော့ လျှို့ဝှက်နေဝင်ချိန်နယ်မြေကနေမထွက်ခွာရသေးခင်မှာ ဒီသတင်းကိုပေါက်ကြားစေလိုက်ရင် သူတို့အတွက်ဘာမှအကျိုးမရှိဘူး။

နောက်ပိုင်းကျရင်တော့....”

သူသည် ဆက်လက်မပြောကြားမီခနရပ်တန့်လိုက်သည်။

“ဘာပဲဖြစ်ဖြစ် ဒါကသိပ်အရေးမကြီးပါဘူး။

ဘယ်သူမှမဖွလိုက်ရင်တောင် အင်အားစုလေးခုက ဒါကိုစတင်သတိပြုမိမှာပဲ။ ဒါ့ပြင် ငါတို့ သူတို့အပေါ်မှာ အသက်ကြွေးတစ်ခုတင်နေတယ်။

ဒါကြောင့် သူတို့ကို တစ်ခါလောက်ယုံကြည်လိုက်တာတော့ အဆင်ပြေမှာပါ။ မှတ်ထားရမှာက ငါတို့တွေက အင်အားစုကြီးလေးခုကလူတွေနဲ့ မတူဘူးဆိုတာပဲ။

သူတို့လုပ်သလို လုပ်လိုက်လို့မရဘူး”

“ဟုတ်ကဲ့ နားလည်ပါပြီ အစ်ကို”

နန်ကုန်းယောင်က ချက်ချင်းခေါင်းညိတ်လိုက်သည်။

.......

တစ်ချိန်တည်း၌ပင်...

လျှို့ဝှက်နေဝင်ချိန်နယ်မြေအပြင်ဘက်၌ သူတို့၏ ဂိုဏ်းနှင့် မျိုးနွယ်စုမှ သတင်းလက်ခံရရှိထားသည့် မိုးကြိုးနိယာမနှင့် ချုးကွမ်းလီတို့သည် လျှို့ဝှက်နေမြေအတွင်းရှိ အဖြစ်အပျက်များကို သတင်းရရှိထားသည်။

ဤသတင်းများသည် သူတို့၏မျက်နှာထားများကို ချက်ချင်း အလွန်အမင်း အေးစက်သွားစေခဲ့သည်။

မိုးကြိုးနိယာမကပြောလိုက်သည်။

“ညီအစ်ကိုချူ၊ ကြည့်ရတာ ငါတို့ရဲ့ နှစ်များစွာအတွင်း လှုပ်ရှားမှုမရှိခြင်းက အဲ့ဒီနေထွက်ရာခန်းမဆောင်က ကြွက်တွေကို လွတ်ထွက်သွားစေပုံပဲ”

သတ်ဖြတ်လိုသည့်ရည်ရွယ်မှုအလင်းတစ်ခု ချုးကွမ်းလီ၏မျက်လုံးထဲတွင် ဖြတ်ပြေးသွားကာ အေးစက်စွာပြောလိုက်သည်။

“ဒီလိုဆိုရင်တော့ ဒီတစ်ကြိမ်မှာ သူတို့ကို သင်ခန်းစာတစ်ခုပေးပြီး အရှေ့ဘက်အဆုံးကို ဘယ်သူကတကယ်အုပ်ချုပ်နေသလဲဆိုတာ ပြလိုက်ကြတာပေါ့”

သူတို့စကားပြောနေစဉ်တွင် အဝေးကောင်းကင်မှ ကြီးမားသောစစ်သင်္ဘောအမြောက်အများ ချဉ်းကပ်လာသည်။

စစ်သင်္ဘောတစ်ခုစီတွင် အနည်းဆုံးမဟာကျင့်ကြံသူတစ်ယောက်နှင့် အခြေတည်ဝိညာဉ်ကျင့်ကြံသူအမြောက်အများ ပါဝင်ပေသည်။

၎င်းသည် အလွန်အထင်ကြီးဖွယ်အင်အားစုတစ်ခုဖြစ်ပြီး မိုးကြိုးနိယာမနှင့် ချူကွမ်လိကဲ့သို့ ထိပ်တန်းအခြေတည်ဝိညာဉ်ကျင့်ကြံသူများပင်လျှင် ခေါင်းချင်းဆိုင်မတွေ့ရဲလောက်သည်အထိ စွမ်းအားကြီးပေသည်...

***

All Chapters