← Chapters

တောင်တစ်လုံးအားထိန်းကျောင်းခြင်း၊ ကမ္ဘာမြေသစ်သားလင်ကျိမှိုကို ရရှိခြင်း(၂)

Vol. 31 Ch. 599

တောင်တစ်လုံးအားထိန်းကျောင်းခြင်း၊ ကမ္ဘာမြေသစ်သားလင်ကျိမှိုကို ရရှိခြင်း(၂)

Vol. 31 Ch. 599

ကိစ္စများသာမှားယွင်းသွားပါက ၎င်းသည် ကမ္ဘာမြေသစ်သားလင်ကျိမှိုကို ထိခိုက်စေနိုင်ပေသည်။

ထို့နောက်တွင် ကျန်းချန်ရွှမ်သည် သူ၏နေရာမှပျောက်ကွယ်သွားပြီး မြေနဂါး၏အနောက်ဘက်တွင် ချက်ချင်းပြန်လည်ထွက်ပေါ်လာသည်။

“ဝေါင်း!”

၎င်း၏အနောက်ဘက်ရှိရုတ်တရက်ဆန်သောတည်ရှိမှုကို ခံစားမိလိုက်ကာ မြေနဂါးသည် စတင်အမျက်ထွက်လာသည်။

၎င်း၏မျက်လုံးများရဲရဲနီသွားပြီး ၎င်း၏ကြီးမားသောခန္ဓာကိုယ်သည် စူးရှသောအဝါရင့်ရောင်တောက်ပမှုတစ်ခုကို ထုတ်လွှတ်နေသည်။

သို့သော်လည်း ထိုအချိန်တွင် ဧရာမလက်သီးတစ်ခုသည် ၎င်း၏ခေါင်းပေါ်သို့ ကျရောက်သွားသည်။

ဒုန်း-

ချက်ချင်းဆိုသလိုပင် မြေနဂါး၏ခန္ဓာကိုယ်ပေါ်ရှိ အဝါရင့်ရောင်အလင်းသည် ချက်ချင်းကြေမွသွားသည်။

ထို့ပြင် ၎င်း၏ကြီးမားသောခန္ဓာကိုယ်သည် အံ့ဩတုန်လှုပ်ဖွယ်အားကို မခုခံနိုင်သောကြောင့် ၎င်းကို မြေပြင်‌ပေါ်တွင် အကူအညီမဲ့စွာဒူးထောက်စေခဲ့သည်။

“ဝေါင်း!”

ဒေါသထွက်နေသောမြေနဂါး၏ အကြေးခွံများသည် ဓားသွားများကဲ့သို့ ထောင်မတ်လာကာ ၎င်း၏ကျောပေါ်ရှိကျန်းချန်ရွှမ်ကို အစိတ်စိတ်အမြွာမြွာနင်းချေပစ်ရန် လှည့်လာခဲ့သည်။

ဂျိုင်း! ဂျိုင်း! ဂျိုင်း!

သို့သော်လည်း မြေနဂါး၏အံ့အားသင့်သွားမှုနှင့်အတူ ငါးရောင်စုံအလင်းစက်ဝန်းတစ်ခုသည် ကျန်းချန်ရွှမ်အပေါ်တွင် ရုတ်တရက် ပေါ်ထွက်လာသည်။

၎င်း၏အကြေးခွံများသည် ငါးရောင်စုံအလင်းစက်ဝန်းဆီသို့ ပိုင်းဖြတ်ခံလိုက်ရပြီး တရစပ်သတ္ထုပွတ်တိုက်သံများကို ချက်ချင်းထုတ်လွှတ်လိုက်သည်။

ကျန်းချန်ရွှမ်ကို ထိခိုက်ဖို့မပြောနှင့် ငါးရောင်စုံအလင်းစက်ဝန်း၏ အလင်းရောင်ပင်လျှင် မှေးမှိန်မသွားခဲ့ပေ။

“တော်လောက်ပြီ”

ကျန်းချန်ရွှမ်သည် သူ၏လက်ကို ထပ်မံမြှောက်လိုက်ကာ လက်သီးကိုကျစ်ကျစ်ဆုပ်လိုက်သည်။

ဘုတ်! ဘုတ်! ဘုတ်!

၎င်းက ထပ်ခါထပ်ခါ ထုရိုက်လိုက်သည်နှင့် မြေနဂါး၏ခန္ဓာကိုယ်ပေါ်ရှိ အလင်းရောင်သည် ထပ်မံကြေမွပျက်စီးသွားသည်။

၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများပင်လျှင် စတင်အက်ကွဲလာပြီး အနီရင့်ရောင်သွေးများ စီးကျလာသည်။

၎င်း၏ကြီးမားသောခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားပြီး ပြန်ထမလာနိုင်တော့ပေ။

“ဘယ်လိုလဲ? မင်းအရှုံးပေးပြီလား?”

ရုတ်တရက် ကျန်းချန်ရွှမ်သည် နဂါး၏ခေါင်းကို ဆွဲယူလိုက်ကာ အေး‌စက်သောလေသံဖြင့် အညံ့ခံရန် ပြောဆိုလိုက်သည်။

ကြောက်မက်ဖွယ်စွမ်းအားသည် နဂါးကို ရုန်းကန်လှုပ်ရှားမှုမပြုနိုင်အောင် ပြုလုပ်ခဲ့သည်။

နောက်ဆုံးတွင်....

ခနကြာပြီးနောက် နဂါး၏မျက်လုံးထဲရှိ ကြမ်းတမ်းခက်ထန်မှုများ အနည်ကျသွားပြီး ကြောက်ရွံ့မှုက အစားထိုးသွားခဲ့သည်။

၎င်းသည် လူသား၏စွမ်းအားမှာ ဖက်ပြိုင်နိုင်ရန် ၎င်း၏စွမ်းအားထက် များစွာသာလွန်နေကြောင်း သဘောပေါက်သွားခဲ့သည်။

ဘုတ်!

နောက်ထပ်လက်သီးတစ်ချက်သည် နဂါး၏ခေါင်းကို မြေပြင်နှင့်ဆောင့်မိစေခဲ့သည်။

၎င်းသည် ဦးခေါင်းတစ်ခုလုံး မြေပြင်ထဲသို့ နစ်ဝင်မသွားခင်အထိ ထုရိုက်ခံနေခဲ့ရသည်။ ၎င်း၏အမြင်အာရုံများ မှောင်မိုက်လာသည်။

“အင့်....”

၎င်းသည် နောက်ဆုံးတွင် အသနားခံခြင်း၏ ဝမ်းနည်း‌ဖွယ်ငိုကြွေးမှုတစ်ခုကို ပြုလုပ်ခဲ့သည်။

ထိုအချိန်တွင် ကျန်းချန်ရွှမ်၏ မျက်နှာပေါ်၌ အပြုံးခပ်ရေးရေးတစ်ခု ပေါ်ပေါက်လာသည်။

သူသည် သူ၏လက်ကိုမြှောက်ကာ လေထဲတွင် လေးနက်သောလက်တံဆိပ်တစ်ခုကို ရေးဆွဲလိုက်သည်။

ထို့‌နောက်တွင် သူသည် မြေနဂါးသို့ ပြောလိုက်သည်။

“မင်းရဲ့မူလဝိညာဉ်အမျှင်တန်းတစ်ခုကို ဒီလက်တံဆိပ်ထဲကို ပေါင်းထည့်လိုက်။

မင်းမလုပ်နိုင်ဘူးလို့တော့လာမပြောနဲ့။ မလုပ်နိုင်ဘူးဆိုရင် မင်းကိုထိန်းသိမ်းထားစရာအကြောင်းမရှိဘူး”

“အင့်....”

မြေနဂါးသည် အပြင်းအထန်ခေါင်းညိတ်လိုက်ပြီး သူ၏တုံ့ပြန်ချက်နှေးကွေးသွားပါက အလွန်ကြောက်မက်ဖွယ်ကြမ္မာစိုးနှင့် ကြုံတွေ့ရမည်ကို ကြောက်ရွံ့နေခဲ့သည်။

မကြာမီတွင် မြေနဂါးနှင့်တူသည့် အဝါရောင်ခပ်ဖျော့ဖျော့ပုံရိပ်တစ်ခုသည် လျှို့ဝှက်တံဆိပ်ထဲသို့ ပေါင်းစပ်သွားသည်။

ထို့နောက်တွင် ကျန်းချန်ရွှမ်သည် တံဆိပ်ကိုယူကာ ရှန်းရူယန်ကိုပေးလိုက်သည်။

“မိန်းမ ဒီမြေနဂါးက တောင်တစ်လုံးလောက်တော့ မဆိုးပါဘူး။ ဒါကိုယူလိုက်”

ရှန်းရူယန်သည် သူမယောက်ျား၏ကြင်နာမှုကို မငြင်းဆိုခဲ့ပေ။ သူမသည် ၎င်းကို အပြုံးတစ်ခုဖြင့် သိမ်းဆည်းထားလိုက်သည်။

ထိုအချိန်တွင် မြေနဂါးသည် ခေါင်းထောင်ရန်ကြိုးစားလိုက်သည်။

ကျန်းချန်ရွှမ်က ၎င်းကို ထပ်မံထုရိုက်ရန် ရည်ရွယ်ချက်မရှိတော့သည်ကို မြင်သောအခါ စိတ်ထက်သန်နေရာမှ ကျေနပ်သွားဟန်တူသည့် မြေနဂါးသည် ၎င်း၏ကြီးမားသောဦးခေါင်းကို သူ၏အနားဆီသို့ ဆွဲယူကာ အသနားခံမှုကို အသေအချာပြသလိုက်သည်။

ကျန်းချန်ရွှမ်သည် ၎င်း၏ခေါင်းကို ပွတ်သပ်ပေးကာ ပြောလိုက်သည်။

“အခုကစပြီးတော့ မင်းကငါတို့ရဲ့အတွက်ပဲ။ ခုကစပြီး ငါတို့ဘေးမှာနေ”

မြေနဂါးသည် သံရှည်ဆွဲငိုကြွေးလိုက်ကာ ၎င်း၏ကြီးမားသောခန္ဓာကိုယ်ကို လှုပ်ရှားလျက် ယခင်ကသူ၏အောက်ဘက်တွင် ဖုံးကွယ်ထားသည့် မှိုတစ်ပင်နှင့်တူသော အစိမ်းရောင်အပင်တစ်ခုကို ပြသလိုက်သည်။

၎င်းသည် ကျန်းချန်ရွှမ် ရှာဖွေနေသည့် ကမ္ဘာမြေသစ်သားလင်ကျိမှိုဖြစ်သည်။

ယခု သူတို့၏ဘေးတွင် ရပ်တည်နေသည့် မြေနဂါးသည် နောက်ထပ်ငိုသံရှည်တစ်ခုကို ထုတ်လွှတ်လိုက်ကာ ၎င်း၏ကြီးမားသောမျက်လုံးများသည် ကမ္ဘာမြေသစ်သားလင်ကျိမှိုပေါ်သို့ အာရုံရောက်သွားသည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ၎င်း၏အလိုဆန္ဒကို သတိပြုမိသော်လည်း ကျန်းချန်ရွှမ်က သူ၏ခေါင်းကိုခါကာ ပြောလိုက်သည်။

“အခုကစပြီး ငါမင်းကို ရှောင်ဟွမ်းလို့ခေါ်မယ်။ ငါ ဒီကမ္ဘာမြေသစ်သားလင်ကျိမှိုကို အရေးကြီးတဲ့ကိစ္စတွေအတွက် လိုအပ်နေတယ်။ ဒါကြောင့် မင်းကိုပေးလို့မရဘူး။"

စိတ်ပျက်သွားသောမြေနဂါးသည် ခေါင်းငိုက်စိုက်ကျသွားသည်။

သို့သော်လည်း ကျန်းချန်ရွှမ်က ဆက်၍ပြောလိုက်သည်။

“ငါ့မှာ မင်းအတွက် ပိုသင့်တော်တာတစ်ခုရှိတယ်”

စကားပြောနေစဉ်တွင် ကျန်းချန်ရွှမ်သည် လက်ကိုခပ်ဆတ်ဆတ်တောက်လိုက်သည်။

‌အဝါရောင်မြေသစ်သီးတစ်လုံး သူ၏လက်ထဲသို့ ရောက်ရှိလာသည်။

၎င်းမှာ ပဉ္စမအဆင့်ဝိညာဉ်သစ်သီးဖြစ်သည့် အဝါရောင်မြေနဂါးသစ်သီးဖြစ်သည်။

၎င်းသည် အပျက်အစီးနယ်မြေ၏ ဆေးဖက်ဝင်ပင်ဥယျာဉ်မှ ကျန်းချန်ရွှမ် ယူဆောင်လာသည့် ပစ္စည်းတစ်ခုဖြစ်သည်။

ဝှစ်-

အဝါရောင်မြေနဂါးသစ်သီးကို ကျန်းချန်ရွှမ်က ထုတ်ယူလိုက်သောအချိန်တွင် ခေါင်းငိုက်စိုက်ကျနေသည့်မြေနဂါးသည် ရုတ်တရက် ခေါင်းထောင်လာသည်။

တစ်ချိန်တည်း၌ပင် ၎င်း၏မျက်လုံးများသည် အလွန်အားကောင်းသောစိတ်ဆန္ဒတစ်ခုကို ဖော်ထုတ်နေသည်။

“ဟီးဟီး မင်းဒါကိုပိုကြိုက်မယ်လို့ ငါထင်သားပဲ”

ကျန်းချန်ရွှမ်သည် ဤအကောင်ကို ဆက်လက်စနောက်မနေတော့ပေ။

သူသည် အဝါရောင်မြေနဂါးသစ်သီးကို မြေနဂါးဆီသို့ သာမန်ကာလျှံကာ ပစ်ထည့်လိုက်သည်။

မြေနဂါးသည် ၎င်း၏ပါးစပ်ကို ချက်ချင်းဖွင့်ကာ အဝါရောင်မြေနဂါးသစ်သီးကို မြိုချလိုက်သည်။

ချက်ချင်းပင် မြေနဂါး၏ခန္ဓာကိုယ်သည် အဝါရောင်အလင်းဖြင့် ထပ်မံလင်းလက်သွားသည်။

ထို့ပြင် ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများသည် အဝါရောင်မြေနဂါးသစ်သီးကို စားလိုက်သည့်အချိန်မှစ၍ စတင်ပြီးမြန်မြန်ဆန်ဆန်သက်သာလာသည်ကို သာမန်မျက်လုံးများနှင့်ပင် မြင်တွေ့နိုင်သည်။

ထို့နောက်တွင် ကျန်းချန်ရွှမ်သည် ခပ်မာမာညွှန်ကြားလိုက်သည်။

“ကောင်းပြီ ငါမင်းကိုပေးပြီးပြီ။ အခုအပြင်ကိုသွားပြီး ဝင်လာမယ့်လူတွေအားလုံးကို မောင်းထုတ်ချေ။ ငါ့ကိုဘယ်သူမနှောင့်ယှက်စေချင်ဘူး”

မြေနဂါးသည် ချက်ချင်းအသံရှည်တစ်ခုကို ထုတ်လွှတ်လိုက်သည်။

ထို့နောက်တွင် ၎င်းသည် မတ်တပ်ရပ်ကာ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားခဲ့သည်။

ခနကြာပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အပြင်ဘက်မှ ရက်စက်ကြမ်းတမ်းသောသားရဲများ၏ အော်ဟစ်ငိုကြွေးသံများကို ကြားခဲ့ရသည်။

“ဟီးဟီး ယောက်ျား၊ ရှင် အဲ့ဒီမြေနဂါးကို ဘယ်လိုချိုးနှိမ်ရမလဲဆိုတာ အစထဲက စဉ်းစားထားတာလား?”

ရှန်းရူယန်က ကျန်းချန်ရွှမ်ကို ပြုံးပြလိုက်သည်။

ကျန်းချန်ရွှမ်က ပြန်လည်ပြုံးပြကာ မေးခွန်းထုတ်လိုက်သည်။

“မိန်းမ ဒီနည်းလမ်းနဲ့ဆိုရင် ကိုယ်တို့ဒုက္ခတွေသက်သာမယ်လို့ မင်းမထင်ဘူးလား?”

ရှန်းရူယန်က အပြင်ဘက်ကိုကြည့်ကာ ခေါင်းညိတ်လိုက်သည်။

“အမှန်ပဲ၊ ပြီးတော့ ကြည့်ရတာတော့ ဒီကမ္ဘာမြေသစ်သားလင်ကျိမှို အရွယ်ရောက်လာဖို့ ရက်အနည်းငယ်တော့ကြာဦးမယ်”

ထို့နောက်တွင်

လင်မယားနှစ်ယောက်သည် အတော်ကလေး အားလပ်သွားသည်။

အပြင်ဘက်မှမြေနဂါးသည် ရက်စက်သောသားရဲများ ဝင်ရောက်မလာစေရန် တားဆီးနေသည်။

သူတို့သည် ဤနေရာတွင် တိတ်တဆိတ်ထိုင်နေပြီး ကမ္ဘာမြေသစ်သားလင်ကျိမှိုအရွယ်ရောက်လာရန် စောင့်ဖို့သာ လိုအပ်ပေသည်။

ဝီ!

နောက်ဆုံးတွင် နှစ်ရက်ကုန်လွန်သွားသည်။

ကမ္ဘာမြေသစ်သားလင်ကျိမှို၏အရွယ်အစားသည် ရုတ်တရက် ကြီးမားလာသည်။

ဤသို့ဖြင့် အပင်တစ်ပင်နှင့်ဆင်တူသည့် အကွင်းများနှင့် အမြစ်များသည် ၎င်း၏မှိုကဲ့သို့ ကိုယ်ထည်ပေါ်တွင် ပေါ်ပေါက်လာသည်။

၎င်းကိုမြင်ကာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ပျော်ရွှင်သွားကြသည်။

ရှန်းရူယန်က ပြောလိုက်သည်။

“ယောက်ျား၊ ကမ္ဘာမြေသစ်သားလင်ကျိမှိုက လုံးဝဖွံ့ဖြိုးသွားပြီ”

“အမှန်ပဲ”

ကျန်းချန်ရွှမ်က ခေါင်းညိတ်လိုက်သည်။

ကြာကြာတုံ့ဆိုင်းခြင်းမရှိဘဲ သူသည် ရှေ့သို့လျှောက်သွားကာ သူ၏ဓမ္မစွမ်းအားဖြင့် ကမ္ဘာမြေသစ်သားလင်ကျိမှိုကို လွှမ်းခြုံလိုက်ပြီး ၎င်းကိုအစီအရင်ပြားကွက်လပ်ပေါ်တွင် နေရာချလိုက်သည်။

“သွားကြစို့၊ ကိုယ်တို့ရဲ့ လျှို့ဝှက်နေဝင်ချိန်နယ်မြေက အကြီးမားဆုံးပန်းတိုင်ကို အောင်မြင်သွားပြီ။ ကိုယ်တို့ ဘာပဲထပ်ရရ အဲ့ဒါကသာမညပဲ”

ကျန်းချန်ရွှမ်က ပြုံးလျက် ရှန်းရူယန်သို့‌ ပြောလိုက်သည်။

ထို့နောက်တွင် သူတို့သည် မြေနဂါး၏ဘေးသို့ ရောက်ရှိလာသည်။

၎င်း၏ဆရာသခင်နှစ်ယောက်ရောက်ရှိလာသည်ကို မြင်သောအခါ မြေနဂါးသည် ကြိုဆိုသည့်အော်ဟစ်သံတစ်ခုကို ပြုလုပ်လိုက်သည်။

ထို့နောက်တွင် ၎င်းသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို သယ်ဆောင်သွားပြီး မြေပြင်ဆီသို့ ဖြည်းဖြည်းချင်းရွေ့လျားသွားသည်။

ဂျိန်း!

ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာသည်။

မြေနဂါး၏ကြီးမားသောခန္ဓာကိုယ်သည် မြေပြင်မှအရှေ့သို့ ပေါက်ထွက်သွားပြီး ကြက်သွေးရောင်သစ်တောစိမ်း၏မျက်နှာပြင်ပေါ်တွင် ပြန်လည်ထွက်ပေါ်လာသည်...

***

All Chapters