လမ်းပိတ်ထားခြင်း
Vol. 32 Ch. 604
ဝှစ်… ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်က ပတ်ဝန်းကျင်ရှိ လူတိုင်း၏ အကြည့်ကို ခံစားနိုင်ကြသည်။ ထိုအကြည့်များက အံ့ဩခြင်း၊ သတိထားခြင်း၊ လောဘရှိခြင်းနှင့် အန္ဓရာယ်ရှိခြင်းတို့ဖြင့် ပြည့်နေသည်။ အကြောင်းမှာ နေဝင်စိမ့်တောထဲမှ ရရှိခဲ့သော ရတနာများကြောင့်ဖြစ်သည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ထိုတုံ့ပြန်မှုများကိုသတိမပြုနေတော့ဘဲ အချိန်ဆွဲနေခြင်းမရှိတော့ပါ။
သူတို့သည် မြေနဂါးကိုထားခဲ့မည့်အချိန်တွင် ဝိညာဉ်ဖွဲ့စည်းခြင်းဂိုဏ်းများမှ များစွာသော မဟာကျင့်ကြံသူများက သူတို့၏လမ်းကို လာပိတ်လိုက်ကြသည်။ သူတို့၏ခေါင်းဆောင်က နေသုံးစင်းဂိုဏ်းမှ အဠမအဆင့် အခြေတည်ဝိညာဉ်ကျင့်ကြံသူ ယန်ထျန်းဟောက်ဖြစ်သည်။
သူသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်ကိုကြည့်ကာ တည်ငြိမ်စွာပြောလိုက်သည်။ “ငါ အခုပဲ မင်းတို့ နေဝင်စိမ့်တောထဲမှာ ပစ္စည်းတွေအများကြီးရခဲ့တာကို တွေ့ထားတယ်။ ထုတ်ကြည့်ပြီးတော့ ငါတို့ လိုအပ်မဲ့အရာများရှိမလားလို့ ပေးကြည့်ပါလား?”
ထိုစကားများကိုကြားလျှင် လူတိုင်းက ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်အား သနားစွာကြည့်နေကြသည်။ နေဝင်စိမ့်တောထဲတွင် ရတနာမည်မျှရခဲ့ပါစေ၊ ဝိညာဉ်ဖွဲ့စည်းခြင်းဂိုဏ်းများမှ ယန်ထျန်းဟောက်နှင့် အခြားသူများ၏ပစ်မှတ်ထားခြင်းကိုခံရလျှင် သိမ်းထားနိုင်မည်မဟုတ်ပါ။
လူအချို့က သူတို့ကိုယ်သူတို့ တွေးနေကြသည်။ အခု မင်းတို့ဘာလုပ်နိုင်မလဲ ငါတို့ကြည့်မယ်။ ဟူသောအကြည့်ဖြင့် စိုက်ကြည့်နေကြသည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ယန်ထျန်းဟောက်အားထိုမျှလောက် စိတ်ကြီးဝင်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူသည် ဟန်ဆောင်ရန်ပင် မစီစဉ်ထားပါ။
သို့ရာတွင်၊ ထိုစုံတွဲက ဒေါသမထွက်နေပါ။ သူတို့သည် ထိုဝိညာဉ်ဖွဲ့စည်းခြင်းဂိဏ်းများ၏ စိတ်ကြီးဝင်နေမှုများနှင့် ကျိုးကြောင်းမသင့်ခြင်းများကို နေသားကျနေပြီဖြစ်သည်။ “ငါတို့က မင်းတို့ကိုပေးဖို့ ငြင်းလိုက်မယ်ဆိုရင်ကော? ဘာဆက်ဖြစ်မှာလဲ?”
ကျန်းချန်ရွှမ်၏အမူအရာက ယန်ထျန်းဟောက်နှင့်အခြားမဟာကျင့်ကြံသူများအား အံ့အားသင့်သွားစေသည်။ သူတို့အား ငြင်းပယ်ရဲသောသူ တစ်ဦးကိုမှ မရင်ဆိုင်ဖူးသေးပါ၊ ပြီးနောက် သူတို့၏အမူအရာများက ကျန်းချန်ရွှမ်က အလေးအနက်ပြောနေသည်ကို သတိပြုမိသွားကာ အေးစက်သွားသည်။ “မင်းဘာပြောနေတယ်ဆိုတာကော သိရဲ့လား?”
ယန်ထျန်းဟောက်၏ အရောင်အဝါက ကျန်းချန်ရွှမ်အားမေးခွန်းမေးသည့်အချိန်တွင် အန္တရာယ်များပြီး ရန်လိုနေခဲ့သည်။ ထိုအချိန်တွင် ဆောင်းဦးရွက်ဝါဂိုဏ်းက စံသခင်အဝါရောင်သဲမှုန် က ထေ့ငေါ့သည်။ “ညီကိုယန်၊ ဒီနှစ်ယောက်က သူတို့အတွက်ကောင်းတဲ့အရာကိုမသိမှတော့၊ သူတို့အပေါ်ဘာလို့ အချိန်ဖြုန်းနေဦးမှာလဲ? သူတို့က ကျုပ်တို့ကိုမလွဲပေးချင်မှတော့၊ ကျုပ်တို့က ကိုယ်တိုင်ပဲ ယူရတော့မှာပေါ့။”
ပြီးနောက် အဝါရောင်သဲမှုန်က ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်ဖက်လှည့်ကာ ထေ့ငေါ့၍ပြောလိုက်သည်။ “ဒီအရူးနှစ်ယောက်က ဘယ်က လာလဲငါသိချင်တယ်။ သူတို့တကယ်ပဲ အခြေတည်ဝိညာဉ်ကျင့်ကြံသူ ဖြစ်တယ်ဆိုတာနဲ့ သူတို့ကို စိန်ခေါ်ရဲမဲ့သူမရှိဘူးလို့ ထင်နေတာလား?” အဝါရောင်သဲမှုန်က ပြောပြီးသည်နှင့် အချိန်မဖြုန်းတော့ဘဲ အဝါရောင်အလံကို လက်များလှုပ်ရှားကာ ဆင့်ခေါ်လိုက်သည်။ ဂျုန်း…. အလံက လှုပ်ရှားသွားကာ ချက်ခြင်းအဝါရောင်သဲမုန်တိုင်းကို ဖန်တီးလိုက်ပြီး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား ဖုံးလွှမ်းရန် လုပ်လိုက်သည်။
အနီးအနားမှလေ့လာသူများက ချက်ခြင်းပင် စံသခင်အဝါရောင်သဲမှုန်၏လက်နက်က ထင်ရှားကျော်ကြားသောမူလစစ်မှန်ရတနာဖြစ်သည့် အကြွင်းမဲ့သဲမုန်တိုင်းအလံဖြစ်ကြောင်း သတိပြုမိကြသည်။ ထိုအလံ၏သဲမုန်တိုင်းထောင်ချောက်တစ်ခါ မိသွားသည်နှင့် ထွက်ပြေးနိုင်ရန်မှာမဖြစ်နိုင်ဘဲ ဖမ်းခံရသူ၏ ဆန္ဒကိုတိုက်စားသွားကာ ဓမ္မစွမ်းအင်ကိုလျော့ပါးသွားစေသည်။ ထိုသဲသည်ပင် သာမန်မဟုတ်ဘဲ ၎င်းသည် သမ္မာဓိသဲဖြစ်ကာ ခန္ဓာနှင့် ဝိညာဉ်ကိုပင် ခွဲဖြတ်နိုင်သည့် စွမ်းရည်ရှိပေသည်။
“ကြည့်ထား၊ သူတို့ပိုင်ဆိုင်တဲ့ဟာတွေအကုန် ငါတို့ဟာဖြစ်လာတော့မှာ။” အဝါရောင်သဲမှုန်က မိမိကိုယ်ကိုဟုတ်လှပြီဟုထင်ကာ ဘဝင်ခိုက်နေသည်။ သို့ရာတွင်၊ သူ၏အပြုံးက ခနသာခံလိုက်သည်။
ရုတ်တရက် အဝါရောင်အလံမှ ပြဲသွားသည့်အသံကိုကြားလိုက်ရတာ ထိုအလံပေါ်တွင် ကြီးမားသော စုတ်ပြဲနေသည့်အရာက ပေါ်လာခဲ့သည်။ “ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?” စံသခင်အဝါရောင်သဲမှုန်၏မျက်နှာပေါ်တွင် ထိတ်လန့်မှုက ပေါ်လာခဲ့သည်။ ခီ..ခီ…ခီ…
ထိုအချိန်တွင် နားမခံနိုင်သောစူးဝါးသည့် စုတ်ပြဲသံက ထပ်မံ၍ ပေါ်လာသည်။ သို့ရာတွင် ဤတစ်ကြိမ်၌ ထိုအသံက ပို၍ ပြင်းလာသည်။ အဝါရောင်အလံပေါ်မှ အက်ကွဲရာများက သာမန်မျက်စိဖြင့်ကြည့်လျှင်ပင် ပင့်ကူအိမ်ကဲ့သို ဖြစ်လာခဲ့သည်။
မျက်စိတမှိတ်အတွင်းတွင်ပင်၊ အဝါရောင်အလံတစ်ခုလုံးက အစိတ်စိတ်အမြွာမြွာဖြစ်သွားကာ ပျက်စီးသွားတော့မည်ဖြစ်သည်။
စံသခင်အဝါရောင်သဲမှုန်က ထိုပြောင်းလဲမှုမှ ပြန်လည်ရှင်သန်နိုင်ခဲ့ကာ သူသည် စိတ်ထဲတွင် စူးဝါးသောနာကျင်မှုကို ခံစားနေရပြီး ပါးစပ်အပြည့်သွေးများအန်၍ အော်သံလည်း ထွက်လာခဲ့သည်။ အဝါရောင်အလံကို ကြည့်လိုက်သော်၊ ၎င်းသည် အစိတ်အပိုင်းများအဖြစ်ပြောင်းလဲသွားပြီး မြေပေါ်တွင် ပြန့်ကျဲသွားကာ ဝိညာဉ်ချီလုံးဝ မရှိတော့ပေ။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က လူတိုင်း၏ရှေ့တွင် အနာတရမရှိဘဲ ပြန်ထွက်ပေါ်လာကြသည်။ ထိုမြင်ကွင်းက လူတိုင်းကို ထိတ်လန့်သွားစေသည်။
စံသခင်အဝါရောင်သဲမှုန်က အခြေတည်ဝိညာဉ်နောက်ပိုင်းအဆင့်ဖြစ်သည်ကိုသိထားရမည်ဖြစ်သည်။ ၎င်းသည် အဆင့်တူ အခြေတည်ဝိညာဉ်ကျင့်ကြံသူနှစ်ဦးကို သတ်ဖူးသည်ဟုဆိုကြသည်။ သူ၏အင်အားက ခက်ခဲနက်နဲမှုရှိသည်ဟု ဆိုနိုင်သည်။
သို့ရာတွင် ထိုကဲ့သို့အင်အားကြီးသောတည်ရှိမှုကများစွာဒဏ်ရာရသွားခဲ့ကာ သူထင်ရှားလာရန် မှီခိုလာခဲ့သော သူ၏စစ်မှန်ရတနာ အကြွင်းမဲ့သဲမှုန်တိုင်းအလံက ဖျက်စီးခံလိုက်ရသည်။
***