လမ်းပိတ်ထားခြင်း (၂)
Vol. 32 Ch. 605
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ပြသလိုက်သော ပြင်းထန်သောစွမ်းအားကြောင့် ယန်ထျန်းဟောက်နှင့် အခြားအဆင့်မြင့်ကျင့်ကြံသူများက လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြသည်။ သူတို့မျှော်မှန်းထားသည်ထပ် ထိုနှစ်ဦးက ရင်ဆိုင်ရခက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါ။ ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် သူတို့၏ စီးနင်းသည့်သားရဲ မြေနဂါးတို့အား အဝါရောင်သဲမှုန်၏ အကြွင်းမဲ့သဲမုန်တိုင်းအလံက လွှမ်းမိုးခံလိုက်ရကြောင်း မျက်မြင်တွေ့ခဲ့ရသည်။
အံ့အားသင့်ဖွယ်ကောင်းစွာပင်၊ သူတို့က ဒဏ်ရာမရဘဲ အဝါရောင်သဲမှုန်၏ မူလစစ်မှန်ရတနာကို ဖျက်စီးလိုက်ပြီး လူအများ၏တုံ့ပြန်မှုကိုခံစားစေခဲ့သည်။
“မင်းက ဘယ်သူမို့လဲကွ?” ချူးမိသားစုမှ အခြေတည်ဝိညာဉ်နောက်ပိုင်းအဆင့်ကျင့်ကြံသူ ချူးရွှမ်ထျန်းက အေးစက်စွာ မေးလိုက်ကာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား စိုက်ကြည့်လိုက်သည်။ “ငါဒီနေရာမှာ အရင်က စွမ်းအားကြီးတဲ့ ကျင့်ကြံသူမတွေ့ဖူးဘူး။ မင်းတို့က တကယ်ပဲ ဘယ်ကနေလာတာလဲ?” သူ၏မေးခွန်းက လူအုပ်ထံမှ အသိအမှတ်ပြုခံလိုက်ရသည်။
တကယ်ပင်။ မဟာအခြေတည်ဝိညာဉ်ကျင့်ကြံသူများက သေချာသောအုပ်စုတစ်ခုမှ ထင်ရှားသောပုံရိပ်တစ်ခု ရှိကြသည်။ သူတို့အား မသိနိုင်ရန်မှာ မဖြစ်နိုင်ပါ။ အထူးသဖြင့် ကျင့်ကြံရေးလောကတွင် ဝိညာဉ်ဖွဲ့စည်းအင်အားစုလေးခုက အုပ်ချုပ်ရေးတွင် အာဏာအရှိဆုံးဖြစ်သည့် အရှေ့ပိုင်းတွင်ဖြစ်သည်။
အကယ်၍ သာလွန်သောစွမ်းအားရှိသည့် အခြေတည်ဝိညာဉ်နောက်ပိုင်းအဆင့်ကျင့်ကြံသူ ပေါ်လာခဲ့လျှင် (သို့) မိသားစုတစ်ခု၊ ဂိုဏ်းတစ်ခုမှ အခြေတည်ဝိညာဉ်နောက်ပိုင်းအဆင့် ကျင့်ကြံသူအသစ်ပေါ်လာခဲ့လျှင်၊ ထိုသူသည် ဝိညာဉ်ဖွဲ့စည်းခြင်းအင်အားစုလေးခု၏မျက်စိအောက်မှ လွတ်နိုင်လိမ့်မည်မဟုတ်ပါ။
သို့သော်၊ ဤနေဝင်လျှို့ဝှက်နယ်ပယ်တွင် သူတို့သည် မရင်းနှီးသော အခြေတည်ဝိညာဉ် နောက်ပိုင်းဆင့်ကျင့်ကြံသူနှစ်ဦးနှင့်ရင်ဆိုင်ခဲ့ရသည်။ ထို့အပြင် သူတို့၏စွမ်းအားကလည်း အံ့ဩစွာပင် ရှိန်လောက်စရာဖြစ်သည်။
ထိုနေရာတွင် ရှင်းလင်းချက်တစ်ခုသာရှိလိမ့်မည်။ ထိုနည်းလမ်းမှာ ထိုသူနှစ်ဦးက အရှေ့ပိုင်းမှ ကျင့်ကြံသူများမဖြစ်နိုင်ပါ။ ရုပ်အသွင်ပြင်ပြောင်းလဲထားသော နန်းကုန်းဟိုင်နှင့် နန်ကုန်းယောင်တို့က အဝေးမှ လေ့လာနေကာ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့သည် အစောကတည်းက မှန်းဆခဲ့ပြီးသားဖြစ်သည်။
သို့ရာတွင် နေထွက်ရာခန်းမဆောင်ရှိကျင့်ကြံသူများသည် ကြေငြာထားသကဲ့သို့ ဝိညာဉ်ဖွဲ့စည်းခြင်း အင်အားစု လေးခုမှ ကျင့်ကြံသူများမဟုတ်တော့ပေ။ညထို့ကြောင့် သူတို့က မှန်းဆခဲ့သော်လည်း သေချာတော့မပြောနိုင်ခဲ့ပါ။
ယခုမူ သူတို့က ချူးရွှမ်ထျန်းပြောသည်ကိုကြားလျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က အခြားနယ်ပယ်မှ ကျင့်ကြံသူများဖြစ်ကြောင်း သေချာသွားသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ထိုအကြောင်းကို ဂရုစိုက်နေပုံမပေါ်ပါ။ အကယ်၍ အခြားသူတို့သည် သူတို့အားထိုဒေသခံ ကျင့်ကြံသူများ မဟုတ်ကြောင်း သိသွားလျှင်ပင် ပြသနာများစွာရှိမည်မဟုတ်ပါ။ သူတို့၏စွမ်းအားနှင့်ဆိုလျှင် သူတို့၏ ပုံစံအမှန်ကို သိနိုင်ရန်မဖြစ်နိုင်ပါ။ သူတို့မည်သည့်နေရာမှလာကြောင်းကို ဆုံးဖြတ်နိုင်ရန်မှာ ပို၍ပင် မဖြစ်နိုင်ပါ။
မြောက်ပိုင်းနယ်နိမိတ်လား? အနောက်ပိုင်းသဲကန္တာရလား? တောင်ပိုင်းကန္တာရလား? သို့ အလယ်ပိုင်းမြေပြန့်လား? သူတို့ ဝေဖန်ပိုင်းခြားနိုင်မည်မဟုတ်ပါ။
ထို့ကြောင့်။ ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က သူ၏မေးခွန်းကို ဖြေရန် ရည်ရွယ်ချက်မရှိပေ။ ကျန်းချန်ရွှမ်က ဖြည်းဖြည်းချင်း စကားနှစ်လုံးသာပြောလိုက်သည်။ “ဖယ်စမ်း။”
ထိုစကားကိုကြားလျှင်၊ ချူးရွှမ်ထျန်း၊ ယန်ထျန်းဟောက်နှင့် အခြားသူများက ပြောင်းလဲကုန်သည်။ သူတို့သည် အရှေ့ပိုင်းတွင် ထိုကဲ့သို့ အထင်မြင်သေးကာ စော်ကားခြင်းကို တစ်ခါမျှ မခံခဲ့ရဖူးပါ။
မာနကြီးသည်။ သူသည် အလွန်မာနကြီးပါသည်။ ချက်ခြင်းပင်၊ ယန်ထျန်းဟောက်၊ ချူးရွှမ်ထျန်းနှင့် ဒဏ်ရာအပြင်းအထန်ရနေသော စံသခင် အဝါရောင်သဲမှုန်တို့၏မျက်လုံးများတွင် သတ်ဖြတ်ခြင်း ရည်ရွယ်ချက်များနှင့် ပြည့်နေတော့သည်။ “မင်းကသေချင်နေတာပဲ။”
ထိုအချိန်တွင် သူတို့ ဆွေးနွေးထားသကဲ့သို့ ယန်ထျန်းဟောက်၊ ချူးရွှမ်ထျန်းနှင့်အခြားသူများက သူတို့၏စစ်မှန်ရတနာများကို ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ဆီသို့ ပစ်လွှတ်လိုက်ကြသည်။
ကောင်းကင်ပေါ်တွင် လင်းလက်တောက်ပနေသော အရာများပေါ်လာခဲ့သည်။ အဆုံးမဲ့အလင်းများထုတ်လွတ်နေသော ကြီးမားသောစည်းတံဆိပ်တစ်ခု၊ တောက်ပသည့် ဖန်သားအလင်းပြန်နေသော မျှော်စင်၊ သဲများနှင့် ရစ်ပတ်နေသော ဆေဘာဓားရှည်၊ ပြီးနောက် ကြက်သွေးရောင်မီးတောက်များနှင့် ပတ်နေသည့်ဓားပျံတစ်ခုတို့ဖြစ်ကြသည်။ ရှိန်လောက်သည့် တိုက်ခိုက်မှုက ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်သွားစေသည်။
အနီးအနားမှ ကျင့်ကြံသူများက မတော်တဆ သူတို့ဒဏ်ရာရမည်စိုးကာ နောက်ဆုတ်သွားကြသည်။ နန်းကုန်းဟိုင်နှင့် နန်ကုန်းယောင်တို့ကလည်း အရိပ်ထဲတွင်ပုန်းနေကာ စွမ်းအားများထွက်လာသည်နှင့် သူတို့၏နှလုံးများက အလွန်လျှင်မြန်သောနှုန်းနှင့် ခုန်နေခဲ့သည်။
ယန်ထျန်းဟောက်ကဲ့သို့ အဠမအဆင့် အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူပါဝင်သည့် အခြေတည်ဝိညာဉ်နောက်ပိုင်းအဆင့် ကျင့်ကြံသူလေးဦးက အတူတူတိုက်ခိုက်လိုက်ကြသည်။ ထိုကဲ့သို့ တိုက်ခိုက်မှုမျိုးကို အခြေတည်ဝိညာဉ်အထွတ်အထိပ်အဆင့်ကျင့်ကြံသူများပင် လျော့တွက်ရဲမည်မဟုတ်ပါ။
ထိုသို့တွေးကာ နန်ကုန်းဟိုင်နှင့် နန်ကုန်းယောင်တို့က ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား မသိစိတ်မှ ကြည့်လိုက်ကြသည်။ ထိုအကြည့်က သူတို့အား ကြောင်အသွားစေသည်။
ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့က ထိုပူးပေါင်းတိုက်ခိုက်မှုကိုတုံ့ပြန်ရန် သူတို့၏ စစ်မှန်ရတနာများကို မသုံးခဲ့ကြပေ။ ကျန်းချန်ရွှမ်က ပုံမှန်ပင် လက်ဖြောက်တီးလိုက်သည်။ ဒင်…ဒင်..ဒင်… သူသည် အင်အားပင်မသုံးဘဲ လက်ဖြောက်တီးလိုက်ရုံနှင့် ရှိန်လောက်သည့်တိုက်ခိုက်မှုကို လျော့ပါးသွားစေသည်။ ခနအကြာတွင် ကျန်းချန်ရွှမ်၏ပုံရိပ်က ဝါးသွားသည်။
ကြီးမားသည့် ဗုံးသံက ရုတ်တရက် စံသခင် အဝါရောင်သဲမှုန်ရပ်နေသော ဗလာနယ်ထဲတွင် အသံထွက်လာသည်။ လူတိုင်းမတုံပြန်နိုင်မီပင်၊ ဘန်းဟူသောအသံကို ကြားလိုက်ရသည်။ စံသခင်အဝါရောင်သဲမှုန်၏ ခန္ဓာကိုယ်တစ်ခုလုံးက သွေးအဖြစ် ပေါက်ကွဲသွားခဲ့သည်။ သူ၏အခြေတည်ဝိညာဉ်ပင် ညှာတာခြင်းမခံရပါ။ ဘွန်း……
တစ်ချိန်တည်းမှာပင်။ ကျန်းချန်ရွှမ်၏ ပုံရိပ်က ပြန်လည်ပျောက်ကွယ်သွားပြန်သည်။ မှိန်ပြပြပုံရိပ်က ပေါ်လာခဲ့သည်။
ဓားအလင်းရောင်ဂိုဏ်း၏ကျင့်ကြံသူက သူ၏နတ်ဘုရားအာရုံကိုဖြန့်ကျက်ထားလိုက်ပြီး ပတ်ဝန်းကျင်မှ ပြောင်းလဲမှုများကိုလေ့လာနေရာမှ ရုတ်တရက် ရင်ဘတ်တွင်နာကျင်မှုကို ခံစားလိုက်ရသည်။
သူက အောက်သို့ငုံ့ကြည့်လိုက်သည်။ လက်သီးတစ်ခုက သူ၏ရင်ဘတ်မှ တဖြည်းဖြည်းပြန်ခွာသွားသည်။ “မင်း…….”
သူသည် စကားပြောရန် လုပ်လိုက်သော်လည်း သူ့ကိုယ်သူမထိန်းချုပ်နိုင်တော့ပေ။ ဘန်းဟူသောအသံနှင့် သူသည် ပြင်းထန်သောစွမ်းအားမှ ဘာမှမရှိတော့သည်အထိ ပျက်စီးသွားလေတော့သည်။
***