← Chapters

နေဝင်ချိန်စိမ့်မြေ(၂)

Vol. 32 Ch. 601

နေဝင်ချိန်စိမ့်မြေ(၂)

Vol. 32 Ch. 601

သူတို့မှာ တစ်စုံတစ်ခု မဖြစ်ပွားမီ ချက်ချင်းဆုတ်ခွာနေသကဲ့သို့ ဖြစ်သည်။ ၎င်းသည် စိမ့်မြေအတွင်း ရတနာများရှာတွေ့ထားပြီးသောသူများအတွက် အထူးမှန်ကန်နေသည်။ သူတို့သည် သူတို့၏အသက်များကို ဆက်လက်မစွန့်စားရဲဘဲ နယ်မြေမှထွက်ခွာရန်လျင်မြန်စွာရွေးချယ်လိုက်ကြသည်။

သို့သော်လည်း သူတို့မမျှော်လင့်ထားခဲ့သည်မှာ စိမ့်မြေအတွင်း ရတနာရှာတွေ့သည့်ကျင့်ကြံသူများ ပေါ်ထွက်လာသည်နှင့် ကမ်းစပ်ရှိအခြားအရာများထံမှ ရုတ်တရက်ချောင်းမြောင်းတိုက်ခိုက်ခံလိုက်ရသည်။

အမျိုးမျိုးသောမန္တန်များ၊ နတ်စွမ်းအားများနှင့် ဓမ္မရတနာများကို သူတို့အသားကုန်ပစ်လွှတ်လိုက်ပြီး ဤရုတ်တရက်တိုက်ခိုက်မှုတွင် အများအပြားသေကျေစေခဲ့သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ဤပရမ်းပတာများတွင် ဘေးလူများသာဖြစ်သည်။

နေဝင်ချိန်စိမ့်မြေသည် လူသတ်ပွဲ၏ တိုက်ပွဲနယ်မြေတစ်ခုဟုပြောလျှင် ချဲ့ကားပြောဆိုခြင်းတစ်ခုမဟုတ်ပေ။ စိမ့်မြေအတွင်း ထိုရတနာရှာဖွေခြင်းများသည် သူတို့၏အသက်များကို အခြေခံအားဖြင့် အရဲစွန့်နေခြင်းဖြစ်သည်။ သို့သော်လည်း ဒါတင်မကသေးပေ။

သူတို့သည် ရတနာများနှင့်အတူ စိမ့်မြေတွင် ပေါ်ထွက်လာသောအခါ ကမ်းစပ်ရှိ အခြားကျင့်ကြံသူများထံမှ ချောင်းမြောင်းတိုက်ခိုက်မှုများကိုလည်း ကြုံတွေ့ရသည်။ တိုက်ခိုက်မှုများကို ခုခံနိုင်သည့်လူများသည် သူတို့၏ရတနာမျာနှင့်အတူ အသက်ရှင်ခဲ့ပြီး မခုခံနိုင်သည့်သူများအတွက်မူ ပြောစရာပင်မလိုတော့ပေ။

“ဘယ်လိုလဲ ယောက်ျား? ကျွန်မတို့ အောက်ဆင်းကြည့်ကြမလား?” ရှန်းရူယန်သည် သူမ၏ခေါင်းကိုလှည့်ကာ ကျန်းချန်ရွှမ်ကို မေးလိုက်သည်။

ကျန်းချန်ရွှမ်သည် ခနမျှ တွေးတောနေပြီးနောက် ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီလေ ရှောင်ဟွမ်းကိုကိုယ်တို့နဲ့အတူ ခေါ်သွားတာပေါ့”

၎င်းကိုပြောကြားပြီးသောအခါ လင်မယားနှစ်ယောက်သည် ဆက်လက်အချိန်ဆွဲမနေတော့ဘဲ သူတို့၏မြေနဂါးရှောင်ဟွမ်းနှင့်အတူ နေဝင်ချိန်စိမ့်မြေဆီသို့ ချက်ချင်းစီးနင်းခဲ့သည်။ သူတို့၏လုပ်ဆောင်မှုများသည် ထိုနေရာရှိလူတော်တော်များများ၏အာရုံကို အလိုလိုပင် ဆွဲဆောင်လိုက်သည်။

လူတိုင်းက ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်ကို ကြည့်လိုက်သည်။ အထူးသဖြင့် သူတို့သည် ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့က စီးတော်ယာဥ်တစ်ခုဖြင့် နေဝင်ချိန်စိမ့်မြေသို့ ‌ဝင်ရောက်တော့မည်ကိုမြင်သောအခါတွင် အံ့အားသင့်သောအကြည့်များ ဖြစ်ပေါ်ခဲ့ကြသည်။ သို့သော်လည်း မကြာမီတွင် သူတို့၏အံ့အားသင့်သည့်အကြည့်များသည် အလင်းပွင့်သွားသည့်အကြည့်သို့ ပြောင်းလဲသွားခဲ့သည်။

အမှန်ပင်။

နေဝင်ချိန်နယ်မြေထဲကို စီးနင်းနိုင်တဲ့တိရစ္ဆာန်တစ်‌တစ်ကောင်သယ်ဆောင်လာတာက သူတို့ကို အပိုအကူအညီမရစေဘူးလား?

သူတို့၏စီးတော်ယာဉ်ကို ရတနာများရှာဖွေရန်ပင် အသုံးပြုနိုင်လောက်သည်။

သူတို့ဒါမျိုးကို အရင်ကဘာလို့ မတွေးမိတာလဲ?

ထိုအချိန်တွင် နေဝင်ချိန်စိမ့်မြေသို့ဝင်ရောက်နေကြသည့် လူတော်တော်များများသည် စီးတော်ယာဉ်တိရစ္ဆာန်တစ်‌ကောငအားထိန်းကျောင်းမည့် အတွေးတစ်ခုကို ရရှိခဲ့ကြသည်။

ထိုအချိန်တွင်... မြေနဂါးကိုစီးနင်းနေသည့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် နေဝင်ချိန်စိမ့်မြေသို့ ဝင်ရောက်သွားသည်။ သူတို့ဝင်ရောက်သွားသည်နှင့် သူတို့အပေါ်တွင်သတ်မှတ်ထားသည့် လျှို့ဝှက်စည်းမျဉ်းတစ်ခုကို အသေအချာခံစားမိလိုက်သည်။ သူတို့၏ခန္ဓာကိုယ်ထဲရှိ ဓမ္မစွမ်းအားသည် ထိန်းချုပ်ခံလိုက်ရပြီး သူတို့၏နတ်စွမ်းအားများကို အသုံးမပြုနိုင်အောင် ပြုလုပ်နေသည်။

တစ်ချိန်တည်း၌ပင် သူတို့သည် တစ်စုံတစ်ခုကို နားလည်လိုက်သည်။ လူတိုင်းသည် ဤနေရာကို တစ်ကြိမ်သာဝင်ရောက်နိုင်သည်။ ထို့ပြင် နှစ်နာရီထက်လည်းပိုနေလို့မရပေ။ မဟုတ်ပါက ကြောက်မက်ဖွယ်အကျိုးဆက်များ ဖြစ်ပေါ်လာလိမ့်မည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အတွက်မူ သူတို့၏စွမ်းအားအကုန်လုံးကို မထုတ်လွှတ်နိုင် သော်လည်း တစ်ဝက်ကိုတော့ ထိန်းသိမ်းထားနိုင်သေးသည်။ ထို့ပြင် ဤနေရာတွင် ကျန်းချန်ရွှမ်၏ ရုပ်ပိုင်းဆိုင်ရာခွန်အားနှင့် စွမ်းရည်အမျိုးအစားအားလုံးကို ကန့်သတ်မထားပေ။

အတူတူပင် ရှန်းရူယန်၏စွမ်းရည်နှင့် လျှပ်စီးနတ်တံဆိပ်စင်စစ်ကိုလည်း ထိန်းချုပ်မထားပေ။ အရေးကြီးအခြေအနေများတွင် သူမ၏ခန္ဓာကိုယ်ကို လျှပ်စီးအဖြစ်လုံးဝပြောင်းလဲနိုင်ပြီး ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုများ သူမကို မထိခိုက်နိုင်အောင် ပြုလုပ်ပေးနိုင်သည်။

မြေနဂါးအတွက်မူ ပြောစရာပင်မလိုတော့ပေ။ ရက်စက်ကြမ်းကြုတ်သောသားရဲတစ်ကောင်အနေဖြင့် ၎င်း၏ရုပ်ခန္ဓာသည် အားအကောင်းဆုံးနည်းလမ်းများထဲမှတစ်ခု ဖြစ်သည်။ ထိုအရာတစ်ခုတည်းနှင့်ဆိုလျှင်ပင် ၎င်းသည် သာမန်အခြေတည်ဝိညာဉ်ကျင့်ကြံသူတော်တော်များများကို အနိုင်ရနိုင်ပေသည်။

ဖောက်! ဖောက်! မြေနဂါးသည် ပတ်ဝန်းကျင်မှ သက်ရောက်ခံရဟန်မရှိသည့်ပုံစံဖြင့် နင်းလျှောက်သွားသောကြောင့် ရွှံ့ကဲ့သို့ စိမ့်မြေအပျောက်အကွက်များသည် နေရာအားလုံးသို့ လွင့်ထွက်သွားသည်။

ခနကြာပြီးနောက် ၎င်းသည် ၎င်း၏ခေါင်းကိုနိမ့်ချကာ ‌စိမ့်မြေဆီသို့ ထိုးပေးလိုက်သည်။

အစွန်းအထင်းများဖြင့် ၎င်းသည် ပေါများသောဝိညာဉ်ချီအော်ရာတစ်ခုကို ထုတ်လွှတ်နေသည့် ဝိညာဉ်ကျောက်တုံးတစ်ခုနှင့်အတူ ထွက်ပေါ်လာသည်။

၎င်း၏ကျောပေါ်တွင်ထိုင်နေသော ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် မြေနဂါးယူဆောင်လာသည့် ဝိညာဉ်ကျောက်တုံးမြင်ကွင်းကြောင့် ခနမျှအံ့အားသင့်သွားသည်။

ကမ်းစပ်နှင့် စိမ့်မြေအတွင်းရှိ ကျင့်ကြံသူများသည် ၎င်းကို ကြောက်ရွံ့ရိုသေမှုတစ်ခုဖြင့်ကြည့်နေပြီး သူတို့၏မျက်နှာများသည် အလွန်လောဘကြီးမှုတစ်ခုကို ချက်ချင်းပြသနေသည်။

“ထိပ်တန်းကျောက်တုံးတစ်ခုပဲ။ အဲ့ဒါတကယ်ထိပ်တန်းဝိညာဉ်ကျောက်တုံးတစ်ခုပဲ!”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် နေဝင်ချိန်စိမ့်မြေသို့ ဝင်ရောက်လာပြီးမကြာမီတွင် ဤကဲ့သို့ရတနာမျိုးရှာတွေ့လိမ့်မည်ဟု မည်သူမှ မမျှော်လင့်ခဲ့ပေ။ ထို့ပြင် သူတို့အတွက် ရှာပေးခဲ့သူမှာ သူတို့၏စီးတော်ယာဉ်ဖြစ်သည်။

ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အနားဝန်းကျင်မှ သူတို့ဆီသို့ ဦးတည်နေသည့် မလိုမုန်းထားပြီးလောဘကြီးသောအကြည့်များကို အသေအချာ ခံစားမိလိုက်သည်။ သို့သော်လည်း သူတို့သည် ထိုအကြည့်များကို အာရုံစိုက်မနေဘဲ ဆက်လက်လုပ်ဆောင်ခဲ့သည်။

နေဝင်ချိန်စိမ့်မြေ၏စည်းမျဉ်းများအရ တစ်ယောက်ယောက်က ပို၍နက်နက်ရှိုင်းရှိုင်းသွားလိုက်သည်နှင့် ပိုကောင်းသောရတနာများ များများရှာတွေ့နိုင်လေလေဖြစ်သည်။

ဆင်တူစွာပင်.. ပို၍နက်နက်ရှိုင်းရှိုင်းသွားသည်နှင့် ကြုံတွေ့ရမည့်အန္တရာယ်လည်း ပိုမိုကြီးမားလေဖြစ်သည်။

ဘွန်း!

နောက်ဆုံးတွင် သူတို့တစ်နာရီကြာလေ့လာမှုပြီးသည့်နောက် များစွာသောအနက်ရောင်စုပ်ခွက်များနှင့် ငါးမျှားချိတ်များဖြင့် လွှမ်းမိုးထားသော အဖြူရောင်သန်းနေသည့်ကြီးမားသောရေဘဝဲလက်တစ်ခုသည် ရုတ်တရက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ဆီသို့ ဖုံးလွှမ်းလိုက်သည်...

***

All Chapters