← Chapters

လမ်းပိတ်ထားခြင်း (၃)

Vol. 32 Ch. 606

လမ်းပိတ်ထားခြင်း (၃)

Vol. 32 Ch. 606

ဝှစ်….. ယခုမူ ပုံရိပ်က ပေါ်လာသည်။

ယန်ထျန်းဟောက်နှင့် ချူးရွှမ်ထျန်းက သူတို့အပေါ်တွင် ကြီးမားသောအရိပ်ကလွှမ်းမိုးလာခဲ့သည်ကို မြင်ကာ သူတို့၏ခန္ဓာကိုယ်မှ အမွေးများထောင်လာခဲ့သည်။ “အကယ်၍ ငါတို့ကိုသတ်ရဲရင် ငါတို့ရဲ့အကြီးအကဲတွေကို မင်းတို့ကိုလွတ်ပေးမှာ မဟုတ်ဘူး။” ချူးရွှမ်ထျန်းက ဒေါသဖြင့် အော်လိုက်သည်။

သို့ရာတွင်၊ သူ့အားအဖြေပေးလိုက်သည်မှာ အလွန်ကြောက်စရာကောင်းပြီး ပြင်းထန်သည့် စွမ်းအားပင်ဖြစ်သည်။ သူသည် ထိုစွမ်းအားကြောင့် သူဖွဲ့စည်းထားသောခုခံမှုများက ချက်ခြင်းပင်ပျက်စီးသွားခဲ့ကြောင်းကို ခံစားလိုက်ရသည်။ သူမတုံ့ပြန်နိုင်သေးခင်မှာပင် ထိုသက်ရောက်မှုက သူ့အားပျံထွက်သွားစေကာ သွေးမြူကဲ့အဖြစ်သို့ ပေါက်ကွဲသွားစေသည်။

“ဘယ်လောက်အဓိပ္ပာယ်မရှိလိုက်လဲ။ ငါမင်းကိုမသတ်ရင်တောင်မှ မင်းတို့ရဲ့အကြီးအကဲတွေက ငါတို့ကို လွတ်ပေးမှာမဟုတ်ပါဘူး။” ထိုအချိန်တွင် ကျန်းချန်ရွှမ်၏အသံကထွက်လာသည်။

ယန်ထျန်းဟောက်က ယခင်ကဲ့သို့ တည်ငြိမ်ကာ အေးဆေးမနေတော့ပေ။ အလွန်ထိတ်လန့်နေသောအခြေအနေတွင် သူသည် အလင်းတန်းအဖြစ်သို့ပြောင်းလဲလိုက်ကာ လွတ်မြောက်ရန်ကြံစည်တော့သည်။

သူသည် သူ၏အခြေတည်ဝိညာဉ်၏အဆီအနှစ်ကိုလောင်ကျွမ်းလိုက်ကာ ထိုကြောက်စရာကောင်းသည့်လူ လက်မှ လွတ်မြောက်စေရန် ကြိုးစားလိုက်သည်။

သို့ရာတွင် သူ၏အရှိန်က ဂဠုန်ငှက်၏အရှိန်ကို ပိုင်ဆိုင်ထားသော ကျန်းချန်ရွှမ်ကိုမယှဉ်နိုင်ပါ။ ရုတ်တရက် ကောင်းကင်ပေါ်တွင် အလင်းတန်းတစ်ခုဝင်လာသည်။ မဟာကျင့်ကြံသူသုံးဦးကို ယခုပင်သတ်ဖြတ်ပြီးသော ကျန်းချန်ရွှမ်က ယန်ထျန်းဟောက်အရှေ့တွင် ပေါ်လာလေသည်။

ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ယန်ထျန်းဟောက်က စိတ်တွင်းမှ အော်လိုက်သည်။ သူသည်ဤလောကတွင် ထိုမျှလောက် လျှင်မြန်သောသူရှိလိမ့်မည်ကို မယုံနိုင်ပါ။ သူသည် ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်သည်ပင် ကျန်းချန်ရွှမ်နှင့်ယှဉ်နိုင်မည်လားဟု သံသယဖြစ်မိသည်။

“မင်း” ဓားအလင်းရောင်ဂိုဏ်းမှ ကျင့်ကြံသူများကဲ့သို့ပင်။ ယန်ထျန်းဟောက်က စကားတစ်လုံးပင်ပြောရသေးသော်လည်း မြေကိုပင် တုန်လှုပ်သွားစေသော စွမ်းအားက သူ့အားလွှမ်းမိုးသွားသည်။

ပြီးနောက် သူကျသွားသောနေရာတွင် ချီမိုးပုဆိန်က ရှိနေသည်။ ကျန်းချန်ရွှမ်က မြေနဂါးဆီသို့ ပြန်ရောက်လာသောအခါ သူ့ကိုကြည့်နေသောသူများက ကြောက်နေကြသည်။

သူတို့မျက်မြင်တွေ့ခဲ့ရတာက ဘာလဲ? သူတို့ရှေ့မှလူ၏လက်ထဲတွင် ဝိညာဉ်ဖွဲ့စည်းခြင်းအင်အားစုမှ မဟာကျင့်ကြံသူလေးဦးက လွယ်ကူစွာ သေဆုံးသွားရသည်။ သူ၏အင်အားက မတွေးနိုင်အောင် ခက်ခဲနက်နဲပါသည်။ သူသည် အခြေတည်ဝိညာဉ်အထွတ်အထိပ်အဆင့်ဖြစ်ပါသလား?

သို့သော် ထိုထပ်မက အခြေတည်ဝိညာဉ်ကျင့်ကြံသူနောက်ပိုင်းအဆင့် ကျင့်ကြံသူလေးဦးကို အချိန်တိုအတွင်း သတ်ပစ်နိုင်ရန်မှာ မဖြစ်နိုင်ပါ။ သူ၏စွမ်းအားက နောက်နယ်ပယ်တစ်ခုတွင် ရှိလိမ့်မည်။ ရှိနေသောသူများက ကျောရိုးထဲမှပင် ကြက်သီးများထနေကြသည်။

နေဝင်လျို့ဝှက်နယ်ပယ်တွင် ထိုကဲ့သို့သူပေါ်လာခဲ့သည်။ ခနနေပါဦး.. ပြသနာတစ်ခုရှိနေပါသည်။ အကျိုးကြောင်းသင့်ပြောရလျှင် နောက်နယ်ပယ်တစ်ခုတွင်ရှိသောသူသည် နေဝင်လျို့ဝှက်နယ်ပယ်သို့ ဝင်နိုင်မည်မဟုတ်ပါ။

၎င်းသည် လျှို့ဝှက်နယ်ပယ်၏ စည်းမျဉ်းဖြစ်ကာ အမှားရှိရင် မဖြစ်နိုင်ပါ။ ဥပမာအားဖြင့် အခြေတည်ဝိညာဉ်အထွတ်အထိပ်အဆင့်ကျင့်ကြံသူဖြစ်ကာ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် သို့ရောက်ရန်အနည်းငယ်သာလိုတော့သော မိုးကြိုးနိယာမနှင့် ချူးကွမ်းလီ တို့ကယခုအပြင်တွင်ဖြစ်ကာ အထဲသို့ မဝင်နိုင်ပါ။

ကျန်းချန်ရွှမ်သည် ဤနယ်ပယ်သို့ဝင်နိုင်ခြင်းမှာ သူ၏ကျင့်ကြံဆင့်က ထိုအဆင့်သို့မရောက်သေးကြောင်းကို ပြသနေသည်။ ရှုးရှုးရှဲရှဲ.. ကြောက်စရာကောင်းသောအချက်မှာ ကျန်းချန်ရွှမ်က ထိုအဆင့်ပင်မရောက်သေးဘဲ ထိုသို့သောစွမ်းအားကို ပိုင်ဆိုင်နိုင်နေသည်။ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ရောက်လျှင် မည်သို့သောကြောက်ရွံ့စရာအဆင့်ကို ပိုင်ဆိုင်နိုင်လိမ့်မည်နည်း? လူတိုင်းက တွေးရုံနှင့်ပင် တုန်နေကြပြီးဆက်ပင်မတွေးရဲတော့ပါ။

ထိုအချိန်တွင် ကျန်းချန်ရွှမ်က သေဆုံးသွားသည့် ကျင့်ကြံသူလေးဦးဆီမှ သိုလှောင်ရေးလက်စွပ်များကို စုဆောင်းလိုက်သည်။ မြေနဂါးဆီသို့ပြန်ရောက်ပြီးနောက် ထိုနေရာမှ ထွက်သွားရန် ချက်ခြင်းညွှန်ကြားလိုက်သည်။ သူတို့၏ပုံရိပ်များက အံ့ဩခြင်း၊ ကြောက်ရွံ့ခြင်းနှင့် အားကျခြင်းအကြည့်များ၏အောက်မှ တဖြည်းဖြည်းပျောက်ကွယ်သွားလေတော့သည်။

လူတိုင်းက ထိုဖြစ်ရပ်သည် လျို့ဝှက်နယ်ပယ်ပိတ်သွားသည့်အချိန်တွင် ပို၍ပြင်းထန်လာကြောင်း သတိပြုမိခဲ့ကြသည်။ ဝိညာဉ်ဖွဲ့စည်းခြင်းအင်အားစု လေးခုမှ သူတို့၏ရှိသမျှအင်အားကိုသုံးကာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို ရှာနေကြသည်။

“အစ်ကို၊ ညီမတို့ဘယ်လိုလုပ်မလဲ? ညီမတို့အဲ့ကိုသွားမှာလား?” ထိုအချိန်တွင် နန်ကုန်းယောင်က ရုတ်တရက် နန်ကုန်းဟိုင်ဆီသို့ အသံလှိုင်းပို့လိုက်သည်။

အချိန်အနည်းငယ် စဉ်းစားဆင်ခြင်ပြီးနောက် နန်ကုန်းဟိုင်က ခေါင်းခါလိုက်သည်။ “မလိုပါဘူး။ အကယ်၍ သူတို့ လျို့ဝှက်နယ်ပယ်ကနေစောစောထွက်သွားဖို့စီစဉ်ထားတယ်ဆိုရင်၊ သူတို့နဲ့တွေ့ဖို့အခွင့်အရေးရလာလိမ့်မှာပါ။ ဒီနေဝင်စိမ့်တောကနေအမြန်ထွက်သွားကြတာပေါ့။”

သူ၏စကားဆုံးပြီးနောက် နန်ကုန်းဟိုင်နှင့် နန်ကုန်းယောင်တို့က ထိုနေရာမှ ပျောက်ကွယ်သွားကြသည်။ .........

နာရီများစွာကြာပြီးနောက်။ ယန်ထျန်းဟောက်နှင့် အခြားသူများသေဆုံးသွားခြင်းသတင်းသည် လျို့ဝှက်နယ်ပယ်တစ်ခုလုံးတွင် ပြန့်နှံ့သွားခဲ့သည်။

ထိုသတင်းသည် ထိုနယ်ပယ်ထဲတွင် ရှိသော ဝိညာဉ်ဖွဲ့စည်းခြင်းအင်အားစုလေးခုမှ ကျင့်ကြံသူများအား ဒေါသထွက်စေခဲ့သည်။ သူတို့သည် ထိုနယ်ပယ်ထဲသို့ဝင်သွားသော သူတို့၏ ဂိုဏ်းတူအဖွဲ့ဝင်များအား စတင်၍ ဆက်သွယ်ဖို့ရန် ကြိုးစားကြသည်။

သို့ရာတွင်၊ သူတို့သည် အုပ်စုထဲမှ များစွာသောအခြေတည်ဝိညာဉ်ကျင့်ကြံသူများနှင့် ဆက်သွယ်၍ မရတော့ကြောင်း ထိတ်လန့်စွာတွေ့ရှိခဲ့ရသည်။ မည်သို့ဖြစ်ရပါသနည်း?

သူတို့အုပ်စုများနှင့် စကားပြောပြီးနောက် သူတို့သည် သီးသန့်အမှုတစ်ခုမဟုတ်ကြောင်းကို သတိပြုမိခဲ့ကြသည်။ အင်အားစုလေးခုစလုံးအခြေအနေတူကြသည်။ ယန်ထျန်းဟောက်နှင့်အခြားသူများအပါအဝင် အခြေတည်ဝိညာဉ်ကျင့်ကြံသူ ၂၀ ဝန်းကျင်ခန့် ထိုနေဝင်လျှို့ဝှက်နယ်ပယ်ထဲတွင် ပျောက်နေကြောင်းကို သိခဲ့ရသည်။

***

All Chapters