နေဝင်စိမ့်တော(၃)
Vol. 32 Ch. 602
'ဟိန်းသံများ..' ထိုအခြေအနေကို တုံ့ပြန်ဖို့ရန်၊ မြေနဂါးက ဒေါသထွက်နေသော ဟိန်းသံတစ်ခုကို ထုတ်လွတ်လာခဲ့သည်။
ခနအကြာတွင်၊ ၎င်း၏ ကြီးမားသော လက်သည်းများက ကျရောက်လာကာ ရေဘဝဲ၏ လက်ကိုခိုင်မြဲစွာ ဖမ်းဆုပ်လိုက်သည်။ မြေနဂါး၏လက်သည်းများက ရေဘဝဲ၏လက်ကို ဖမ်းဆုပ်လိုက်သည်နှင့် ၎င်း၏စုပ်ခွက်များနှင့် ဆူးထစ်များက မြေနဂါး၏လက်သည်းများအောက်တွင် မထိုးဖောက်နိုင်တော့ဘဲ မီးပွားများသာ များစွာထွက်နေသည်။
ထိုအချိန်တွင်၊ မြေနဂါးက သူ၏အင်အားကို တိုးမြင့်လိုက်ကာ ဆုတ်ပြဲသွားသောအသံနှင့် အတူ သူ၏လက်သည်းများကိုရစ်ပတ်နေသည့် ရေဝဘဲလက်ကို ဆုတ်ဖြဲလိုက်တော့သည်။ “ဟိန်းသံများ..” ထိုလုပ်ဆောင်မှုသည် စိမ့်တော၏အောက်မှ နာကျင်နေသောအသံကြီးကို ထွက်ပေါ်လာစေကာ ထိုရေဘဝဲလက်ပိုင်ရှင်က ဒေါသထွက်နေသကဲ့သို့ပင်။ ထိုနေရာတွင် ဖောက်ခနဲမြည်သံများပေါ်ထွက်လာသည်။
ချက်ခြင်းပင်၊ အောက်ရှိစိမ်မြေထဲမှ ရေဘဝဲလက်ပေါင်း တစ်ရာကျော်ထွက်လာခဲ့ကာ မြေနဂါးနှင့် ၎င်းအားစီးနင်းလာသော ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ဆီသို့ လာနေခဲ့တော့သည်။ လူအများစုက သူတို့၏အသက်ရှုသံများကိုအောင့်ထားကြသည်၊ အကြောင်းမှာ ထိုရေဘဝဲလက်များ၏ အဆင့်က အဆင့် (၅) အလယ်အဆင့်သို့ ရောက်နေပြီဖြစ်သည်။
ဓမ္မစွမ်းအင်ကိုသုံးခွင့်မရှိလျှင် မဟာကျင့်ကြံသူသည်ပင် အန္တရာယ်ရှိနိုင်သည်ဟု သတ်မှတ်၍ ရသည်။ ဒုတ်…ဒုတ်…ဒုတ်..
ချက်ခြင်းပင်၊ မြေနဂါး၏ကြီးမားသောခန္ဓာကိုယ်က လုံးဝ ရေဘဝဲလက်များ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။ ထိုအရာကိုမြင်လျှင်၊ လူတိုင်းက မနေနိုင်ဘဲ အတွေးတစ်ခုကိုတွေးမိကြသည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်က ကြမ္မာဆိုးနှင့် တွေ့ပြီဖြစ်သည်။ သို့ရာတွင် ကမ်းစပ်တွင် ရုပ်ဖျက်လာကြကာ ယခုမှရောက်ရှိလာသော နန်းကုန်းဟိုင်နှင့် နန်ကုန်းယောင်တို့က ထိုနေဝင်စိမ့်တောရှိ မြင်ကွင်းကိုမြင်ကာ အမူအရာများက ပြောင်းလဲသွားကြသည်။
နန်ကုန်းယောင်က သူ၏အစ်ကိုနန်ကုန်းဟိုင်ဆီသို့ အသံလှိုင်းပို့လွတ်လိုက်သည်။ “အစ်ကို၊ အဲ့တာ ကျန်းချန်ရွှမ်နဲ့ ရှန်းရူယန်တို့မလား? သူတို့ စိမ့်တော့ထဲမှာာ မကောင်းဆိုးဝါးတွေအဝိုင်းခံနေရတယ်။ ညီမတို့ သွားကူညီသင့်လား?” သူ၏ညီမစကားကိုကြားလျှင် ကျန်းကုန်းဟိုင်၏မျက်လုံးများက တွေးလိုက်သည်။ သူက ခေါင်းကိုခါလိုက်ကာ ပြောလိုက်သည်။ “စိတ်မပူပါနဲ့၊ ယောင်။ သူတို့အဆင်ပြေမှာပါ။”
ပြီးနောက်တကယ်ပင်၊ စိမ့်တောထဲတွင် မြေနဂါးသည် ယခုတွင် မရေမတွက်နိုင်သော ရေဘဝဲလက်များမှ ရစ်ပတ်ခြင်းခံထားကြကာ ရုတ်တရက် မထင်မှတ်ထားသော ကြောက်စရာကောင်းသည့် စွမ်းအားကိုထုတ်လွတ်လာခဲ့သည်။ ၎င်းနှင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်ကိုပါပတ်ထားသော ရေဘဝဲလက်များကလည်း စတင်၍ တုန်လှုပ်လာခဲ့သည်။ ထိုအပြင်၊ အချိန်များကုန်လာသည်နှင့် ထိုတုန်လှုပ်ခြင်းက ပို၍ ပို၍ ပြင်းထန်လာသည်။ နောက်ဆုံးတွင်။ လူတိုင်းက မိုးကြိုးပေါက်ကွဲသံကို ကြားလိုက်ရသည်။ ဂျုန်းဟူသောအသံကြားလိုက်ရသည်။
ရေဘဝဲလက်များအားလုံးပေါက်ကွဲသွားကြကာ တစ်ချိန်တည်းမှာပင် ကျိုးပဲ့သွားကြသည်။ ရှဲ… ထိုအချိန်တွင်၊ နေဝင်စိမ့်တော့၏အပေါ်မှ ကောင်းကင်က သွေးမိုးကဲ့သို့ ရွှာနေပုံရကာ၊ ထိုအထဲ၌ ကျိုးပဲ့သွားသော ရေဘဝဲလက်များ၏ အပိုင်းအစများလည်း ပါဝင်နေပေသည်။ ထိုအရာကိုမြင်လျှင် လူတိုင်းက မနေနိုင်ဘဲ ထိတ်လန့်သည့်အမူအရာများပေါ်လာကြသည်။ မည်သူမှ ကျန်းချန်ရွှမ်နှင့် သူ့အဖော်ကထို့ကဲ့သို့ အခြေအနေမျိုးမှလွတ်မြောက်မည်ဟုမထင်ထားကြဘဲ အရေးအကြီးဆုံးအချက်မှာ ဒဏ်ရာရသည့် ပုံလည်းမပေါ်ပေ။
နန်ကုန်းဟိုင်နှင့် နန်ကုန်းယောင်တို့က နှစ်ဦးစလုံးလျှို့ဝှက်၍ စိတ်အေးစွာနှင့် သက်ပြင်းချလိုက်ကြသည်။ နေဝင်စိမ့်တောထဲသို့ အဆင့်မြင့်နောက်ခံခေါ်လာခြင်းက တကယ်ပင် လိုအပ်သောအရာဖြစ်သည်။ ယခုထိပင် ထိုနေရာမှလူအများစုက ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏လုံခြုံမှုက မြေနဂါး၏ကျေးဇူးကြောင့်ဟု ထင်နေကြသူများရှိသေးသည်။ ဝှစ်… ထိုအချိန်တွင် ကျန်းချန်ရွှမ်က ရုတ်တရက်စိမ့်မြေပေါ်သို့ ခုန်လိုက်သည်။
ကျီ… ချက်ခြင်းပင်၊ စိမ့်မြေ၏အောက်တွင် စတင်၍ ပြင်းထန်စွာလှုပ်ရှားထကြွလာသည်။ လူအုပ်က မတုံ့ပြန်ရသေးခင်တွင်ပင်၊ ကျန်းချန်ရွှမ်က စိမ့်မြေမှ ပြန်လည်တက်လာကာ လက်ထဲတွင် ပစ္စည်းနှစ်ခုပါလာခဲ့သည်။ တစ်ခုမှာ သူ၏လက်ထဲ ရုန်းကန်လှုပ်ရှားနေသော အဆင့် ၅ နတ်ဆိုးအခြေတည်ဝိညာဉ်ဖြစ်သည်။ သို့ရာတွင် မည်မျှရုန်းကန်လှုပ်ရှားနေပါစေ၊ ကျန်းချန်ရွှမ်၏ ဖမ်းချုပ်မှုမှ မလွှတ်မြောက်နိုင်ပေ။ အခြားတစ်ခုမှ အဆင့်မြင့် အဆင့် ၅ ဝိညာဉ်ဆေးပင်ဖြစ်သော ကျီဟွမ်မြက်ပင်ဖြစ်သည်။
၎င်းသည် ကျင့်ကြံသူများတိုက်ရိုက်စားသုံးနိုင်သည်။ ၎င်း၏ သက်ရောက်မှုက ကျင့်ကြံသူများအား အမြန်ပင် သူတို့၏ဒဏ်ရာများမှ ပြန်လည် သက်သာစေနိုင်သည်။ ထိုအချိန်တွင်၊ လူတိုင်း၏အကြည့်က ကျန်းချန်ရွှမ်၏လက်ထဲမှ ပစ္စည်းနှစ်ခုဆီသို့ရောက်နေခဲ့သည်။
အကြောင်းမှာ အဆင့် ၅ နတ်ဆိုးအခြေတည်ဝိညာည်နှင့် အဆင့်မြင့် အဆင့် ၅ မြက်ပင်တို့က ရှားပါးသောရတနာများဖြစ်ကြသည်။ သူတို့အား ပဟေဠိဖြစ်နေစေသည့်တစ်ခုမှာ အဆင့် ၅ နတ်ဆိုးအခြေတည်ဝိညာဉ်၏ မူလခန္ဓာကိုယ်ပင်ဖြစ်သည်။ ၎င်းသည် သူတို့အားတိုက်ခိုက်ခဲ့သောသတ္တဝါဆီမှ လာခြင်းမှာ သေချာသည်။
သူတို့သည် ကျန်းချန်ရွှမ်က နတ်ဆိုးအခြေတည်ဝိညာဉ်ကိုရရန် ထိုသတ္တဝါအား တိုက်ခိုက်ကာ သတ်ဖြတ်ခဲ့ခြင်းလား (သို့) သူသည် ထိုသတ္တဝါ၏ ပျက်စီးခြင်းကို အခွင့်ကောင်းယူခဲ့ခြင်းလား ဆိုသည့်အကြောင်းကို သိချင်နေကြသည်။ အကယ်၍ အရှေ့တစ်ခုဖြစ်ခဲ့လျှင် သူတို့အားလုံးကျန်းချန်ရွှမ်၏အင်အားကို ပြန်လည် သုံးသပ်ရတော့မည်ဖြစ်သည်။ အနောက်တစ်ခုဖြစ်ခဲ့လျှင်၊ သူတို့သည် ကျန်းချန်ရွှမ်ဆီမှ လုယူရန်အခွင့်အရေးရသည်ကို စောင့်ဆိုင်းနိုင်သည်။ မသိစိတ်မှ လူအများစု၏အကြည့်များက တလက်လက်ဖြစ်နေသည်။
နန်ကုန်းဟိုင်နှင့် နန်ကုန်းယောင်တို့က ထိုလူများကို ကြည့်ကာ နှလုံးသားထဲမှ ထေ့ငေါ့လိုက်သည်။ အကယ်၍ သူတို့က ကျန်းချန်ရွှမ်အားလွယ်ကူသည့်ပစ်မှတ်အဖြစ်သတ်မှတ်လိုက်လျှင်၊ ထိုနေရာတွင် ကြည့်စရာပွဲကြီးပွဲကောင်းတစ်ခုရပေတော့မည်။ ဤဖက်တွင် အဆင့် ၅ နတ်ဆိုးအခြေတည်ဝိညာဉ်နှင့် အဆင့်မြင့် ကျီဟွမ်မြက်ပင်အား ကျန်းချန်ရွှမ်က သိုလှောင်လိုက်သည်။
သူနှင့် ရှန်းရူယန်သည် မြေနဂါးကို ရှေ့သို့ဆက်သွားရန်အမိန့်ပေးလိုက်သည်။ ပေါ့…ပေါ့… နာရီဝက်ခန့်ကြာပြီးနောက်၊ ရှန်းရူယန်သည် ရုတ်တရက် မြေနဂါးကို ရပ်တန့်ရန် ညွှန်ကြားလိုက်သည်။
***