နေဝင်စိမ့်တော (၄)
Vol. 32 Ch. 603
စိမ့်မြေထဲမှ ရုတ်တရက် အမြီးတစ်ခုထွက်ပေါ်လာကာ ကျန်းချန်ရွှမ်နှင့် သူ့အဖွဲ့ကိုဦးတည်ပြီး တိုက်ခိုက်တော့သည်။ မြေနဂါးက ထိုရုတ်တရက်အန္တရာယ်ကို မမျှော်လင့်ထားသဖြင့် ရှန်းရူယန်သာသတိမပေးလျှင် လှိုင်းများမှာဖြည်းညှင်းသွားကာ သူတို့သည်လည်း ထိုတိုက်ခိုက်လာသည့်အမြီးနှင့် ထိပ်တိုက် ရင်ဆိုင်ရမည်ဖြစ်ကြောင်းကို သတိပြုမိသွားသည်။ မြေနဂါးက ဒေါသထွက်သွားသဖြင့် ဟိန်းလိုက်ကာသူ၏အမြီးကိုယမ်းလိုက်သည်။ ခွပ်…
ကြောက်မက်ဖွယ်ကောင်းသော အသံထပ်မြန်သည့်ပေါက်ကွဲမှုက ကြီးမားသော အမြီးနှစ်ခု တိုက်ခိုက်မှုက လေထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။ ချက်ခြင်းပင်၊ သက်ရောက်မှုအနေဖြင့် စက်ဝိုင်းပုံစံ လှိုင်းများက ဦးတည်ချက် များစွာသို့ ပျံနှံသွားကာ အောက်ဖက်မှ စိမ့်မြေအားလှိုင်းများထသွားစေသည်။ ဘွန်း..ဘွန်း..ဘွန်း… ကမ်းစပ်မှလူများက ကျန်းချန်ရွှမ်တို့အဖွဲ့ရင်ဆိုင်နေရသောအရာကို တွေ့သွားခဲ့သည်။ ကြီးမားသော အနက်ရောက် မီကျောင်းကြီးဖြစ်သည်။
အလွန်ကြီးမားသော ဧရာမသတ္တဝါနှစ်ကောင်က သွေးများအသားများ နေရာတိုင်းပြန့်ကျဲနေသော သေစေနိုင်သည့်တိုက်ပွဲကို တိုက်ခိုက်နေကြသည်။ ထိုဖရိုဖရဲအခြေအနေကိုအခွင့်ကောင်းယူကာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က စိမ့်မြေအတွင်းသို့ဝင်သွားသည်။ ကျန်းချန်ရွှမ်သည် စက်ဝိုင်းပုံစံကျောက်စိမ်းဆွဲသီးတစ်ခုကို ရခဲ့ပြီး၊ ရှန်းရူယန်က လက်သီးအရွယ်အစားခန့်ရှိသော ခရမ်းရောင်ကျောက်တုံးတစ်ခုကို ရရှိခဲ့သည်။
သူတို့သည် အကြည့်ချင်းဖလှယ်လိုက်ကြကာ အချင်းချင်း၏မျက်လုံးများထဲတွင် အံ့ဩမှုနှင့် ဝမ်းသာမှုတို့ကို တွေ့လိုက်ကြသည်။ အကြောင်းမှာ သူတို့ ရရှိသောအရာများမှာ အဆင့်(၆) ရတနာများဖြစ်သောကြောင့်ဖြစ်သည်။ ကျောက်စိမ်းဆွဲသီးက ဆန်းကြယ်နှလုံးသားကျောက်တုံးဟုခေါ်ကာ အဆင့် (၆) အစောပိုင်းနှင့် အလယ်ပိုင်း ပုံရိပ်ယောင်များနှင့် ပုံရိပ်ယောင်တိုက်ခိုက်မှုများကို တားဆီးကာကွယ်နိုင်စွမ်းရှိသည်။ ခရမ်းရောင်ကျောက်တုံးသည် အဆင့် (၆) ကျီယန်မိုးကြိုးသလင်းကျောက်ဖြစ်ကာ အဆင့် (၅) စစ်မှန်ရတနာကို သန့်စင်သောယန်စစ်မှန်ရတနာအဖြစ်သို့ ပြောင်းလဲပေးနိုင်သည်။
ထိုအရာနှစ်ခုသည် ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်များ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ဖို့လုံလောက်မှုရှိသည် ဟုပြောလျှင် ချဲ့ကားရာမရောက်ပါ။ ကံကောင်းစွာပင်၊ သူတို့ထိုရတနာများကို ရရှိခဲ့စဉ်က ဖော်ပြခြင်းမရှိခဲ့ပါ။ ရလဒ်အနေဖြင့် မည်သူမှ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ မည်သည့်ရတနာရခဲ့ကြောင်းကို သေချာမသိကြပေ။ “အချိန်ရောက်တော့မယ်။ ပြန်ကြစို့။” ကျန်းချန်ရွှမ်က လှည့်လိုက်ကာ ရှန်းရူယန်အား ပြောလိုက်သည်။
ရှန်းရူယန်က ခေါင်းညိတ်လိုက်ပြီး မိကျောင်းနှင့် တိုက်ခိုက်နေဆဲဖြစ်သော မြေနဂါးကို ကြည့်လိုက်သည်။ “ရှောင်ဟွမ်၊ အချိန်ကျပြီ။ ငါတို့ပြန်ကြမယ်။” “ဟိန်းသံ..” ရှန်းရူယန်၏ခေါ်သံကို ကြားပြီးနောက် မြေနဂါးက ဟိန်းလိုက်သည်။ ခနအကြာတွင်၊ ၎င်းသည် ဧရာမမိကျောင်းကြီး၏ တိုက်ခိုက်မှုကို ခုခံကာ အမြန်ပင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ဆီသို့ ပြန်သွားခဲ့သည်။ ပြီးနောက် ၎င်းသည် သူတို့ကို သယ်ဆောင်သွားကာ နေဝင်စိမ့်တော့၏ ကမ်းစပ်သို့ ခေါ်သွားသည်။
ကြီးမားသောမိကျောင်းကြီးက သူတို့အား ထိုကဲ့သို့ လွတ်မြောက်သွားစေလိုခြင်းမရှိသဖြင့် နောက်မှ လိုက်လာခဲ့လေသည်။ မြေနဂါး၏ကျောတွင်ထိုင်နေသော ကျန်းချန်ရွှမ်က ချက်ခြင်းမျက်မှောင်ကုပ်လိုက်သည်။ ခနအကြာတွင် သူသည် တဖြည်းဖြည်းနှင့် မတ်တပ်ရပ်လိုက်ကာ သူ၏လက်ကို မြောက်လိုက်ပြီး လက်သီးကိုဆုပ်လိုက်သည်။ ဂျုန်းဟူသောအသံမြည်သွားခဲ့သည်။ သူသည် နတ်ဆိုးနှိမ်လက်သီးနည်းစနစ်ကိုဖွင့်ကာ သူ၏ကိုယ်ခန္ဓာ၏အင်အားတစ်ခုတည်းနှင့် အင်အားကြီးသောလက်သီးတစ်ချက်ကိုထုတ်လွတ်လိုက်သည်။
ချက်ခြင်းပင် သူတို့နောက်မှလိုက်လာသော မိကျောင်းကြီးက နောက်သို့တော်တော်ဝေးဝေး လွှင့်သွားကာ နောက်ဆုံး၌ စိမ့်မြေထဲသို့ ပြန်ကျသွားတော့သည်။
“ဘာ??” ထိုမြင်ကွင်းက မြင်နေရသူများအား ချက်ခြင်းထိတ်လန့်သွားစေသည်။ သူတို့ယခုပင် ဘာကိုမြင်လိုက်ရသနည်း? ထိုလူက သူ၏ခန္ဓာကိုယ်အင်အားကိုပင်သုံးကာအဆင့် (၅) မိကျောင်းကို ပျံထွက်သွားစေသည်။ ထိုသို့လုပ်နိုင်ရန် မည်မျှသန်မာရန်လိုအပ်လိမ့်မည်နည်း?
ခနအကြာတွင် လူတိုင်းက ကျန်းချန်ရွှမ်အား ကွဲပြားစွာကြည့်လာကြသည်။ ၎င်းသည် ရှင်းလင်းစွာပင် ထိုအချိန်တွင် နဂိုက သူတို့၏လမ်းကိုတားဆီးထားသည့်သူများက ကြွက်က ကြောင်ကိုတွေ့သကဲ့သို့ နောက်ဆုတ်သွားကြလေသည်။ ကျန်းချန်ရွှမ်က သူတို့အား လျစ်လျူရှုလိုက်သည်။ သူနှင့် ရှန်းရူယန်က မြေနဂါးကိုစီးကာ ကန့်သတ်ထားသောနှစ်နာရီအချိန်ကုန်ခါနီးတွင် နေဝင်စိမ့်တော၏ ကမ်းစပ်ပေါ်သို့ ပြန်လာကြလေသည်။
***