← Chapters

မြို့ဝန်၏ ကျေးဇူးဆပ်လက်ဆောင်

Vol. 98 Ch. 1363

မြို့ဝန်၏ ကျေးဇူးဆပ်လက်ဆောင်

Vol. 98 Ch. 1363

ဝူမန်၏ မေးခွန်းနှင့် ရင်ဆိုင်လိုက်ရသောအခါ ကျန်းဟောက်သည် အေးစက်စွာ နှာမှုတ်လေသည်။ သူသည် ပြန်မဖြေဘဲ မြို့ဝန်အိမ်တော်သို့ တည့် တည့်ဝင်သွားလေသည်။

ဝူလင်းယူဘေးပတ်လည်မှ လေများအေးစက်လာသည်။ သူသည် ကျန်းဟောက်၏ ကျောပြင်ကို လူသတ်မည့်အကြည့်ဖြင့် စိုက်ကြည့်နေသည်။

ဝူမန် စကားဖြတ်ပြောခြင်းကြောင့်သာ မဟုတ်လျှင် သူသည် ကျန်းဟောက်၏ အရေပြားကိုခွာပစ်လိုက်နိုင်သည်။

“စိတ်လိုက်မာန်ပါမလုပ်နဲ့ နောက်ကျ သူ့ကိုလိုသေးတယ်” ဝူမန် ပြော လိုက်သည်။

ရှီမာယူယူသည် ဝူလင်းယူ၏ လက်ကိုဆုပ်ကိုင်လိုက်သည် “ညီမ အဆင် ပြေပါတယ်၊ အဒေါ်မန်ရဲ့ အစီအစဉ်ကို မဖျက်ဆီးလိုက်နဲ့”

ကျန်းဟောက်သည် လူသတ်မည့်အကြည့်ကို ခံစားမိသည်။ သူ လှည့် ကြည့်လိုက်ချိန်တွင် မည်သူမည်ဝါဖြစ်သည်ကို ရှာမတွေ့ပေ။

“အင်း ကိုယ် မင်းအစီအစဉ်ကို မဖျက်ဆီးပါဘူး” ဝူလင်းယူသည် ကျန်းဟောက် ပြန်မလှည့်ခင်တွင် သူ၏ အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။

ကျန်းဟောက်သည် မည်သူကိုမှ မမြင်လိုက်ရပေ။ သူ့ကို သတ်ချင်သူမှာ ရှီမာယူယူ သို့မဟုတ် ဝူမန်ဟု တွေးလိုက်သည်။ သူသည် သူတို့ကို နှာမှုတ်ပြီး နောက် အိမ်တော်သို့ ဝင်သွားလေသည်။

“ဒီကျန်းဟောက်က ပိုပြီးတော့ ထောင်လွှားလာတယ်” ဝူမန်သည် လျစ်လျူရှုသလို ပြောလိုက်သည် “မင်းမရှိရင်တောင် ပဋိပက္ခတွေဖြစ်လာမှာပဲ ဝင်ရအောင်”

သူတို့ဝင်သည်နှင့် အစေခံသည် သူတို့ကို ဧည့်ကြိုလေသည်။

“တာဝန်ခံကျန်း၊ ရှီမိသားစုခေါင်းဆောင်ကို နှုတ်ဆက်ပါတယ်” အစေခံ သည် သူတို့ကို နွေးထွေးစွာ အရိုအသေပေးလေသည် “ဒါက မိန်းကလေးရှီချင်း လား”

ရှီမာယူယူသည် သူကို ခေါင်းညိတ်ပြလိုက်သည်။

“လျန်ရှန့် မြို့ဝန်နေကောင်းလား” ဝူမန် မေးလိုက်သည်။

“ဟုတ်ကဲ့ မြို့ဝန်က ဒီမနက်အစောပိုင်းကပဲ တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာပါပြီ၊ သူမ အပြည့်အဝပြန်ကောင်းလာပါပြီ” လျန်ရှန့် ပြန်ဖြေလေ သည်။

“ဒီမနက်အစောပိုင်း… သူမက ဘာလို့ဒီလောက် မြန်မြန်ကြီး ငါတို့ကို တွေ့ချင်ရတာလဲ”

“တားမြစ်ဧရိယာမှာတုန်းက ပင်ပန်းသွားကြလို့ အထူးဧည့်ခံပွဲလေး လုပ်ပေးချင်တယ်လို့ မြို့ဝန်ပြောပါတယ် ကျွန်မနဲ့လိုက်ခဲ့ပေးပါ” လျန်ရှန့် ပြော ပြီးသည်နှင့် ဦးဆောင်သွားလေသည်။

ဝူမန်နှင့် ရှီကုန်းတို့သည် အံ့ဩသွားကြသည်။

“ဧည့်ခံပွဲဟုတ်လား၊ မြို့ဝန်က ဘာလို့ရုတ်တရက်ကြီး ဧည့်ခံပွဲလုပ်ရတာ လဲ၊ ပြီးတော့ အလောတကြီး… သူက မနက်အစောကပဲ တံခါးပိတ်ကျင့်ကြံတာ ကနေထွက်လာတာကို အရင်က ဒီလိုတစ်ခါမှမဖြစ်ဖူးဘူး”

ရှီမာယူယူကိုပါ ခေါ်လာခဲ့ခိုင်းသည်မှာ ဝေ့မင်တျဲတစ်ခုခုကို သိသွားပြီဟု သူတို့ တွေးထားကြသည်။ ဧည့်ခံပွဲကျင်းပသည်မှာ အားလုံးကို ကျေးဇူးတင်ရန် ပြုလုပ်သည်ဟု မထင်ရဘဲ သူမကို ဖိတ်ကြားရန်ဟု ထင်ရသည်။

ပြီးနောက်တွင် သူမသည် ထိုကိစ္စကို ဖြေရှင်းလိုက်သူဖြစ်သည်။

ကျန်းဟောက်တို့ကိုလည်း ဖိတ်ကြားခံရခြင်း အကြောင်းအရင်းကို ရှင်းပြ ခဲ့သည်။

လျန်ရှန့်သည် သူတို့ကို ပွဲခန်းမဆီသို့ခေါ်မသွားဘဲ အိမ်တော်မှ တခြား ခြံဝန်းဆီသို့ ဦးဆောင်ခေါ်သွားလေသည်။

“တာဝန်ခံ ရှီမိသားစုခေါင်းဆောင် မိန်းကလေးရှီချင်း၊ သခင်က အထဲမှာ စောင့်နေပါတယ်”

“ငါတို့က ပွဲခန်းမကို တိုက်ရိုက်မသွားရဘူးလား”

“ပွဲမစခင်ကို လူကြီးမင်းတို့နဲ့ စကားပြောချင်တယ်လို့ သခင်ပြောပါတယ် ကျေးဇူးပြုပြီးတော့”

ရှီမာယူယူနှင့် တခြားသူများသည် ဧည့်ခန်းမသို့ ဝင်သွားလိုက်ကြသည်။ သူတို့ မထိုင်ခင်တွင် ဝေ့မင်တျဲ အပြင်မှဝင်လာသည်။

“မြို့ဝန်ကို နှုတ်ဆက်ပါတယ်” အားလုံးသည် အတူတကွ အရိုအသေပေး ကြလေသည်။

“ယဉ်ကျေးမှုတွေ လုပ်မနေပါနဲ့တော့… အကုန်လုံးက သိနေတာပဲ ဒီအတိုင်းပဲ ထိုင်လိုက်ပါ” ဝေ့မင်တျဲသည် လက်ကိုဝှေ့ယမ်းလိုက်သည်။ သူမ သည် ပင်မထိုင်ခုံသို့လာပြီး ထိုင်လိုက်သည်။ သူမသည် ရှီမာယူယူကို ကြည့် လိုက်သည်။ “အဲနေ့က အရေးကြီးကိစ္စကြောင့်မို့လို့ မင်းကို သေချာလေး ကျေးဇူးမတင်လိုက်ရဘူး မင်းက ရှီချင်းမလား”

“မြို့ဝန်ကို ပြန်ဖြေပါတယ် ဟုတ်ပါတယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

“ဒီကိစ္စအတွက် မင်းကိုတကယ် ကျေးဇူးတင်ချင်ပါတယ်၊ မင်းကြောင့်သာ မဟုတ်ရင် တစ္ဆေမြို့တော်ကြီး မရှိတော့မှာကြောက်မိတယ်” ဝေ့မင်တျဲသည် ဝမ်းမြောက်ဝမ်းသာပြောလေသည်။

“ဒါက ရှီချင်းလုပ်သင့်တာပါ၊ တခြားသူသာဆိုလည်း လုပ်နိုင်သလောက် ကူညီပေးမှာ သေချာပါတယ်” ရှီမာယူယူသည် နာမည်ကောင်းယူရန် မကြိုးစား ပေ။

“မထင်ထားဘူးပဲ မင်းက ဒီလောက်အသက်ငယ်ငယ်လေးနဲ့ စိတ်ဓာတ် ကောင်းမယ်လို့ တကယ်ကောင်းတယ်” ဝေ့မင်တျဲ ကြေညာလေသည်။

“မြို့ဝန်က ချီးကျူးလွန်းနေပါပြီ” ရှီမာယူယူသည် မီအာကို ခေါ်မလာမိ သည့်အတွက် စိတ်သက်သာရာရသွားသည်။ သူမ မျက်နှာမှ အမူအရာမှာ ပြောင်းလဲခြင်းမရှိပေ။

ဝေ့မင်တျဲသည် လက်ခုတ်တီးလိုက်သည်။ လျန်ရှန့်သည် လင်ဗန်းနှင့် စန္ဒကူးသားနှင့် လက်စွပ်သုံးကွင်းယူလာလေသည်။

“ဒါက နှစ်တစ်ထောင် အမှောင်စန္ဒကူးသားပင်ကနေ ဖြတ်ထားတဲ့အပိုင်း လေးပါ၊ ကျင့်ကြံတဲ့အချိန်ကို ဘေးမှာထားလိုက်… စိတ်ငြိမ်သွားရင် ကျင့်ကြံ တာကို ကူညီပေးနိုင်တယ်၊ ရူးသွပ်နိုင်ချေကို လျော့ချပေးတယ်၊ မင်းတို့လို ကလေးတွေအတွက်ဆိုရင် သက်ရောက်မှု တော်တော်ကောင်းတယ်” ဝေ့မင်တျဲ ရှင်းပြလေသည် “တစ္ဆေမြို့တော်ကို ကယ်ပေးတဲ့အတွက် ဒါကို ကျေးဇူးဆပ်လက်ဆောင်အဖြစ် မင်းကိုပေးပါတယ်”

“ကျေးဇူးတင်ပါတယ် မြို့ဝန်” ထိုအရာများသည် သူမအတွက် အသုံး မဝင်သဖြင့် ရှီမာယူယူသည် စိတ်မဝင်စားလှပေ။ သို့သော် မူစစ်ကို ပေးလိုက် လျှင် အသုံးဝင်နိုင်သည်။

“တခြား လက်စွပ်သုံးခုကတော့ သူတို့ပြင်ဆင်ထားတာပါ” ဝေ့မင်တျဲ ပြောလိုက်သည်။

“တာဝန်ခံကျန်းတို့က ပြင်ဆင်ထားတာလား” ရှီမာယူယူ မေးလိုက်သည်။

“ဟုတ်တယ် မင်းက ဝူမန်ဘက်ကလူဆိုတော့ တခြားသုံးယောက်က လည်း မင်းကိုကျေးဇူးတင်တဲ့အနေနဲ့ပါ”

“ဟားဟား ကျေးဇူးတင်ပါတယ် မြို့ဝန်နဲ့ တာဝန်ခံတို့” ရှီမာယူယူသည် မှော်ဝင်လက်စွပ်ယူပြီး ကြည့်လိုက်သည်။ သူမသည် ပျော်ရွှင်စွာ ပြုံးလိုက် သည်။

ပစ္စည်းများ အပြည့်ပင်။ ထိုသုံးယောက်သည် လက်ကြီးသည်နှ့င်တူသည်။

“ပြောရင်းနဲ့ ငါလည်း မင်းအတွက် ကျေးဇူးတင်တဲ့အနေနဲ့ လက်ဆောင် ပြင်ထားတယ်” ဝူမန်သည် မှော်ဝင်လက်စွပ်ထုတ်ပြီး ရှီမာယူယူကို ပေးလိုက် သည်။ ထို့နောက်တွင် သူမပြုံးပြီး ရှင်းပြလေသည် “တကယ်တော့ ရှီချင်းက မြောက်ပိုင်းမြို့်တော်က မဟုတ်ပါဘူး၊ သူမကို အခွင့်အရေးယူပြီး ကျေးဇူးမတင် တာမျိုး မလုပ်ချင်ဘူး”

“အိုး သူမက ရှီမိသားစုရဲ့ သမီးလို့မပြောခဲ့ဘူးလား”

“ဟား ဒါက ရှီယူပါ အဲကောင်မလေး လုပ်လိုက်တာ” ဝူမန် ရယ်မောလေ သည်။ “မြို့ဝန်လည်း သိတဲ့အတိုင်းပဲလေ ရှီမိသားစုက အဲကောင်မလေးကို အများကြီးအလိုလိုက်ထားကြတာ၊ သူမ အပြင်ထွက်ကစားတုန်းကို ရှီချင်းကို တွေ့ပြီး ပြန်ခေါ်လာတာပဲ၊ မထင်မှတ်ထားဘဲ တားမြစ်ဧရိယာမှာ ပြဿနာ တွေနဲ့တွေ့လိုက်တာပဲ၊ ကျန်းဟောက်က ဒေါသထွက်နေလို့ သူမက ရှီမိသားစု ရဲ့ မွေးစားသမီးလို့ ပြောလိုက်ရတာ၊ အဲဒါကြောင့် ကျွန်မတို့က သူမနဲ့ မရင်းနှီး ပါဘူး၊ အဲတော့ သူမကို လက်ဆောင်မပေးလို့မရဘူးလေ”

“အဲလိုကိုး၊ ရှီချင်းက ဘယ်ကလာတာလဲ ရှီယူနဲ့ဘယ်လိုတွေ့တာလဲ”

“မြို့ဝန်ကိုပြန်ဖြေပါတယ် တကယ်တော့ ကျွန်မက တစ္ဆေမြို့တော်က မဟုတ်ပါဘူး၊ ရှီယူ အပြင်မှာကစားတုန်းကို ကျွန်မဟင်းလက်ရာကို ကြိုက်သွား လို့ တစ်ယောက်နဲ့တစ်ယောက် သိသွားကြတာပါ၊ နောက်တော့ ကျွန်မကို တစ္ဆေမြို့တော်ကို ဖိတ်ခဲ့ပါတယ်၊ ဒီလိုကိစ္စတွေနဲ့ ကြုံရမယ်လို့ ထင်မထားမိပါ ဘူး၊ ပြီးခဲ့တဲ့ ရက်ပိုင်းတွေတုန်းက ကျွန်မဒီကိုရောက်ပါတယ် နောက်နှစ်ရက် နေရင် ကျွန်မပြန်တော့မှာပါ” ရှီမာယူယူ ပြန်ဖြေလေသည်။

“မင်းက ပြန်တော့မှာလား” ထိုသည်မှာ လူတိုင်းအတွက် ထင်ထားသည့် ကိစ္စလားတော့ မသိပေ။ သူမ၏ အသံမှာ ဖျော့သွားသည်။

“ဟုတ်ပါတယ် ကျွန်မအဖေက တင်းကြပ်ပါတယ်၊ သူက ကျွန်မကို ထွက်ကစားခွင့်မပေးပါဘူး၊ ကျွန်မမိသားစုကို မပြောဘဲ ရှီယူ့နောက်ကိုလိုက် လာခဲ့တာ ကျွန်မခိုးထွက်တာ မိသားစုကသိရင် ပြဿနာတက်မှာပါ” ရှီမာယူယူ သည် ပူပန်စွာဖြင့် ပြောလေသည်။

“ဟားဟား ရှီချင်းက ကျွန်မတို့ ဒီမလာခင်ကို ပြောပါသေးတယ် သူမ ပြန်ဖို့ပြင်နေတဲ့အကြောင်းကိုလေ မဟုတ်ရင် သူမ အပြစ်ပေးခံရလိမ့်မယ်၊ အစတုန်းက အချိန်တစ်ခုလောက် သူမကို ဆွဲထားမလို့ပဲ၊ သူမ အဲလိုပြောတော့ ထပ်မေးဖို့ အခက်တွေ့နေတာ” ဝူမန်သည် ယပ်တောင်အနီကိုခတ်လေသည်။ သူမ၏ မျက်လုံးများသည် မတတ်သာသည့် အကြည့်များဖြစ်သည်။

“အဒေါ်မန် ကျွန်မကိုလှောင်နေပြန်ပါပြီ” ရှီမာယူယူသည် ကလေးတစ် ယောက်ကဲ့သို့ ဝူမန်ကို စိတ်ဆိုးစွာဖြင့် နှုတ်ခမ်းဆူလေသည်။

ဝူလင်းယူသည် လက်မှ လက်စွပ်နှင့် ကစားနေရင်းမှ မျက်လုံးများ လှုပ်ခတ်သွားလေသည်။

ဒီကောင်မလေးက သူနဲ့ဆို ဒီလိုမျိုး တစ်ခါမှမလုပ်ဖူးဘူး။ သူတို့ တွေ့ကတည်းက သူမက ရင့်ကျက်တဲ့ပုံပေါက်တယ်။ ညုတုတုလုပ်တော့လည်း ပုံစံက တစ်မျိုးပြောင်းသွားတာပဲ။

သူမသာ သူ့ကို အဲလိုညုတုတုလုပ်ရင်တော့…

ထိုသို့တွေးလိုက်သည်နှင့် သူ၏ ပါးစပ်မှာ ကြွတက်လာသည်။ သူတို့ ပြန်သွားချိန်တွင် သူစမ်းကြည့်မည်ဟု ပျော်ရွှင်စွာ ဆုံးဖြတ်လိုက်သည်။

***

All Chapters